News @ M-Media

ရုရှားနိုင်ငံရှိ ၁၉ ရာစုက ဖျက်ဆီးခံခဲ့ရသည့် ဗလီဝတ်ကျောင်း တစ်လုံးအား ပြန်လည် တည်ဆောက်ခွင့်ရ

နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media

nijny_novgorod_yarmarochnaya_mechet

တော်လှန်ရေးပြီးနောက် ဖြိုဖျက်ခြင်းခံခဲ့ရသည့် ရုရှားနိုင်ငံ  Nizhny Novgorod Oblast ပြည်နယ် Nizhny မြို့ရှိ The Fair mosque ဗလီဝတ်ကျောင်းတော်အား ထိုမြို့ရှိ အစ္စလာမ်ဘာသာဝင်များ၏ အထောက်အပံ့ဖြင့် ပြန်လည် တည်ဆောက်တော့မည်ဟု သိရသည်။

ထိုဗလီဝတ်ကျောင်းတော်အား ပြန်လည်ဆောက်လုပ်ရန် Volga Kanavinsky ခရိုင် အိုကာမြစ်အနီးတွင် ပြည်နယ် အစိုးရက မြေနေရာ သတ်မှတ်ပေးခဲ့ပြီး၊ ထိုဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရန် အတွက်လည်း ခွင့်ပြု မိန့်ချပေးခဲ့သောကြောင့်၊ ဆောက်လုပ်ရေး လုပ်ငန်းများကို မကြာမီ စတင်တော့မည်ဖြစ်သည်။  ထို့ပြင် ၂၀၁၈ ခုနှစ်တွင် ကျရောက်မည့် ထိုဗလီဝတ်ကျောင်းတော် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း ကျင်းပရန်စီစဉ်ထားသည်။

Fair Mosque ဗလီဝတ်ကျောင်းတော်အား ပြန်လည် တည်ဆောက်ရေးကိစ္စမှာ လွန်ခဲ့သည့် ၇ နှစ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထိုစဉ်က ရုရှားသမ္မတ မက်ဗီဒက်နှင့် တွေ့ဆုံဆွေးနွေးကာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု Nizhny မြို့ မွတ်စလင်မ်အသင်း ဥက္ကဌ ဂါရက်ဇ် ဟတ်ဇရတ် ဇာကီရော့ဗ့် ပြောကြားခဲ့သည်။

Source : islam.ru

Comments

Leave a Reply