ဒီဇင်ဘာ ၂၉၊ ၂၀၁၃
M-Media
– အစ္စရေး၏ နိုင်ငံအတွင်းနှင့် အရှေ့အလယ်ပိုင်းပေါ်လစီများကို ဆန့်ကျင်သောအနေဖြင့် အမေရိကန်ရှိ အော်ဒိုဒေါ့စ်ဂျူးများက အင်္ဂါနေ့တွင် နယူးယောက်မြို့၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
အစ္စရေးရှိ အော်သိုဒေါ့စ်ဂျူးများကို စစ်တပ်အတွင်းသို့ မ၀င်မနေရဟု အစ္စရေး၏ ဥပဒေပြဌာန်းမှုကို မကျေနပ်သောကြောင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံရှေ့တွင် အစ္စရေးကိုစားလှယ်အဖွဲ့ ထွက်အလာကိုစောင့်ဆိုင်း၍ အော်သိုဒေါ့စ် ဂျူးများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြသူများက ထိုဥပဒေအား မလိုချင်ဟု ဟစ်အော်ခဲ့ကြပြီး၊ Torah ကျမ်းစာ၏ ကျမ်းပိုဒ်များကိုလည်း ရွတ်ဆိုခဲ့ကြသည်။ ထို့ပြင် ထိုဥပဒေအား လက်မခံသည့် လူငယ်များကို အစ္စရေးက ထောင်ဒဏ်ချမှတ်သည်ဟုလည်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။
အော်သိုဒေါ့စ်ဂျူးများအနေဖြင့် စစ်မှူးထမ်းခြင်းကိစ္စအား ဆန့်ကျင်သည့်အကြောင်းနှင့် ပက်သက်ပြီး ဂျူးတရားဟောဆရာ မိုရှေး အင်ဒစ်ဂ်က “နေ့တိုင်း ဥပဒေအသစ်တွေသတ်မှတ်ဖို့ ကျွန်တော်တို့ အယူဝါဒက ခွင့်မပြုပါဘူး။ အော်သိုဒေါ့စ် ဂျူးတစ်ယောက်အနေနဲ့ အစ္စရေးနိုင်ငံနဲ့ သူတို့ရဲ့ စစ်ပွဲတွေကို ဆန့်ကျင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အခြားသော ဆန္ဒပြသူတစ်ဦးဖြစ်သူ ကီလ်နာကလည်း “အစ္စရေးနိုင်ငံနဲ့ စစ်တပ်ဟာ တရားမ၀င်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့ကျမ်းစာမှာ ဂျူးနိုင်ငံထူထောင်ဖို့ ခွင့်မပေးထားပါဘူး” ဟု ပြောကြားခဲ့သည်။
အော်သိုဒေါ့စ် ဂျူးဝါဒမှာ Torah ကျမ်းစာအတွင်း ပါဝင်သည့် ဥပဒေများနှင့် ကျင့်ဝတ်များအား အတိအကျလိုက်နာသော အယူဝါဒတစ်ခုဖြစ်သည်။
Ref : AA
Leave a Reply
You must be logged in to post a comment.