News @ M-Media
Tag: malaysia
  • စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ
    ဧပြီ ၂၁၊ ၂၀၁၈
    M-Media
    ဆွီဒင်မှ နာမည်ကြီး ဒီဂျေ တင်မ်ဘာလင်း
    မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုမလုပ်တော့
    ==============
    နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ထပ်လုပ်မှာမဟုတ်ဘဲ နျူလက်နက် စမ်းသပ်တဲ့နေရာကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်မှာ ကြေငြာလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်နဲ့ ထရမ့်တို့ဟာ မကြာခင်မှာ တွေ့ဆုံဖို့ရှိနေပြီး မနေ့ကလည်း ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတတို့အကြား တိုက်ရိုက် ဖုန်းလိုင်းတစ်ခုကို တပ်ဆင်ခဲ့ပါတယ်။
    လက်နက်ကိုင်ခွင့်ကိစ္စအတွက် ကန်ကျောင်းသားများ ဆန္ဒထပ်ပြ
    =================
    လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို အစိုးရက ပြုပြင်ပြောင်းလဲမှု မရှိသေးတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေဟာ မနေ့မနက်ပိုင်း ၁၀ နာရီတိတိအချိန်မှာ ကျောင်းခန်းတွေထဲကနေ အပြင်ကိုထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီလ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ လူ ၁၇ ဦးသေဆုံးတဲ့ သေနတ်ပစ်မှုအပြီး ဒုတိယအကြိမ်မြောက် ကျောင်းခန်းအပြင်ထွက် ဆန္ဒပြမှု ဖြစ်ပါတယ်။
    နာမည်ကျော် ဆွီဒင်ဒီဂျေ အိုမန်တွင် သေဆုံး
    ===================
    ဂီတလောကမှာ Avicii လို့သိကြတဲ့ ဆွီဒင်က နာမည်ကျော် ဒီဂျေသမား တင်မ်ဘာလင်းကို အိုမန်မြို့တော် မူစကတ်က တိုက်ခန်းတစ်ခုမှာ မနေ့နေ့လယ်ပိုင်းက သေဆုံးလျက် တွေခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ တင်မ်ဘာလင်းဟာ ဂီတထူးချွန်ဆု မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဘာ့ကြောင့်သေဆုံးရလဲဆိုတာ မထုတ်ပြန်သေးပါဘူး။
    မသန့်ရှင်းသည့် တရုတ်ငါးသေတ္တာဗူးများကို မလေးနှင့် အင်ဒိုတို့ပိတ်
    ===============
    ဗူးထဲမှာ သန်ကောင်အသေတွေ တွေ့ခဲ့တာကြောင့် တရုတ်နိုင်ငံထုတ် ငါးသေတ္တာနှစ်မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ Fujian Yongfa နဲ့ Dongshan Dongyi Foods ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ငါးသေတ္တာတွေဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပြဿနာကြောင့်ပဲ တရုတ်ထုတ် ငါးသေတ္တာ ၃ မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းခဲ့ပါတယ်။
    Ref: CNA, Aljazeera
  • မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား
    မလေးရှားတွင် IS နှင့်ဆက်နွယ်သူ ၄ ဦး ထွက်ပြေးနေပြီး အန္တရာယ်ရှိသည်ဟု အစိုးရက ကြေငြာထား
    ဧပြီ ၁၆၊ ၂၀၁၈
    M-Media
    ထွက်ပြေးလွတ်မြောက်နေသူများ
    – ရဲတပ်ဖွဲ့ကို ပြန်ပေးဆွဲ သတ်ဖြတ်ဖို့နဲ့ မွတ်စလင်မဟုတ်သူတွေရဲ့ ၀တ်ပြုရာနေရာတွေကို တိုက်ခိုက်ဖို့ ကြံစည်မှုမှာ ပါဝင်ပြီး IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်သူ ၄ ဦးကို လိုက်ရှာနေတယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
    ဖေဖော်ဝါရီ ၂၇ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အတွင်း ဂျိုဟိုးပြည်နယ်က အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဟာ IS အဖွဲ့ခွဲက လူ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ၄ ဦးက ထွက်ပြေးလွတ်မြောက်နေပြီး အန္တရာယ်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
    အဲဒီထဲက နှစ်ယောက်ဟာ ကလန်တန်းပြည်နယ်က မလေးရှားနိုင်ငံသား အသက် ၂၉ နှစ်အရွယ် မိုဟာမက် ဖိုက်ဇဲလ် မိုဟာမက် ဟန်နဖီနဲ့ သူ့ရဲ့ဖခင် အသက် ၅၁ နှစ်အရွယ် မိုဟာမက် ဟန်နဖီ ယာဟ် ဆိုသူတွေ ဖြစ်ပါတယ်။ နောက်တစ်ယောက် အသက် ၃၁ နှစ်အရွယ် မလေးရှားနိုင်ငံသား နူရ် ဖာရ်ခန်း မိုဟာမက် အီဆာ ဖြစ်ပြီး ဂျိုးဟိုးကဖြစ်တယ်လို့ ဆိုပါတယ်။
    စတုတ္ထမြောက်တစ်ယောက် ထိုင်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် အဝေ ဝေအီယာဆိုသူ ဖြစ်ပါတယ်။
    ရဲတပ်ဖွဲ့က ဒီ လူတွေကို တွေ့ရှိရင် နီးစပ်ရာ ရဲစခန်းကို သတင်းပေးဖို့ ပြည်သူလူထုကို အသိပေးထားပြီး၊ သူတို့ကို ကူညီတာ၊ ဖွက်ပေးထားတာမျိုး လုပ်မယ်ဆိုရင်တော့ ၇ နှစ်ကနေ နှစ် ၃၀ အထိ ထောင်ချခံရမယ်လို့ ဆိုပါတယ်။
    Ref: CNA
  • ပြည်သူတွေကို ရင်းဂစ်တစ်သန်းကျော်ဖိုး ဒါနပြုတဲ့ မလေးရှား အိမ်ရှေ့မင်းသား
    ပြည်သူတွေကို ရင်းဂစ်တစ်သန်းကျော်ဖိုး ဒါနပြုတဲ့ မလေးရှား အိမ်ရှေ့မင်းသား
    ဧပြီ ၁၃၊ ၂၀၁၈
    M-Media
    ရှော့ပင်းစင်တာသို့ ရောက်လာသည့် မင်းသား အီဘရာဟင်
    – မလေးရှားနိုင်ငံ ဂျိုးဟိုးပြည်နယ်ရဲ့ အိမ်ရှေ့မင်းသား တွန်ကူ အစ္စမေးလ် ဆူလ်တန် အီဘရာဟင်ဟာ ဗုဒ္ဓဟူးနေ့ညက ရှော့ပင်းစင်တာတစ်ခုကို လာရောက်ကာ ပြည်သူတစ်ဦးချင်းစီကို ရင်းဂစ် ၃၀၀၀ (မြန်မာငွေ ၁၀ သိန်းနီးပါး) ဖိုးအထိ ဒါနပြုခဲ့တယ်လို့ သိရပါတယ်။
    မင်းသားဟာ AEON Tebrau ရှေ့ပင်းစင်တာကို ည ၇ နာရီလောက်မှာ ဇနီးဖြစ်သူ ချီပွမ်ခါလီဒါ ဘူစတာမန်နဲ့အတူ ရုတ်တရက် ရောက်ရှိလာခဲ့တာဖြစ်ပြီး စုစုပေါင်း ရင်းဂစ် ၁ သန်းကျော်လောက် လှူဒါန်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
    ဈေးဝယ်သူ တစ်ဦးစီဟာ တွန်းလှည်း ၃ စီးလောက်အထိ ပစ္စည်းတွေ ရရှိသွားခဲ့ကြပြီး ဆန်၊ ဆီ၊ အသီးအနှံ၊ အသီးအရွက် ဂျုံနဲ့ လက်ဖက်တွေက ၀ယ်ယူမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
    မင်းသား အီဘရာဟင် ဒီလို လှူဒါန်းနေတယ်ဆိုတဲ့ သတင်းတွေ ပြန့်နှံ့သွားတဲ့အတွက် ရှော့ပင်းစင်တာထဲ လူတွေ ထပ်ဝင်လာတာကြောင့် ည ၈ နာရီမှာ စင်တာကို ပိတ်ပစ်ခဲ့ရပါတယ်။
    မင်းသားရဲ့ ဒါနပြုမှုနဲ့ပတ်သက်တဲ့ ပုံတွေလည်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီရှော့ပင်းစင်တာဟာ ကြာသာပတေးနေ့အထိ ပိတ်ထားဆဲပါ။
    မင်းသား အီဘရာဟင်က သူ့အနေနဲ့ ပြည်သူတွေကို ချစ်ခင်တဲ့အတွက် ဒီလို လှူဒါန်းတာဖြစ်တယ်လို့ Johor Southern Tigers ရဲ့ Facebook စာမျက်မှာ ရေးသားခဲ့ပါတယ်။
    “ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက် မဟုတ်ဘူး။ မဲလည်းမလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ပြည်သူတွေကို ကျွန်တော် တကယ်ချစ်တယ်။ ဂျိုဟိုးပြည်သူတွေနဲ့ အမြဲတမ်းအတူ ရှိနေမှာပါ။ ကျွန်တော်ဟာ ဂျိုးဟိုးကိုချစ်သူ ဖြစ်ပါတယ်”
    မင်းသားဟာ လက်ရှိအစိုးရကိုသာ ယုံကြည်ပြီး အတိုက်အခံတွေစကားကို နားမထောင်ဖို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပြီးတဲ့နောက် မလေးရှားပြည်သူတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူက သူ့ရဲ့ ကိုယ်ပိုင်အမြင်ကိုသာ ပြောကြားတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
    Ref: CNA
  • ရိုဟင်ဂျာကိစ္စက ဒေသတွင်း ဆိုးဝါးသည့်လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်နိုင်သည်ဟု မလေးဝန်ကြီးချုပ် သတိပေး
    ရိုဟင်ဂျာကိစ္စက ဒေသတွင်း ဆိုးဝါးသည့်လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်နိုင်သည်ဟု မလေးဝန်ကြီးချုပ် သတိပေး
    မတ် ၁၈၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာဟာ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆိုးဆိုးဝါးဝါးခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ယမန်နေ့မှာ အာဆီယံနိုင်ငံတွေကို သတိပေးလိုက်ပါတယ်။
    ဆစ်ဒနီမှာ ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နာဂျစ်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး မျှော်လင့်ချက်မဲ့နေတဲ့၊ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ လူတွေဟာ IS လို အစွန်းရောက်အဖွဲ့တွေရဲ့ သားကောင် ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
    ဒီကိစ္စဟာ မြန်မာပြည်တွင်းရေးကိစ္စသာ မဟုတ်တော့ဘူးလို့ သူက ပြောပါတယ်။
    “ရိုဟင်ဂျာလူမျိုးတွေ ထိခိုက်ခံစားရတာ၊ ဒေသတစ်ဝှမ်းကို ထွက်ပြေးရတာတွေကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဒီပြဿနာကို ပြည်တွင်းရေးသက်သက်အဖြစ် ယူဆလို့ မရတော့ပါဘူး။ နောက်ပြီး ဒေသတွင်းမှာ ဆိုးရွားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ့် အလားအလာတွေ ရှိနေတာကြောင့် ဒီကိစ္စကို လူ
    သားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စလောက်အနေနဲ့သာ ကြည့်လို့မရပါဘူး။ အနာဂတ်အတွက် မျှော်လင့်ချက်မရှိဘဲ စိတ်ထောင်းကိုယ်ကျေနေတဲ့သူ ထောင်နဲ့ချီရှိနေတဲ့ ရခိုင်ပြည်နယ်ဟာ အစွန်းရောက်အောင်လုပ်ဖို့၊ ISနဲ့ သူတို့အပေါင်းအပါတွေက လူသစ်စုဆောင်းဖို့ ကောင်းမွန်တဲ့နေရာ ဖြစ်လာပါလိမ့်မယ်”
    ပြီးခဲ့တဲ့နှစ်နှောင်းပိုင်း ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးခဲ့ရပါတယ်။
    ဒီစစ်ဆင်ရေးအတွင်းမှာ စစ်တပ်ဟာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး မြန်မာအစိုးရနဲ့ စစ်ခေါင်းဆောင်တွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
    နာဂျစ်က ဖိလစ်ပိုင်တောင်ပိုင်းနဲ့ ထိုင်းတောင်ပိုင်းတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို ထောက်ပြပြီး မြန်မာနိုင်ငံက ရခိုင်ပြည်နယ်ကိစ္စမှာ မျှတပြီး၊ ရေရှည်ခံမယ့်အဖြတစ်ခု ရှာဖွေရေး ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    ဒေသတွင်း မြင့်တက်လာတဲ့ အစွန်းရောက်တွေရဲ့ ခြိမ်းခြောက်မှုတွေကို နီးနီးကပ်ကပ် ပူးပေါင်း ဟန့်တားသွားဖို့လည်း နာဂျစ်က အာဆီယံ ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
    Ref: CNA
  • မလေးရှားအစိုးရက ပြည်သူ ၇ သန်းကို ထောက်ပံ့ကြေးပေးမည်
    မလေးရှားအစိုးရက ပြည်သူ ၇ သန်းကို ထောက်ပံ့ကြေးပေးမည်
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media
    – တိုင်းပြည်အတွင်းက ၀င်ငွေနည်းတဲ့လူ့အဖွဲ့အစည်းတွေကို ကူညီတဲ့အနေနဲ့ ပြည်သူ ၇ သန်းကို ငွေသား မလေးရင်းဂစ် ၆.၃ ဘီလီယံ (ကန်ဒေါ်လာ ၁.၆၁ ဘီလီယံ) ထောက်ပံ့ပေးဖို့ မလေးရှားအစိုးရက စီစဉ်နေပါတယ်။
    1Malaysia People’s Aid (BR1M) အစီအစဉ်နဲ့ ဒီထောက်ပံ့ကြေးကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ စတင်ကာ ၃ ရစ်ခွဲ ပေးသွားမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး မိုဟာမက် အစ်ရ်ဝမ် ဆရီဂါ အဘ်ဒူလာဟ်က တနင်္ဂနွေနေ့က အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
    “ဥပမာအားဖြင့် ထောက်ပံ့ကြေးအတွက် အကျုံးဝင်တဲ့သူတွေဟာ ရင်းဂစ် ၁၂၀၀ ရရှိမှာဖြစ်ပြီး ၄၀၀ ကို အရင်ပေးကာ၊ ကျန်တာကို ဒုတိယအရစ်၊ တတိယအရစ် စသဖြင့် ခွဲပေးမှာ ဖြစ်ပါတယ်”
    BR1M အစီအစဉ်ကို ၂၀၁၂ ခုနှစ်မှာ ၀န်ကြီးချုပ် နာဂျစ်က စတင်ခဲ့တာဖြစ်ပြီး တစ်လ ရင်းဂစ် ၃၀၀၀ အောက်ရရှိတဲ့ အိမ်ထောင်စုတွေကို ရင်းဂစ် ၅၀၀ စီ ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ မှာ ထောက်ပံ့ကြေးဟာ ၁၀၀၀ ဖြစ်လာပြီး အခုနှစ်မှာ ၁၂၀ ဖြစ်လာတာပါ။
    တနင်္ဂနွေနေ့က အခမ်းအနားမှာ ၀န်ကြီးချုပ်နာဂျစ်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိက၀တ်တွေကို ၉၇.၆ ရာခိုင်နှုန်း ဖြည့်ဆည်းပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
    မလေးရှားဟာ အခုနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲလုပ်ဖို့ ရှိနေပြီး ၀န်ကြီးချုပ် နာဂျစ်ဟာ နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ခဲ့ပါတယ်။ နာဂျစ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။
    Ref: CNA