News @ M-Media

Tag: ISIL

  • ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဆင်ဂျာတောင်တွင် ၀ိုင်းထားသော IS တပ်များကို တိုက်ထုတ်ကာ ယာဇီဒီ လူမျိုးများကို ကာဒ့်တပ်များ ကယ်တင်

    ဒီဇင်ဘာ ၁၉ ၊ ၂၀၁၄
    M-Media

    2014121955515889734_20– အီရတ်နှင့် ဆီးရီးယားနယ်စပ်အနီး ဆင်ဂျာတောင် ပတ်ဝန်းကျင်ရှိ ရာပေါင်းများစွာသော ယာဇီဒီလူမျိုးများအား IS တပ်များက ၀န်းရံပိတ်ဆိုမှုကို ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga တပ်က ဇြိုခွဲနိုင်ခဲ့သည်ဟု သိရသည်။

    `Peshmerga တပ်တွေက ဆင်ဂျာတောင်ကို ရောက်ခဲ့ပါတယ်။ ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားနိုင်ခဲ့ပါတယ်´ ဟု ကာ့ဒ်ဒေသ လုံခြုံရေးအကြီးအကဲ မက်စ်ရိုအာ ဘာဇနီက စစ်ဆင်ရေး ပြုလုပ်နေစဉ် ယမန်နေ့က ပြောကြားခဲ့သည်။

    ကာဒ့်တပ်များမှာ ဆင်ဂျာတောင်ရှိ IS တပ်များအား ဗုဒ္ဓဟူးနေ့မှ စတင်ကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ထိုထိုက်ခိုက်မှုတွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှ ပစ်ကူပေးခဲ့ကာ ယာဇီဒီလူမျိုးများမှာ လွတ်မြောက်ခဲ့ပြီဖြစ်သည်။

    `တောင်ပေါ်မှာ ပိတ်မိနေတဲ့ ယာဇီဒီ လူမျိုးတွေ အားလုံး အခု လွတ်မြောက်သွားပါပြီ´ ဟု ဘာဇနီကဆိုခဲ့ပြီး မိမိတို့တပ်များမှာ ၎င်းတို့အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ မပေးရသေးကြောင်း၊ ထိုတိုက်ပွဲတွင် IS တိုက်ခိုက်ရေးသမား ၁၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါဆင်ဂျာဒေသကို IS တပ်များက ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ ၀န်းရံ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

    အစ္စလာမ် ဘာသာဝင်များဖြစ်သည့် ကာ့ဒ်တပ်ဖွဲ့များမှာ ၎င်းတို့၏ နယ်မြေအတွင်း IS အဖွဲ့အား ခုခံတိုက်ခိုက်နေကြသူများဖြစ်ပြီး လူနည်းစုများဖြစ်သည့် ခရစ်ယာန်များ၊ ယာဇီဒီ လူမျိုးများကို ကာကွယ်စောင့်ရှောက်ပေးလျက် ရှိနေသည်။

    Al Jazeera and agencies

  • ISIL ခေါင်းဆောင်၏ ဇနီးနှင့် သားကို ဖမ်းဆီးလိုက်ပြီဟု လက်ဘနွန်ကြေညာ

    ISIL ခေါင်းဆောင်၏ ဇနီးနှင့် သားကို ဖမ်းဆီးလိုက်ပြီဟု လက်ဘနွန်ကြေညာ

    ဒီဇင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    photos-isis-leade-al-baghdadis-wife-have-gone-viral
    – ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေများကို သိမ်းယူထားသည့် ISIL အဖွဲ့၏ ခေါင်းဆောင် အဘူဘာကာ အလ် ဘဂ္ဂဒါဒီ၏ ဇနီးနှင့် သားဖြစ်သူ တို့အား နိုင်ငံခြားထောက်လှမ်းရေးနှင့် ပူးပေါင်း၍ လက်ဘနွန်စစ်တပ်က ဖမ်းဆီးလိုက်သည်ဟု လက်ဘနွန် လုံခြုံရေးတာဝန်ရှိသူများက ပြောကြားလိုက်သည်။

    ဘဂ္ဂဒါဒီ၏ ဇနီများထဲမှ တစ်ဦးဖြစ်သည့် အမျိုးသမီးမှာ သားဖြစ်သူနှင့်အတူ ဆီးရီးယား နယ်စပ်မှ ဖြတ်ကျော်စဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုသမီးမှာ မှတ်ပုံတင်အတုကို အသုံးပြုထားသည်ဟု အာဏာပိုင်များက ဆိုသည်။ သို့သော်လည်း အဆိုပါ အမျိုးသမီး၏ အမည်နှင့် မည်သည့်နိုင်ငံသားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်း မရှိချေ။

    ဖမ်းဆီးပြီးနောက် ၎င်းတို့ ၂ ဦးအား ဘေရွတ်ရှိ ကာကွယ်ရေး ၀န်ကြီးဌာနသို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားသည်ဟု သိရသည်။

    ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဘဂ္ဂဒါဒီ၏ ဇနီးဖြစ်သူ ဆာဂျာ ဟာမစ် အလ်-ဒူလိုင်မီ၏ ဓာတ်ပုံမှာ အင်တာနက်စာမျက်နှာတွင် ပေါ်ထွက်လာခဲ့ပြီး ယခု ဖမ်းဆီးခံခဲ့ရသူမှာ ဒူလိုင်မီဖြစ်သည်လား ဆိုသည်ကို မသိရှိရသေးပေ။

    RT

  • ISIL ပေါ်လာပြီးနောက် ယူကေတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုတိုးလာ

    ISIL ပေါ်လာပြီးနောက် ယူကေတွင် မွတ်စလင်များအပေါ် တိုက်ခိုက်မှုတိုးလာ

    နိုဝင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    swastik-brim-600x399
    – ISIL ပေါ်ထွက်လာပြီးနောက် လန်ဒန်တွင် မွတ်စလင် ဆန့်ကျင်ရေး ရာဇ၀တ်မှုများ တိုးပွားလာခဲ့သည်ဟု မွတ်စလင်အများအပေါ် တိုက်ခိုက်မှုများ အား စောင့်ကြည့်နေသည့် Tell Mama အဖွဲ့၏ လေ့လာမှုများအရ ဘာသာရေး၊ လူမျိုးရေးနှင့် လူမျိုးစုဆိုင်ရာ အမုန်းတရားအပေါ် အခြေခံပြီး ယူကေတွင် ဖြစ်ပွားခဲ့သော မွတ်စလင် ဆန့်ကျင်ရေး ရာဇ၀တ်မှုများနှင့် လုပ်ရပ်များကို စုစည်းကာ အဆိုပါ အဖွဲ့က လေ့လာခဲ့ခြင်းဖြစ်ပြီး ISIL က ခေါင်းဖြတ်သတ်သည့် ဗွီဒီယိုများ ထုတ်လွှင်ခဲ့ပြီးနောက်ပိုင်း မွတ်စလင်များမှာ အင်တာနက်နှင့် ပြင်ပလောက တွင်ပါ စော်ကားတိုက်ခိုက်ခြင်း ခံရသည်ဟု Anadolu သတင်းဌာနသို့ အဆိုပါ အဖွဲ့က ပြောကြားခဲ့သည်။

    “မွတ်စလင်တွေအပေါ် နှုတ်နဲ့ စော်ကားပြောဆိုမှုတွေကို ကြည့်ရင် ISIL နဲ့ပတ်သက်တဲ့ အမြင်တွေဟာ ယူကေတစ်ဝှမ်းနဲ့ လန်ဒန်က မွတ်စလင်ဆန့်ကျင်ရေး အမုန်းတရားတွေကို ဖြစ်စေတယ်ဆိုတာ တွေ့နေရပါတယ်။ ဈေးဆိုင်သွားနေတဲ့ အမျိုးသမီးတွေကို စော်ကားပြော ဆိုတာလည်းရှိနေပြီး “ဘာ့ကြောင့် ငါတို့က နင့်ရဲ့ခေါင်းကို မဖြတ်တာလဲ?” လို့လည်း အော်ဟစ်ကြပါတယ်” ဟု Tell Mama အဖွဲ့ မစ်ဂ်ဟာလ်က ဆိုသည်။

    အဆိုပါအဖွဲ့မှာ ဒေသတွင်းရဲတပ်ဖွဲ့မှ တောင်းဆိုရရှိခဲ့သည့် မှတ်တမ်းများကို ဆန်းစစ်လေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ မြင့်တက်လာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    အံ့သြဖွယ်မြင့်တက်မှု

    ပြီးခဲ့နှစ် မေလက လန်ဒန်အရှေ့ပိုင်း ၀ူးလ်ဝစ်ခ်ျမြို့ရှိ စစ်တပ်အနီးတွင် ဗြိတိန်စစ်သားတစ်ဦး အသတ်ခံခဲ့ရပြီးနောက် အမုန်းတရားကို အခြေခံသည့် ရာဇ၀တ်မှု များမှာ လျော့ ကျလာသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သော်လည်း Tell Mama ၏ လေ့လာမှုများအရ မွတ်စလင်ဆန့်ကျင်ရေး ရာဇ၀တ်မှုများမှာ သိသိသာသာ တိုးတက်လာခဲ့သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့၏ စာရင်းများအရ ၀ူးလ်ဝစ်ခ်ျ တိုက်ခိုက်မှု မဖြစ်ခင် ၂၀၁၂ ဧပြီလမှ ၂၀၁၃ ခုနှစ် ဧပြီလအထိ မွတ်စလင် ဆန့်ကျင်ရေး တိုက်ခိုက်မှုများမှာ တစ်လျှင် ပျမ်းမျှအားဖြင့် ၂၈ ခု ရှိသော်လည်း ၂၀၁၃ မတ်လမှ ၂၀၁၄ မတ်လအတွင်း တိုက်ခိုက်မှုများမှာ ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    ထိုကဲ့သို့ တိုးလာမှု၏ အကြောင်းအရင်းများတွင် ဂါဇာ-အစ္စရေး ပဋိပက္ခ၊ ISIL ၏ အီရတ်မြောက်ပိုင်းတွင် ပြုလုပ်သော ကိစ္စရပ်များမှာ ထိပ်ဆုံးမှပါဝင်သည်ဟု Tell Mama က ထည့်သွင်း ပြောကြားခဲ့သည်။

    ref_ World Bulletin

  • ISIL မှာ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း ကုလဆို

    ISIL မှာ စစ်ရာဇ၀တ်မှုနှင့် လူသားထုအပေါ် ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း ကုလဆို

    နိုဝင်ဘာ ၁၆ ၊ ၂၀၁၄
    M-Media
    2014924194257816734_20
    – ISIL အဖွဲ့မှ ထိန်းချုပ်ထားသည့် ဆီးရီးယားရှိ ဒေသများတွင် ထိုအဖွဲ့မှာ စစ်ရာဇ၀တ်မှုများ၊ လူသားထုပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အမြောက်အများ ကျူးလွန်နေသည်ဟု ကုလသမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်သော အစီအရင်ခံစာတွင် ဖော်ပြထားသည်။

    ဆီးရီးယားအရေး ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်က ISIL အဖွဲ့၏ လုပ်ရပ်များနှင့် ပတ်သက်၍ လေ့လာကာ အဆိုပါ အစီရင်ခံစာအား ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားရှိ ISIL မှ ထိန်းချုပ်ထားသော ဒေသများတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ခေါင်းဖြတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ လိင်ကျေးကျွန်အဖြစ် ခိုင်းစေမှုများနှင့် အတင်းအဓမ္မ ကိုယ်ဝန်ဆောင်မှုများလည်း ပါဝင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ISIL က တပ်မှူးတွေဟာ ဒီလို စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ စီစဉ်ပြီး တမင်တကာ ကျူးလွန်နေကြတာပါ။ ဒီရာဇ၀တ်မှုတွေအတွက် သူတို့ တစ်ယောက်ချင်းစီမှာ တာဝန်ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ရေးသားထားသည်။

    ထို့ပြင် ထိုရာဇ၀တ်မှုကျူးလွန်သူများအား တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်လာရန်အတွက်လည်း ကော်မရှင်က တိုက်တွန်းထားသည်။

    အဆိုပါ အစီရင်ခံစာကို ISIL ထိန်းချုပ်ရာဒေသများမှ ထွက်ပြေးလာသူများကို ပြုလုပ်ထားသော အင်တာဗျူး ၃၀၀ ကျော်၊ ISIL ကိုယ်တိုင် ထုတ်ပြန်ထားသည့် ဓာတ်ပုံများ၊ ဗီဒီယိုများ စသည်တို့ကို ကိုးကား၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ref_ Agencies

  • ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    ISIL အဖွဲ့ ပါကစ္စတန်တွင် အခြေ မစိုက်နိုင်ဟု လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့် သူများဆို

    နိုဝင်ဘာ ၁၂ ၊ ၂၀၁၄
    M-Media
    09-11-14_Analysts-Deny-ISIL-Influence--in-Pakistan
    – ISIL အဖွဲ့မှာ အီရတ်နှင့် ဆီးရီးယားတို့တွင် အခြေခိုင်စွာ လှုပ်ရှားနေကြသော်လည်း မိမိတို့နိုင်ငံအတွင်း လွှမ်းမိုးမှု ရှိမည်မဟုတ်ဟု ပါကစ္စတန် ကာကွယ်ရေးနှင့် လုံခြုံရေး လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    “ပါကစ္စတန်နဲ့ အီရတ်၊ ဆီးရီးယားတို့ရဲ့ အခြေအနေဟာ လုံးဝ ကွဲပြားခြားနားပါတယ်။ ISIL အဖွဲ့ ပါကစ္စတန်မှာ အခြေစိုက်လို့မရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိနေပါတယ်” ဟု အစ္စလာမ်မာဘတ်အခြေစိုက် လုံခြုံရေး လေ့လာဆန်းစစ်သူ ကမားလ် ဟိုင်ဒါက ပြောကြားခဲ့သည်။

    အနောက်တိုင်း မီဒီယာများကမူ ISIL အဖွဲ့မှာ ပါကစ္စတန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အလားအလာရှိနေပြီဟု ဖော်ပြကြပြီး ဟိုင်ဒါကမူ ထိုဖော်ပြချက်မှာ အသိဥာဏ်မဲ့ခြင်းနှင့် ချဲ့ကားပြောဆိုခြင်းသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

    ထို့ပြင် ISIL မှာ အီရတ်တွင် မာလီကီဦးဆောင်သော ရှီအာအစိုးရက နိုင်ငံအတွင်းရှိ စွန်နီများအပေါ် ကျူးလွန်ခဲ့သည့် လုပ်ရပ်များကြောင့် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ISIL ပေါ်လာတဲ့ နောက်ခံအကြောင်းအရင်းကို ခင်ဗျားတို့ နားလည်ထားရပါမယ်။ မာလီကီအစိုးရဟာ သူတို့ရဲ့ အခွင့်အရေးတွေကို လုယူသိမ်းပိုက်သွားတယ်လို့ အီရတ်မှာရှိတဲ့ စွန်နီလူ့အဖွဲ့အစည်းက ထင်နေကြပြီး ဒါ့ကြောင့်ပဲ ISIL ဟာ လူထုရဲ့ ထောက်ခံမှုကို ရခဲ့တာပါ။ ဒါပေမယ့် ပါကစ္စတန်မှာတော့ အခြေအနေက လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဆွန်နီတွေဟာ နိုင်ငံ လူဦးရေရဲ့ ၈၀ ကနေ ၈၅ ရာခိုင်းနှုန်းအထိ ရှိပါတယ်။ ဒီက ရှီအာတွေကလည်း သူတို့ကို ခြိမ်းခြောက်မှုတွေမရှိတော့ စွန်နီတွေက ဘာ့ကြောင့် ISIL နဲ့ ဆက်သွယ်ရမှာလဲ” ဟု ဟိုင်ဒါကဆိုသည်။

    ထို့ပြင် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် နယ်မြေများသိမ်းပိုက်နိုင်သကဲ့သို့ ပါကစ္စတန်တွင် သိမ်းပိုက်၍ မရဟုလည်း ဟိုင်ဒါက ထပ်လောင်းပြောကြားခဲ့သည်။

    “ပါကစ္စတန်မှာ မြောက်ဘက် ၀ါဇီရစ္စတန်မှာရှိတဲ့ တာလီဘန်တွေရဲ့ နောက်ဆုံးစခန်းကို အမြစ်ဖြုတ်ခဲ့တဲ့ တောင့်တင်းတဲ့ စစ်တပ်ရှိပါတယ်။

    ဒီကတာလီဘန်တွေဟာ ဒေသအတွင်း အစိတ်အပိုင်းအချို့ရဲ့ ထောက်ခံမှုရပေမယ့် စနစ်တကျဖွဲ့စည်းထားတဲ့ စစ်တပ်ကိုတော့ ပြန်မတိုက်နိုင်ပါဘူး။ ISIL က တော့ ဒီလိုထောက်ခံမှု မရပါဘူး”

    ref_ OnIslam