ဒီဇင်ဘာ ၁၊ ၂၀၂၅
M-Media

ယူကရိန်းနဲ့ ဂါဇာကမ်းမြှောင်အပါအ၀င် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်း ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေ၊ စစ်ပွဲတွေကြောင့် လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေဟာ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့တယ်လို့ စတော့ဟုမ်းနိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျု(SIPRI)ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ၁၀၀ ရဲ့ အမြတ်ငွေဟာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၅ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာတာပါ။ လက်နက်ကုမ္ပဏီ အားလုံးနီးပါးလောက်ဟာ အမေရိကန်နဲ့ ဥရောပအခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။
ထူးခြားချက်အဖြစ် အီလွန်မက်စ်ရဲ့ SpaceX ကုမ္ပဏီဟာ လက်နက်ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီစာရင်းမှာ ပထမဆုံး ပါ၀င်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အမြတ်အစွန်းဟာ ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံ ရှိခဲ့ကာ ၂၀၂၃ ခုနှစ်ကထက် နှစ်ဆ မြင့်တက်လာတာ ဖြစ်ပါတယ်။
Ref: Reuters