News @ M-Media

Tag: malaysia

  • နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို မလေးရှားဖမ်းဆီး

    နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို မလေးရှားဖမ်းဆီး

    ဒီဇင်ဘာ ၂၂၊ ၂၀၁၇
    M-Media

    – နိုဝင်ဘာလကုန်မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း လျှို့ဝှက်စစ်ဆင်ရေးများတွင် နိုင်ငံခြားသားများအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၂၀ ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု မလေးရှားက ရဲချုပ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ဖမ်းဆီးရမိသူများတွင် ဖိလစ်ပိုင် ၇ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အာဖရိကန်တစ်ဦးတို့ ပါဝင်ပြီး အင်ဒိုနီးရှားမှ တစ်ဦးနှင့် ဖိလစ်ပိုင်မှတစ်ဦးတို့မှာ ၎င်းတို့နိုင်ငံတွင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုသည်။

    ဒီဇင်ဘာ ၁၀ ရက်နေ့က ဆာဘားပြည်နယ်တွင် ပြုလုပ်သည့် စစ်ဆင်ရေးတွင် ဖိလစ်ပိုင်တောင်ပိုင်း၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားသည့် အသက် ၁၆ နှစ်မှ ၄၇ နှစ်အကြား မလေးရှားနိုင်ငံသား ၆ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၅ ဦးတို့အား ဖမ်းဆီးနိုင်ခဲ့ပြီး လတ်တလော စစ်ဆင်ရေးများတွင် အကြီးမားဆုံး ဖြစ်သည်။

    ဂျိုဟိုးတွင် ဖမ်းဆီးရမိခဲ့သည့် အသက် ၂၄ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသားမှာ IS သစ္စာခံသည်ဟု ကြေငြာထားသည့် JAD စစ်သွေးကြွအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်ဟု ယုံကြည်ရပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒုန်းပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုတွင် ပါဝင်သည်ဟုလည်း သံသယဖြစ်ခံထားရသည်။

    JAD မှာ ၂၀၁၆ ခုနှစ်က ဂျကာတာတွင် ဖြစ်ပွားခဲ့သည့် Starbucks ကဖေး ဗုံးခွဲမှု၊ ယခုနှစ်မေလက ဘတ်စ်ကားဂိတ် ဖောက်ခွဲမှုတို့ကို ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သည်။

    ဖိလစ်ပိုင်မှ အဘူဆယက်ဖ်အဖွဲ့ ASG နှင့် အဆက်အသွယ်ရှိသည့် အသက် ၅၀ အရွယ် ဖိလစ်ပိုင်နိုင်ငံသားတစ်ဥိးကို ကွာလာလမ်ပူတွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ မလေးရှားတွင် လူသစ်စုဆောင်းရန် ကြိုးစားနေသည်ဟု ယုံကြည်ရသည်။

    Ref : CNA

  • ဒေါ်နယ်ထရမ့်မှာ အနိုင်ကျင့်ရေးသမား လူသွမ်းတစ်ဦးဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    ဒေါ်နယ်ထရမ့်မှာ အနိုင်ကျင့်ရေးသမား လူသွမ်းတစ်ဦးဟု မလေးဝန်ကြီးချုပ်ဟောင်းပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ‘နိုင်ငံတကာ အနိုင်ကျင့်ရေးသမား’ နှင့် ‘လူသွမ်း’ တစ်ဦးဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ယနေ့တွင် ပြောကြားလိုက်ပြီး ဂျေရုစလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုမှုကို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    ကွာလာလမ်ပူရှိ အမေရိကန်သံရုံးရှေ့တွင် ပြုလုပ်သည့် ချီတက်ဆန္ဒပြမှုတွင် အသက် ၉၃ နှစ်အရွယ် မဟာသီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ထရမ့်၏ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်မှုက ‘အကြမ်းဖက်ဝါဒဆီ ဦးတည်သွားမည်’ ဟုလည်း သတိပေးခဲ့သည်။

    “ဒီကနေ့ နိုင်ငံတကာ အနိုင်ကျင့်ရေးသမားတစ်ယောက် ရှိလာပြီ။ ထရမ့်ရေ – ခင်ဗျားနဲ့ တန်ရာလူရှာပါ။ ဒီ (ဂျေရုစလင်) အစီအစဉ်ဟာ မွတ်စလင်တွေကို ဒေါသထွက်စေတာပဲ ဖြစ်လိမ့်မယ်။ အမေရိကန်သမ္မတဖြစ်နေတဲ့ လူသွမ်းကြီးကို ကျွန်တော်တို့အားလုံးရဲ့ အင်အားတွေသုံးပြီး ဆန့်ကျင်ရပါမယ်”

    ထို့ပြင် မွတ်စလင်နိုင်ငံများအနေဖြင့် အစ္စရေးနှင့် အဆက်အသွယ်ဖြတ်ရန်လည်း မဟာသီက တိုက်တွန်းခဲ့သည်။

    ထရမ့်မှာ ကုလ၏ ဆုံးဖြတ်ချက်များနှင့် နိုင်ငံတကာဥပဒေကို ဆန့်ကျင်ကာ ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ပြီးခဲ့သည့်တစ်ပတ်တွင် ကြေငြာခဲ့ပြီး ကုလနှင့် ကမ္ဘာ့ခေါင်းဆောင်များက ဆန့်ကျင်ခဲ့သည်။

    ထို့ပြင် ပါလက်စတိုင်းပိုင်နက်များနှင့် ကမ္ဘာတစ်ဝှမ်းတွင် ထိုလုပ်ရပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်။

    မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကလည်း မွတ်စလင်ခေါင်းဆောင်များအနေဖြင့် ထရမ့်၏ အစီအစဉ်ကို လက်မခံရန် တိုက်တွန်းခဲ့ပြီး လာမည့် သောကြာနေ့တွင် ပူထရာဂျာယာ၌ ၎င်းဦးဆောင်ကာ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်။

    Ref: CNA

  • ဂျေရုစလင်အတွက် လိုအပ်လျှင် စစ်တပ်အဆင်သင့်ဟု မလေးရှားပြော

    ဂျေရုစလင်အတွက် လိုအပ်လျှင် စစ်တပ်အဆင်သင့်ဟု မလေးရှားပြော

    ဒီဇင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်ကိစ္စနှင့် ပတ်သက်၍ လိုအပ်လာပါက တာဝန်ထမ်းဆောင်ရန် မလေးရှား စစ်တပ်မှာ အဆင်သင့်ရှိနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန်က ပြောကြားလိုက်သည်။

    “ဘယ်လိုဖြစ်နိုင်ချေမျိုးအတွက်မဆို ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်။ မလေးရှား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး ခေါင်းဆောင်ပိုင်းရဲ့ ညွှန်ကြားချက်ကိုသာ စောင့်နေတာပါ။ ဒီပြဿနာဟာ တိုက်ရခိုက်ရတဲ့အထိ ဖြစ်မလာဖို့ ဆုတောင်းကြပါ” ဟု ဟီရှာမူဒင်၏ ပြောကြားမှုကို မလေးရှား သတင်းဌာန Bernama က ဖော်ပြခဲ့သည်။

    ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုစလင်အား အစ္စရေး၏ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ ထရမ့်ကို ရှုတ်ချမှုများ၊ ထိုဆုံးဖြတ်ချက်အား ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    ဟီရှာမူဒင်က ထရမ့်၏ ထိုလုပ်ရပ်မှာ မွတ်စလင်ကမ္ဘာတစ်ခုလုံးကို စော်ကားခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ အမေရိကန်သံရုံးရှေ့တွင် အင်ဒိုနီးရှားပြည်သူ တစ်သောင်းခန့်က ပါလက်စတိုင်းများကို ထောက်ခံကြောင်း ယနေ့တွင် ဆန္ဒပြခဲ့ကြသည်။

    Ref: Aljazeera

  • မြစ်ရေညစ်ညမ်းစေသည့် စက်ရုံများကို မလေးရှား ပိတ်သိမ်း

    မြစ်ရေညစ်ညမ်းစေသည့် စက်ရုံများကို မလေးရှား ပိတ်သိမ်း

    နိုဝင်ဘာ ၂၊ ၂၀၁၇
    M-Media

    ဂျိုဟိုးမြစ်

    – ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှစ၍ ဂျိုဟိုးမြစ်ကို သုံးကြိမ်တိုင် ညစ်ညမ်းစေခဲ့သည့် မွေးမြူရေးခြံတစ်ခုနှင့် ဓာတ်မြေသြဇာစက်ရုံတစ်ခုကို ဂျိုဟိုးအစိုးရက ပိတ်ပစ်လိုက်သည်ဟု သိရသည်။

    ကြက်များ၏ စွန့်ပစ်အညစ်အကြေးများနှင့် ဓာတ်မြေသြဇာတို့မှာ မြစ်အတွင်း အနည်ထိုင်လာကာ မြစ်ရေကို နမိုးနီးယားညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပြီး ညစ်ညမ်းမှုသုံးကြိမ်အနက် နှစ်ကြိမ်မှာ ရေသန့်စင်စက်ရုံများကို ပိတ်ပစ်ရသည်အထိ ဖြစ်စေခဲ့သည်။

    ဂျိုဟိုးအုပ်ချုပ်ရေးကောင်စီဝင် ဟက်စနီ မိုဟာမက်က ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ စင်ကာပူ၏ ရေသန့်စင်စက်ရုံမှာ ညစ်ညမ်းမှုဖြစ်ရာနှင့် ဝေးကွာပြီး အကာအကွယ်များ စီမံထားသောကြောင့် ညစ်ညမ်းမှုဒဏ်ကို အနည်းဆုံး ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    ဂျိုဟိုးမြစ် ညစ်ညမ်းမှုကြောင့် စင်ကာပူနှင့် မလေးရှားကို ရေပေးဝေနေသည့် ရေသန့်စင်စက်ရုံ ၃ ခုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိတ်ပစ်ခဲ့ရသည်။

    Ref : CNA

  • ဘာသာရေးသွေးကွဲမှု တိုင်းပြည်အတွက်မကောင်းနိုင်ဟု မလေးဝန်ကြီးချုပ်ပြော

    ဘာသာရေးသွေးကွဲမှု တိုင်းပြည်အတွက်မကောင်းနိုင်ဟု မလေးဝန်ကြီးချုပ်ပြော

    အောက်တိုဘာ ၂၂၊ ၂၀၁၇
    M-Media

    – ဘာသာလူမျိုးပေါင်းစုံရှိတဲ့ မလေးရှားမှာ မွတ်စလင်သီးသန့် အ၀တ်လျှော်ဆိုင်ဆိုပြီး လုပ်လာတာကို မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ရှုတ်ချလိုက်ပြီး ဒီလို သွေးကွဲမှုမျိုးဟာ တိုင်းပြည်အတွက်မကောင်းဘူးလို့ ပြောကြားလိုက်ပါတယ်။

    မနေ့က ကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့ ၂၀၁၇ ခုနှစ် မလေးရှားတရုတ်လူငယ်များညီလာခံမှာ နာဂျစ်က ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “ဒီလိုသွေးကွဲမှုကို ကျွန်တော် လက်မခံပါဘူး။ မွတ်စလင်တွေအတွက် သီးသန့် အ၀တ်လျှော်ဆိုင်ဆိုတာမျိုး ဖြစ်လို့မရပါဘူး။ ဒါမှားတယ်လို့ ကျွန်တော်ထင်ပါတယ်”

    တိုင်းပြည်အတွင်းမှာ သွေးကွဲမှုတွေမဖြစ်စေမယ့် ရွေးချယ်မှုမျိုးကိုတော့ လုပ်လို့ရတယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

    “ကိုယ်ကြိုက်တာကိုယ်ရွေးတာက ရပါတယ်။ ဟာလာလ်မဟုတ်ဘူးလို့ ထင်တာကြောင့် လူတစ်ယောက်က စားသောက်ဆိုင်တစ်ခုကို မသွားဘူးဆိုရင် ဒါဟာ သူ့ဆုံးဖြတ်ချက်ပါ။ မွတ်စလင်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် ယုံကြည်ချက် စည်းကမ်းတွေရှိတယ်။ ဒါပေမယ့် ဒါတွေကို မွတ်စလင်မဟုတ်သူတွေအပေါ် သတ်မှတ်လို့ မရပါဘူး” လို့ နာဂျစ်က ပြောကြားခဲ့ပါတယ်။

    အခုလအစောပိုင်း ဂျိုဟိုးပြည်နယ်က အ၀တ်လျှော်ဆိုင်တစ်ခုဟာ မွတ်စလင်သီးသန့်ဆိုတဲ့ ဆိုင်းဘုတ်တပ်ပြီးတဲ့နောက်ပိုင်း မလေးရှားနိုင်ငံတစ်ဝှမ်းမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

    ဘာသာစုံ၊ လူမျိုးစုံ သဟဇာတဖြစ်မှုကို ပျက်ဆီးစေတဲ့ ဒီလုပ်ရပ်အတွက် ဂျိုဟိုးပြည်နယ်ဘုရင်က ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ပြီး ဆိုင်းဘုတ်ဖြတ်ကာ ပြန်လည်တောင်းပန်ဖို့၊ ဒါမှမဟုတ်ရင် ပြည်နယ်ကနေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီအ၀တ်လျှော်ဆိုင်ပိုင်ရှင်ဟာ မွတ်စလင်သီးသန့်ဆိုတဲ့ ဆိုင်းဘုတ်ကိုဖြုတ်ကာ သူ့ရဲ့ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။

    နာဂျစ်က သူနဲ့ သူ့အစိုးရအတွက် အဓိကဦးစားပေးဟာ လူမျိုးစုံ၊ ဘာသာစုံ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

    “ခင်ဗျားတို့ရဲ့ဝန်ကြီးချုပ်အနေနဲ့ ကျွန်တော်ဟာ အလယ်အလတ်ကျပြီး၊ ရှေ့ရောက်တဲ့ ပေါ်လစီတွေကို ဆက်လက်ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ တရုတ်လူငယ်တွေကို ပြောကြားခဲ့ပါတယ်။

    နိုင်ငံရေးမှာ ပါဝင်လေ့မရှိတဲ့ မလေးရှား ပြည်နယ်အသီးအသီးက ဘုရင်တွေဟာ မွတ်စလင်သီးသန့်ဆိုတဲ့ အ၀တ်လျှော်ဆိုင်ကိစ္စအတွက် ကြေငြာချက်တစ်စောင် အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ရပ်ကို ရှုတ်ချကြောင်း၊ နိုင်ငံအတွင်းမှာ ဘာသာရေးသည်းမခံနိုင်မှု မြင့်တက်လာတဲ့အတွက် စိုးရိမ်မိကြောင်း၊ ပြည်သူတွေအနေနဲ့ စည်းစည်းလုံးလုံးနေဖို့ တိုက်တွန်းကြောင်း ဖော်ပြခဲ့ပါတယ်။

    Ref: CNA