News @ M-Media

Tag: International News

  • လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    လတ်တလောစစ်ပွဲများကြောင့် ကမ္ဘာ့လက်နက်ကုမ္ပဏီများ အမြတ်အစွန်းများစွာရ

    ဒီဇင်ဘာ ၁၊ ၂၀၂၅

    M-Media 

    ယူကရိန်းနဲ့ ဂါဇာကမ်းမြှောင်အပါအ၀င် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေကြောင့် လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု(SIPRI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၁၀၀ ရဲ့ အမြတ်ငွေဟာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်နက်ကုမ္ပဏီ အားလုံးနီးပါးလောက်ဟာ အမေရိကန်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။ 

    ထူးခြားချက်အဖြစ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီစာရင်းမှာ ပထမဆုံး ပါ၀င်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အမြတ်အစွန်းဟာ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။ 

    Ref: Reuters 

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
    M-Media

    – မိမိတို့နိုင်ငံသား ခရစ်ယာန်များအား သတ်ဖြတ်သည်ကို လက်စားချေသည့်အနေဖြင့် ယနေ့နံနက်ပိုင်းတွင် အီဂျစ်-လစ်ဗျား နယ်စပ်တစ်လျှောက်ရှိ IS ၏ စခန်းများ၊ လေ့ကျင့်ရေးနေရာများ၊ လက်နက်သိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အီဂျစ်စစ်တပ်မှ ကြေညာခဲ့သည်။

    – တရုတ်ပါလီမန်၏ ထိပ်တန်း အကြံပေးအဖွဲ့မှ ဒုတိယ ဥက္ကဌဟောင်း ဆူရွန်အား လိမ်လည်မှု၊ လာဘ်ယူမှုနှင့် ရာထူးများရောင်းစားမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဟု တရုတ်အစိုးရက ယနေ့တွင် ကြေညာလိုက်သည်။ ၎င်းမှာ တရုတ်နိုင်ငံရေးတွင် ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်ခန့်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ခံနေရသူဖြစ်သည်။

    – အစ္စရေးအနေဖြင့် ဂါဇာကမ်းမြှောင်ဒေသအား ထပ်မံကျူးကျော်တိုက်ခိုက်ပါက ပြင်းထန်သော ခုခံမှုများနှင့် ရင်ဆိုင်သွားရမည်ဟု ပါလက်စတိုင်း ခုခံကာကွယ်ရေးအဖွဲ့က ပြောကြားလိုက်သည်။ အစ္စရေးစစ်တပ်မှ ဗိုလ်ချုပ်ကြီး ယူဗန် ဂါလန့်က ၎င်းအနေဖြင့် မတ်လ ၁၇ ရက်နေ့ ရွေးကောက်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာပါက ဂါဇာကမ်းမြှောင်အား ထပ်မံတိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု ပြောခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းဘက်က ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၂ လနီးပါး ကြာမြင့်ခဲ့သည့် အစ္စရေးတို့၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဂါဇာပြည်သူ ၂၂၀၀ နီးပါး သေဆုံးခဲ့သည်။

    – ၂၀၁၂ ခုနှစ်က ထိုင်ဝမ်ရှိ လမ်မားကျွန်းအနီးတွင် အခြားခရီးသည်တင်သင်္ဘောတစ်စီးနှင့် တိုက်မိကာ နစ်မြုပ်ခဲ့သည့် Lamma IV သင်္ဘော၏ မာလိန်မှူးကို လူသတ်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရ၍ ထိုင်ဝမ်တရားရုံးက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။ အဆိုပါသင်္ဘော နစ်မြုပ်မှုတွင် လူပေါင်း ၃၉ ဦးသေဆုံးခဲ့ပြီး တိုက်မိခဲ့သည့် အခြား သင်္ဘောမှ မာလိန်မှူးကိုလည်း လူများကို အန္တရာယ်ဖြစ်စေမှုဖြင့် ထောင်ဒဏ် ၉ လ ချမှတ်ခဲ့သည်။

    – တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန်တွင် အပစ်ရပ်ပြီး လက်နက်ကြီးများ ရှေ့တန်းစစ်မြေပြင်မှ ဆုတ်ခွာရန် ယူကရိန်းနှင့် ခွဲထွက်ရေးသမားတို့ သဘောတူခဲ့ကြသော်လည်း ယခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေပြီး ယူကရိန်းကဘက်ကမူ အပစ်ရပ်ရေး သဘောတူညီချက်အား ခွဲထွက်ရေးသမားများက ချိုးဖောက်မှုကြောင့် လက်နက်ကြီးများကို ဆုတ်ခွာပေးမည်မဟုတ်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ခွဲထွက်ရေးသမားများကလည်း ယူကရိန်းစစ်တပ်က ဆုတ်ခွာမှ မိမိတို့လည်း ဆုတ်ခွာပေးမည်ဟု ပြည်လည် တုံ့ပြန်ခဲ့သည်။

    – စီးရီးအေကလပ် အေစီမီလန်အသင်း၏ ရှယ်ယာအများစုအား ကန်ဒေါ်လာ ၁.၁ ဘီလီယံဖြင့် ၀ယ်ယူရန် မိမိအနေဖြင့် ကမ်းလှမ်းခဲ့သည်ဟု ထိုင်းသန်းကြွယ်သူဌေး ဘီးတချောင်ဘိုလ်က အတည်ပြုပြောကြားလိုက်သည်။

    Ref:news agencies

  • ၃ ရက်အတွင်း ပါကစ္စတန်ရှိ အပန်းဖြေ ကမ်းခြေ စခန်းများတွင် ရေနစ်သေဆုံးသူ ၃၃ ဦး ရှိ

    ၃ ရက်အတွင်း ပါကစ္စတန်ရှိ အပန်းဖြေ ကမ်းခြေ စခန်းများတွင် ရေနစ်သေဆုံးသူ ၃၃ ဦး ရှိ

    သြဂုတ် ၂ ၊ ၂၀၁၄
    M-Media

    ရေနစ်သေဆုံးသည့် အလောင်းတခုအား ရဟတ်ယာဉ်ဖြင့် ဆယ်ယူလာစဉ် Photo: Reuters

    – ပါကစ္စတန်တောင်ပိုင်း ကရာချီမြို့ အပန်းဖြေဆိပ်ကမ်းများတွင် ရေဆင်းကူးရင်း ရေနစ် သေဆုံးခဲ့သူ ၃၃ ဦး အလောင်းကို ကယ်ဆယ်ရေးအဖွဲ့များက ဆယ်ယူရရှိခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ကမ်းခြေသို့ သွားရောက်ခဲ့ကြသူများ၏ မိသားစုဝင်များက ၎င်းတို့၏ ဆွေမျိုးများ ပျောက်ဆုံးနေသည်ဟု အင်္ဂါနေ့ကတည်းက ရဲတပ်ဖွဲ့နှင့် ဒေသတွင်းအဖွဲ့အစည်းများသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။

    မုတ်သုံရာသီတွင် ပင်လယ်ပြင်သို့ ရေဆင်းမကူးရန် ပိတ်ပင်ထားပြီး သေဆုံးသွားသူများမှာ အဆိုပါ ပိတ်ပင်မှုကို ချိုးဖောက်၍ ရေဆင်းကူးခဲ့ခြင်းဖြစ်သည်ဟု ကာရာချီမြို့ ကော်မရှင်နာ မင်ကြီးက မီဒီယာသို့ ပြောကြားခဲ့သည်။

    ရဲစခန်းအများအပြားတွင် ထိုကဲ့သို့ တိုင်ကြားထားမှုမှာ ၄၀ ခန့်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားထားပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိနေသည်။ လူအများအပြား ဆက်လက်ပျောက်ဆုံးနေ သည်ဟု ယုံကြည်ရသော်လည်း အရေအတွက် အတိအကျကိုမူ သိရှိရခြင်း မရှိသေးပေ။

    ရေနစ်သေဆုံးသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ကမ်းခြေသို့ သွားရာလမ်းမများကို ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ပိတ်ပစ်ခဲ့ပြီး၊ နိုင်ငံခြားသားများကို ထိုကမ်းခြေများသို့ သွားရောက်ခြင်းမှလည်း တားမြစ်ခဲ့သည်။

    ပါကစ္စတန် သမ္မတ မန်နွန်ဟူစိန်နှင့် ၀န်ကြီးချုပ် နာဝက်ဇ် ရရှစ်ဖ်တို့ကမူ ထိုအဖြစ်အပျက်အတွက် တုန်လှုပ်မိကြောင်းနှင့် သေဆုံးသူများ၏ မိသားစုများနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်း ရပါကြောင်း ပြောကြားခဲ့သည်။

    ref_ ဆင်ဟွာ

  • ဇန်န၀ါရီ ၇၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဇန်န၀ါရီ ၇၊ ၂၀၁၄
    M-Media

    1499484_644263695616104_67541718_n

    ကန်ဂျုံအန်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တောင်ကိုရီးယား ငြင်းပယ်ခဲ့မှု မြောက်ကိုရီးယား ရှုတ်ချ

    – ခေါင်းဆောင် ကင်ဂျုံအန်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အား တောင်ကိုရီးယားမှ ငြင်းပယ်ခဲ့မှုကို မြောက်ကိုရီးယားနိုင်ငံမှ ရှုတ်ချလိုက်ပြီး တောင်ကိုရီးယား အနေဖြင့် မိမိတို့၏ ငြိမ်းချမ်းရေး ကြိုးပမ်မှုအား ပျက်ရယ်ပြုသည်ဟု ပြောဆိုခဲ့သည်။
    ကင်ဂျုံအန်၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ဦးလေးဖြစ်သူအား သုတ်သင်နိုင်ခဲ့ခြင်းကို တိုင်းပြည်၏ အမှိုက်သရိုက် အား ဖယ်ရှားခြင်းဟု တင်စားခဲ့ပြီး၊ အမေရိကန်နှင့် ကိုရီယားနိုင်ငံတို့ကိုလည်း ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲဖြစ်အောင် လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း တောင်နှင့် မြောက်နှစ်နိုင်ငံအကြား ဖြစ်ပေါ်နေသည့် တင်းမာမှုများအား လျှော့ချရန် ကောင်းမွန်သော အနေအထားဖြစ်သည်ဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ရန်အတွက် ကမ်းလှမ်းခဲ့သည်။

    Ref : English Alarabiya
    ……………………

    နှစ် ၂၀ အတွင်း အဆိုးဝါးဆုံး အအေးလှိုင်းဖြတ်သန်းမှု အမေရိကန် တွေ့ကြုံနေ

    – အတိတ်ဒေသမှ ဖြစ်ပေါ်လာသော အအေးလှိုင်းကြောင့် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်တစ်ချို့တွင် ဆီးနှင်းများ ကျဆင်းခြင်း၊ အေးစိမ့်သောလေများ တိုက်ခတ်ခြင်းတို့ဖြစ်ပေါ် လျက်ရှိပြီး ကျောင်းများ ပိတ်ထားရကာ၊ လေယာဉ်ခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

    ထိုကဲ့သို့ ဖြစ်ပွားခြင်းမှာ နှစ် ၂၀ အတွင်း ပထမဆုံးဖြစ်ပြီး Comertown၊ Montana၊ North Dakota၊ South Dakota နှင့် Minnesota ပြည်နယ်များတွင် အပူချိန်မှာ အနှုတ် ၅၃ ဒီဂရီ ဆဲလ်စီယက်စ်အထိရှိနေပြီး တောင်ဝင်ရိုးစွန်း၏ စံချိန်တင် အပူချိန် အနှုတ် ၃၄ ဒီဂရီ ဆဲလ်စီယက်စ်ထက် ပိုမို လျော့ကျနေခဲ့သည်။

    ထို့ကြောင့် လူသေဆုံးမှုများရှိနေပြီး ယမန်နေ့ကအထိ အနည်းဆုံး ၁၂ ဦးခန့် သေဆုံးခဲ့ကာ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြသည်။ ထို့ပြင် ယမန်နေ့ကအထိ လေယာဉ်ခရီးစဉ်ပေါင်း ၄၃၀၀ကို ဖျက်သိမ်းခဲ့ရပြီး ၆၅၀၀ အား ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရသည်။ အချို့ပြည်နယ်များတွင် ပြည်သူများအား အိမ်ပြင်သို့ မထွက်ကြရန် ပြည်နယ်စိုးရက သတိပေးထားခြင်းများလည်းရှိနေသည်။

    Ref : ChannelNewsAsia

    ……………………..

    တူရကီ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တူရကီဝန်ကြီးချုပ် တိုက်တွန်း

    – တူရကီနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများ ပိုမိုပြုလုပ်ရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှုအား ချဲ့ထွင်ရန်အတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် တူရကီ ၀န်ကြီးချုပ် Ricep Yayyip Erdogan က တိုကျိုမြို့တွင် ယနေ့ပြောကြားခဲ့သည့် မိန့်ခွန်း၌ တိုက်တွန်းခဲ့သည်။

    Erdogan မှာ နှစ်နိုင်ငံပူးပေါင်းကာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိရန် ရည်ရွယ်၍ ဂျပန်နိုင်ငံသို့ ၃ ရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့က ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးအား ယခုလက်ရှိ ကန်ဒေါ်လာ ၄ ဘီလီယံမှ ၂၀၂၃ ခုနှစ်တွင် ၁၀ ဘီလီယံအထိ ထိုးချဲ့သွားရန် မျှော်လင့်နေသည်။
    Ref: ဆင်ဟွာ
    ……………………..
    ဇန်န၀ါရီ ၁၃ ဆန္ဒပြပွဲအား မပါဝင်ရန် ထိုင်းပြည်သူများကို တရားရေးဝန်ကြီး သတိပေး

    – ဘန်ကောက်မြို့ရှိ အစိုးရယန္တယားများအားလုံး ပိတ်သိမ်းသွားရန်အတွက် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် ဆန္ဒပြရန် ရည်ရွယ်ထားသည့် အတိုက်ခံများ၏ အစီအစဉ်တွင် ပါဝင်ခြင်းမပြုရန် ထိုင်းအိမ်စောင့်အစိုးရ တရားရေးဝန်ကြီး Chaikasem Nitisiri က ယမန်နေ့တွင် ထိုင်းပြည်သူများအား သတိပေးပြောကြားခဲ့သည်။

    ရုပ်သံမှတစ်ဆင့် တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထိုဆန္ဒပြပွဲမှာ တရားမ၀င်ဖြစ်ပြီး အန္တရာယ်ရှိကြောင်း၊ ထိုဆန္ဒပြပွဲတွင် ပါဝင်သူများမှာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး တိုင်းပြည်အား မတည်မငြိမ်ဖြစ်စေလိမ့်မည်ဟု Chaikasem က ထည့်သွင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုမှာ ၃ လနီးပါးသို့ ရောက်ရှိလာပြီးဖြစ်ပြီး၊ ယခင်အစိုးရအား ဖျက်သိမ်းကာ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး ရွေးကောက်ပွဲကို လာမည့်လတွင် ပြုလုပ်မည်ဟု ကြေညာထားသော်လည်း အတိုက်အခံများက ကျေနပ်မှုမရှိဘဲ ဆန္ဒပြမှုများကို ဆက်လက်ပြုလုပ်လျက်ရှိသည်။
    Ref: ဆင်ဟွာ


    …………………………….
    နျူးကီယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆွေးနွေး

    – နိုင်ငံအလယ်ပိုင်းရှိ ဒေဂျီအွန်မြို့တွင် အရပ်ဖက်သုံး နျူးကလီးယား စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ယနေ့တွင် ပြန်လည်စတင်ခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ၂၀၁၀ သြဂုတ်လမှ စတင်ခဲ့သည့် ထိုဆွေးနွေးပွဲအား ယခုအခါ ၉ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး နျူးကလီးယား စွမ်းအင်နှင့်ပက်သက်၍ ပြင်ဆင်ချက်ကိစ္စ သဘောတူညီချက်ရရှိခဲ့သည်။ ထိုပြင်ဆင်ချက်က နျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် အဓိက အစိတ်အပိုင်းများအား ကိုရီးယားမှ တင်ပို့ရေးအတွက် အမေရိကန်အတွင်း လိုအပ်သော လပ်ငန်းပိုင်းဆိုင်ရာများကို တိုးတက်စေမည်ဖြစ်ပြီး၊ သုံးစွဲပြီးလောင်စာများ ပြန်လည် အသုံးပြုရေး နည်းပညာများအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကိုလည်း အားပေးကူညီနိုင်မည်ဖြစ်ကာ အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် လိုအပ်နေသည်ဟု သိရသည်။
    Ref: ဆင်ဟွာ

  • ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ

    ပြင်သစ် ပထမတန်း(PSG) ဘောလုံးအသင်းအား ပံ့ပိုးကူညီမည့် Ooredoo ကုမ္ပဏီ

    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media

     

    20130912_Ooredoo-Announces-Sponsorship-of-Paris-Saint-Germain

    ဒိုဟာအခြေစိုက်  ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီသည် ပြင်သစ် ပထမတန်း ဘောလုံးကလပ် Paris Saint – Germain (PSG)  ဘောလုံးအသင်းအား ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ပံ့ပိုးကူညီရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူငယ်များနှင့် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးရန် အတွက်ဖြစ်ပြီး Ooredoo ၏ လုပ်ငန်းများဆောင်ရွက်နေသည့် အရှေ့ အလယ်ပိုင်း၊ မြောက် အာဖရိကနှင့် အရှေ့တောင် အာရှနိုင်ငံများမှ လူငယ်များအတွက် ဘောလုံး လေ့ကျင့်ရေး စခန်းကျောင်း အပါအ၀င် လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်မှု အစီအစဉ်များကို မိတ်ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

    Ooredoo ကုမ္ပဏီ အမှတ်တံဆိပ်ကို Paris Saint – Germain (PSG) အသင်း၏ တီရှပ်နောက်ကျောနှင့် လေ့ကျင့်ရေး ပစ္စည်းများပေါ်တွင် ရိုက်နှိပ်မည်ဖြစ်ပြီး အသင်း၏ လေ့ကျင့်ရေး အဆောက်အဦးကိုလည်း Ooredoo Training Center ဟု ပြောင်းလဲ ခေါ်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။

    Ref : ooredoo