News @ M-Media

Tag: masjid in russia

  • ရုရှားရှိ သမိုင်းဝင် Khan ဗလီဝတ်ကျောင်းတော်အား မွတ်စလင်မ်များ ပြန်လည် ထိန်းသိမ်းခွင့်ရရှိ

    ဒီဇင်ဘာ ၆ ၊ ၂၀၁၃
    M-Media

    mosque_kasimovo
    ရုရှားနိုင်ငံ Ryazan Oblast ပြည်နယ်၏ မြို့တော် Ryazan ရှိ Khan ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဒေသခံမွတ်စလင်မ်များအား တရားရုံးက ပေးအပ်ခဲ့သည်ဟု သိရသည်။

    ထိုဆုံးဖြတ်ချက်အား Ryazan ဒေသ တရားရုံးမှ နိုဝင်ဘာ ၂၇ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်သည်။ Khan ဗလီဝတ်ကျောင်းတော်မှာ အဆိုပါပြည်နယ်၏ ဗိသုကာဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံ၏ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှ တစ်လုံးလည်းဖြစ်သည်။

    ထိုဗလီဝတ်ကျောင်းတော်နှင် မင်နာရာမျှော်စင်တို့အား ၁၅ ရာစုက ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ဘုရင် ပီတာ ၁ အုပ်စိုးချိန်တွင် ထိုဗလီဝတ်ကျောင်းတော်မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၁၈ ရာစုတွင် ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး မင်နာရာမျှောင်စင်အား မူလပုံစံမပျက် ထိန်းသိမ်းထားနိုင်ခဲ့သည်။

    ၁၉၃၈ ခုနှစ်မှစ၍ Khan ဗလီဝတ်ကျောင်းတော်အား Kasimovskiy ခရိုင်ရှိ ဒေသသမိုင်းပြတိုက် အုပ်ချုပ်မှုအဖွဲ့က စီမံထိန်းသိမ်းခဲ့ပြီးနောက် ယခုအချိန်တွင် မွတ်စလင်မ်များအား ထိန်းသိမ်းခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

    Source : islam.ru

  • ရုရှားနိုင်ငံရှိ ၁၉ ရာစုက ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်း တစ်လုံးအား ပြန်လည် တည်ဆောက်ခွင့်ရ

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    nijny_novgorod_yarmarochnaya_mechet

    တော်လှန်ရေးပြီးနောက် ဖြိုဖျက်ခြင်းခံခဲ့ရသည့် ရုရှားနိုင်ငံ  Nizhny Novgorod Oblast ပြည်နယ် Nizhny မြို့ရှိ The Fair mosque ဗလီဝတ်ကျောင်းတော်အား ထိုမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ အထောက်အပံ့ဖြင့် ပြန်လည် တည်ဆောက်တော့မည်ဟု သိရသည်။

    ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန် Volga Kanavinsky ခရိုင် အိုကာမြစ်အနီးတွင် ပြည်နယ် အစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့ပြီး၊ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် အတွက်လည်း ခွင့်ပြု မိန့်ချပေးခဲ့သောကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။  ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ထိုဗလီဝတ်ကျောင်းတော် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း ကျင်းပရန်စီစဉ်ထားသည်။

    Fair Mosque ဗလီဝတ်ကျောင်းတော်အား ပြန်လည် တည်ဆောက်ရေးကိစ္စမှာ လွန်ခဲ့သည့် ၇ နှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု Nizhny မြို့ မွတ်စလင်မ်အသင်း ဥက္ကဌ ဂါရက်ဇ် ဟတ်ဇရတ် ဇာကီရော့ဗ့် ပြောကြားခဲ့သည်။

    Source : islam.ru