News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

    အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

    မေ-၄၊ ၂၀၁၃
    M-Media
    KK

    အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းချက်
    မြန်မာနိုင်ငံ ရှိ အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်မ်များက အင်ဒိုနီးရှားမှ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းရာ အဖွဲ့ကြီးကိုယ်စား ဟာဂျီဦးမြင့်ထွန်းမှ ဖြေကြားပေးထားတာ ဖြစ်ပါတယ်။

    Q  –  အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များအနေနှင့် ဘယ်လိုသဘောထားအမြင်များရှိပါသလဲ။
ှA  –  အဲဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန် ကျူးလွန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းပြချက်နဲ့ပဲ ကျူးလွန် ကျူးလွန် အပြစ်မဲ့သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ သဘောထားပဲ။  မည်သည့်နေရာ၊ မည်သူက၊ မည်သည့်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မှန်သမျှ ပျက်စီးအောင် ကျူးလွန်တဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျွန်တော်တို့ ဆန့်ကျင်တယ်၊ လက်မခံပါဘူး။

    Q  –  ဟုတ်ကဲ့ ဒါက အကြမ်းဖက်မှုဆိုတာ လက်မခံဘူးဆိုတာပေါ့။ ဒါဆို လက်ရှိအကြမ်းဖက်ခံရမှုတွေကို ချုပ်ငြိမ်းအောင် အဓိကလုပ်ရမယ့်ကိစ္စက ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ။
    A  –  အကြမ်းဖက်မှုကို ချုပ်ငြိမ်းအောင် လုပ်ဖို့ အဓိကကတော့ တရားဥပဒေစိုးမိုးမှုရှိဖို့။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အခါကျရင် လူတွေက တရားဥပဒေကို ယုံကြည်မှုအားနည်းလာပြီး မိမိစိတ်ထင်ရာကို ဆောင်ရွက်တတ်တယ်။ အဲလို စိတ်ထင်ရာဆောင်ရွက်တဲ့အခါကျ တရားမျှတမှုကို တစ်ခါ ကင်းကွာသွားစေတာပေါ့။
    အဲဒါကြောင့်လည်း အခု မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အစ္စလာမ် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေက အစိုးရကို မေတ္တာရပ်ခံ ပန်ကြားနေတာ။

    Q  –  ဟုတ်ကဲ့ ဘယ်လို ပန်ကြားမှုများ လုပ်ဆောင်နေပါသလဲ။
    A  –  ဒီကိစ္စက ဘာသာရေးနဲ့ဆက်နွှယ်ပြီးတော့ နှီးနွှယ်ပြီးဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီမြန်မာနိုင်ငံမှာ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ သဟဇာတရှိခဲ့တဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့တယ်။ ဒီ အစဉ်အလာကောင်းကို ကြာရင် ထိခိုက်လာနိုင်စရာရှိတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကို ချက်ချင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမျိုးဟာ မြန်မာနိုင်ငံတင်မဟုတ်ပဲ အခြားဘက်တွေမှာပါ နားလည်မှုလွဲစေတဲ့အတွက် မေတ္တာရပ်ခံတာ။ ဒါကို မြန်မြန်ချုပ်ငြိမ်းအောင်လုပ်ပေးဖို့။ မုန်းစကို တိုစေ ချစ်စကို ရှည်စေပေါ့။ အရင်က ရှိခဲ့တဲ့ သဟဇာတဖြစ်မှုကိုပဲ ကမ္ဘာကို ထုတ်ဖော်ပြသနိုင်ဖို့။ ဒီအမုန်းတရားတွေကို အမြန်ဆုံးပျောက်သွားအောင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မြန်မာမွတ်စလင်မ်အဖွဲ့တွေက တောင်းဆိုနေတာ။ ဒါပါပဲ။

    Q  –  ဒါဆို အခု လက်စားချေ တုန့်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဘာများ ထပ်မံ ဖြည့်စွက်ပြောချင်ပါလဲ။
    A  –  အကြမ်းဖက်မှုနဲ့ အစ္စလာမ်သာသနာကို ပြောမယ်ဆိုရင် အစ္စလာမ်သာသနာမှာ အကယ်၍ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာတောင်မှ အပြစ်မဲ့ ပြည်သူကို မသတ်ရဘူး။ အမျိုးသမီးတွေကို မသတ်ရဘူး။ ကလေးတွေကို မသတ်ရဘူး။ သာသနာ့ဝန်ထမ်းတွေကို မသတ်ရဘူး။ ရေတွင်းရေကန်တွေနဲ့ သစ်ပင်ပန်းမာန်တွေကို ဖျက်ဆီးမှု မပြုရဘူး။ စစ်ပွဲမှာတောင်မှ ဒါမျိုး စည်းကမ်းရှိတယ်။ ဒီလို အရပ်ဘက်တွေကို ပစ်မှတ်ထားပြီး ဥပမာ – လူတစ်ယောက်က သို့မဟုတ်ရင် လူတစ်စုရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ အဲဒီလူနဲ့ လူမျိုးတူတဲ့လူ၊ အဲ့ဒီလူနဲ့ ဘာသာတူတဲ့လူတွေကို ပစ်မှန်ထားပြီး ဆောင်ရွက်တဲ့ကိစ္စမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ နောက်ပြီးတော့ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်တဲ့သူကိုပဲ အပြစ်ပေးရမယ်။ အပြစ်မရှိတဲ့သူကို လူမျိုးတူလို၊ ဘာသာတူလို့ ပြစ်ဒဏ်ပေးခံရတာကို လုံးဝ မလိုလားပါဘူး။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာေ၇းအဖွဲ့ကြီးမှ တာဝန်ရှိသူ တဦးဖြစ်သူ ဟာဂျီဦးမြင့်ထွန်းနဲ့ M-Media ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

  • ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ

    မေ ၂- ၂၀၁၃

    Myanmar Embassy in jakarta

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။

    မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်မ်များအား ဆက်ဆံမှုအတွက် တုန့်ပြန် လက်စားခြေသည့်အနေဖြင့် သံသယရှိသူ အမျိုးသားသုံးဦး အမျိုးသမီး တစ်ဦးသည် သံရုံးအဆောက်အဦးအား လက်လုပ် ဗုံးများ ၅လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် Boy Rafli ကပြောကြားသွားသည်ဟု ABC News သတင်းဌာနမှ ကြေညာထားသည်။

    ထို့နောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့သည် ဂျကာတာတောင်ပိုင်းရှိ ဖောက်ခွဲရေးစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ထပ်မံဖမ်းဆီးရခဲ့ကြောင်း ABC News သတင်းဌာနက တင်ပြထားသည်။

    အကြမ်းဖက်သမားတို့သည် အဖွဲ့အစည်း ကွန်ယက်ကြီးတစ်ခုခု၏ တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ကြောင်း ABC News သတင်းဌာနက ကြေညာသွားပါသည်။

    The Washington Times
    By Jessica Chasmar
    (ငြိမ်းအေး ဘာသာပြန်သည်။)

  • မူဆလင်အပေါ် အကြမ်းဖက်မှုကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည် (Mizzima)

    ဧပြီ ၂၃ ရက် ၂၀၁၃
    Mizzima

    indo

    ဓါတ်ပုံ (ပေါ်ပြူလာ) ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီး

    မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က ရေးသားထားသည်။

    ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ လူအုပ်များ၏ မူဆလင်များအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဒေသတွင်းရှိ မူဆလင်များအပေါ်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။

    “ဖြစ်နိုင်တဲ့ အကောင်းဆုံးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ကောင်းမှာ မဟုတ်သလို မူဆလင် အများစု အင်ဒိုနီးရှန်းတွေအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး” ဟု သမ္မတ ယူဒိုယိုနို က မြန်မာနိုင်ငံသို့ ခရီးမဆက်မီ စင်္ကာပူနိုင်ငံတွင် ပြောဆိုသွားကြောင်း ရိုက်တာသတင်းက ဆိုသည်။

    “မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာရှိရှိ၊ သင့်တင့်လျောက်ပတ်စွာနဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်းအားပေးမှာပါ။ သူတို့ ဒီရည်မှန်းချက်တွေ ရောက်ရှိလာအောင် အင်ဒိုနီးရှားမှာရှိတဲ့ ကျနော်တို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း အင်ဒိုနီးရှား သမ္မတ က ပြောဆိုသည်။

    မစ္စတာ ယူဒိုယိုနို မြန်မာနိုင်ငံသို့ မရောက်လာမီ တလခန့်က မိထ္ထီလာမြို့တွင် လူ ၄၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

    အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ မရောက်မီ တရက်အလိုဖြစ်သည့် တနင်္လာနေ့ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ရိုဟင်ဂျာ မူဆလင်များအပေါ် “လူမျိုးတုန်း သုတ်သင်မှု” အဖြစ် စွပ်စွဲပြစ်တင်ထားသည်။

  • ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်ကြောင်း အင်ဒိုနီးရှားပြော

    ဇန်နဝါရီ ၉ ၊ ၂၀၁၃

    Marty Natalegawa, Thein Htay
    အင်ဒိုနိုင်ငံခြားဝန်ကြီး ရခိုင်ပြည်နယ် မောင်တောမြို့ ရောက်ရှိစဉ် (AP Photo/Khin Maung Win)

    မကြာမီကဖြစ်ပွားခဲ့သည့် အစွန်းရောက်တိုက်ခိုက်မှုများကို ခံခဲ့ရသည့်မြန်မာနိုင်ငံအနောက်ပိုင်းရှိ လူနည်းစု ရိုဟင်ဂျာများအတွက် ရေရှည်ထောက်ပံ့မှု လိုအပ်လျက်ရှိကြောင်း ထိုဒေသသို့ သွားရောက်ခဲ့သည့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ပြောလိုက်သည်။

    အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက မိမိတို့သည် အရေးပေါ်အကူအညီများထက် ကျော်လွန်သော အကူအညီများ မြန်မြန် ဆန်ဆန်ပေးရမည်ဖြစ်ကြောင်း၊ ပြသနာဖြစ်ပွားခဲ့သော နေရာတွင် ရှိနေကြသည့် ပြည်သူများသည် မူလအခြေအနေသို့ပြန်ရောက်ရန် မျှော်လင့်နေကြကြောင်း၊ သူတို့ ၏လိုအပ်ချက်မှာ စိုက်ပျိုးရန် မျိုးစေ့များ လိုအပ်လျက်ရှိနေကြောင်း ပြောသည်။

    နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ပြီးခဲ့သော တနင်္လာနေ့က မြန်မာနိုင်ငံ ရခိုင်ဒေသရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာများအကြား ယမန်နှစ်က ပဋိပက္ခ ဖြစ်ပွားခဲ့ကြသည့် နေရာများသို့ သွားရောက်ခဲ့သည်။ မျက်မြင်တွေ့ခဲ့သော အခြေအနေကို နာတာလီဂါဝါက သုံးသပ်ရာတွင် အသိုင်းအ၀ိုင်း နှစ်ခုကြားတွင် ယုံကြည်မှု ပျက်ပြားနေဆဲဖြစ်ကြောင်း ပြောသည်။

    အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် မွတ်စလင် လူဦးရေ အများဆုံးနိုင်ငံဖြစ်ပြီး လူသားချင်းစာနာထောက်ထား သော အားဖြင့် ရိုဟင်ဂျာတို့အား ဒေါ်လာ တစ်သန်းထောက်ပံ့ရန် ကတိပြုခဲ့သည်။ အင်ဒိုနီးရှားသည် မြန်မာအား ကူညီရန် အဆင်သင့်ရှိကြောင်း၊ လူမျိုးစုပဋိပက္ခများကို ဖြေရှင်းခဲ့သည့် အတွေ့အကြုံ များကိုလည်း မျှဝေရန်အသင့်ရှိကြောင်း ၀န်ကြီးကပြောသည်။ မြန်မာအာဏာပိုင်များသည် မိမိတို့အား ဖိတ်ခေါ်ကာ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်စေခြင်းဖြင့် အခြားတိုင်းပြည်များ၏ ရရှိခဲ့ပြီးသော သင်ခန်းစာများမှ အကျိုးအမြတ်များကို ရယူခံစား လိုကြောင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း နာတာလီဂါဝါကပြောသည်။

    Source. DPA

  • အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အစိုးရ ဖိတ်ကြားချက်အရ မြန်မာပြည်လာမည်

    ဇန်နဝါရီ ၊ ၄ ၊ ၂၀၁၂

    M-Media

    အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး Natalegawa
    အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး Natalegawa

    မြန်မာနိုင်ငံ၊ ရခိုင်ပဋိပက္ခအတွက် အင်ဒိုနီးရှားက ဒေါ်လာ တစ်သန်းအကူအညီပေးမည်ဟု ကတိပြုကြောင်း ယနေ့ပြောကြားလိုက်သည်။

    အင်ဒိုနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရိုဟင်ဂျာအရေးအတွက် စေ့စပ်ဆွေးနွေးဖို့ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် တနင်္လာနေ့မှစတင်ပြီး မြန်မာပြည်သို့ ၂၄ နာရီ အလည်အပတ်ရောက်ရှိလာမည်ဖြစ်သည်။

    “ကျွန်တော်မြန်မာပြည်ရောက်တုန်း အင်ဒို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ တစ်သန်း ကူညီဖို့ ကတိပေးတဲ့အကြောင်း (မြန်မာအစိုးရကို) အသိပေးသွားမှာပါ။ ” ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက စီအင်အေသို့ ပြောကြားသည်။

    “အဲဒီနေရာမှာ လူသားအခြေခံလိုအပ်ချက်ပြဿနာတွေက စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတာ သိသာလွန်းပါတယ်။ အဲဒီနေရာက လူတွေအနေနဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းခံရဖို့ အတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ကျွန်တော်သိရပါတယ်။” ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

    ref: CNN