News @ M-Media

ကာ့ဒ်ဒုက္ခသည် ကလေးများ အတွက် ဘာစီလိုနာ အသင်း ဂျာစီနှင့် ဘောလုံးများ လှူဒါန်း

နိုဝင်ဘာ ၂၃ ၊ ၂၀၁၄
M-Media
IRAQ-CONFLICT-DISPLACED-FCB
– အီရတ်နိုင်ငံအတွင်းရှိ ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ကလေးငယ်များ စိတ်ပျော်ရွှင်စေရန်အတွက် ဘာစီလိုနာအသင်းက ဘောလုံးအသင်းဂျာစီများ၊ ဘောလုံးများ သွားရောက်လှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါ လှူဒါန်းမှု အစီအစဉ်ကို ဘာစီလိုနာအသင်းနှင့် Barzani အကူအညီပေးရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်ပြီး ဘာကာကိုယ်စားလှယ် တူတမ်လူ လိုပက်ဇ်က စခန်းအတွင်းရှိ ဒုက္ခသည်ကလေးငယ် ထောင်ပေါင်းများစွာအား ဘာကာဂျာစီများ ဘောလုံးများ နှင့် ဘောလုံးအားကစားနှင့် ပတ်သက်သော အခြားပစ္စည်းများကို လိုက်လံဝေငှပေးခဲ့သည်။

လိုပက်ဇ်မှာ ကာဒ့်နွယ်ဖွား စပိန်ကားမောင်းသမားတစ်ဦးလည်းဖြစ်ပြီး ၎င်းလှူဒါန်းခဲ့သည့် ဓာတ်ပုံများကို Facebook စာမျက်နှာပေါ်တွင် လွှင့်တင်ခဲ့ကာ ခက်ခဲသောအချိန်များကို ရင်ဆိုင်နေရသည့် ကာ့ဒ်လူ့အဖွဲ့အစည်းအတွက် အကူအညီပေးသော ဘာစီလိုနာအသင်းနှင့် Barzani ဖောင်ဒေးရှင်းတို့အား ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

ref_ Al Arabiya

Comments

Leave a Reply