News @ M-Media

Tag: Kurdish

  • ကာ့ဒ်ဒုက္ခသည် ကလေးများ အတွက် ဘာစီလိုနာ အသင်း ဂျာစီနှင့် ဘောလုံးများ လှူဒါန်း

    ကာ့ဒ်ဒုက္ခသည် ကလေးများ အတွက် ဘာစီလိုနာ အသင်း ဂျာစီနှင့် ဘောလုံးများ လှူဒါန်း

    နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    IRAQ-CONFLICT-DISPLACED-FCB
    – အီရတ်နိုင်ငံအတွင်းရှိ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ကလေးငယ်များ စိတ်ပျော်ရွှင်စေရန်အတွက် ဘာစီလိုနာအသင်းက ဘောလုံးအသင်းဂျာစီများ၊ ဘောလုံးများ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

    အဆိုပါ လှူဒါန်းမှု အစီအစဉ်ကို ဘာစီလိုနာအသင်းနှင့် Barzani အကူအညီပေးရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး ဘာကာကိုယ်စားလှယ် တူတမ်လူ လိုပက်ဇ်က စခန်းအတွင်းရှိ ဒုက္ခသည်ကလေးငယ် ထောင်ပေါင်းများစွာအား ဘာကာဂျာစီများ ဘောလုံးများ နှင့် ဘောလုံးအားကစားနှင့် ပတ်သက်သော အခြားပစ္စည်းများကို လိုက်လံဝေငှပေးခဲ့သည်။

    လိုပက်ဇ်မှာ ကာဒ့်နွယ်ဖွား စပိန်ကားမောင်းသမားတစ်ဦးလည်းဖြစ်ပြီး ၎င်းလှူဒါန်းခဲ့သည့် ဓာတ်ပုံများကို Facebook စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့ကာ ခက်ခဲသောအချိန်များကို ရင်ဆိုင်နေရသည့် ကာ့ဒ်လူ့အဖွဲ့အစည်းအတွက် အကူအညီပေးသော ဘာစီလိုနာအသင်းနှင့် Barzani ဖောင်ဒေးရှင်းတို့အား ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

    ref_ Al Arabiya

  •ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ

ုကိုးဘိန်းမြို့အတွက် အီရတ်မှ ကာ့ဒ်များ စစ်ကူသွားပြီ

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    20141028164738921734_20
    – ၀ိုင်းထားသော ISIL တပ်များအား တွန်းလှန်တိုက်ခိုက်နေသည့် ကာ့ဒ်တပ်ဖွဲ့များကို စစ်ကူပေးရန်အတွက် အီရတ်မှ ကာ့တပ်ဖွဲ့  Peshmerga မှ တပ်ဖွဲ့ဝင်များမှာ ဆီးရီးယားနိုင်ငံသို့ ထွက်ခွာသွားကြသည်ဟု သိရသည်။

    စစ်သားများ၊ အမြှောက်များတင်ထားကာ ဘတ်စ်ကားများအပါဝင် ယာဉ်အစီးရေ ၅၀၊ ၆၀ ခန့်ပါသည့် ယာဉ်တန်းမှာ တူရကီနယ်စပ်အားဖြတ်၍ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ယမန်နေ့ နေ့လည်ပိုင်းက အီရတ်ရှိ အာရ်ဘီလ်မြို့မှ ထွက်ခွာသွားခြင်းဖြစ်သည်။

    အီရတ် ကာ့ဒ်အရာရှိတစ်ဦးကမူ ကိုဘိန်းသို့ ထွက်ခွာမည့် ကာ့ဒ်စစ်သားအရေအတွက်မှာ ၁၅၀ ကျော်ရှိမည်ဖြစ်ပြီး အချို့မှာ တူရကီသို့ လေယာဉ်ဖြင့်သွားရောက်ကာ ထို့နောက်တွင်မှ ဆီးရီးယားနိုင်ငံအတွင်းသို့ ၀င်ရောက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ISIL တပ်များမှာ တူရကီ-ဆီးရီးယားနယ်စပ်ရှိ ကိုဘိန်းမြို့အား စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုဘိန်းရှိ ကာ့ဒ်တပ်များကလည်း အပြင်းအထန်ခုခံနေသည်။

    ပြီးခဲ့သည့် သီတင်းပတ်ကလည်း ကာ့ဒ်စစ်သည် ၁၅၀ ခန့် ကိုဘိန်းသို့သွားရောက်ရန် အီရတ်ရှိ ကာ့ဒ်အစိုးရက ခွင့်ပြုခဲ့ပြီး တူရကီကလည်း အီရတ်မှလာသည့် ကာ့ဒ်တပ်သားများ ဆီးရီးယားသို့ ၀င်ရောက်ရန်အတွက် ၎င်း၏ ပိုင်နက်အား အသုံးပြုခွင့်ပေးခဲ့သည်။

    Source: Al Jazeera and agencies

  • ကိုဘိန်းမြို့အနီး အရေးပါသည့် တောင်ကုန်းအား ကာ့ဒ် တိုက်ခိုက်ရေးသမားများ ပြန်သိမ်း

    ကိုဘိန်းမြို့အနီး အရေးပါသည့် တောင်ကုန်းအား ကာ့ဒ် တိုက်ခိုက်ရေးသမားများ ပြန်သိမ်း

    အောက်တိုဘာ ၂၅ ၊ ၂၀၁၄
    M-Media
    Kurdish fighters regain ground in Kobane
    – လေကြောင်းမှ ထောက်ပံ့ရေးပစ္စည်းများ ချပေးရန်အတွက် မဟာဗျူဟာကျသည့် နေရာဖြစ်သော ဆီးရီးယားနယ်စပ် ကိုဘိန်းမြို့အနီး တောင်ကုန်းတစ်ခုအား ကာ့ဒ်တပ်ဖွဲ့ဝင်များက ISIL လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၂၂ ရက်နေ့က ISIL လက်ထဲသို့ ကျရောက်သွားခဲ့သော မြို့အနောက်ဘက်ရှိ အဆိုပါ တောင်ကုန်းကို ယမန်နေ့ည တိုက်ခိုက်မှုအတွင်း ကာ့ဒ်တပ်ဖွဲ့များက ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

    “မှောင်မှောင်မည်းမည်းထဲမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဒီတောင်ကုန်းမှာ လေကြာင်းက ထောက်ပံ့ရေးပစ္စည်းတွေ ချပေးတာကြောင့် ဒါကိုပြန်သိမ်းနိုင်တာဟာ အရေးပါတဲ့ သိမ်းပိုက်မှုပါပဲ။ ကိုဘိန်းရဲ့အခြေအနေကတော့ အချိန်မရွေး ပြောင်းသွားနိုင်တဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု အလ်ဂျာဇီးရား သတင်းထောက် ဘားနက်စမစ်က သတင်းပေးပို့ခဲ့သည်။

    ကိုဘိန်းအား သိမ်းယူရန်ကြိုးစားနေသည့် ISIL တပ်များကို တွန်းလှန်နေသည့် ကာ့ဒ်တပ်ဖွဲ့ဝင်များအတွက် လက်နက်များ၊ ထောက်ပံ့ရေးပစ္စည်းများကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်များက အောက်တိုဘာ ၁၉ ရက်နေ့တွင်  အဆိုပါ တောင်ကုန်းပေါ်၌ ချပေးခဲ့သည်။