News @ M-Media

Tag: LittleIndiaRiot

  • Little India ဖြစ်ပွားခဲ့သည့် ဆူပူမှုအတွက် စင်ကာပူအစိုးရ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း

    ဒီဇင်ဘာ ၁၃၊ ၂၀၁၃
    M-Media

    riot-police-today
    Little India တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုနောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းများရှိနေသည်ကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင်လေးဦးပါသည့် စုံစမ်းစစ်ဆေးရေးကော်မတီ COI ကို စင်ကာပူအစိုးရက ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

    ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ မပြီးဆုံးသေးသော်လည်း စင်ကာပူ တရားရုံးချုပ်မှ တရားသူကြီး ဂျီ ပန်နီယာ ဆဲလ်ဗမ် ဦးဆောင်သည့် COI အဖွဲ့မှာ စုံစမ်းမှုများကို အမြန်ဆုံးစတင်မည်ဖြစ်ပြီး ၆ လ အတွင်း ၎င်းတို့ ရရှိသည့် အသေးစိတ်အချက်အလက်များကို စင်ကာပူပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြသွားရမည်ဖြစ်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုမှာ အိန္ဒိယ နိုင်ငံသားအလုပ်သမားတစ်ဦးအား ကားတစ်စီးက ၀င်တိုက်မိခဲ့ရာမှ အစပြုခဲ့ခြင်းဖြစ်ပြီး လူ ၄၀၀ နီးပါးခန့်ပါဝင်ခဲ့သည်။

    သို့သော်လည်း စင်ကာပူ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အခြေအနေကို ကောင်းမွန်စွာထိန်းသိမ်းနိုင်ခဲ့ပြီး၊ စင်ကာပူနိုင်ငံသားများအနေနှင့်လည်း ထိုကိစ္စအား တရားဥပဒေအတိုင်း ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့ကြသည်။

    စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာ လူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို  စော်ကား တိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

    Ref: CNA

    (Photo: TODAY/Ooi Boon Keong)

  • Little India ဆူပူမှုနှင့် ပတ်သက်ပြီး အိန္ဒိယ နိုင်ငံသား၂၄ ဦးအား စင်ကာပူ တရားစွဲ

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    little-india-riot-charged
    – တနင်္ဂနွေနေ့ညက စင်ကာပူနိုင်ငံ Little India တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့်ပက်သက်၍ အိန္ဒိယနိုင်ငံသား ၂၄ ဦးအား ပဋိပက္ခ ဖန်တီးပြုလုပ်မှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ထို၂၄ ဦးစလုံးမှာ ယနေ့ နေ့လည်တွင် တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။ ပြစ်မှုထင်ရှားပါက ကြိမ်ဒဏ်နှင့် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ကျခံရဖွယ်ရှိနေသည်။

    အိန္ဒိယအမျိုးသား အလုပ်သမားဖြစ်သူ Sakthivel Kumaravelu အား ကားတစ်စီးက တိုက်မိခဲ့ရာမှ အစပြုခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၄၀၀ ခန့်ပါဝင်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

    အခင်းဖြစ်ပွားပြီးနောက် စင်ကာပူရဲများက လူ ၂၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ PR ရရှိထားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့အား အဆိုပါဖြစ်စဉ်တွင် ပါဝင် ပတ်သက်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

    စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာလူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို  စော်ကားတိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

  • စင်ကာပူ အဓိကရုဏ်း စုံစမ်းရေးကော်မတီကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း တိုက်ရိုက်ညွှန်ကြား

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    Lee Hsien Loong - I have ordered a Committee of Inquiry (COI) to... - 2013-12-09_18.17.01
    Little India အဓိကရုဏ်းကိစ္စနှင့်ပတ်သတ်ပြီး စင်ကာပူဝန်ကြီးချုပ်မှ စုံစမ်းစစ်ဆေးရေးကော်မတီ (Committee of Inquiry – COI) ကို တိုက်ရိုက် ညွှန်ကြားချက်များ ပေးနေကြောင်း ၀န်ကြီးချုပ် လီရှန်လွန်း၏ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှ သိရသည်။

    လီရှန်လွန်းက COI အနေဖြင့် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သော စင်ကာပူအဓိကရုဏ်း ဖြစ်ပွားပုံ၊ အဓိကရုဏ်းအား ကိုင်တွယ်ပုံ၊ နိုင်ငံခြားသား အလုပ်သမားများ စုဝေးသည့် နေရာများကို စီမံခန့်ခွဲပုံများအား အသေးစိတ် သုံးသပ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

    လီရှန်လွန်းက အဓိကရုဏ်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရာ၌ ဤသည် အထည်းတီးတည်နေမည့် အဓိကရုဏ်းသာဖြစ်ကြောင်း၊ စင်ကာပူရှိ နိုင်ငံခြားသားအလုပ်သမားအများစုမှာ ဥပဒေကို လေးစား လိုက်နာသူများဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဤသည့်အဓိကရုဏ်းကြောင့် အများအမြင်တွင် စင်ကာပူက နိုင်ငံခြားသားအလုပ်သမားများအပေါ် ခက်ထန်သည့်အမြင်ရှိသည်ဟု အထင်အမြင်မရောက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းတွင် အမုန်းတရားကြီးထွားစေမည့် လူမျိုးခြား မုန်းတီးမှုကို နှိုးဆွသော မှတ်ချက်များကို ရှောင်ရှား ရမည်ဖြစ်ကြောင်း၊ နိစ္စဓူဝ လုပ်ငန်းစဉ်များကို တည်ငြိမ်စွာ ဆောင်ရွက်ကြစေလိုကြောင်း၊ အာဏာပိုင်များအား အကူအညီပေးစေလိုကြောင်း၊ ကံမကောင်းအကြောင်း မလှစွာဖြစ်ပျက်ခဲ့သည့် အဓိကရုဏ်းကို အားလုံးစုစည်း ညီညွတ်စွာ ကိုင်တွင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ သို့အားဖြင့် စင်ကာပူကို ဥပဒေစိုးမိုးပြီး လုံခြုံသည့်နိုင်ငံအဖြစ် ဆက်လက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

    Ref: Lee Hsien Loong FB