News @ M-Media

Tag: LocalNews

  • ရဲမှုခင်း ကင်းတဲ့ ဘတ်စ်ကားများကိုသာ CNG ဓါတ်ငွေ့ ပေးတော့မည်။

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    CNG-Car-2
    ရန်ကုန်။        ။ ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသော ခရီးသည်တင်ယာဉ် ဘတ်စ်ကားများကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ဌာနမှ ရဲမှုခင်း ကင်းစင်သည့် ကားများကိုသာ CNG ဓာတ်ငွေ့ ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောသည်။

    “ကျွန်တော်တို့  CNG ဓာတ်ငွေ့ဆိုင်နဲ့တွေနဲ့ ပူးပေါင်းပြီး ယာဉ်မှုကင်း ကင်စင်တဲ့ယာဉ်တွေကိုသာ  CNG ဓာတ်ငွေ့ ထုတ်ပေးသွားဖို့အတွက် စီစဉ်နေပါတယ်။ အဲ့လိုလုပ်လိုက်ရင် သူတို့လည်း တစ်လတစ်ခေါက်တော့ ယာဉ်မှုခင်း ကင်းမကင်း လာစစ်ဆေးဖြစ်မှာ ဖြစ်ပါတယ်”  ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

    ယာဉ်ထိန်းရဲဌာနတွင် ယာဉ်မှုခင်း ကင်း/မကင်း စစ်ဆေးပြီး ယာဉ်ထိန်းရဲဌာနမှ ကင်းစင်ကြောင်း အမှတ်အသားပါမှသာ  CNG ဓာတ်ငွေ့ ထုတ်ပေးရန်အတွက် ယာဉ်ထိန်းရဲဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပူးပေါင်းပြီးဆောင်ရွက်သွားမည်ဖြစ်သည်။

    ယခင်အစိုးရလက်ထက်က ယခုကဲ့သို့ ယာဉ်မှုခင်းကင်းမှသာ  CNG ဓာတ်ငွေ့ ထည့်ခွင့်ရှိပြီး ယာဉ်မှုခင်း မကင်းသည့်ယာဉ်များအနေနဲ့ ထည့်ခွင့်မရှိကြောင်းသိရသည်။

    ယခုအခါတွင် စည်းကမ်းမလိုက်နာသည့် ယာဉ်များ များပြားလာပြီး ယာဉ်ထိန်းရဲအင်အားမှာနည်းပါးနေသောကြောင့် မီးပ္ပိုင့်များတွင် ကင်မရာများတပ်ဆင်ပြီး ဖမ်းဆီးလျှက်ရှိနေသည်။ ယခုဆိုလျှင်လည်း Online တွင် ယာဉ်ထိန်းရဲဌာနမှ Page တစ်ခုပြုလုပ်ပြီး စည်းကမ်းမဲ့ယာဉ်များကို ပြည်သူများမှ တိုင်ကြားနိုင်ပြီး ယာဉ်ထိန်းရဲဌာနမှ ထိရောက်စွာအရေးယူလျှက်ရှိနေပါသည်။

    စွမ်းအင်ဝန်ကြီးဌာနမှ  CNG ဓာတ်ငွေ့ များကို ၂၄ နာရီရောင်းချပေးလျှက်ရှိနေပြီး ရန်ကုန်မြို့တွင် သဘာဝဓာတ်ငွေ့အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိသည်။

    ဓါတ်ပုံအညွှန်း – ဓါတ်ငွေ့ဖြည့်နေသည့် CNG ကားတစီး (Photo- မြစ်မခ)

  • သမိုင်းဝင် သိမ်ဖြူ ကွင်းနေရာ အဆောက်အဦးများ ဆောက်ခွင့်ပေး၍ အစိုးရ အဖွဲ့အစည်းများအား တရားစွဲမည်

    ဇွန် ၁၁၊ ၂၀၁၄
    M-Media
    လမင်း
    DSC02551
    ရန်ကုန်။        ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိသော သိမ်ဖြူအားကစားကွင်းတွင် အထပ်မြင့် အဆောက်အဦးများဆောက်လုပ်ခြင်း အပေါ် တရား လွှတ်တော်ရှေ့နေ ဦးအေးမင်း (ရှေ့နေများကွန်ရက်) နှင့်အတူ ကော်မတီဝင် ၂ ဦးတို့က တရားလိုများပြုလုပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

    မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်နှင့် ကုမ္ပဏီတို့အား တရားစွဲဆို သွားမည်ဖြစ်မည်။ ဇွန်လ ၁၂ ရက်နေ့တွင် သတိပေးစာ တစ်စောင်ပေးပို့သွားမည်ဖြစ်ပြီး သတိပေးစာပေးပို့သည့်နေ့မှ ရက်ပေါင်း ၆၀ ပြည့်သောနေ့တွင် တရားစွဲဆို သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    “ကျွန်တော်တို့ တရား ဥပဒေဘောင် အတွင်းကနေပဲ လုပ်ဆောင်သွားမှာပါ။ မြို့နေလူထုကလည်း ဒါကို ဆန့်ကျင်နေကြတာပါ။ တိုင်းတစ်ပါးနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံ စီမံကိန်းတောင် ယခုအစိုးရ လက်ထက် ရပ်တန့်ထားလို့ရသေးတာပဲ။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံသား အချင်းချင်းချုပ်ထားတဲ့ စာချုပ်ကို ဘာလို့ဖျက်လို့ မရတာလည်းလို့ မေးချင်ပါတယ်” တရားလွှတ်တော်ရှေ့နေ ဦးအေးမင်း ကဆိုသည်။

    သိမ်ဖြူအားကစားကွင်းသည် ရှေးယခင် အဆက်ဆက်က နိုင်ငံတော်၏ သမိုင်းဝင်နေ့များကို ပြုလုပ်ကျင်းပခဲ့သည့်နေရာဖြစ်ကာ ထိုနေရာသည် သမိုင်းဝင်နေရာ တစ်ခုသာဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက ပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး စသည့် နစ်နာဆုံးရူံးမှုများဖြစ် လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောကြားခဲ့သည်။

    အားကစားကွင်းဆိုတာ ပြည်သူတွေရဲ့ အပန်းဖြေတဲ့နေရာ တစ်ခုဖြစ်ပြီး ယခုကဲ့သို့ အပန်းဖြေရမည့်နေရာများပျောက်ဆုံးနေပြီဖြစ်သောကြောင့် တရားဥပဒေဘောင် အတွင်းကနေပဲ ရင်ဆိုင်ဖြေရှင်း သွားမည်ဖြစ်ကြောင်း ကို နိုင်ငံရေးအကျဉ်းသားတစ်ဦး ဦးလှဌေးကဆိုသည်။

    အဆိုပါ သိမ်ဖြူအားကစားကွင်းအား ကာလပေါက်ဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် တန်ကြေးရှိသော မြေအား ကျပ်သိန်း ၅၀၀၀ မျှဖြင့်သာ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါနေရာတွင် Office Tower 16ထပ်၊ Service Apartment Building 23ထပ်၊ Service Apartment Building 23ထပ်၊ Hotel Tower 21ထပ်  ဆောက်လုပ် လျှက်ရှိနေကြောင်း သိရသည်။

    သိမ်ဖြူ အားကစားကွင်းမှာ ၁၉၉၂ တွင်ယာဉ်မောင်းသင်တန်းအဖြစ်စတင်အသုံးပြုခဲ့ပြီး ၂၀၁၂ ခုနှစ်တွင်ပိတ်သိမ်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် အဆောက်အအုံများကို စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ အဆောက်အအုံများဆောက် လုပ်နေခြင်းအပေါ် ပြည်သူများမှ ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကို ၄ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီး မီဒီယာများအား စာနယ်ဇင်း ရှင်းလင်းပွဲကို ၃ ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်သမ္မတ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တကွ တိုင်းတရားလွှတ်တော် ဥက္ကဌ အပါအ၀င် သက်ဆိုင်ရာဌာနများသို့ အဆောက်အဦးဆောက်လုပ်မှုအား ရပ်ဆိုင်းရန် တရားဝင် စာအကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း သိရသည်။

  • ပြည်တွင်းငြိမ်းချမ်းရေး အတွက် လူထု ညီလာခံကြီး တစ်ရပ် လိုအပ်သည်ဟု သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် သဘောထား ထုတ်ပြန်

    ပြည်တွင်းငြိမ်းချမ်းရေး အတွက် လူထု ညီလာခံကြီး တစ်ရပ် လိုအပ်သည်ဟု သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် သဘောထား ထုတ်ပြန်

    ဧပြီ ၂၉၊ ၂၀၁၄
    M-Media
    လမင်း

    DSC01305

    ရန်ကုန် ။       ။      ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် လူထုညီလာခံကြီးတစ်ရပ် ပြုလုပ်ရန် လိုအပ်သည်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း (၁၃၈)နှစ်မြောက် မွေးနေ့ သဘောထား ထုတ်ပြန်ကြေငြာချက်တွင် ထည့်သွင်းရေးသားခဲ့သည်။

    “ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီနေ့ထိ ပြည်တွင်းစစ်ကို ဆင်နွဲနေရတုန်း၊ တိုင်းပြည်ဟာဆင်းရဲနေရတုန်း၊ စစ်မှန်တဲ့ဒီမိုကရေ ဒီအခွင့်အရေးဟာလည်း ပိတ်ဆို့ခံနေ ရတုန်း၊ ပြည်သူတွေရဲ့ ရင်ထဲမှာ မကျေနပ်နိုင်တဲ့ အစိုင်အခဲကြီးတွေရှိနေပါတယ်။ အဲဒါတွေကိုဖြေရှင်းပေးဖို့ အစိုးရမှာ တာဝန်အရှိဆုံးပါပဲ။ အဲလိုဖြစ်ရပ်တွေကို ဆွေးနွေးနိုင်ရန် အတွက် အားလုံးတန်း တူညီမျှပြီး ဆွေးနွေးနိုင်တဲ့ ပင်လုံကဲ့သို့ ညီလာခံကြီး တစ်ခုကိုပြုလုပ်ရန် လိုအပ်လှပါကြောင်း ကျွန်တော်တို့အဖွဲ့ကနေ တိုက်တွန်းချင် တာပါ” ဟုဆရာကြီး သခင်ကိုယ်တော်မှိုင်း (ရန်ကုန်)ငြိမ်းချမ်းရေး ကွန်ယက်မှ ဦးထွန်းဦး ကပြောကြားခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ လူမှုရေးအသင်း အဖွဲ့များ၊ကွန်ယက်များ၊ သမဂ္ဂများ၊ အခြားပါဝင်သင့်သော ပုဂ္ဂိုလ်များ နှင့်ပြည်သူများ စသည်တို့ အချိုးကျပါဝင်ပြီး ဖိအားပေးမှု၊ အကြပ်ကိုင်မှု၊ ခြိမ်းခြောက်မှုများ ကင်းဝေးပြီး လွတ်လပ်မှု၊ တန်းတူမှု၊ ပွင့်လင်းမှုရှိသည့် ပင်လုံကဲ့သို့သော ပြည်ထောင်စု ညီလာခံကြီး တစ်ရပ် ကျင်းပနိုင်ရန်ဖြစ်သည်။ ထိုညီလာခံကြီးမှ အားလုံး သို့မဟုတ် အများစုက လက်ခံသည့် စစ်မှန်သော သဘောတူ လက်ခံသည့် ပြည်ထောင်စု အးကြီး သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စု မူကြီး တစ်ရပ်ပေါ်ပေါက် လာရေးကို ဆောင်ရွက်နိုင်ကြရန်ဖြစ်ပါသည်။

ုပြည်သူတွေရဲ့ဆန္ဒမပါဘဲ တပ်မတော်မှရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲရန် လိုအပ်ကြောင်းကိုလည်း ၎င်းတို့ အဖွဲ့အနေနှင့် ဆန္ဒရှိကြောင်း ကိုလည်း ပြောကြားခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လိုချင်ခဲ့သော စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိရန် လိုအပ်ကြောင်း ပြောခဲ့သည်။

    ပြည်တွင်းစစ်ကို မှီခိုကြီးပွားနေကြသော အုပ်စုများကငြိမ်းချမ်းရေးကို ဘယ်သောအခါမှ လိုလားမှာ မဟုတ်ကြောင်းကို ဦးတင်အေးကြူ ကပြောခဲ့သည်။ ထိုညီလာခံကြီး တစ်ရပ် အထမြောက် အောင်မြင်စေရန် တပ်မတော် အကြီးအကဲများနှင့် စစ်အစိုးရအပါအ၀င်အားလုံးက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ထပ်ခါတလဲလဲ တိုက်တွန်းမှာကြားခဲ့သည့် သြ၀ါဒများကိုခံယူပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်မှ တိုက်တွန်းနှိုးဆော်လိုက်ကြောင်း သိရပါသည်။

  • ဓာတ်ဆီဆိုင် ဆောက်လုပ်နေမှု ဖျက်သိမ်းရန် ဆန္ဒဖော်ထုတ်

    ဖေဖော်ဝါရီလ ၂၆၊ ၂၀၁၄
    M-Media
    လမင်း

    1506502_1510038222555985_1870881490_n
    ရန်ကုန်။ ။ အင်းစိန် မြို့နယ် ရွှေပြည်သာ တံတားလမ်းမကြီးဘေး တညင်းကုန်းဘူတာ အမှတ် ၄/၅ နယ်မြေတွင် ဓာတ်ဆီဆိုင်ဖွင့်ရန် အတွက် ပြုလုပ်နေမှုကို ရွှေပြည်သာ မြို့နယ်နေ ပြည်သူပြည်သားများမှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    ‘အန်တီတို့ကတော့ အခုလိုလူနေအိမ်တွေ ကြားထဲမှာ ဆီဆိုင်ဆောက်မှာကို လုံးဝကိုခွင့်မပြုနိုင်ဘူး။ အခုလည်း အန်နီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်နေတာပါ။ အရမ်းကိုပြည်သူတွေ အတွက် အန္တရယ်ရှိပါတယ် အိမ်တွေက ကပ်နေကြတာလေ။ အန်တီတို့ ကတော့ ရပ်ဆိုင်းတာကို မလိုချင်ဘူး အပြီးဖျက်သိမ်းပေးတာကိုပဲ လိုချင်တာပါ’ဟု ဦးဆောင် ဆန္ဒပြသသူ ဒေါ်မျိုးမျိုးအေးကပြောကြားခဲ့သည်။

    ဆောက်လုပ်နေသည့် ဓာတ်ဆီဆိုင်နှင့်အနီးတွင် မဟာ ဂတ်စ်ပိုက်လိုင်း၊ ဂတ်စ် ဆိုင်တစ်ဆိုင်နှင့် အိမ်ခြေများ များပြားလွန်းသောကြောင့် ဆီဆိုင်ဆောက်လုပ်မှုကို တားမြစ်ခဲ့ကြကြောင်း သိရပါသည်။ ဆန္ဒဖော်ထုတ်သူများသည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ‘ဓာတ်ဆီဆိုင်ဆောက်လုပ်မှု ချက်ချင်းရပ်’၊ ‘ပြည်သူ့ဆန္ဒကို လေးစားပါ’ စသည့်ပိုစတာများကို ကိုင်ဆောင်ပြီး လူဦးရေ ၁၀၀ ကျော်မှ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့ကြသည်။

  • ၀ါဝါ၀င်းကုမ္မဏီ သိမ်းယူခဲ့သည့် လှိုင်သာယာမှ မြေများအတွက် လယ်သမားများအား နစ်နာကြေးများပေး

    ဖေဖော်ဝါရီ ၃၊ ၂၀၁၄
    M-Media
    ချမ်းငြိမ်းအေး
    DSC01169
    ရန်ကုန်။      ။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အနော်ရထာ စက်မှုဇုန်အပိုင်း ၂- ကို သိမ်းယူထားသော ၀ါဝါ၀င်းကုမ္မဏီမှ လယ်သမား ပိုင်ရှင်မျာ၏ နစ်နာကြေးများကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရုံး (အလုံမြို့နယ်) တွင် ပေးအပ်ခဲ့ပါသည်။

    အန်တီ တို့အခုပေးနေတာ အပိုင်း ၂- ကိုပြီးသလောက် ရှိနေပါပြီ။ အခုလည်း ၁ ဧက ကို သိန်း ၅၀- နဲ့ ရှင်းပေးနေပါတယ်။  ဟိုးအရင် လယ်ယာမြေ စုံစမ်းရေးမပေါ်ခင် ကတည်းက ဒီပြသာနာတွေကို ဖြေရှင်းပေးနေတာပါ။ ၁- ဧက ကို ၁၂- သိန်းလောက်ပေါက် ကတည်းပေးနေတာပါ။ လယ်သမားတွေကလည်း သူတို့မြေ မိသားစု ပိုင်တာလို့ ပြောတယ်။ အန်တီတို့အနေနဲ့ အတိအကျလဲ မသိနိုင်တော့ ပူးပေါင်းဆောင်ရွက်နေရပါတယ်။ သူတို့ပိုင်ဆိုင်တယ်လို့ အထောက်အထားနဲ့ အတိအကျပြောရင်တော့ အန်တီတို့အနေနဲ့ မငြင်းတော့ပါဘူး ပေးလိုက်ပါတယ်” ဟု ၀ါဝါ၀င်း ကုမ္မဏီက တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

    ရပ်ကွက်ရပ်ကျေး ရယ် ကော်မရှင်နဲ့ ညှိပြီး ပိုင်ဆိုင်တာ အမှန်ဆိုလျှင် ၎င်းကုမ္မဏီမှ နစ်နာကြေး ပေးအပ်ခဲ့ပါသည်။ ထိုကုမ္မဏီမှ နစ်နာကြေးများကို ၂၀၁၂ ခုနှစ်ကတည်းကပေးဆောင်ခဲ့ရာ ယခုဆိုလျှင် စုစုပေါင်း ဧက ၈၀ လောက်သာကျန်ရှိတော့ကြောင်း သိရှိရပါသည်။