News @ M-Media

Tag: Liverpool

  • ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    ကစားပုံထက် အနိုင်ရမှုကသာ အခရာဟု လီဗာပူးလ်ကွင်းလယ်လူပြော

    သြဂုတ် ၁၁၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း အနိုင်ရရှိရန်သာ လိုအပ်ပြီး ကစားပုံမကောင်းမှုကို ဂရုမစိုက်ဟု လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    ပရီးမီးယာလိဂ်အဖွင့်ပွဲစဉ်အဖြစ် စတုတ်စီးတီးနှင့် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် လီဗာပူးလ်အသင်းမှာ ကော်တင်ဟို၏ ၈၆ မိနစ်ဂိုးဖြင့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ကစားပုံမှာ သွက်လက်ခြင်း မရှိခဲ့ပေ။

    ယခုနှစ်မှ ပြောင်းရွှေ့လာခဲ့သော မီလ်နာကမူ ကစားပုံမကောင်းခဲ့သော်လည်း စတုတ်စီးတီးအသင်း၏ ဘရစ်တာနီယာကွင်းမှ ၃ မှတ်ယူခဲ့ခြင်းကသာ အခရာကျသည်ဟု ပြောကြားခဲ့သည်။

    “အမြဲတမ်း ရလဒ်ကိုပဲ ကြည့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ရာသီရဲ့ ပွဲတိုင်းကို ဆိုးဆိုးဝါးဝါးကစားမယ်၊ ပြီးတော့ တစ်ပွဲချင်းစီကို နိုင်ခဲ့မယ်ဆိုရင် လူတိုင်းက ဒီအတွက် ပျော်ရွှင်ကြမှာပါပဲ။ ကျွန်တော်တို့ ဘောလုံးကို ကိုင်ထားနိုင်တာပဲဖြစ်ဖြစ်၊ တိုက်ပွဲတစ်ပွဲလို ပွဲမျိုးပဲဖြစ်ဖြစ် ဒီလို အနိုင်ရဖို့သာ အခရာပါ။ ပြီးတော့ ဒါကိုပဲ ကျွန်တော်တို့ လုပ်ရမှာပါ” ဟု မီလ်နာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြေအနေကို သုံးသပ်ရန် လိုအပ်ပြီး မတူညီသောအသင်းများ၊ မတူညီသော ဖွဲ့စည်းပုံများအတွက် ပြောင်းလဲကစားနိုင်ရမည်ဖြစ်ကြောင်း ထိပ်တန်းအသင်းဆိုသည်မှာ မိမိတို့၏ စိတ်ကြိုက် မဖြစ်သည့်အခါ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ပွဲများအား နိုင်အောင်ကစားနိုင်ရမည် ဖြစ်ကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အဖွင့်ပွဲစဉ်တွင် အနိုင်ဂိုးသွင်းပေးခဲ့သည့် ကော်တင်ဟိုကိုလည်း မီလ်နာက ချီးကျူးခဲ့သည်။

    “သူက တစ်ချိန်လုံး တိုးတက်နေတဲ့သူလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့နှစ်မှာ ဒီလို စွမ်းဆောင်တာမျိုး အကြိမ်အနည်းငယ် တွေ့ဖူးပါတယ်။ ဒါ့ကြောင့် ကျွန်တော် ကွင်းထဲမှာ၊ သူ့အသင်းမှာ ရှိနေတဲ့အချိန် သူဒီလိုလုပ်တာ သိပ်ကောင်းပါတယ်။ သူဟာ အရည်အချင်းရှိပြီး တစ်သင်းလုံးမှာ အရည်အချင်းရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”

    Ref: Goal

  • စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ

    စတာလင်အတွက် မန်စီးတီး၏ ကမ်းလှမ်းမှု လီဗာပူးလ် သဘောတူ

    ဇူလိုင် ၁၃၊ ၂၀၁၅
    M-Media

    sterling

    – အသင်းရှိ ကွင်းလယ်လူ စတာလင်အား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် မန်စီးတီအသင်းသို့ ရောင်းချရန် လီဗာပူးလ်က သဘောတူညီခဲ့သည်ဟု သိရသည်။

    စတာလင်မှာ ယခုနှစ်နွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသူဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း အသင်းမှ ထွက်ခွာချင်သည်ဟု နည်းပြ ဘရန်ဒန်ရော်ဂျာအား အသိပေးထားသူဖြစ်သည်။

    မိမိအနေဖြင့် ခရီးမသွားချင်သည့်အတွက် လီဗာပူလ်း၏ ရာသီအကြို ခြေစမ်းခရီးတွင် မပါဝင်ချင်ဟု စောစောပိုင်းက ပြောထားသော်လည်း စတာလင်မှာ နောက်ပိုင်းတွင် ပါဝင်ခဲ့ပြီး ယမန်နေ့တွင် နှုတ်ထွက်ခဲ့သည်။

    မန်စီးတီးမှာ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး တတိယအကြိမ်ကမ်းလှမ်းမှုလည်း ဖြစ်ခဲ့ကာ ကလပ်စံချိန်တွင် ပြောင်းရွှေ့ကြေးလည်းဖြစ်သည်။ စတာလင် ကျူပီအာရ်မှ လီဗာပူးလ်သို့ ပြောင်းရွှေ့စဉ် ချုပ်ဆိုထားသော စာချုပ်အရ ကျူပီအာရ်မှာ
    ပြောင်းရွှေ့ကြေး၏ ၂၀ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

    စတာလင်၏ အေးဂျင့်ဖြစ်သူကမူ ၎င်း၏ ကစားသမားနှင့် နည်းပြတို့အကြား ယုံကြည်မှု ပျက်သုံးသွားပြီဟု ပြောကြားခဲ့သော်လည်း နည်းပြ ရော်ဂျာက မည်သည့် အဖုအထစ်မှမရှိဟုဆိုပြီး အပြောင်းအရွှေ့အတွက်လည်း အတည်ပြုခဲ့သည်။

    “အခြေအနေက သိပ်ရှင်းပါတယ်။ အသင်းဟာ ရဟီးမ် (စတာလင်) အတွက် အခြားကလပ်အသင်းတစ်ခုနဲ့ သဘောတူခဲ့ပြီး ဆေးစစ်မှုတွေ ဆက်သွားတော့မှာပါ။ ရဟီးမ်နဲ့ ကျွန်တော်ဟာ အမြဲတမ်း ခိုင်မာတဲ့ဆက်ဆံရေးရှိပြီး ကျွန်တော်တို့ ခွဲခွာပြီးတဲ့အခါမှာလည်း ဒီအတိုင်းပဲ ဆက်ရှိသွားမှာပါ။ ဘာပြဿနာမှ မရှိပါဘူး” ဟု ရော်ဂျာက ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal