News @ M-Media

Tag: indonesia

  • အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

    အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

    သြဂုတ်၊ ၂၂၊ ၂၀၁၂

    မဇ္ဈိမ
    နယူးဒေလီ (မဇ္ဈိမ) ။       ။ အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထုအဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာရောက်မည် ဖြစ်သည်။

    သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည်ဖြစ်သည်။

    ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

    အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ (wikipedia.org)

    “ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက္ခ အသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင်
    ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာလိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆိုခဲ့သည်။

    မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် “ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

    အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

    သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

    ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

  • အင်ဒိုနီးရှားမှာ ဖျော်ဖြေခွင့် အပိတ်ခံရတဲ့ လေဒီဂါဂါ

    အင်ဒိုနီးရှားမှာ ဖျော်ဖြေခွင့် အပိတ်ခံရတဲ့ လေဒီဂါဂါ

    ပွဲစဉ်ပေါင်း ၁၁၀ ပါဝင်တဲ့ ပေါ့အဆိုတော် လေဒီဂါဂါ ဖျော်ဖြေမယ့် Born This Way Tour ရဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာ ကျင်းပမယ့် ပွဲစဉ်ဟာ ပိတ်ပင်ခံလိုက်ရကြောင်း သိရပါတယ်။

    (လေဒီဂါဂါ ကို ဆန့်ကျင်သော ပိုစတာများနှင့် ဆန္ဒပြနေသည့် အင်ဒိုနီးရှားနိုင်ငံသားများ)

    ဇွန်လ ၃ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဒီပွဲကို အင်ဒိုနီးရှားမှာ ရှိတယ့် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး လေဒီဂါဂါရဲ့ အမြင်ရိုင်းစေတဲ့ ဖျော်ဖြေမှုကို ရှုံ့ချကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စ်လင်မ် အများဆုံး နေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ခရစ်ယာန် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ ကိုးကွယ်သူတွေလည်း ရှိပါတယ်။

    “သီချင်းဆိုတဲ့အခါ အောက်ခံအ၀တ်အစားကိုပဲ ၀တ်ပြီး ဆိုတယ်။ ပြီးတော့ သူ့ကိုယ်သူ မကောင်းဆိုးဝါးအဖြစ် ခိုင်းနှိုင်း ပြီး ဒီလို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်တွေကို ဖြန့်ဝေပေးနေသူ ဖြစ်တယ်လို့လည်း ပြောပါသေးတယ်” လို့ ဂျာကာတာ Islamic Defender Front ခေါင်းဆောင် Salim Alatas က ဝေဖန်ခဲ့ပါတယ်။ “ဒါဟာ ကျွန်တော်တို့အတွက် အန္တရာယ်ပါပဲ”

    ဂျာကာတာပို့စ် သတင်းစာရဲ့ အဆိုအရ စတိတ်ရှိုးပွဲအတွက် လက်မှတ် ၄၀၀၀၀ မှာ ၃၀၀၀၀ကျော် ရောင်းချပြီး ဖြစ်တယ်လို့သိရပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ (၄၆၅ ၀၀၀ ရူပီ) ကနေ ၂၄၀ (၂.၂၅သန်း ရူပီ) အထိ ရှိပါတယ်။

    (လေဒီဂါဂါ ကို ဆန့်ကျင် ဆန္ဒပြနေသည့်ဖိလစ်ပိုင်နိုင်ငံသားများ)

    ထူးထူးဆန်းဆန်း ဖက်ရှင်တွေနဲ့ အဖော်အချွတ်ဦးစားပေးတဲ့ ဖျော်ဖြေမှုတွေနဲ့ လူသိများတဲ့ လေဒီဂါဂါရဲ့ မေလ၂၁ရက်နေ့မှာ ပြုလုပ်မယ့် ဖိလစ်ပိုင် tour ပွဲ ဟာလည်း ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းတွေရဲ့ တားဆီးမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

    source-http://muslimvillage.com/2012/05/16/23081/lady-gaga-stopped-in-indonesia-after-islamic-opposition/

    ဘာာသာပြန်-မင်းဝေယံ

  • အတွေးပွားစရာအင်ဒိုနီးရှားက ဘေးသင့်ဒေသ ခရီးသွားလုပ်ငန်း

    အင်ဒိုနီးရှားရှိ စိမ်းပြာပြာ ပင်လယ်ရေပြင် ဖြူလဲ့လဲ့ သဲသောင် ရေအောက်သန္တာကျောက်တန်း ထူးဆန်းသော ဓလေ့ထုံတမ်း များစွာတို့ ကကမ္ဘာလှည့်ခရီးသည်များအာရုံကိုဖမ်းစားလျက်ရှိသကွဲ့သို့ ကပ်ဘေးသင့်ခဲ့သော ဒေသ များကလည်း ခရီးသွားများ၏ အာရုံကို ထပ်မံ ဆွဲ ဆောင် လာနေပါ သည်။ “မြင်လိုက်တာနဲ့တင် ကိုယ့် အီမာန ယုံကြည်ချက် အားကောင်းလာစေမဲ့ နေရာတွေဆီ ကျွန်တော် ခရီးသွားလေ့ရှိ ပါတယ် ဘာကြောင့်လဲဆိုတော့ ဘေးသင့်ခဲ့ရတဲ့ ဒီလိုနေရာတွေကနေ ကျွန်တော့်ကို ဖယ်ရှားပေးခဲ့တဲ့ အလ္လဟ် အရှင်မြတ်ရဲ့ ကျေးဇူး တော် ကို ပြန်အမှတ်ရစေလို့ပါ ”…ဟု အသက်၆၅နှစ်အရွယ်အဘိုးအို Sulis က ပြောပြသည်။ သူသည်ဇနီးသည်နှင့် တူ မွတ်စလင် အများ ဆုံးနေထိုင်ရာ အင်ဒိုနီးရှားရှိ သဘာဝဘေး အန္တရယ်သင့်ခဲ့သော ဒေသများသို့ ခရီးထွက်လာခဲ့ သူဖြစ် သည်။ လွန်ခဲ့သော အောက်တို ဘာ လ တွင် မီရပီမီးတောင်ပေါက်ကွဲခဲ့သဖြင့် လူပေါင်း ၃၅၀ကျော်သေဆုံးပြီး ၄၀၀၀၀၀နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသသို့ လည်း Sulis ရောက် ရှိခဲ့သည်။

    ထို့အတူ ၂၀၀၆ခုနှစ်က အင်အားပြင်ထန် သောမြေငလျင် ကြောင့်လူပေါင်း ၅၇၀၀ သေဆုံးခဲ့ရသည့် အလယ်ဂျာဗား ဒေသ သို့လည်း သံဝေဂယူရရန်သူ (more…)