News @ M-Media

Little India ဆူပူမှုနှင့် ပတ်သက်ပြီး အိန္ဒိယ နိုင်ငံသား၂၄ ဦးအား စင်ကာပူ တရားစွဲ

ဒီဇင်ဘာ- ၁၀ ၂၀၁၃
M-Media

little-india-riot-charged
– တနင်္ဂနွေနေ့ညက စင်ကာပူနိုင်ငံ Little India တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုနှင့်ပက်သက်၍ အိန္ဒိယနိုင်ငံသား ၂၄ ဦးအား ပဋိပက္ခ ဖန်တီးပြုလုပ်မှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ထို၂၄ ဦးစလုံးမှာ ယနေ့ နေ့လည်တွင် တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။ ပြစ်မှုထင်ရှားပါက ကြိမ်ဒဏ်နှင့် အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ကျခံရဖွယ်ရှိနေသည်။

အိန္ဒိယအမျိုးသား အလုပ်သမားဖြစ်သူ Sakthivel Kumaravelu အား ကားတစ်စီးက တိုက်မိခဲ့ရာမှ အစပြုခဲ့သည့် အဆိုပါဆူပူအကြမ်းဖက်မှုတွင် လူပေါင်း ၄၀၀ ခန့်ပါဝင်ခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရခဲ့ကာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက် စင်ကာပူရဲများက လူ ၂၈ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ PR ရရှိထားသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် အိန္ဒိယနိုင်ငံသား ၁ ဦးတို့အား အဆိုပါဖြစ်စဉ်တွင် ပါဝင် ပတ်သက်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

စင်ကာပူနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဓိကရုဏ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီများ ပါဝင်သည့်ဟု အစောပိုင်း ထွက်ပေါ်လာသည့် သတင်းများကို အခြေပြုပြီး ဆိုရှယ်မီဒီယာ အသုံးပြုသည့် အချို့သော မြန်မာလူမျိုးများကြားတွင် အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို  စော်ကားတိုက်ခိုက်သည့် ပိုစ်များ ပျံနှံ့ထွက်ပေါ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

Comments

Leave a Reply