News @ M-Media

Tag: Man City

  • ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ခရစ္စတီယာနိုရော်နယ်ဒို ပရီးမီးယားလိဂ်သို့ပြန်လာရန် နီးစပ်နေ

    ဩဂုတ် ၂၇၊ ၂၀၂၁
    M-Media

    -ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ မန်စီးတီးအသင်းတို့အကြား အပြီးသတ်သဘောတူညီချက်ရတော့မယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ESPN သတင်းဌာနကို အတည်ပြု ပြောကြားလိုက်ပါတယ်။

    အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ သက်တမ်းတစ်နှစ်သာ ကျန်တော့တာပါ။

    ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ဂျ်မန်ဒက်စ်နဲ့ ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထွက်ခဲ့ပြီး၊ ရော်နယ်ဒိုနဲ့ မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာတို့လည်း ကြာသာပတေးနေ့ မနက်ပိုင်းမှာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

    ရော်နယ်ဒိုက စနေနေ့မှာကစားမယ့် အမ်ပိုလီအသင်းနဲ့ စီးရီးအေပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ ဂျူဗင်တပ်စ်အသင်းကို အကြောင်းကြားထားပါတယ်။ ရော်နယ်ဒိုဟာ နွေရာသီအပြောင်းအရွှေ့ရောက်ရင် ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာမယ်လို့ ဇွန်လမှာ သတင်းထွက်ခဲ့တာပါ။ နွေရာသီအပြောင်းအရွှေ့ဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    ဂျူဗင်တပ်စ်အသင်းက ရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပတ်ဝန်းကျင် လိုချင်နေတာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး၊ ရော်နယ်ဒိုရဲ့ မြင့်မားတဲ့လစာငွေတွေနဲ့ပတ်သက်ပြီး ညှိနှိုင်းရမယ့် ကိစ္စတွေ ရှိနေသေးတယ်လို့ မန်စီးတီးအသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

    ရော်နယ်ဒိုဟာ မန်စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ယူမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီနောက် ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားကာ၊ ၂၀၁၈ ခုနှစ်မှာတော့ ဂျူဗင်တပ်စ်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၂၇၊ ၂၀၂၀
    M-Media

    ဘ၀တွင် တစ်ခါတစ်ရံ မမျှတမှုကို လက်ခံရတတ်သည်ဟု ဘရိုက်တန်နည်းပြ ဖွင့်ဟ

    မနေ့က ​မန်ယူနဲ့ပွဲမှာ အသင်းရဲ့ကစားပုံအတွက် ဂုဏ်ယူမိပြီး ဒီအခြေအနေကို ဆက်ထိန်းသွားဖို့ လိုအပ်တယ်လို့ ဘရိုက်တန်နည်း ဂရေဟမ်ပေါ်တာက ပြောကြားလိုက်ပါတယ်။

    ဘရိုက်တန်ဟာ ဒီပွဲမှာ ကစားပုံကောင်းခဲ့ပေမယ့် နာကျင်အချိန်ပိုက အငြင်းပွားဖွယ် ပင်နယ်တီကြောင့် ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။

    ပေါ်တာက ဒါဟာ နာကျင်ဖွယ်ရာအခြေအနေမျိုးဖြစ်ပြီး မိမိကြောင့်မဟုတ်ဘဲ ဒိုင်လူကြီးကြောင့်သာ ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း၊ ဘ၀မှာ တစ်ခါတစ်ရံ မမျှတတဲ့အခြေအနေမျိုး ကြုံတွေ့ရတဲ့ပြီး မနေ့က ပွဲဟာ ဒီလိုအနေအထားမျိုးဖြစ်ကြောင်း၊ အသင်းကတော့ တိုးတက်လာကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဝက်စ်ဘရွန်းပွဲမှာ သင်ခန်းစာရခဲ့တဲ့ လမ်းပတ်

    မနေ့က ဝက်စ်ဘရွန်းနဲ့ပွဲမှာ သင်ခန်းစာ ကောင်းကောင်းရလိုက်ပြီး အသင်းပိုကောင်းလာအောင် လုပ်ဆောင်စရာ အများကြီးရှိသေးတယ်လို့ ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ပြောကြားလိုက်ပါတယ်။

    ၃ ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲမှာ ဝက်စ်ဘရွန်းက ပထမပိုင်းမှာတင် ၃ ဂိုး သွင်းထားတာပါ။ ဒုတိယပိုင်းရောက်မှ ချယ်ဆီးက ချေပဂိုးရခဲ့ပြီး ပွဲအပြီး နာကျင်အချိန်ပိုဂိုးနဲ့ တစ်မှတ်ခွဲယူနိုင်ခဲ့ပါတယ်။

    လမ်းပတ်က ဒီပွဲမှာ အမှားတွေကြောင့် သူတို့အသင်း ၂ မှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

    ငွေမက်သည့် ဘောလုံးလောကကို မန်စီးတီးနည်းပြ ဝေဖန်

    ဘောလုံးလောကဟာ ကစားသမားတွေကို ဂရုမစိုက်ဘဲ ငွေရဖို့သာ လုပ်ဆောင်နေတယ်လို့ မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ဝေဖန်လိုက်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ရာသီမှာ ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းတာ၊ ရပ်ဆိုင်းတာတွေ လုပ်ခဲ့ရပြီးတဲ့နောက် ဒီနှစ်မှာတော့ ကလပ်အသင်း၊ နိုင်ငံအသင်းပြိုင်ပွဲတွေကြောင့် ပွဲတွေ ခပ်စိပ်စိပ် ကစားရဖို့ ရှိနေပါတယ်။

    ဂွါဒီယိုလာက ဒီနေ့ လက်စတာနဲ့ပွဲအတွက် ကြံ့ခိုင်မှုပြည့်၀တဲ့ စီနီယာကစားသမား ၁၃ ဦးသာရှိကြောင်း ရာသီကြို ၂ ပတ်သာ ပြင်ဆင်ခွင့်ရတဲ့ ကစားသမားတွေဟာ ၃ ရက် ၁ ပွဲနှုန်းနဲ့ ၁၁ လဆက်တိုက် ကစားရတော့မှာဖြစ်ပြီး သူတို့ဟာ စက်ရုပ်တွေမဟုတ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: BBC

  • တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    တနင်္ဂနွေနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၁၃၊ ၂၀၂၀
    M-Media

    တိုက်စစ်မှူးဆာလာဟ်မှာ ထူးရှယ်ကစားသမားဟု ကလော့ပ်ပြော

    တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ ထူးရှယ်ကစားသမားတစ်ဦးဖြစ်ပြီး အနာဂတ်ကာလ အချိန်အတော်ကြာတဲ့အထိ ဒီအတိုင်း ရှိနေလိမ့်မယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်ပါတယ်။ မနေ့က လိဒ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဆာလာဟာ ဟက်ထရစ် သွင်းယူခဲ့ပြီး တက်ဒီရှာရင်ဂမ်ပြီးရင် ၄ ရာသီဆက်တိုက် ရာသီအဖွ့င်ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့ ဒုတိမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ ၁၉၈၈-၈၉ နောက်ပိုင်း အဖွင့်ပွဲစဉ် ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာတာပါ။ နောက်ခံလူ ဗန်ဒိုက်ကလည်း မီဒီယာတွေက ဆာလာဟ်ကို ဝေဖန်နေကြပေမယ့် အသင်းကတော့ ဆာလာဟ်ကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

    အသင်းစွမ်းဆောင်ရည်ကို ဂုဏ်ယူနေတဲ့ လိဒ်နည်းပြ ဘီယဲလ်ဆာ

    လီဗားပူးလ်နဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် အသင်းစွမ်းဆောင်ရည်အတွက် ဂုဏ်ယူမိတယ်လို့ လိဒ်နည်းပြ မာဆယ်လို ဘီယဲလ်ဆာက ပြောပါတယ်။ ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် လိဒ်က ကစားပုံကောင်းခဲ့သလို၊ ဂိုးတွေလည်း အပြန်အလှန်သွင်းနိုင်ခဲ့ပြီး ပွဲပြီးကာနီး ပင်နယ်တီကြောင့်သာ အမှတ်ဆုံးရှုံးခဲ့ရတာပါ။ ဘီယဲလ်ဆာက မိမိတို့ဟာ လီဗာပူးလ်ကို ယှဉ်ကစားနိုင်ခဲ့ပြီး အသင်းရဲ့ တိုးတက်မှုတွေအတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။ တစ်ဂိုးသွင်းပေးခဲ့တဲ့ တိုက်စစ်မှူး ပက်ထရစ် ဘမ်ဖို့ဒ်က ရှုံးနိမ့်ခဲ့ပေမယ့် အသင်းသားတွေအကြား အားရကျေနပ်မှုရရှိပြီး ဒီီပုံစံကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပရီးမီးယားလိဂ်ဖလားကို မန်စီးတီး စိန်ခေါ်နိုင်မည်

    အခုနှစ်ပရီးမီးယားလိဂ်ရာသီသစ်မှာ မန်စီးတီးဟာ ချန်ပီယံဘွဲကို စိန်ခေါ်နိုင်လိမ့်မယ်လို့ တောင်ပံကစားသမားဟောင်း ရှောင် ရိုက်ဖီးလစ်က ​ပြောပါတယ်။ ၂၀၁၈-၂၀၁၉​ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးဟာ မနှစ်က ချန်ပီယံဘွဲကို မကာကွယ်နိုင်ခဲ့ဘဲ လီဗာပူးလ်အသင်းကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ရိုက်ဖီးလစ်က လီဗာပူးလ်ဟာ ဒီနှစ်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပြဿနာကို ကြုံတွေ့ရနိုင်ပြီး၊ မန်စီးတီးရဲ့ ကစားသမား ဝယ်ယူအားဖြည့်မှုက အားရစရာ ကောင်းတာကြောင့် ကွာဟချက်ကို လျှော့ချနိုင်မှာဖြစ်ကြောင်း၊ ချယ်ဆီးကလည်း လီဗာပူးလ်ကို စိန်ခေါ်နိုင်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Goal, BBC

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဖေဖော်ဝါရီ ၃၊ ၂၀၂၀
    M-Media

    ဂျူဗင်တပ်စ်မှာ ဂိုး ၅၀ ပြည့်သွားတဲ့ ရော်နယ်ဒို

    ၂၀၁၈ ခုနှစ်က ရီးယဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ရောက်ရှိလာတဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဖီအိုရင်တီးနားကို ၃ ဂိုးပြတ်နဲ့နိုင်တဲ့ ဒီတစ်ပတ် စီးရီးအေပွဲစဉ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီး ဂျူဗင်တပ်စ်အတွက် ဂိုး ၅၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပွဲ ၇၀ နဲ့ ဒီစံချိန်ကို ရခဲ့တာပါ။ ၂၀၀၅ ခုနှစ်က တိုက်စစ်မှူး ထရာဇီဂေးရထားတဲ့ စီးရီး‌အေ ၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့စံချိန်ကိုလည်း ရော်နယ်ဒိုက လက်ရှိမှာ ရရှိထားပါတယ်။ စီးရီးအေမှာ ရော်နယ်ဒိုဟာ ၁၉ ဂိုးနဲ့ ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရှိနေပါတယ်။ ဂိုး ၅၀ ပြည့်တဲ့အတွက် ဂုဏ်ယူမိတယ်လို့ Twitter စာမျက်နှာမှာ ရော်နယ်ဒိုက ရေးသားခဲ့ပါတယ်။

    ချန်ပီယံလိဂ်ဖလားက ဂွါဒီယိုလာ၏ အောင်မြင်မှုကို ဆုံးဖြတ်မည်

    အသင်းကို ချန်ပီယံလိဂ်ရအောင် မစွမ်းဆောင်ပေးနိုင်ဘူးဆိုရင် ကျရှုံးသူအဖြစ် မှတ်ယူခံရလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် မန်စီးတီးအသင်းကို ရောက်ပြီးကတည်းက ပရီးမီးယားလိဂ် ၂ ကြိမ်အပါအဝင် အဓိကဖလား ၅ လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၃ နှစ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကနေသာ ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အသင်းဟာ အလွန်ကို ကောင်းခဲ့ပေမယ့် ချန်ပီယံလိဂ် မရတဲ့အတွက် ဝေဖန်ခံခဲ့ရတယ်လို့လည်း ဂွါဒီယိုလာက ဆိုပါတယ်။ ၂၀၁၁ ခုနှစ် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့တာဟာ ဂွါဒီယိုလာအတွက် နောက်ဆုံး ဖြစ်ပါတယ်။

    စတာလင်၏ ပြစ်ဒဏ်ကျူးလွန်မှုအပေါ် စိတ်မကွက်ဟု စပါးကွင်းလယ်လူပြော

    မိမိအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ စတာလင်အပေါ် စိတ်ကွက်တာမျိုးမရှိဘူးလို့ စပါးကွင်းလယ်လူ ဒယ်လီအလီက ပြောကြားလိုက်ပါတယ်။ စပါးအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲ မိနစ် ၇၀ မှာ ဘောလုံးလုဖို့ ကြိုးစားရကာနေတစ်ဆင့် စတာလင်ဟာ ပြစ်ဒဏ်ကျူးလွန်မိတာဖြစ်ပါတယ်။ အလီဟာ အဲဒီဒဏ်ရာကြောင့် နောက်ပိုင်းမှာ လူစားလဲခဲ့ရပြီး အသေးစိတ်ကို စပါးအသင်းက ထုတ်ပြန်ခြင်း မရှိပါဘူး။ အလီက စတာလင်ဟာ အခြားသူတစ်ဦးဦးအပေါ် ရည်ရွယ်ပြီး ကျူးလွန်တတ်တဲ့ ကစားသမားမျိုး မဟုတ်တာကို သိရှိထားပြီး မိမိနဲ့လည်း ခင်မင်ရင်းနှီးတယ်လို့ ဆိုပါတယ်။

    Ref: BBC, Daily Mail

  • ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ကြာသာပ‌တေးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၀
    M-Media

    နှစ်ဖက်ပရိသတ်များ၏လုပ်ရပ်ကို မန်ယူနှင့် မန်စီးတီးနည်းပြများ ရှုတ်ချ

    • မနေ့က မန်ချက်စတာ ဒါဘီပွဲမှာ နှစ်ဖက်ပရိတ်သတ်တွေရဲ့ အပြုအမှုအတွက် မန်ယူနဲ့ မန်စီးတီး နည်းပြ ၂ ဦးစလုံးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မန်စီးတီးကွင်းမှာကစားပြီး အဲဒီပွဲဟာ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယကျော့ဖြစ်ပြီး မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ မန်ယူအသင်းက ကစားသမားနဲ့ တာဝန်ရှိသူ ၂၃ ဦး သေဆုံးတဲ့ ၁၉၅၈ ခုနှစ် မြူးနစ်လေယာဉ်ပျက်ကျမှုကို မန်စီးတီးပရိတ်သတ်တွေက အမူအရာနဲ့ လှောင်ပြောင်ခဲ့သလို၊ မန်ယူပရိတ်သတွေကလည်း ပွဲအပြီး မန်စီးတီးပရိသတ်တွေကို ထိုင်ခုံတွေချိုးကာ ပစ်ပေါက်ခဲ့ပါတယ်။ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာက ဒီအဖြစ်အပျက်တွေဟာ ကောင်းမွန်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ပြောကြားခဲ့သလို မန်ယူနည်းပြ ဆိုလ်းရှားကလည်း ဒီလိုအပြုအမူမျိုး ပပျောက်အောင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

    ကစားပုံထက် နိုင်ပွဲက ပိုအရေးကြီးဟု ရီးယဲလ်မက်ဒရစ်နည်းပြပြော

    အသင်းရဲ့ကစားပုံနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေပေမယ့် မိမိရဲ့နည်းစနစ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ဟာ လာလီဂါမှာ နိုင်ပွဲတွေရနေပေမယ့် ကစားပုံမကောင်းမှုအတွက် ဝေဖန်ခံနေရတာပါ။ အထူးသဖြင့် တိုက်စစ်ကစားပုံဖြစ်ပြီး ၂၀၂၀ အတွင်း လာလီဂါမှာ ရီးယဲလ်သွင်းခဲ့တဲ့ ဂိုး ၆ ဂိုးဟာ တိုက်စစ်မှူးတွေ သွင်းယူခဲ့တာ မဟုတ်ပါဘူး။ ဇီဒိန်းကတော့ ကစားပုံလှပဖို့ထက် နိုင်ပွဲတွေကို ဆောင်ကျဉ်းပေးနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    အသင်းပြောင်းရသည့်အကြောင်း စပါးပရိတ်သတ်တွေကို အဲရစ်ဆန်ရှင်းပြ

    စီးရီးအေကို ပြောင်းရွှေ့သွားရတာဟာ အတွေ့အကြုံသစ်ကို လိုချင်လို့ဖြစ်တယ်လို့ စပါးကွင်းလယ်လူဟောင်း ခရစ္စတီယန် အဲရစ်ဆန်က ပြောကြားလိုက်ပါတယ်။ ၂၀၁၃ ခုနှစ်က အေဂျက်ကနေရောက်လာပြီး စပါးမှာ ၆ နှစ်ခွဲကြာ ကစားခဲ့တဲ့ အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး မန်ယူနဲ့ ရီးယဲလ်တို့လို အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ စီးရီးအေကလပ် အင်တာမီလန်းအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အဲရစ်ဆင်က စပါးက အချိန်တွေဟာ ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့ပြီး အနာဂတ်မှာ ပြန်လည်ဆုံစည်းချင်တယ်လို့ ပရိသတ်တွေကို လိပ်မူတဲ့ ဆိုရှယ်မီဒီယာပို့စ်မှာ ရေးသားထားပါတယ်။

    Ref:Goal, BBC