News @ M-Media

M-Media သတင်းများကို Instant Articles ၀န်ဆောင်မှုဖြင့် ဖတ်ရှုနိုင်ပြီ။

အောက်တိုဘာ ၂၄ ၊ ၂၀၁၆
M-Media
instant-articles2
M-Media ဝဘ်ဆိုဒ်မှ မှ နေ့စဉ် သတင်းများကို  Facebook ရဲ့ နည်းပညာအသစ်ဖြစ်တဲ့ Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်အောင် လုပ်ဆောင်ထားပါတယ်။

Instant Articles ဆိုတာ Smart Phone များဖြင့် Facebook App အသုံးပြုစဉ်  လင့်ခ်တစ်ခုကို ကလစ်နှိပ်လိုက်တဲ့အခါ Facebook app အတွင်းက browser (သို့) အခြားမိုဘိုင်း ဘရောက်ဆာနဲ့ ဖွင့်ပြီး၊ တခြားဝက်ဘ်ဆိုဒ်ထဲကို ဆွဲခေါ်သွားမှာမဟုတ်ဘဲ၊ Facebook ထဲမှာတင် web စာမျက်နှာတစ်ခုလုံး တန်းပေါ်လာမှာဖြစ်ပါတယ်။ Web စာမျက်နှာတစ်ခုကို load လုပ်ဖို့ ကြာချိန်တွေ မရှိတော့ဘဲ၊ သတင်းတိုက်ရိုက်တန်းဖတ်နိုင်မယ့် ၀န်ဆောင်မှုဖြစ်ပါတယ်။ စောင်ဆိုင်းရမယ့် အချိန်သက်သာသွားမှာ ဖြစ်သလို Data သုံးစွဲမှု လျော့သွားတဲ့အတွက် ပိုက်ဆံ သက်သာစေမှာလဲဖြစ်ပါတယ်။

Instant Articles ၀န်ဆောင်မှု ဖြင့် ဖတ်ရှုနိုင်တဲ့ သတင်းလင့်ခ် တွေကတော့ လင့်ခ်တစ်ခုရဲ့ ခေါင်းစီးပုံညာဘက်ထောင့်မှာ ဒီလင့်ခ်က Instant Articles ဖြစ်ကြောင်း မိုးကြိုးသွားပုံလေး ပြပေးထားမှာဖြစ်ပါတယ်။

ဒါအပြင် Instant Articles  ၀န်ဆောင်မှု မှာ မိမိတို့ ဖွင့်ဖတ်တဲ့သတင်းကို အလွယ်တကူ ထပ်ဆင့်မျှဝေနိုင်တဲ့ ဝန်ဆောင်မှုတွေ Facebook က ထည့်သွင်းပေးထားပါတယ်။

M-Media ရဲ့ သတင်းတွေကို ဦးဦးဖျားဖျား ဖတ်ရှုလိုလျင် M-Media Facebook Page ကို Like လုပ်ထားပြီး See First လုပ်ထားဖို့ တိုက်တွန်းပါတယ်။

Instant Articles  ၀န်ဆောင်မှု  ဖတ်လို့အောင် လုပ်ဆောင်ထားတဲ့ M-Media သတင်းတွေကို ဖတ်ရှုရာမှာ အခက်အခဲရှိရင် Message Box မှ တဆင့် စာပို့၍ လည်းကောင်း၊ ပိုစ်များအောက်မှာ ကော်မန့် ရေးသား၍ အကြောင်းကြားနိုင်ပါတယ်။