News @ M-Media

Tag: jews

  • ဂျူးအစွန်းရောက်များ မီးရှို့၍ သေဆုံးသည့် ပါလက်စတိုင်း ကလေးငယ်၏  ဓာတ်ပုံဖြင့် ဂျူးများ အောင်ပွဲခံ

    ဂျူးအစွန်းရောက်များ မီးရှို့၍ သေဆုံးသည့် ပါလက်စတိုင်း ကလေးငယ်၏ ဓာတ်ပုံဖြင့် ဂျူးများ အောင်ပွဲခံ

    ဒီဇင်ဘာ ၂၆၊ ၂၀၁၅
    M-Media
    Jewish wedding shows guests celebrating the death of a Palestinian baby
    – ဇူလိုင်လအတွင်းက ဂျူးအစွန်းရောက်တွေရဲ့ မီးရှို့မှုကြောင့် မီးလောင်သေဆုံးသွားခဲ့တဲ့ အသက် ၁၈ လအရွယ် ပါလက်စတိုင်းကလေးငယ် အလီ ဒါဝဘ်ရှားဟ်ရဲ့ ဓာတ်ပုံကို အစ္စရေးက ဂျူးမင်္ဂလာဆောင်တစ်ခုမှာ ဓားနဲ့ထိုးဖောက်ပြီး အောင်ပွဲခံ သီချင်းဆိုနေတဲ့ ဗီဒီယိုဖြစ်ပါတယ်။

    ဒီဗီဒီယိုကို အစ္စရေးရုပ်သံ Channel 10 က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ထုတ်လွှင့်သွားခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာ မင်္ဂလာပွဲတက်ရောက်လာသူတွေဟာ ကခုန်မြူးတူးကာ ဒါဝဘ်ရှားဟ်ရဲ့ ဓာတ်ပုံကို ဓားနဲ့ထိုးဖောက် အောင်ပွဲ ခံနေကြတာကို တွေ့မြင်ခဲ့ကြရပါတယ်။ တစ်ချို့တွေကလည်း ရိုင်ဖယ်တွေ၊ ဓားတွေကိုကိုင်ပြီး သီချင်းတွေဆိုကာ အဲဒီအောင်ပွဲခံမှုမှာ ပါဝင်ခဲ့ကြပါတယ်။

    Channel 10 က အဲဒီဗီဒီယိုကို အစိုးရအဖွဲ့ဆီကနေ ရရှိခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဂျေရုစလင်မှာပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးအာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာ အလျင်အမြန်ပြန့်နှံ့သွားတဲ့ ဒီဗီဒီယိုဟာ ဝေဖန်မှုအများအပြားကို ခံခဲ့ရပြီး၊ နာဇီလက်အောက်မှာ သူမတူတဲ့ နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုကို ခံခဲ့ရဖူးတဲ့ ဂျူးတွေရဲ့ စိတ်ဓာတ်နဲ့ပတ်သက်လို့ မေးခွန်းထုတ်မှုတွေလည်း ဖြစ်လာခဲ့ပါတယ်။

    ပါလက်စတိုင်းပိုင်နက်ဖြစ်ပြီး အစ္စရေးက ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းက ဒူးမားရွာလေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဂျူးအစွန်းရောက် အုပ်စုတစ်စုဟာ ပါလက်စတိုင်းနေအိမ်တစ်အိမ်ကို မီးရှို့ခဲ့ပြီး အဲဒီမီရှို့မှုမှာ အသက် ၁၈ လအရွယ် အလီဒါဝဘ်ရှားဟ်က မီးလောင်မှုကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ရဲ့ မိဘနှစ်ဦးကတော့ မီးလောင်ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြပါတယ်။ အဲဒီ စက်ဆုပ်စရာအဖြစ်အပျက်မှာ ဒါဝဘ်ရှားဟ်မိသားစုက အလီရဲ့ အသက် ၄ နှစ်အရွယ် အစ်ကိုဖြစ်သူတစ်ဦးသာ မီးလောင်ဒဏ်ရာဗရပွနဲ့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

    အစ္စရေးအာဏာပိုင်တွေကတော့ ဒီအဖြစ်အပျက်ကို “ဂျူးအစွန်းရောက်ဝါဒ” က ဖြစ်လာတဲ့လုပ်ရပ်လို့ ကင်ပွန်းတပ်ခဲ့ပြီး မီးရှို့သက်ဖြတ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့် သက်သေမရှိတဲ့အတွက် တရာစွဲလို့မရဘူးလို့ အစ္စရေးပြည်ထဲရေးဝန်ကြီးက ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေကတော့ အစ္စရေးအစိုးရက ဂျူးအစွန်းရောက်တွေကို အားပေးနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

  • အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    အမေ့ခံ သူရဲကောင်းများ (သို့) နာဇီလက်မှ ဂျူးများကို သက်စွန့် ကယ်တင်ခဲ့သည့် အလ်ဘေးနီးယား မွတ်စလင်များ

    ဖေဖော်ဝါရီ ၂၁ ၊ ၂၀၁၅
    M-Media
    righteous-muslims2
    – `မည်သူမဆို အသက်တစ်ချောင်းအား ကယ်တင်ခဲ့ပါက တစ်ကမ္ဘာလုံးရှိ အသက်များကို ကယ်တင်ဘိသကဲ့သို့ ဖြစ်၏´ (ဘေဘီလိုနီယန်း တဲလ်မူးဒ်-ဆန်ဒီဒရင် ၄၊ ၈(၃၇က)) (ကုရ်အာန် ၅၊ ၃၂)

    အထက်ပါ ပါဒတော်မှာ ဂျူးဘာသာဝင်များ၏ Talmud ကျမ်းနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ကုရ်အာန်ကျမ်းတွင် ဖော်ပြထားသည့် ပါဒတော်ဖြစ်သည်။

    ဇန်န၀ါရီ ၂၇ ရက် တွင်ကျရောက်သည့် Holocaust (နာဇီတို့က ဂျူးများအား သတ်ဖြတ်သည့် အစီအစဉ်) ၏ နှစ်ပတ်လည်နေ့တွင် `လူဖြောင့်လူမှန်များ´ အကြောင်း ပြန်လည်အောက်မေ့သတိရခြင်းမှာ ထိုက်တန်သည့် ကိစ္စဖြစ်သည်။ ထိုသူများမှာ အခြားသူများမဟုတ်။ နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များပင်ဖြစ်၏။ နာဇီတို့၏ ရက်စက်ကြမ်းကြုတ်လှသည့် Holocaust အစီအစဉ်တွင် ဂျူးများအား သက်စွန့်ဆံဖျား ကယ်တင်ခဲ့သော မွတ်စလင်များ၏ အကြောင်းကို သိရှိသူ အလွန်နည်းလေသည်။

    စိတ်ဝင်စားစရာအကောင်းပြီး လူသိနည်းသည့် အချက်တစ်ချက်က အလ်ဘေးနီးယားတွင် ကျင့်သုံးခဲ့သော ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများအကြောင်း ဖြစ်သည်။ အလ်ဘေးနီးယားတို့၏ ဖော်ရွေမှုနှင့် ကာကွယ်ပေးမှုမှာ ဒေသအတွင်း ယဉ်ကျေးမှုအစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ပြီး၊ ၎င်းကို အစ္စလာမ်၏ တန်ဖိုးများဖြစ်သော ဧည့်ဝတ်ကျေပွန်မှု၊ ဧည့်သည်များ၊ ခရီးသွားများအား စောင့်ရှောက်မှုတို့ဖြင့် ပိုမိုပြည့်စုံစေခဲ့သည်။

    Holocaust အချိန်အတွင်း ဂျူးလူမျိုးအရေအတွက် မြင့်တက်လာသည့် နိုင်ငံ ၂ နိုင်ငံရှိခဲ့သည်။ ဂရိနိုင်ငံကဲ့သို့ နေရာမျိုးရှိ ဂျူးများကိုပင် မရဏအကျဉ်းစခန်းများဖြစ်သည့် အော့ဇ၀စ်၊ ဆိုဘီဘောရ်နှင့် ထရီဘလင်ကာသို့ ပို့သော နာဇီတို့၏ ဆိုးရွားသည့်အစီအစဉ်မှ လွတ်မြောက်ရန် ဂျူးအမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီးပါမကျန် ၀င်ရောက်လာခြင်းကြောင့်ဖြစ်သည်။ ဂျူးလူဦးရေမြင့်တက် လာသည့် နိုင်ငံ ၂ နိုင်ငံမှာ အလ်ဘေးနီးယားနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့ဖြစ်သည်။ အလ်ဘေးနီးယားတွင်မူ ဂျူးလူမျိုးအရေအတွက်မှာ ယခင်က ၂၀၀ ခန့်ရှိခဲ့ရာမှ စစ်ကြီးအပြီးတွင် ၂၀၀၀ ကျော်ဖြစ်လာသည်။

    မြောက်အာဖရိက၊ တူရကီတို့ပြီးနောက် ဂျူးများကို ကယ်တင်ခဲ့သည့် အလ်ဘေးနီးယားမွတ်စလင်များ၏ အကြောင်းကို အနည်းငယ်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ သို့သော်လည်း ထိုအထဲမှာ အများစုကို သေသေချာချာ စုံစမ်းစစ်ဆေးခြင်းမလုပ်ခဲ့ကြ။ အရှေ့အလယ်ပိုင်းနိုင်ငံရေး ကလည်း မွတ်စလင်လူ့အဖွဲ့အစည်း၏ သမိုင်းအမွေအနှစ်ဖြစ်သော ထိုဇာတ်လမ်းများကို စုံစမ်းစစ်ဆေးမှုပြုရန် ဆန္ဒအား တဖြည်းဖြည်းလွှမ်းမိုးပျောက်ကွယ်စေခဲ့သည်။ အစ္စလာမ်နှင့် မွတ်စလင်အကြောင်း အဖျက် သဘောဖြင့်သာ မီဒီယာများက ဖော်ပြနေသည့် ယခုအချိန်တွင် အဆိုပါဇာတ်လမ်းများက မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူစရာ ခံစားမှုတစ်ခုကို ပေးအပ်နိုင်မည်ဖြစ်သည်။

    ဂျူးများကို ကယ်တင်ခဲ့သော မွတ်စလင်များ ကွယ်လွန်သွားခြင်းနှင့်အတူ ၎င်းတို့၏ ဆောင်ရွက်ချက် အများစုမှာလည်း မှေးမှိန်ပျောက်ကွယ် ခဲ့ပေပြီ။ အလ်ဘေးနီးယားမှ ထိုသူတော်ကောင်းကြီးများ၏ ဇာတ်လမ်းအချို့ကို ဖော်ပြချင်သေးသည်။ ထိုအထဲမှ တစ်ဦးမှာ ယဒ်ဗာရှမ် ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပြီး ခိုကိုးရာမဲ့ ဂျူးလူမျိုး ၇၁ ဦးအား နာဇီတို့လက်မှကယ်တင်ခဲ့သူဖြစ်သည်။ မည့်သည့် မျှော်လင့်ချက်မှမရှိဘဲ ချို့တဲ့သူများကို ကူညီရမည့်စိတ်တစ်ခုတည်းဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ အကြောင်းအရာ တော်တော်များများကို Faith Matters (http://faith-matters.org/) ဆိုသည့် ၀ဘ်ဆိုက်တွင် တွေ့နိုင်သည်။ ထိုဝဘ်ဆိုက်လေးတွင် လေးစားအားကျစရာကောင်းသည့် လူဖြောင့်လူမှန်များ၏ အကြောင်းကို ဖော်ပြထားသည်။ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဂျူးများကို ကယ်တင်ထားကြသူများလည်း ပါသည်။

    ဥပမာအနေဖြင့် ထုတ်ပြရလျှင် ဇက်ဂ်ျနီဘာ ဟာဒဂါနှင့် အဟ်မ် ဆာဒစ်ဆိုသူ မွတ်စလင်နှစ်ဦးဖြစ်ပြီး ဘော်လ်ကန်ဒေသ တွင် ငြှင်းပမ်းနှိပ်စက် ခံရသူဂျူးများကို နေရာ ထိုင်ခင်းပေးကာ၊ ကျွေးမွေးစောင့်ရှောက် ခဲ့သူများဖြစ်သည်။ ဂျာမန်စစ်သားများက ဂျူးများအား လိုက်လံရှာဖွေပြီး အကျဉ်းစခန်းသို့ ပို့နေသောအချိန်တွင် ထွက်ပြေးလာသော ဂျူးမိသားစုတစ်ခုနေရန် ဇက်ဂ်ျနီဘာက သူမ၏ အိမ်ကို ပေးခဲ့သည်။ အဟ်မဒ်ဆာဒစ်က ဂျာမန်တို့မှာ ဂျူးများကို အကျဉ်းစခန်းသို့ ပို့နေကြောင်း ရထားပေါ်ရှိ သူ၏ ဂျူးသူငယ်ချင်းများအား သတိပေးခဲ့ပြီး ထိုရထားမှ ကယ်ထုတ်ကာ နေရာထိုင်ခင်းကို စီစဉ်ပေးခဲ့သည်။ ထို့နောက် အထောက်အထားအတုများလုပ်ကာ အဆိုပါဂျူးလူမျိုးများအား နာဇီတို့လက်မှ လွတ်မြောက်စေခဲ့သည်။ အဟ်မဒ်မှာ ထိုလုပ်ရပ်အတွက် နာဇီတို့၏ ဖမ်ဆီးခြင်းကို ခံခဲ့ရပြီး အသတ်ခံခဲ့ရသည်။ ဘ၀၏ နောက်ဆုံးရက်အနည်းငယ်ကို သူကိုယ်တိုင် ဂျူးသူငယ်ချင်းများကို ကယ်ထုတ်ပေးခဲ့သည့် နာဇီရထားပေါ်၌ အဟ်မဒ်တစ်ယောက် ကုန်ဆုံးခဲ့ရလေသည်။

    အခြား အလ်ဘေးနီးယား နှစ်ဦးကတော့ ဒက်စတန် ဘာလာနှင့် လီမာဘာလာတို့ ဇနီးမောင်နှံဖြစ်သည်။ စစ်ကြီးဖြစ်နေချိန် အစာရေစာရှားပါးသည့်ကာလတွင် သူတို့က ဂျူးမိသားစုတစ်စုကို ကယ်တင်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဂျာမန်တို့ ကိုဆိုဗိုမှ ပရစ်တီးနားမြို့ကို ကျူးကျော်ချိန် တူရကီမွတ်စလင်များက စာရွက်စာတမ်းများဖြင့် အလ်ဘေးနီးယားသို့ ပို့လိုက်သော `လေဇာ´ မိသားစုဖြစ်သည်။ ခိုကိုးရာမဲ့နေသည့် ထိုမိသားစုမှာ အလ်ဘေးနီးယား ရှန်ဂျာ့ဂ်ျဒေသ ရွာတစ်ရွာရှိ တောင်ကုန်းများပေါ်တွင် ပုန်းနေရသည်။ ထိုစဉ်က မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လဖြစ်ပြီး ဂျူးများအား လက်ခံပါက နာဇီတို့၏ သေဒဏ်ပေးခြင်းခံရမည်ကို သိရှိသော်လည်း ထိုရွာမှ ရွာသားများက `လေဇာ´ မိသားစုအား ကြည်ကြည်ဖြူဖြူပင် လက်ခံထားကြကာ စားဝတ်နေရေးအတွက် ဘာလာတို့ မောင်နှံနှစ်ဦးကပင် တာဝန်ယူ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ `လေဇာ´ မိသားစုထဲက ဆာရာနိုဗန်ဆိုသည့် အမျိုးသမီး ကိုယ်ဝန်ဆောင်ကာ မီးဖွားသည့်အခါတွင်လည်း လီမာက ကူညီပေးခဲ့၏။

    ဒက်စတန်တို့ရွာမှာ ရွာငယ်လေးဖြစ်ပြီး လူစိမ်း ၁၈ ဦးခန့်လာရောက်ခြင်းမှာ ခဏချင်းပင် ရွာအနှံ့ပြန့်သွားကာ ဂျာမန်စစ်သားများ ရှာတွေ့သွားနိုင်သည်။ သို့သော်လည်း ထိုအန္တရာယ်ကို မကြောက်မရွံ့ဘဲ ဂျူးမိသားစုအား တာဝန်ယူစောင့်ရှောက်ခဲ့သည့် ဒက်စတန်တို့ဇနီးမောင်နှံ၏ လုပ်ရပ်မှာ သူရဲကောင်းဆန်သည့် လုပ်ရပ်လည်းဖြစ်သည်။ ထိုဒေသရှိ အလ်ဘေးနီးယား ရဲတပ်ဖွဲ့ကလည်း မွတ်စလင်များမှာ ဂျူးများအား ကာကွယ်ပေးထားသည်ကို သိသည်။ ထို့ကြောင့် ဂျာမန်များလာရောက်ရှာဖွေသည့်အခါတွင် မသိချင်ယောင် ဆောင်နေခဲ့၏။

    ဤအဖြစ်အပျက်ဇာတ်လမ်းများက ကျွန်ုပ်တို့အား လူဖြောင့်လူမှန်များအကြောင်း ပြောပြနေခြင်းပင်မဟုတ်ပါလား။ မှန်သည် အများကြီးပြောပြနေသည်။ ဘာသာတရားက လူ့အသက်များကယ်တင်စေချင်သည့်စိတ်ဓာတ် ဖြစ်ပေါ်ကြောင်း ပြနေသည်။ ဘာသာတရား မရှိသောသူ၊ ဂျူးများ၊ ဂျစ်ပစီများ၊ လိင်တူချစ်သူများနှင့် မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ပေးရမည်ဟု ယုံကြည်သောသူများလည်း ရှိနေသည်။ `လူဖြောင်လူမှန်´ ဘွဲ့ကို ဂျူးများကို ကယ်တင်သောသူများအား ပေးရမည်ဆိုလျှင် အစွန်းရောက် သီအိုရီများကိုခြေခံကာ အစွန်းရောက်အမြင်များဖြင့် ပစ်မှတ်ထားခဲ့သည့် နာဇီတို့လက်မှ ဂျူးများကို ကယ်တင်ခြင်းဟူသော မှန်ကန်သည့်အလုပ်ကို လုပ်ဆောင်ခဲ့သည့် ဘာသာရှိသူများ၊ ဘာသာမဲ့များလည်း ရှိနေသေးသည်။

    ဂျူးနှင့် မွတ်စလင်တို့၏ သမိုင်းများက ပဋိပက္ခများ၏ အရင်းမူလများထဲမှ တစ်ခုဖြစ်သည်ဟု ကြားဖူးနားဝဖြင့် ဆိုလာလျှင်တော့ ထိုလူမှာ မှားယွင်းနေပေပြီ။ မွတ်စလင်များမှာ တစ်နည်းနည်းဖြင့် ဆိုးရွားပြီး နာဇီများကို ထောက်ခံသူများသာ ဖြစ်ကြသည်ဟုပြောကာ မွတ်စလင်ဆန့်ကျင်ရေးအမုန်းစကားများကို ဖြန့်ဖြူးကြသူများမှာ Holocaust အစီအစဉ်တွင် ဂျူးများအား မွတ်စလင်များက ကယ်တင်ခဲ့သည်ဆိုသည့် အဆိုပါ ဇာတ်လမ်းများကို မမြင်နိုင်၊ လက်မခံနိုင်၍သာဖြစ်မည်။ လူလူချင်း ဆက်ဆံရေးကို ယုံကြည်သူများ၊ လူ့အသက်များကို ကယ်တင်ချင်သူများ၊ သတ်ဖြတ်မှုနှင့် လူမဆန်မှုများကို ကျော်လွှားကာ အောင်ပွဲရယူချင်သူများအတွက် အဆိုပါ ဇာတ်လမ်းများက ကိုးကားလိုက်နာစရာများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျှော်လင့်ချက်ကိုဖြစ်စေသော ထိုဇာတ်လမ်းများက အချိန်အတော်ကြာ ဆက်လက်ရှိနေမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မျှော်လင့်ချက်ထားခြင်း၊ ဘ၀အမိုက် အမှောင်ကျချိန် တွင် မျှော်လင့်ချက်ထားခြင်း၊ အသက်ရှင်လိုစိတ်ရှိခြင်းနှင့် အောင်ပွဲများကို ကာကွယ်လိုခြင်း စသည်တို့ကိုလည်း ရရှိပေဦးမည်။

    ref:.huffingtonpost
    မိုးဝေ ဘာသာပြန်ဆိုသည်။

  • အစ္စရေး အစိုးရကို မကျေနပ်၍ အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများ UN ရုံးရှေ့တွင် ဆန္ဒပြ

    ဒီဇင်ဘာ ၂၉၊ ၂၀၁၃
    M-Media
    newyork_yahudi_eylem_2-jpg20131225110125-jpg20131225111908
    – အစ္စရေး၏ နိုင်ငံအတွင်းနှင့် အရှေ့အလယ်ပိုင်းပေါ်လစီများကို ဆန့်ကျင်သောအနေဖြင့် အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများက အင်္ဂါနေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများကို စစ်တပ်အတွင်းသို့ မ၀င်မနေရဟု အစ္စရေး၏ ဥပဒေပြဌာန်းမှုကို မကျေနပ်သောကြောင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံရှေ့တွင် အစ္စရေးကိုစားလှယ်အဖွဲ့ ထွက်အလာကိုစောင့်ဆိုင်း၍ အော်သိုဒေါ့စ် ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ဆန္ဒပြသူများက ထိုဥပဒေအား မလိုချင်ဟု ဟစ်အော်ခဲ့ကြပြီး၊  Torah ကျမ်းစာ၏ ကျမ်းပိုဒ်များကိုလည်း ရွတ်ဆိုခဲ့ကြသည်။ ထို့ပြင် ထိုဥပဒေအား လက်မခံသည့် လူငယ်များကို အစ္စရေးက ထောင်ဒဏ်ချမှတ်သည်ဟုလည်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ်ဂျူးများအနေဖြင့် စစ်မှူးထမ်းခြင်းကိစ္စအား ဆန့်ကျင်သည့်အကြောင်းနှင့် ပက်သက်ပြီး ဂျူးတရားဟောဆရာ မိုရှေး အင်ဒစ်ဂ်က “နေ့တိုင်း ဥပဒေအသစ်တွေသတ်မှတ်ဖို့ ကျွန်တော်တို့ အယူဝါဒက ခွင့်မပြုပါဘူး။ အော်သိုဒေါ့စ် ဂျူးတစ်ယောက်အနေနဲ့ အစ္စရေးနိုင်ငံနဲ့ သူတို့ရဲ့ စစ်ပွဲတွေကို ဆန့်ကျင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အခြားသော ဆန္ဒပြသူတစ်ဦးဖြစ်သူ ကီလ်နာကလည်း “အစ္စရေးနိုင်ငံနဲ့ စစ်တပ်ဟာ တရားမ၀င်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကျမ်းစာမှာ ဂျူးနိုင်ငံထူထောင်ဖို့ ခွင့်မပေးထားပါဘူး” ဟု ပြောကြားခဲ့သည်။

    အော်သိုဒေါ့စ် ဂျူးဝါဒမှာ Torah ကျမ်းစာအတွင်း ပါဝင်သည့် ဥပဒေများနှင့် ကျင့်ဝတ်များအား အတိအကျလိုက်နာသော အယူဝါဒတစ်ခုဖြစ်သည်။
    Ref : AA

  • ချီကာဂိုမှ မွတ်စလင် နှင့် ဂျူး စက်ဘီး အတူစီး၍ ချစ်ကြည်ရေးကို ဖော်ဆောင်

    ချီကာဂိုမှ မွတ်စလင် နှင့် ဂျူး စက်ဘီး အတူစီး၍ ချစ်ကြည်ရေးကို ဖော်ဆောင်

    ဇူလိုင် ၉ ရက် ၂၀၁၂

    Source: OnIslam

    ချီကာဂို မြို့မှ မွတ်စလင်နှင့်ဂျူး စက်ဘီးအတူစီးပြီး မတူညီတဲ့ ဘာသာနှစ်ခု ချစ်ကြည်မှုကို ပြသခဲ့ပါသည်။

    တမန်တော် အေဘရာဟမ်၏ အနွယ်တော် ဘာသာဝင်များ ဖြစ်ကြသော မွတ်စလင် နှင့် ဂျူး များ သည် ချီကာဂို မြို့ ၏ ဗလီ မှ ဂျူးဘုရားကျောင်း (စင်နာဂုတ်) ရှိရာသို့ အတူတကွ စက်ဘီးစီးပြီး ခရီးနှင်ခြင်းအားဖြစ် ပိုမိုကောင်းမွန်သော ရင်းနှီး ချစ်ခင်ရေးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်လျက်ရှိပါသည်။

    Julie Hochstadter  က “ ကျနော်တို့မှာ ကွဲပြားခြားနားမှု ထက်စာရင် ဘုံတူညီမှုတွေများစွာရှိပါတယ် “     ဟု   ၈မိုင် ရှိသော စက်ဘီးခရီးစဉ်၏ အဆုံးမှာ ပြောကြားသွားခဲ့ပါတယ်။ မွတ်စလင် နှင့် ဂျူး ကွန်မြူနတီ လှုပ်ရှားမှူအဖွဲ့မှ ဦးဆောင်ကျင်းပတဲ့ ထိုစက်ဘီးစီးခရီးစဉ် ကို မွတ်စလင် နှင့် ဂျူး  စုပေါင်း ၆၀ ဦးခန့် ၀င်ရောက်ပါဝင် ဆင်နွှဲခဲ့ကြ့ပီး ချီကာဂို မြို့ ၏ ဘာသာ ကွဲ ၂ခုအကြား ပိုမို နီးစပ်မှုကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

    သူတို့အားလုံး မနက်ခင်း ဗလီမှာ စတင်တွေ့ဆုံကာ နံနက်စာ အဖြစ် အာရပ် အစားအစာ ဘာကလာဗ နှင့် ငှက်ပျောသီး ကို မွတ်စလင် တို့နေစဉ် ၀တ်ပြုသော ၀တ်ပြုဆောင်နေရာ အတူတကွ စားသုံးကြပါတယ်။ နံနက်စာ စားသုံးပြီးနောက် ချီကာဂို ဗလီမှ ၈ မိုင်ခရီးအကွာအဝေးရှိတဲ့ ဂျူးဘုရားကျောင်း (စင်နာဂုတ်) ရှိရာသို့ စက်ဘီးဖြင့်စတင် ထွက်ခွါကြပါတယ်။
    “ ကျနော် အမြဲယုံကြည်တာ တစ်ခုရှိတယ် မွတ်စလင် ရော ဂျူး ကွန်မြူနတီပါ ဒီချီကာဂိုမြို့မှာ အတူတကွ အခမ်းအနားများ ကျင်းပသင့်ပါတယ် ဒါမှလည်း ကမ္ဘာကြီးနဲ့ ပိုပြီး စပ်အပ်တဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကို ဖော်ဆောင်နိုင်မှာပါ “     ဟု   စက်ဘီးခရီးစဉ်မှာ ပါဝင်ဆင်နွှဲတဲ့ ယူနီဗာစတီ ပရောဖက်ဆာ လော၇င့် ဇိုလုတ် ကပြောကြားသွားခဲ့ပါတယ်။

    တရားဝင်စာရင်း အတိအကျ မထုတ်ပြန်ထားသော်လည်း အမေရိကန် ပြည်ထောင်စုတွင် မှီတင်းနေထိုင်သော မွတ်စလင်လူဦးရေ ၈ သန်းနီးပါးမျှရှိနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ မြောက်အမေရိကတိုက် ဂျူး စာရင်းဇယားများ အရ အမေရိကန် ပြည်ထောင်စုတွင် ဂျူး လူဦးရေ စုစုပေါင်း ၆.၅ သန်းမျှ နေထိုင်လျက်ရှိပါတယ်။

    ဘာသာရေး ယုံကြည်ချက် မတူသူများ အကြား ချစ်ကြည်ရေး

    မွတ်စလင် နှင့် ဂျူး နှစ်ဘက်စလုံးက ဤစက်ဘီးခရီးစဉ် အောင်မြင်မှုကို  ဘာသာရေး ယုံကြည်ချက်၂ခုအကြား ချစ်ကြည်မှုခရီး အစ ဖြစ်ကြောင်း ချီးကျူးပြောကြား သွားကြပါတယ်။
    ချီကာဂို အစ္စလာမ်မစ် စင်တာရဲ့  မန်နေဂျာ မိုဟာမက် အူလာဟ် က “ ငါတို့ ရန်ဖြစ်ခဲ့ကြတယ် ဒါပေမဲ့ ငါတို့ဟာ ၀မ်းကွဲ ညီအကို တွေကဲ့သို့သာဖြစ်တယ် “     “ အမှန်က ငါတို့ အချင်းချင်း ချစ်ကြပါတယ်၊ အချင်းချင်း ဝေမျှမသုံးစွဲချင်ကြဘူး “  ဟုသူ၏ ထင်မြင်ချက်အား ပြောကြားသွားခဲ့ပါတယ်။

    ထို့နောက် အခမ်းအနား တက်ရောက်ဆင်နွှဲသူအားလုံးက အလားတူ စုစည်းမှု အခမ်းအနားမျိုး မကြာခဏ ဆက်လက် ကျင်းပခြင်းအားဖြင့်  မွတ်စလင် နှင့် ဂျူး တို့အကြား တင်းမာမှု့များကို လျော့ချ သွားနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။

    “ ငါတို့ အားလုံးဟာ တက်ကြွတဲ့  မွတ်စလင် ၊ ဂျူး နှင့် အမေရိကန်နိုင်ငံသားများသာ ဖြစ်တယ် “

    “ အမှန်က ငါတို့ဟာ ဒီနေ့မှာ  အစ္စရေး နဲ့ ပါလက်စတိုင်းရဲ့  ပြသနာကို မဖြေရှင်းပေးနိုင်ဘူး ဒါပေမဲ့ ငါတို့ရဲ့   နှလုံးသားကလာတဲ့  ခွန်အားများကို စက်ဘီး ပဒဲလ် ပြား ဆီသို့ တွန်းပို့ပြီး တို့အချင်းချင်း ရင်းနှီးချစ်ခင်မှုကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။”   ဟု စက်ဘီးပါဝင်စီးနင်းသူ မလီစာ ဆိုင်မွန် မှပြောကြားသွားခဲ့ပါတယ်။ ဘာသာရေး ယုံကြည်ချက် မတူသူများ ဖြစ်တဲ့ တက်ကြွတဲ့  အမေရိကန် မွတ်စလင် နှင့် ဂျူး ခေါင်းဆောင်များ အတွက် သမိုင်းတွင်သော အောင်မြင်မှုဖြစ်ပါတယ်။

    နယူရောက် အခြေစိုက် NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့   “လူမျိုးစုများအကြား ချစ်ကြည်မှုတည်ဆောက်ရေး အဖွဲ့ကြီး”   ကဦးစီးကျင်းပသော ဤ  “ ဗလီများ နှင့် ဂျူးဘုရားကျောင်းများ (စင်နာဂုတ်) ကြားအတူတကွ ဆက်သွယ်မှု”  အစီအစဉ်မှာ ဘာသာရေး ခံယူချက်မတူ ၊ လူမျိုးစု အသီးသီး ကွဲပြားကြသော အမေရိကန် လူအဖွဲ့အစည်းအကြား  အချင်းချင်း ချစ်ခင်ရင်းနှီး အေးအတူပူအမျှ လက်တွဲနေထိုင်နိုင်ရေး အတွက် အစပျိုးပေး လိုက်ခြင်းပင်ဖြစ်ပေတော့သည်။

    ဤ  “ ဗလီများ နှင့်ဂျူးဘုရားကျောင်းများ (စင်နာဂုတ်) ကြားအတူတကွ ဆက်သွယ်မှု ”  အစီအစဉ်ကို နာမည်ကျော်ကြား လူသိများသော မွတ်စလင် နှင့် ဂျူး အဖွဲ့ အစည်း အချို့  ဖြစ်သော မြောက်အမေရိကတိုက် အစ္စလာမ်မစ် စိုဆိုင်ရတီ (ISNA)၊  ကမ့ဂျူး ကွန်ဂရက် (WJC)၊  မွတ်စလင် ပြည်သူ့ အရေး ကောင်စီ (MPAC) နှင့်  ကနေဒီယမ်  ဂျူး နှင့် မွတ်စလင် အစိုဆီရေရှင်း (CAJM) တို့မှ  ပါဝင် ကူညီဆင်နွှဲခဲ့ကြပါသည်။

    ဘာသာပြန်-ဆောင်းသစ္စာ( စင်ကာပူရ်)

  • ဟစ်တလာ နှင့် ဂျုးများ ဆွေမျိုးတော်စပ်နေ

    DNA စမ်းသပ်မှုတွင်  နာဇီခေါင်းဆောင် ဟစ်တလာ  ဂျူးနှင့် အာဖရိကန်များနှင့် ဆွေမျိုးတော်စပ်နေ ကြောင်း တွေ့ရှိခဲ့သည်။ ဟစ်တလာ၏ ဆွေမျိုးများကနေ DNA ရယူစမ်းသပ်ချက်အရ ဟစ်တလာ အမုန်း ကြီးမုန်း ခဲ့ပြီ အစုပြုံလိုက် သတ်ဖြတ်ခံရ သည့်ဂျူးလူမျိုးများနှင့် ဆွေမျိုး တော်စပ်နေသည်။

    စာနယ်ဇင်း နှင့် သမိုင်းပညာရှင် တို့က  ဟစ်တလာ၏ ဆွေမျိုးများကနေသူ၏ ဆွေစဉ်မျိုး ဆက်ကိုခြေရာ ခံကြည်ခဲ့ရာ DNA တွင် E1B1B (YDNA)ဟုခေါ်သော ခ၇ိုမိုဆုန်းကို ထူးထူးခြားခြားတွေ့ရှိခဲ့သည်။ ယင်းခရိုမိုဆုန်းသည် မော်ရိုကို၊ လစ်ဗျား၊ တူနီရှား ရှိ ဘာဘာလူမျိုးများနှင့် ဂျုးများတွင် အများဆုံး ပါဝင်နေသော ခရိုမိုဆုန်းဖြစ်သည်။ မျိုးရိုးဗီဇ ကျွမ်းကျင်သူများကလည်း ဟစ်တလာ သည် မြောက်အာဖရိက ရှိ လူမျိုးများ၊ဂျူးလူမျိုးများနှင့် မျိုးရိုးဆက်နွယ်နေပုံကို အတည်ပြုပေးခဲ့သည်။

    Source: http://www.dailymail.co.uk/news/worldnews/article-1305414/Hitler-descended-Jews-Africans-DNA-tests-reveal.html