News @ M-Media

Tag: Liverpool

  • မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    မိမိနေရာအတွက် မစိုးရိမ်ဟု လီဗာပူးလ်နည်းပြပြော

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    rodger

    – အသင်း၏ ကျဆင်းမှုများကြောင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံရမည်ကို မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိဘဲ၊ မိမိ၏ အလုပ်မှာ မည်သည့်အန္တရာယ်မှ မရှိဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက အဆင့် ၆ ဖြင့် ရာသီသိမ်းခဲ့သည့် လီဗာပူးလ်မှာ ယခုနှစ်တွင် စွမ်းဆောင်ရည် ကောင်းမွန်လာခြင်းမရှိဘဲ ရှုံးပွဲများနှင့်အတူ အဆင့် ၉ နေရာတွင် ရှိနေကာ ရော်ဂျာ၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများ ထွက်ပေါ်နေသည်။

    “ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်လုပ်နေတာနဲ့ ပတ်သက်ပြီး အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ တနင်္ဂနွေနေ့ပွဲမှာ အဲဗာတန်ကို နိုင်ဖို့ပါပဲ။ ဘုတ်အဖွဲ့က ကျွန်တော့်နေရာအတွက် အာမခံချက်မရှိတော့ဘူးလို့ ဖော်ပြတာမျိုး မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ မက်ဆေ့ခ်ျတွေနဲ့ အပြန်အလှန် ဆက်သွယ်ခဲ့ပြီး အမှုဆောင်အကြီးအကဲ အီယန် အိုရီနဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ အပြောင်းအလဲ ဒါမှမဟုတ် ဘာထူးခြားမှုမှ ရှိမှာမဟုတ်ပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goals

  • စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော

    စတားရစ်ဂ်ျက အသင်းအတွက် အရေးပါသည်ဟု လီဗာပူးလ်နည်းပြပြော

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    liver

    – မိမိတို့အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရရန် ကြိုးပမ်းမှုအတွင်း ကွင်းလယ်လူ စတားရစ်ဂ်ျက ထူးခြားမှုများ ယူဆောင်လာပေးမည်ဟု လီဗာပူးလ်နည်းပြ ရော်ဂျာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်ရာသီက ဒဏ်ရာကြောင့် အနားယူခဲ့ရသည့် စတားရစ်ဂ်ျမှာ ယခုနှစ် ၎င်း၏ ဒုတိယပွဲဖြစ်သော အက်စတွန်ဗီလာနှင့်ပွဲတွင် ခြေစွမ်းပြကာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့သည်။ ရော်ဂျာကမူ စတားရစ်ဂ်ျအား ဒဏ်ရာအနာတရမရဘဲ အသင်းအတွက် အဆုံးအဖြတ်ဖြစ်ရန် မျှော်လင့်နေသည်။

    “သူ့လိုကစားသမားမျိုးဟာ ထူးခြားမှုတွေ လုပ်နိုင်ပါတယ်။ သူနောက်ဆုံးကစားခဲ့တဲ့ပွဲ (ဖေဖော်ဝါရီက စပါးနှင့်ပွဲ) ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ ၃ ဂိုး မသွင်းနိုင်ခဲ့ပါဘူး။ ပွဲတွေနိုင်ဖို့နဲ့ အဆင့်လေးနေရာဝင်ရေး ယှဉ်ပြိုင်ဖို့ သူက ကြီးမားတဲ့ အခွင့်အလမ်းကို ဖြစ်စေပါတယ်။ သူဟာ ထူးခြားတဲ့၊ ပါမီရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ အခုတော့ သူကြံ့ခိုင်နေဖို့ မျှော်လင့်ပါတယ်”

    Ref: Goal

  • လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော

    လီဗာပူးလ်၏ ကံဆိုးမှုများ အဆုံးသတ်ပြီဟု မီလ်နာပြော

    စက်တင်ဘာ ၂၇၊ ၂၀၁၅
    M-Media

    liver

    – အသင်း၏ လက်ရှိအခြေအနေကို မိမိအနေဖြင့် စိတ်ပျက်မိသော်လည်း အက်စတွန်ဗီလာအသင်းအား အနိုင်ရရှိခဲ့ခြင်းက ကံဆိုးမှုများကို အဆုံးသတ်စေခဲ့ပြီဟု လီဗာပူးလ်အသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာက ပြောကြားလိုက်သည်။

    လေးပွဲဆက်တိုက် နိုင်ပွဲပျောက်နေခဲ့သည့် လီဗာပူးလ်မှာ ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် အကြိတ်နယ် ကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မီလ်နာမှာ ပွဲအစ ၂ မိနစ်မှာပင် အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး စတာလင်သွင်းယူခဲ့သည့် ဂိုး ၂ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

    သို့သော်လည်း မိမိတို့အသင်းအခြေအနေကို လက်ခံကျော်လွှားရန်မှာ ခက်ခဲသည်ဟု ၎င်းက ဆိုသည်။

    “အခုအချိန်မတိုင်ခင် ပွဲအနည်းငယ်မှာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ကျွန်တော်ကလည်း ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဒါပေမယ့် အခုလို လုပ်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒီနေ့အတွက် အနိုင်ရခဲ့တာ အခရာပါပဲ။ ဂိုးသွင်းနိုင်တာနဲ့ ဖန်တီးပေးခဲ့တာတွေအတွက် ကျေနပ်ပါတယ်။ ဒါပေမယ့် အနိုင်ရရှိတာက တကယ့်ကို အရေးပါခဲ့ပါတယ်” ဟု မီလ်နာက အသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    ပြီးခဲသည့် ပွဲနှစ်ပွဲတွင်လည်း မိမိတို့မှာ အခွင့်အရေးများ ရခဲ့ပြီး ကံမကောင်းခဲ့ဟု ဆိုသည်။

    “ပြီးခဲ့တဲ့နှစ်ပွဲမှာ ကျွန်တော်တို့ဟာ ကန်သွင်းခွင့် ၇၀ လောက် ရခဲ့ပါတယ်။ ဒါပေမယ့် ကံကတော့ အဲဒီလောက် မကောင်းခဲ့ပါဘူး။ ဒီနေ့ ဂိုးနည်းနည်းရတာဟာ ကျေနပ်စရာပါ။ ပြီးတော့ ဒီအနိုင်ဟာ ကံကောင်းခြင်း အစဆိုတာ သေချာပါတယ်”

    ရာသီအစ အခြေအနေဆိုးရွားမှုအတွက် နည်းပြ ဘရန်ဒန်ရော်ဂျာအပါအ၀င် အသင်းသားများမှာ ဝေဖန်မှုများ ခံခဲ့ရပြီး မီလ်နာကမူ မိမိတို့အသင်းမှာ ညီညီညွတ်ညွတ်ဖြင့် အာရုံစူးစိုက်မှု ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ လီဗာပူးလ်မှာ ဗုဒ္ဓဟူးနေ့တွင် ယူရိုပါပွဲအဖြစ် ဆီယွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    လီဗာပူးလ်နည်းပြ ရော်ဂျာ၏ အနာဂတ် မတည်မငြိမ်ဖြစ်လာ

    စက်တင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    rg

    – အသင်းအား ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့် နည်းပြ ဘရန်ဒန်ရော်ဂျာ၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးလ်အသင်း ပိုင်ရှင်များမှာ ရီးယဲလ်နည်းပြဟောင်း အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်လာသည်။

    ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ခုတွင် လီဗာပူးလ်မှာ ရာနှုန်းပြည့်နိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း နောက်ပိုင်း ၃ ပွဲတွင် မန်ယူနှင့် ၀က်စ်ဟမ်းတို့ကို အိမ်ကွင်း၌ပင် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ယခုတစ်ပတ်တွင်လည်း နော်ဝစ်ခ်ျအား ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းမထားနိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရကာ တစ်ဂိုးစီ သရေကျခဲ့သည်။

    ထို့ကြောင့် နည်းပြရော်ဂျာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး ဗာပူးလ်တာဝန်ရှိသူများက အန်ဆယ်လော့တီအား ဆက်သွယ်နေသည်ဟူသော သတင်းများမှာ ၎င်းအပေါ် ဖိအားပိုလာစေခဲ့သည်။

    အေစီမီလန်အသင်းတွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ဆုဖလားအများအပြားကို ရရှိခဲ့သည့် အန်ဆယ်လော့တီမှာ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်နှင့် FA ဖလားတို့ကို ရရှိခဲ့သည်။ ထို့နောက် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြင်သစ်လီဂူးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    ပီအက်စ်ဂျီမှတစ်ဆင့် ရီးယဲလ်သို့ ရောက်ရှိလာပြီးနောက် အန်ဆယ်လော့တီမှာ ၂၀၁၄ ခုနှစ်တွင် ရီးယဲလ်၏ ၁၀ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားပါအ၀င် ဖလား ၄ လုံးရရှိအောင် ဦးဆောင်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရီးယဲလ်မှာ မျှော်မှန်းထားသည့် အောင်မြင်မှုများ မရခဲ့ခြင်းကြောင့် အန်ဆယ်လော့တီမှာလည်း ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    ယခုအချိန်တွင် အန်ဆယ်လော့တီမှာ လန်ဒန်ရှိ ၎င်း၏ အိမ်နှင့် ဗန်ကူးဗားတို့တွင် အနားယူလျက် ရှိနေသည်။

    Ref: Dailymail

  • နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော

    နော်ဝစ်ခ်ျပွဲအတွက် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၅
    M-Medias

    rodger

    – ယမန်နေ့က နော်ဝစ်ခ်ျအသင်းအား သရေကျခဲ့သည့်ပွဲအတွက် မိမိအနေဖြင့် စိတ်ပျက်မိသည်ဟု လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံပြောကြားလိုက်သည်။

    အိမ်ကွင်းအန်ဖီးလ်၌ ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ကစားကွက်အသာရခဲ့ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့သော်လည်း ထိန်းထားနိုင်ခြင်းမရှိဘဲ နော်ဝစ်ခ်ျအသင်းအား ချေပဂိုး ပြန်ပေးခဲ့ရကာ ၁ ဂိုးစီ သရေဖြင့် အဆုံးသတ်ခဲ့သည်။

    လီဗာပူးလ်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း ၀က်စ်ဟမ်းအသင်းအား အိမ်ကွင်း၌ ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ရော်ဂျာကာမူ အသင်း၏ပါးနပ်မှု တိုးတက်လာသည်ကို မြင်ရသော်လည်း ရလဒ်အတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “စိတ်ပျက်တယ်။ ရလဒ်အတွက်လည်း စိတ်ကုန်မိပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ သွက်လက်မှုနဲ့ ဖန်းတီးနိုင်မှု လက္ခဏာတွေ ပိုမြင်ရတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ဟာ နည်းနည်း ထိုင်းမှိုင်းခဲ့ပါတယ်။ သင့်တော်တဲ့အခြေအနေမှာ ကျွန်တော်တို့ ဘောလုံးကိုင်ခဲ့နိုင်တယ်။ ဒါပေမယ့် ဂိုးရှေ့က လှုပ်ရှားမှုကတော့ ကျွန်တော်တို့ နှစ်သက်တဲ့ ပုံစံမျိုး မဟုတ်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ နည်းနည်းပိုပြီး သွက်သွက်လက်လက် ဖြစ်ခဲ့ပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင်
    သတင်းထောက်များအား ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် လီဗာပူးလ်မှာ ရမှတ် ၈ မှတ်ဖြင့် အဆင့် ၁၃ နေရာသို့ ရောက်ရှိနေပြီး အဲဗာတန်နှင့် အောက်တိုဘာ ၄ ရက် မာဆေးဆိုက်ဒါဘီပွဲမတိုင်ခင် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှိနေသည်။ ရော်ဂျာကမူ အသင်း အဆင့်တက်ရေးအတွက် ထိုပွဲစဉ်များကို အသုံးချရန် စိတ်အားထက်သန်နေသည်။

    “ဖန်တီးမှုအားဖြင့်ဆိုရရင် ဒီနေ့ဟာ ကျွန်တော်တို့အတွက် ရှေ့တစ်လှမ်းတက်တယ်လို့ ထင်ပါတယ်။ ဒီကနေပြီတော့လည်း ကျွန်တော်တို့ဟာ ရှေ့ဆက် တိုးတက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ စွမ်းဆောင်မှုကို ရဖို့အတွက် ကျွန်တော်တို့မှာ ပွဲကြီး ၄ ပွဲ ရှိနေပါတယ်”

    Ref: Goal