Tag: M-Media
-
စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ်စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်မှ ကံထူးရှင် မဲပေါက်သူများစာရင်း
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှုအဖြစ် တယ်လီဖုန်း ငွေဖြည့်ကဒ်များ လက်ဆောင်ပေးအပ်မည့် အစီအစဉ်တရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်ကြေညာခဲ့ပါတယ်။အစီစဉ်မှာပါဝင်သည့်အတိုင်း စည်းကမ်းချက်များနှင့် ကိုက်ညီသူများကို စိစစ်ပြီး ၄င်းတို့ အနက်မှာ ကံထူးသူ (၂၀)ဦးအား Computer Program ဖြင့် Random ရွေးချယ်ခဲ့ပါတယ်။ဆုရရှိသူ (၂၀)ဦး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။1 Md Abdullah2 လူဆိုး လူဆို3း Mingalar House4 Naing Wynn5 Shahidar Su Mon6 Ko Bobo7 နေ ရထား8 Shine Khant Zin9 Khinmaung Gyi10 Zaw Ko Tun11 Kyawmyinttun Tun12 Mariah Aktar13 တွတ် တွတ်14 Myat Myat Htwe15 Linkhit Deno16 Maung Maung17 Aleaxandar Sain18 Royal Tin Myint19 Najmul Husaini20 Nyein Chan Aungစာရင်းမှာ ပါဝင်သူများ အသုံးပြုသည့် ဆင်းကဒ်အမျိုးအစားကို ဆက်သွယ်မေးမြန်းပြီး ငွေဖြည့်ကဒ် (၅၀၀၀) တန်ကို M-Media မှ အမြန်ဆုံးပေးအပ်သွားမည်ဖြစ်ပါတယ်။(နာမည်စာရင်းမှာ ပါဝင်သူများ အနေဖြင့်လည်း Message box မှ တဆင့် မိမိတို့ အသုံးပြုတဲ့ ဆင်းကဒ်အမျိုးအစားကို ပြောကြားပေးနိုင်ပါတယ်။)ယခု အစီအစဉ်မှာ ပါဝင်ခဲ့ပေးခဲ့ကြသူများနှင့် စာဖတ်ပရိတ်သတ်များ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ -
အခမဲ့ ကြော်ငြာ အစီအစဉ်
M-Media မှ တင်ဆက်လျက်ရှိသော Online Media Platform များ၌
စီးပွားရေးများအတွက် အခမဲ့ ကြော်ငြာများ ၂၀၁၇ ဒီဇင်ဘာလကုန်အထိ
ထည့်သွင်းပေးသွားပါမည်။
–
စိတ်ဝင်စားသူများအနေဖြင့် အသေးစိပ်ကို Facebook Page Message Box မှ ဖြစ်စေ
editor@m-mediagroup.com သို့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။
–
အောက်ဖော်ပြ လုပ်ငန်းကြော်ငြာ များ လုံးဝ လက်မခံပါ။
————————————
၁။ အရက်၊ ဘီယာ၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ လိင်မှုရေးရာ ဆက်စပ်သည့်
လုပ်ငန်းများ၊ လူကုန်ကူးမှုနှင့် ညိစွန်းသည့် လုပ်ငန်းများ၊
–
၂။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် ဆန့်ကျင်သည့် လုပ်ငန်းများ
–
၃။ လူမျိုးရေး၊ ဘာသာရေး ပုတ်ခတ်စော်ကားပြီး၊ အမုန်းစကား ဖြန့်ဝေသည့်
စာအုပ်စာပေ၊ ရုပ်ရှင် နှင့် မီဒီယာ ကြော်ငြာများ၊ -
M-Media တည်ထောင်ခြင်း ၇ နှစ်ပြည့် အထိမ်းအမှတ် စာဖတ်ပရိတ်သတ်သို့ ကျေးဇူးတုံ့ပြန်မှု အစီအစဉ်
၂၀၁၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ သတင်းမီဒီယာ ဝါသနာပါတဲ့ လူငယ်တချို့ စုပေါင်းပြီး M-Media လို့ ဖြစ်တည်လာမယ့် မီဒီယာကို အပျော်တမ်း မီဒီယာတစ်ခုအဖြစ်မှ စတင်၍ တည်ထောင်ဖြစ်ခဲ့ပါတယ်။
.
M-Media ဟာ လာမည့် ၂၀၁၇ သြဂုတ်လ ၁၂ ရက်နေ့ဆိုရင် ၇ နှစ် ပြည့်ပါပြီ။
.
M-Media ကို အစဉ်တစိုက် အားပေးခဲ့တဲ့ စာဖတ်ပရိတ်သတ်အတွက် နှစ်ပတ်လည် အခါသမယမှာ ကျေးဇူးတုံ့ပြန်ဖို့ အစီအစဉ်လေးတခု စီစဉ်ထားပါတယ်။
.
M-Media စာဖတ်ပရိတ်သတ်များမှ ကံထူရှင်(၂၀) ဦးကို ရွေးချယ်ပြီး (၁) ဦးလျှင် (၅၀၀၀) ကျပ်တန်ဖိုးရှိ တယ်လီဖုန်း ငွေဖြည့်တစ်ကဒ်စီ ချီးမြှင့်ပြီး ကျေးဇူးတုံ့ပြန်သွားပါမယ်။
.
ကံထူးရှင်ဖြစ်ဖို့အတွက်ကတော့ အောက်ဖော်ပြပါအချက်(၂) ချက်ကို ဆောင်ရွက်ပြိး ကံစမ်းနိုင်ပါတယ်။
.
၁။ ယခု ပိုစ်ကို Like လုပ်ပေးရပါမယ်။ (Share လုပ်ပေးစရာမလိုပါ ။ လုပ်ပေးရင်တော့ အထူးကျေးဇူးတင်ပါမယ်။)
.
၂။ M-Media ရဲ့ Facebook Page ကို Like လုပ်ထားပြီး See First ယူထားရပါမည်။ See First လုပ်ထားတဲ့ Screen Shot ကို ယခုပိုစ်ရဲ့ Comment တင်ပေး၍သော် လည်းကောင်း၊ M-Media ရဲ့ Facebook Page Message Box ကို Private Message ပေးပို့၍ သောလည်းကောင်း ပြုလုပ်ပေးရပါမည်။
.
သြဂုတ်လ (၁၂) ရက် မြန်မာစံတော်ချိန် ည (၁၂) နာရီ အထိသာ နောက်ဆုံး ပါဝင်ကံစမ်းနိုင်ပါတယ်။
.
ဖော်ပြပါ စည်းကမ်းချက်တွေ အတိုင်းဝင်ရောက်ကံစမ်းသူများအနက်မှာ ကံထူးရှင်(၂၀) က Random ရွေးချယ်ပြီး သြဂုတ်လ(၁၃) ရက်၊ တနင်္ဂနွေနေ့ ည (၈) နာရီ (မြန်မာစံတော်ချိန်) မှာ ကံထူးရှင်စာရင်းကို ကြေညာပေးသွားပါမယ်။
.
** မှတ်ချက် – ပြည်တွင်းပြည်ပ မည်သည့် နေရာတွင် မဆို နေထိုင်သည့် M-Media စာဖတ်ပရိတ်သတ်များ ပါဝင်နိုင်ပါတယ်။Website မှ ဝင်ရောက်ဖတ်ရှုသူများ ပါဝင်ကံစမ်းရန် ယခု Link ကို နှိပ်ပါ။
-
M-Media သတင်းများကို Instant Articles ၀န်ဆောင်မှုဖြင့် ဖတ်ရှုနိုင်ပြီ။
အောက်တိုဘာ ၂၄ ၊ ၂၀၁၆
M-Media
M-Media ဝဘ်ဆိုဒ်မှ မှ နေ့စဉ် သတင်းများကို Facebook ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်အောင် လုပ်ဆောင်ထားပါတယ်။Instant Articles ဆိုတာ Smart Phone များဖြင့် Facebook App အသုံးပြုစဉ် လင့်ခ်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါ Facebook app အတွင်းက browser (သို့) အခြားမိုဘိုင်း ဘရောက်ဆာနဲ့ ဖွင့်ပြီး၊ တခြားဝက်ဘ်ဆိုဒ်ထဲကို ဆွဲခေါ်သွားမှာမဟုတ်ဘဲ၊ Facebook ထဲမှာတင် web စာမျက်နှာတစ်ခုလုံး တန်းပေါ်လာမှာဖြစ်ပါတယ်။ Web စာမျက်နှာတစ်ခုကို load လုပ်ဖို့ ကြာချိန်တွေ မရှိတော့ဘဲ၊ သတင်းတိုက်ရိုက်တန်းဖတ်နိုင်မယ့် ၀န်ဆောင်မှုဖြစ်ပါတယ်။ စောင်ဆိုင်းရမယ့် အချိန်သက်သာသွားမှာ ဖြစ်သလို Data သုံးစွဲမှု လျော့သွားတဲ့အတွက် ပိုက်ဆံ သက်သာစေမှာလဲဖြစ်ပါတယ်။
Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်တဲ့ သတင်းလင့်ခ် တွေကတော့ လင့်ခ်တစ်ခုရဲ့ ခေါင်းစီးပုံညာဘက်ထောင့်မှာ ဒီလင့်ခ်က Instant Articles ဖြစ်ကြောင်း မိုးကြိုးသွားပုံလေး ပြပေးထားမှာဖြစ်ပါတယ်။
ဒါအပြင် Instant Articles ၀န်ဆောင်မှု မှာ မိမိတို့ ဖွင့်ဖတ်တဲ့သတင်းကို အလွယ်တကူ ထပ်ဆင့်မျှဝေနိုင်တဲ့ ဝန်ဆောင်မှုတွေ Facebook က ထည့်သွင်းပေးထားပါတယ်။
M-Media ရဲ့ သတင်းတွေကို ဦးဦးဖျားဖျား ဖတ်ရှုလိုလျင် M-Media Facebook Page ကို Like လုပ်ထားပြီး See First လုပ်ထားဖို့ တိုက်တွန်းပါတယ်။
Instant Articles ၀န်ဆောင်မှု ဖတ်လို့အောင် လုပ်ဆောင်ထားတဲ့ M-Media သတင်းတွေကို ဖတ်ရှုရာမှာ အခက်အခဲရှိရင် Message Box မှ တဆင့် စာပို့၍ လည်းကောင်း၊ ပိုစ်များအောက်မှာ ကော်မန့် ရေးသား၍ အကြောင်းကြားနိုင်ပါတယ်။
-
လုပ်ဆောင်ချက် အသစ်များ ပါဝင်သည့် M-Media Android App Version အသစ်
ဇွန် ၂၃ ၊ ၂၀၁၅
M-MediaM-Media မှ တင်ဆက်ပေးနေသတင်းများကို Android Smart ဖုန်းများမှ တဆင့် ဖတ်ရှုနေတဲ့ စာဖတ် ပရိတ်သတ် အတွက် လုပ်ဆောင်ချက် အသစ်များဖြင့် အဆင့်မြှင့်ထားတဲ့ M-Media Android Application အသစ်ကို ဖြန့်ဝေလိုက်ပါပြီ။
Version 2.0 မှာ လုပ်ဆောင်ချက် အသစ်များပါဝင်ပြီး ဖုန်းတွေမှာ မြန်မာဖောင့် မရှိခဲ့ရင်လည်း ဖတ်ရှုနိုင်အောင်ဆောင်ရွက်ပေး ထားပါတယ်။
Android 3.0 နှင့် အထက် Smart Phone များတွင် အသုံးပြုနိုင်ပြီး Google Play ကနေ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါတယ်။
M-Media Android app Update (သို့) Download လုပ်ရန် [2.29 MB]
———————————————-
Play Store Link =>https://play.google.com/store/apps/details?id=com.app.news.mmedia.
Apk Version လိုချင်သူများအတွက်
_______________________
Drop Box => https://dl.dropboxusercontent.com/u/401039/playstore/Mmedia.apk
App Box => https://app.box.com/s/gj1aotaxfsk7chq51uoyc0j34r7tvxs3M-Media Android application ကို M-Media အဖွဲ့မှ နည်းပညာရှင် လူငယ်များ ကိုယ်တိုင် စုပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ပြီး စိတ်ချ ယုံကြည်စွာ အသုံးပြုနိုင်ကြောင်း အာမခံပါတယ်။
ယခင် M-Media App Version 1.0 သွင်းထားသူများ Update လုပ်ရန် လမ်းညွှန်
နဂို Version 1.0 သွင်းထားပြီးသူများ အတွက်တော့ Play Store ကတဆင့် Update လုပ်ရုံပါဘဲ။ Play Store မှ Update ပြုလုပ်ပုံ အဆင့်ဆင့်အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။
** မင်နီပြထားသည့်များကို အဆင့်တိုင်းမှာ နှိပ်သွားရန်
M-Media Android App Version 2.0 ပါဝင်တဲ့ လုပ်ဆောင်ချက် အသစ်များ
______________________________________________
မြန်မာ- အင်္ဂလိပ် ဗားရှင်း ၂ ခုစလုံးအတွက် Website မှာတင်သမျှသတင်းများအပြင် Facebook Page များမှာတင်သည့် ပိုစ်များကိုပါ App ထဲမှ ဖတ်ရှုနိုင်အောင် စုစုပေါင်း သတင်းအပိုင်းမှာ Channel ၃ ခု ထည့်သွင်းပေးထားပါတယ်။
M-Media မြန်မာဗားရှင်းအတွက် Channel ၂ ခု ပါရှိပါတယ်။ M-Media အင်္ဂလိပ်ဗားရှင်းအတွက် Channel
၁ ခု ပါရှိပါတယ်။M-Media 1(MM) နှင့် M-Media 2(MM) မှာ သတင်းများ အတူတူသာဖြစ်ပြီး ရည်ရွယ်ချက်မှာ အကြောင်း အမျိုးမျိုးကြောင့် ပင်မ သတင်းဆိုဒ်ဖြင့် ချိတ်ဆက်ထားသည့် M-Media 1(MM) ဖတ်ရှု၍ မရခဲ့လျှင် အခြား တခုဖြစ်သော M-Media 2 (MM) မှ ဖတ်ရှုနိုင်ရန် အတွက်ဖြစ်ပါတယ်။
ပုံမှန်အနေအထားတွင် Data မစားစေရန် M-Media 1(MM) တခုကို ဘဲ ဖွင့်ထားရင် လုံလောက်ပါတယ်။ Channel ၃ ခု အနက်မှ မိမိတို့ ပိတ်ထားလိုသည့် Channel များကိုလည်း အောက်ဖော်ပြပါ ပုံအတိုင်း စိတ်ကြိုက်ရွေးချယ်ပြီး ပိတ်ထားနိုင်ပါတယ်။
M-Media YouTube (ရုပ်သံ)
__________________
M-Media YouTube Chanel မှ ရုပ်သံ သတင်းနှင့် မှတ်တမ်းများကို Youtube website ကို သွား၍ ကြည့်ရှုစရာလိုဘဲ M-Media App တွင် တိုက်ရိုက် ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ရုပ်သံများကို ကြည့်ရှုတဲ့ အချိန်မှာတော့ အင်တာနက် Connection လိုအပ်မှာဖြစ်ပါတယ်။
Public Holidays အစိုးရရုံးပိတ်ရက်များ (မြန်မာ-စင်္ကာပူ)
________________________________
အစိုးရ ရုံးပိတ်ရက်များကို ပြက္ခဒိန် သီးသန့်ကြည့်စရာမလိုဘဲ M-Media App ကို အသုံးပြုရုံဖြင့် အလွယ်တူ သိရှိနိုင်အောင် ထည့်သွင်းတဲ့ လုပ်ဆောင်ချက်အသစ်ပါ။ လတ်တလောမှာတော့ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ရဲ့ အစိုးရရုံး ပိတ်ရက်များကြည့်ရှုနိုင်ပါတယ်။ သတိပြုရမယ့် အချက်တခုကတော့ တချို့ပိတ်ရက်တွေဟာ ပုံသေ သတ်မှတ်ထားတာ မဟုတ်တဲ့ အတွက် တနှစ်ကုန်သွားပြီး နှစ်သစ်ရောက်သွားရင် Update List ဖြစ်ဖို့ အတွက် Online Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။Useful Apps (အသုံးတည့်ပြီး ရေပန်းစားသော Apps များ)
__________
ဒီအပိုင်းကတော့ အသုံးတည့်ပြီး လူသုံးများတဲ့ Android App များကို ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ အချိန်အခါလိုက်ပြီး ပြောင်းလဲနေတဲ့ ရေပန်းစားသော App များကို မကြာခဏ ဆိုသလို Update လုပ်ပေးသွားမှာဖြစ်လို့ Latest Update List ကိုရရှိနိုင်ဖို့ အင်တာနက် Connection ရှိနေတဲ့အချိန် Refresh လုပ်ပေးဖို့ လိုအပ်ပါတယ်။App settings အပိုင်း စိတ်ကြိုက်ပြု ပြင်ခြင်း
______________________________
No-1
သူလိုလို Update ဖြစ်စေမယ့် No-2 ကို ပိတ်ထား၊ ဖွင့်ထားလိုလျင် ပြုလုပ်ရမယ့် အပိုင်းဖြစ်ပါတယ်။No-2
App မဖွင့်ထားဘဲ အချိန် ဘယ်လောက် အကြာမှာ တခါ သူအလိုလို refresh ဖြစ်နေအောင် လုပ်ထားတဲ့ အပိုင်းပါ။ ပုံ(၂) အတိုင်း မိမိစိတ်ကြိုက်ပြင်နိုင်ပါတယ်။ ဥပမာ ၈ နာရီလုပ်ထားမယ်ဆိုရင်ဖြင့် ၈ နာရီတွင်း ပိုစ်အသစ်တက်လာရင် App ကို မဖွင့်ထားလည်းပိုစ်အသစ်တင်ဝင်လာကြောင်း notifications အနေနဲ့ ပြပေးမှာဖြစ်ပါတယ်။
No-3
M-Media App ဖွင့်လိုက်လျင် refresh ဖြစ်စေလိုလျင် Check Box ကို နှိပ်ထားရပါ့မယ်။ App ဖွင့်တိုင်းမှာ Internet Connection ရှိနေရင် ပိုစ်အသစ်များ Auto Update လုပ်ပေးပါလိမ့်မယ်။ Automatic refresh မဖြစ်စေချင်ရင်တော့ အမှတ်ခြစ်လေးဖြုတ်ထားရုံပါဘဲ။No-4
Automatic Update (No-2) ကို WiFi Connection ရှိမှ refresh လုပ်ချင်သူတွေ အတွက်ပါ။ မြန်မာပြည်လို Data သုံးသလောက် ပိုက်ဆံပေးရတဲ့ User များ ကုန်ကျစရိတ် ချွေတာနိုင်ထည့်သွင်းထားတာပါ။No-5
ပိုစ် အဟောင်းတွေကို ဘယ် ၂ ရက် သိမ်းထားမလဲ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပုံ(၄) ပါအတိုင်း မိမိတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အသုံးပြုသူများရဲ့ ဖုန်း Storage အနည်းအများလိုက် အလျော့အတင်းပြုလုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။No-6
သတင်းပိုစ်များကို စာလုံးဖောင့် ဆိုဒ် ပြောင်းလို့ရတဲ့အပိုင်းပါ။ စာလုံးကြီးကြီးဖတ်ရမှ အားရသူ စာဖတ်သူများ ပုံမှန် စာလုံးအရွယ်အစားထပ် ၃ ဆ ကြီးပြိး မြင်အောင် လုပ်ထားလို့ရပါတယ်။No-7
ဖုန်းထဲမှာ မြန်မာဖောင့် ရှိပြီးသားဆိုလျင် ဒီအပိုင်းကို ဖြုတ်ထားလို့ရပါတယ်။No-8
သတင်းပိုစ်များမှာ ဓါတ်ပုံဖြုတ်ထားချင်ရင် လုပ်လို့ရတဲ့အပိုင်းဖြစ်ပါတယ်။No-9
သတင်းအသစ်တက်တိုင်း Notification ပြမှာကို မလိုချင်ဘူးဆို ဖြုတ်ထားလို့ရတဲ့အပိုင်းပါ။Android 3.0 အောက် ဖုန်းများအတွက် အဆင်ပြေအောင် သီးသန့် App တခု ထပ်မံပြီး ဖြန့်ဝေပေးသွားဖို့ ရှိပါတယ်။
M-Media ဆိုသည်မှာ
M-Media သည် သတင်းအချက်အလက်နှင့် မီဒီယာကဏ္ဍ ၀ါသနာရှင် လူငယ်တစ်စု ဦးဆောင်နေသော မီဒီယာဖြစ်သည်။ M-Media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်း အဖွဲ့၏သြဇာခံ လက်အောက်ခံ မဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ အမှန်တရားကို သစ္စာစောင့်သိသော မီဒီယာအခုအဖြစ် ကြိုးစားရပ်တည် ဆောင်ရွက်နေသော မီဒီယာတခုဖြစ်ပါသည်။
M-Media ရဲ့ App အသုံးပြုရတာ အခက်အခဲ ရှိရင်သော်လည်းကောင်း၊ အကြံပြုလိုတာ ရှိရင်သော်လည်းကေင်း editor@m-mediagroup.com သို့ ဆက်သွယ်နိုင်ပါသည်။
လေးစားစွာဖြင့်
M-Media ဝိုင်းတော်သားများ