News @ M-Media

Tag: LaLiga

  • အစ္စကိုအပေါ် အန်ဆယ်လော့တီ၏ ဆက်ဆံပုံမှာ မမျှတဟု ရီးယဲလ်နည်းပြဟောင်း ဖွင့်ဟ

    ဧပြီ ၁၆၊ ၂၀၁၄
    M-Media

    – ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေဖြင့် အသင်းရှိကစားသမား အစ္စကိုအား ဆက်ဆံပုံမှာ တရားမျှတမှုမရှိဟု ရီးယဲလ်နည်းပြဟောင်း ရာဒိုမီရ်အန်တစ်က ပြောကြားလိုက်သည်။

    390003_heroa

    အသက် ၂၁ နှစ်အရွယ်ရှိ အစ္စကိုမှာ မာလာဂါအသင်းမှ ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်သို့ ပြောင်းရွှေ့လာခဲ့ပြီး တိုက်စစ်အားသန်သည့် အလယ်တန်းကစားသမားအဖြစ် ခြေစွမ်းကောင်းမွန်သော်လည်း အန်ဆယ်လော့တီက ၎င်းအား ခံစစ်အားပြုသည့် အလယ်တန်းကစားသမား အဖြစ် အသုံးပြုသောကြောင့် ပါဝင်ကစားသည့် ပွဲများတွင် ခြေစွမ်းမပြနိုင်ဘဲ အရန်ခုံတွင်သာ အချိန်ကုန်နေရသည်။

    “အန်ဆယ်လော့တီဟာ အစ္စကိုနဲ့ပတ်သက်ပြီး မမျှတပါဘူး။ အစ္စကိုပါတဲ့ပွဲတွေမှာ ခံစစ်အားပြု ကွင်းလယ်ကစာသမားနေရာမှာ ကစားဖို့ အန်ဆယ်လော့တီက ညွှန်ကြားပါတယ်။ သူ(အစ္စကို)ဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားကောင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အန်တစ်က Goal.com သို့ပြောကြားခဲ့သည်။

  • Copa del Rey ဗိုလ်လုပွဲတွင် ဘာစီကိုနိုင်ပါက စိတ်ပိုင်းဆိုင်ရာ တွန်းအားဖြစ်မည်ဟု အန်ဆယ်လော့တီဆို

    ဧပြီ ၁၄၊ ၂၀၁၄
    M-Media

    – ဘာစီလိုနာအသင်းအား လာလီဂါတွင် ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခြင်းက Copa del Rey ဖလားဗိုလ်လုပွဲစဉ်အား ရိုက်ခတ်လိမ့်မည်မဟုတ်ဟု ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ပြောကြားလိုက်သည်။

    385329_heroa

    ရီးယဲလ်မှာ Copa del Rey ဖိုင်နယ်ပွဲအဖြစ် မက်စ်တဲလားကွင်း၌ ဗုဒ္ဓဟူးနေ့တွင် ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဖလားသုံးလုံးပစ်မှတ်ထားနေသည့် ရီးယဲလ်အတွက် ပထမဆုံး ဆုတံဆိပ်လည်း ဖြစ်လာမည်ဖြစ်သည်။

    လာလီဂါတွင်မှု ၎င်းတို့ ၂ သင်းစလုံးမှာ ထိပ်ဆုံးမှ အက်သလက်တီကိုမက်ဒရစ်အသင်းအား အမီလိုက်နေရပြီး၊ အန်ဆယ်လော့တီကမူ Copa del Rey ဗိုလ်လုပွဲတွင် ခါးသီးသောပြိုင်ဘက် ဘာစီလိုနာအား အနိုင်ရခဲ့ပါက ထိုအနိုင်ရရှိမှုမှာ မိမိတို့အသင်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားများကို ရရှိစေမည်ဟု ဆိုသည်။

    “အကြောင်းအရင်းတော်တော်များများကြောင့် ဒီပွဲဟာ အရေးကြီတာပါ။ ပထမတစ်ခုကတော့ ဒီဖလားဟာ ဒီရာသီမှာ ကျွန်တော်တို့ ရနိုင်တဲ့ ပထမဆုံးဖလားပါ၊ ဒုတိယအနေနဲ့ကတော့ ဘာစီလိုနာလို အသင်းကြီးနဲ့ ကစားရလို့ပါ။ ဒါတွေအားလုံးဟာ ကျွန်တော်တို့အတွက် အလွန်အရေးပါ ပါတယ်။ ဒီရာသီရဲ့ ပထမဆုံး ဖလားကို ရနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေဟာ ကျွန်တော်တို့အတွက် လှုံ့ဆော်မှုတွေကို ဖြစ်စေပါတယ်” ဟု အန်ဆယ်လော့တီ၏ ပြောကြားမှုကို ရီးယဲလ်၏ ၀ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

    ထို့ပြင် လာလီဂါတွင် ဘာစီလိုနာအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ထားခဲ့မှုက ဗုဒ္ဓဟူးနေ့ပွဲအတွက် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

  • ရီယဲလ်၏ စွမ်းဆောင်ရည် ကောင်းမွန်မှုမှာ မိမိတို့ တိုက်စစ်သမား သုံးဦးကြောင့် မဟုတ်ဟု ဘေးလ်ဆို

    ဧပြီ ၈ ၊ ၂၀၁၄
    M-Media

    – ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း ခြေစွမ်းပြနိုင်ပြီး ရလဒ်ကောင်းများရရှိနေခြင်းမှာ မိမိတို့ တိုက်စစ်မှူး သုံးဦးကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကောင်းမွန်မှုကြောင့် သာဖြစ်ကြောင်း အသင်း၏ ဝေးလ်တိုက်စစ်မှူး  ဂါရက်ဘေးလ်က ပြောကြား လိုက်သည်။

    387931_heroa

    ဂါရက်ဘေးလ်မှာ စပါးအသင်းမှ ရီးယဲလ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ ဖြင့် ပြီးခဲ့နွေရာသီက ပြောင်းရွှေ့ လာခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒို၊ ဘန်ဇီမာတို့နှင့်တွဲကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည်။ ၎င်းတို့ သုံးဦး တိုက်စစ်အတွဲကို BBC တိုက်စစ်အတွဲဟု ခေါ်ကြပြီး ၃ ဦးတွဲကစားပြီး သွင်းထားသည့် ဂိုးအရေအတွက်မှာ ၅၈ ဂိုးရှိနေသည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင် ရော်နယ်ဒို ဘန်ဇီမာတို့လို ကစားသမားကောင်းတွေနဲ့ တွဲကစားရတာ သိပ်ကို ကျေနပ် စရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးယောက်ထဲတော့ မဟုတ်ပါဘူး။ ရာသီတစ်လျှောက်လုံးမှာ တစ်သင်းလုံး ကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ရီးယဲလ်မက်ဒရစ်မှာ လာလီဂါတွင် ထိပ်ဆုံးမှ အက်သလက်တီကိုနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေပြီး ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်ရောက်နေကာ ဒေါ့မွန်သင်းနှင့် ယှဉ်ပြိုင်နေရပြီး ပထမအကျော့တွင် ဂိုးပြတ်ဖြင့် နိုင်ထားသောကြောင့် နောက် တစ်ဆင့်တက်ရန် အခြေအနေကောင်းနေသည်။

    Goal

  • ရီးယဲလ်မှာ ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်သည်ဟု အလွန်ဆိုပြော

    မတ် ၂၇ ၊ ၂၀၁၄
    M-Media

    – မိမိတို့အသင်းမှာ ကျန်ရှိသည့်လာလီဂါပွဲစဉ်များအားလုံးကို အနိုင်းကစားရမည်ဖြစ်ပြီး ချန်ပီယံဘွဲ့အား ဆွတ်ခူးနိုင်သည်ဟု ရီးယဲလ်ကွင်းလယ်လူ အလွန်ဆိုက ပြောကြားလိုက်သည်။

    383615_heroa

    ပြီးခဲ့သည့် တစ်ပတ်က ဘာစီလိုနာအသင်းအား ၄ ဂိုး ၃ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့် ရီးယဲလ်မှာ ယနေ့နံနက်က ကစားခဲ့သည့် ဆီးဗီးလားအသင်းနှင့် ပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် နှစ်ပတ်ကျော်က ဇယားထိပ်ဆုံး၌ ရှိနေသည့် ရီးယဲလ်မှာ ယခုအခါ တတိယနေရာအထိ ကျသွားခဲ့ပြီး ထိပ်ဆုံးမှ အက်သလက်တီကိုအသင်းနှင့် ၃မှတ်ကွာဟနေသည်။

    ရီးယဲလ်အနေဖြင့် ချန်ပီယံဘွဲ့အား ကိုင်မြှောက်လိုပါက လာမည့်ပွဲများတွင် ခြေချော်၍ မဖြစ်ဟု အလွန်ဆိုက ဆိုသည်။

    “ကျန်တဲ့ပွဲတွေအားလုံးကို ကျွန်တော်တို့ နိုင်ကိုနိုင်ရပါမယ်။ (ဘာစီလိုနာအားရှုံးနိမ့်မှုကို) ကျွန်တော်တို့ မေ့ပစ်ချင်ခဲ့ပြီး ဒီကို(ဆီးဗီးလားကွင်းကို) လာခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ အကောင်းဆုံး အဆင့်မှာ ရှိမနေပါဘူး” ဟု အလွန်ဆိုက ပြောကြားခဲ့သည်။

  • မက်ဆီ ထွက်ခွာမည်ဆိုသည့် သတင်းအား ဘာကာငြင်းဆို

    မတ် ၁၈၊ ၂၀၁၄
    M-Media
    379981_heroa
    – အသင်း၏ တိုက်စစ်မှူး မက်ဆီ ဘာစီလိုနာမှ ထွက်ခွာမည်ဆိုသည် သတင်းအား ငြင်းဆိုလိုက်ပြီး၊ အသင်းတွင်သာ ဆက်လက်ရှိနေမည်ဟု ဘာကာ ဒုတိယဥက္ကဌ ဂျာဗီယာ ဖောက်စ်က ပြောကြားခဲ့သည်။

    မက်ဆီမှာ စာချုပ်သစ်အတွက်ဆွေးနွေးရာတွင် အသင်း တာဝန်ရှိသူများနှင့် မကျေမလည်ဖြစ်နေပြီး၊ အသင်းမှ ထွက်ခွာတော့မည်ဆိုသော သီတင်းများကြောင့် ဖောက်စ်က ထိုကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

    “လီယို(မက်ဆီ) ထွက်ခွာဖို့ အန္တရာယ်မရှိပါဘူး။ (အသင်းဥက္ကဌ) ဘာတိုမြူ၊ အသင်းဒါရိုက်တာတွေနဲ့ မက်ဆီ ကိုယ်တိုင်လည်း ဒါကိုပြောပြီးပါပြီ၊ သူကော၊ ကျွန်တော်တို့ကော ဒီမှာ အတူတကွ ဆက်ရှိချင်နေပါတယ်” ဟု ဖောက်စ်က RAC1 သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ဘာစီလိုနာအသင်းမှာ မက်ဆီးအား စံချိန်တင်လစာဖြင့် စာချုပ်ချုပ်ချင်နေပြီး ဘိုင်ယန်၊ မန်စီးတီး စသည့်အသင်းကြီးများကလည်း မက်ဆီးအား ခေါ်ယူရန် စိတ်ဝင်စားနေသည်။ ဘာကာအသင်း နည်းပြဖြစ်သူ မာတီနိုမှာလည်း ရာသီကုန်လျှင် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေပြီး ထိုသတင်းကိုလည်း ဖောက်စ်က ငြင်းဆိုခဲ့သည်။