News @ M-Media

Tag: MgThawKa

  • မောင်သော်က (ခ) ဗိုလ်မှူးဘသော်  ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    ဇူလိုင် ၆ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    စာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူများထဲက တစ်ဦးဖြစ်သည့် စာရေးဆရာကြီး မောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်တွင်   Yangon Book Plaza၊ မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    အခမ်းအနားတွင်  ဆရာ မောင်သော်ကနှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများပြောကြားခြင်း၊ စာအုပ်များ ပြသခြင်း၊ ဆရာမောင်သော်က ကဗျာများ ရွတ်ဖတ်ခြင်းတို့နှင့် တက်ရောက်သူတိုင်းကို ဆရာမောင်သော်က အမှတ်တရ မှတ်တမ်းစာအုပ်လေးများ ကမ်းခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

    အခမ်းအနားအစီအစဉ်
    ————————-
    နေ့စွဲ – ၁၁.၆.၁၇
    အချိန် – နေ့လယ် ၁ နာရီ
    နေ့ရာ – Yangon Book Plaza၊ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ ရန်ကုန်။ (၁၇ လမ်းရှိ သံဈေး ၀င်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါသည်)

    မောင်သော်က (ခ) ဗိုလ်မှူးဘသော်  နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/mgthawka

  • မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကျဆုံးတာ (၂၅)နှစ်ပြည့်ပြီ

    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကျဆုံးတာ (၂၅)နှစ်ပြည့်ပြီ

    ဇွန် ၁၁ ၊ ၂၀၁၆
    M-Media
    သီဟ

    mg taw ka

    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။
    .
    ဆရာမောင်သော်က ကျဆုံးခဲ့သည့်မှာ ယနေ့ ဇွန်လ ၁၁ ရက်နေမှာ ၂၅ နှစ် ပြည့်ပြီဖြစ်ပါတယ်။  ဆရာမောင်သော်က ဂုဏ်ပြုသောအား ဖြင့် ဆရာမောင်သော်က အကြောင်းပိုစ်များကို  M-Media စာဖတ်ပရိတ်သက်အား ပြန်လည်မိတ်ဆက်တင်ပြလိုက်ပါတယ်။
    .
    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)
    http://www.m-mediagroup.com/news/4826
    .
    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး
    http://www.m-mediagroup.com/news/3576
    .
    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်
    http://www.m-mediagroup.com/news/5690
    .
    မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်
    http://www.m-mediagroup.com/news/15224
    .
    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”
    http://www.m-mediagroup.com/news/22457
    .
    “မောင်သော်က တမ်းချင်း” (ကဗျာ)
    http://www.m-mediagroup.com/news/28626
    .
    DVB – မောင်သော်က အမှတ်တရ ရုပ်သံမှတ်တမ်း (၂၀၁၆)
    https://youtu.be/WA5t42ULIIk
    .
    DVB – မောင်သော်က ၂၄ နှစ်ရုပ်သံ (၂၀၁၅)
    https://youtu.be/YVLer2eZ_O0
    .
    DVB – မောင်သော်က(ခ) ဗိုလ်မှုးဘသော် (၂၀၁၃)
    https://youtu.be/b9VhnKHhBSs

  • မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် ကျဆုံးခြင်း (၂၃) နှစ်မြောက် အထိမ်းအမှတ်

    ဇွန်လ ၁၀ ၊ ၂၀၁၄
    M-Media
    .ဝေယံ စုစည်းတင်ဆက်သည်။

    စာရေးဆရာ၊ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) ကျဆုံးခြင်း ၂၃ နှစ်မြောက်အထိမ်းအမှတ် ဂုဏ်ပြု
    8888
    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

    ဆရာမောင်သော်က ကျဆုံးခဲ့သည့်မှာ မနက်ဖြန်ဆိုလျင် ၂၃ နှစ် ပြည့်ကို ဂုဏ်ပြုသောအား ဖြင့် ဆရာမောင်သော်က နှင့် ပတ်သတ်သည့် ပိုစ်များကို M-Media စာဖတ်ပရိတ်သက်အား ပြန်လည်မိတ်ဆက်တင်ပြလိုက်ပါတယ်။

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁)

    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး

    ရှိစေချင်တဲ့ ကျွန်တော့် ဦးလေး

    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

    မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်

    မောင်သော်က(ခေါ်)ဗိုလ်မှူးဘသော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အထိမ်းအမှတ်

    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”

    “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”

    “မောင်သော်က တမ်းချင်း” (ကဗျာ)

    “မောင်သော်က တမ်းချင်း” (ကဗျာ)

  • “မောင်သော်က တမ်းချင်း” (ကဗျာ)

    ဇွန်လ ၁၁ ရက်၊ ၂၀၁၄
    M-Media
    .ရေးသူ – ကျော်စွာ
    mg taw ka
    ဆရာ့ကဗျာ
    နားထဲမှာ ကြားယောင်မိသေးတယ်
    ချစ်သူရေ…
    ကိုယ်သေရွာမြန်းခဲ့မှ
    လွမ်းတေးမသီရစ်စေချင်
    ကိုယ့်ခေါင်းရင်းတွင် နှင်းဆီပင်နဲ့
    မပျိုးစေချင်
    အရိပ်စိုးသည့် မိုးမခပင် တဲ့။

    မြန်မာပြည် အလှည့်အပြောင်း
    ဆရာ့ထောင်းထောင်းကြေခဲ့
    စစ်ဘီလူး မိစ္ဆာတွေက
    ဆရာ့ ဇီဝိန်ချွေချလို့။

    ကန်တော်လေး စွန်နီသုသာန်
    မဟုတ်မခံတဲ့ အာဇာနည်
    ကြာကြာကြီးရဲ့ နောက်ဆုံးခရီး
    မျက်ရည်စ ပုဆိုးနဲ့သုတ်လို့
    လူအုပ်ကြား အလေးပြုခဲ့ပြီး
    တော်လှန်ရေးခရီးကြမ်းနှင်တယ်
    ဝိုင်းထမ်းမယ် ရည်ရွယ်ချက်နဲ့။

    ဆရာစိုက်ခဲ့တဲ့ အသီးအပွင့်
    ချင့်ချင့်ချိန် ခြူနေရတုန်းပါလား
    ဒီအချိန်သာ ဆရာရှိရင်
    သရော်စာတွေနဲ့ တိုက်လို့
    လူမိုက်တွေ အရှက်ဗြန်းဗြန်းကွဲ
    ခြေတောင်လှမ်းရဲမယ် မထင်။

    လွမ်းတယ်ဆရာ
    ဆရာ့စာ ဆရာ့ကဗျာတွေ
    ဖတ်ချင်တာ ရှာမရတော့
    ငတ်တာရေ တိုက်တာအက်ဆစ်
    နှစ်ထောင့်ရှစ်က တစ်ခါ
    ပြည်သူကို ထပ်ကာနှစ်လို့
    မတတ်သာစစ်စရိုက်ကို ပြောင်းရမလား
    သတ်သာပစ်လိုက်ဆို တောင်းရမလား။

    ဆရာက
    တော်လှန်ရေးကို ဦးဆောင်
    ဒီမိုကရေစီ ပေါ်အောင်လုပ်လို့
    ထောင်ထဲမှာ သေရတဲ့အဖြစ်
    မြန်မာ့သမိုင်းရဲ့ အညစ်အကြေးတွေ
    ရေမွှေးနဲ့ဆေးလည်း နံနေတုန်းဘဲ။

    ဆရာတင်တဲ့ ရွှေမင်းသမီး
    အော်စကာဆုတွေ တသီကြီးရပြီဘဲ
    ဆရာ့ရွှေဘိုနယ်မှာတော့
    မီးမလင်းသေးပါဘူး
    ဆရာပြောတော့ ဗမာဆို
    ဆရာ့သားစဉ်မြေးစက်ကိုတော့
    မှောင်ခိုဝင်လာ စွပ်စွဲချက်တွေနဲ့။

    ဆရာရေ
    အာဏာရူးတွေက
    အဆီအနှစ်ခွာနေလို့
    ပြည်မနစ်နာစေဘို့
    စားပွဲဝိုင်းမှာ အဖြေရှာတော့လည်း
    ကျွဲပလာတာကျွေးသလို
    ဘာသာရေးကို ခုတုံးလုပ်
    ပြဿနာ ပိုပိုရှုပ်ရအောင်
    မိုက်ရိုင်းလိုက်ပုံများတော့
    ခိုင်းနှိုင်းရမှာ အားနာလို့
    ဆရာသာ အနားမှာရှိရင်
    သရော်စာ ဒီလိုထင်မိတယ်
    မြီးကောက်တဲ့ခွေး။

    ကျော်စွာ
    ၁၀-၆-၂၀၁၄

    (၁၁-၆-၂၀၁၄) တွင် အာဏာရှင်ဆန့်ကျင်ရင်း အင်းစိန်ထောင်၌ ကျဆုံးခြင်း ၂၃နှစ်ပြည့်သော ဆရာမောင်သော်က (ဗိုလ်မှူးဘသော်) ဂျန္နသ်သုခဘုံတွင် စံမြန်းနိုင်ပါစေ….

    စာရေးဆရာ ကဗျာ ဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ – ၁၉၉၁) အကြောင်းပိုစ်များ ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/tag/mgthawka

  • “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့ အကြောင်း”

    လွတ်လပ်ရေးရပြီး နာရီပိုင်းအတွင်း အချုပ်ကျခဲ့သူ ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု တပ်ဖွဲ့မှာ ပါဝင်ခဲ့သူ “ မောင်သော်က ပြောတဲ့ လွတ်လပ်ရေးနေ့အကြောင်း”

    ရေးသူ- မောင်သော်က

    mg taw ka 2

    ကျွန်တော်က မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့အခန်းက ပါဝင်ခွင့်မရခဲ့ပေမယ့် သမိုင်းမှာရစ်သီရစ်သီတော့ပါခဲ့တာချည်းပဲ။ လွတ်လပ်ရေးရတဲ့အချိန်မှာတော့ အနီးကပ်ပါခွင့်ရခဲ့တယ်။ ဘယ်လောက်နီးနီး ကပ်ကပ်ပါခဲ့လို့လဲ။ ကိုက်ငါးဆယ်လောက် နီးကပ်တဲ့နေရာကပါခဲ့တယ်။

    ဒီလိုဗျ၊ လွတ်လပ်ရေးမရခင်အချိန်လေးမှာ ကျွန်တော်က တပ်ထဲရောက်နေပြီ တပ်သားကလေးပေါ့ဗျာ။ မြန်မာပြည်ဘုရင့်ရေတပ်မတော် အရံတပ်ဖွဲ့လို့ ခေါ်တဲ့တပ်မှာပေါ့။ (Burma Royal Navy Volunteer Reserve)လို့ခေါ်တယ်။ နံပြားဦးထုပ်ခေါ်တဲ့ ရေတပ်သားဦးထုပ်မှာ (BURMA R.N.V.R) ဆိုတဲ့ ရွှေချည်ထိုး စာလုံးထိုးထားတယ်။

    အဲဒါ ကျုပ်တို့လည်းတပ်ထဲရောက်ကရော စစ်ရေးပြကွင်းထဲမှာ တစ်နေကုန် စစ်ရေးပြလေ့ကျင့်ရတော့တာပဲဗျို့။ လူကို ချွေးဒီးဒီးကျပြီး ဖတ်ဖတ်မောရော။ ဒီလောက် တောင် စစ်ရေးပြကွင်းမှာ အမောင်းခံတဲ့ အကြောင်းက ၁၉၄၈ ဇန်န၀ါရီ ၄ ရက်နေ့မှာ ကျုပ်တို့က ဂုဏ်ပြုတပ်ဖွဲ့ အနေနဲ့ ပါရမယ်။ ခုဝန်ကြီးများရုံးလို့ခေါ်တဲ့ အတွင်းဝန်ရုံး အတွင်းမှာပေါ့။ ကျုပ်တို့ တပ် ဖြစ်တဲ့ ရတနာပုံရေတပ်စခန်းက ယခင်စိန်ပေါလ်ကျောင်းခေါ်တဲ့ ကျောင်းတွင်းမှာ တပ်စွဲထားတုန်း ရှိသေးတယ်။

    အဲဒီနေ့နံနက် ၄နာရီ မိနစ် ၂၀ မှာ နှစ်ပေါင်း တစ်ရာကျော် မြန်မာ့မြေပေါ်မှာ လွှင့်ထူခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ယူနီယံဂျက်အလံကို ဆွဲချပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအလံတော်ကို ပထမဆုံးလွှင့်တင်မယ်။ အဲဒီအခမ်းအနားရဲ့ ဂုဏ်ပြုတပ်ဖွဲ့မှာ ကျုပ်တို့ပါခဲ့ရတယ်။ အလံကိုင်နဲ့ ကျုပ်တို့တပ်ဖွဲ့ဟာ ကိုက်ငါးဆယ်လောက်ပဲဝေးပါတယ်။

    ၁၉နှစ်သား လူငယ်တစ်ယောက် အနေနဲ့ဘယ်လို ခံစားရ မလဲ။ မြန်မာပြည်ရဲ့ နောက်ဆုံးဘုရင်ခံ ဆာဟူးဘတ်ရန့်စ်လည်းရှိနေတယ်။ ရန်ကုန်ဆိပ်ကမ်းတွင်းမှာ အလံနှင့်တကွ သူ ပြည်တော်ပြန်ဖို့ ဘာကင်ဟမ် စစ်သင်္ဘောကြီးကလည်း အသင့်စောင့်နေတယ်။ ကျုပ်ကချာတိတ်ပါ။ ဒါပေမယ့် သေနတ်မြှောက် အလေးပြုနေတဲ့အခိုက်မှာ ဘင်ခရာအဖွဲ့ က ဂေါ့ဆေ့ဗ်သကင်း (God Save The King) သီချင်းတီးမှုတ်ပြီး ဗြိတိသျှအလံကို တစ်ဖြည်းဖြည်းဆွဲချည်နေတော့ ကျုပ်ရင်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ သက်ဆိုင်သူ ဆာဟူးဘတ်ရန့်စ်ဆို ဘယ်လိုခံစားရမယ် မသိဘူး။ ဗြိတိသျှအင်ပါယာ နေ၀င်စပြုပြီ လို့ပဲ ကျုပ်ခံစားမိတယ်။

    နောက်ပြီး သေနတ်ထမ်း၊ ဟိုတုန်းကတော့ အင်္ဂလိပ်လို (Shoulder Arm) လို့ပဲ အမိန့်ပေးတယ်။ ဆာဟူးဘတ့်ရန့်စ်လက်ကို ယူနီယံဂျက်အလံပေးအပ်လိုက်တယ်။ အင်္ဂလိပ်အလံကို ဘာကင်ဟမ် စစ်သင်္ဘောက ရေတပ်သားတွေဆွဲချ တယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံကို ဗမာ့ရေတပ်မတော်သားများက လွှင့်ထူတယ်။ လွှင့်တင်တဲ့ ရေတပ်သားကတော့ ကျွန်တော်မှတ်ထားတာ မလွဲရင် တပ်ကြပ်ကြီး အချက်ပြ စောဂွမ်စိန်ပါ။ နောင်တော့ ဗိုလ်ကြီးစောဂွမ်စိန်ဖြစ်လာတယ်။

    ကမ္ဘာမကြေတီးပြီး မြန်မာ့အလံကို ဆွဲတင်တဲ့အခါမှာ ကျွန်တော်တို့ က သေနတ်မြှောက်အလေးပြု (Present Arm) အနေအထားမှာနေရတယ်။ ကျွန်တော့်ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ကြည်နူးမှုနဲ့ ရင်တသိမ့်သိမ့်တုန်ပြီး အလေးပြုရင်း မျက်ရည်တွေတွေ ကျမိတယ်ဗျာ။

    မြန်မာပြည်ရဲ့ ပထမဆုံးသမ္မတကြီး စပ်ရွှေသိုက်က မိန့်ခွန်းမြွတ်ကြားတယ်။ ကျွန်တော်တော့ ရင်ဝယ်တသိမ့်သိမ့် ခံစားနေရလို့ ဘာတွေပြောသွားမှန်းတောင် မသိလိုက်ပါဘူး။ အခမ်းအနားပြီးတာနဲ့ စစ်ကြောင်းပုံပြု ချီတက်ပြီး တပ်ပြန်ခဲ့ကြတယ်။ လွတ်လပ်တဲ့ ဗမာ့ရေတပ်မတော်အနေနဲ့ စစ်ချီလမ်းလျှောက်ရတာ အရသာရှိလိုက်တာဗျာ။

    တပ်ရောက်တော့ မိုးတောင်ကောင်းကောင်းမလင်းတတ်သေးဘူး။ ဝေလီဝေလင်းမှာ စပယ်ရှယ် ရမ် ရာရှင်ဝေတယ်ဗျာ။ သောက်ကြတာပေါ့။ ကောင်းတာတော့ မပြောနဲ့၊ နံ့သာပုငှက်ပျောသီးနံ့ကသင်းနေသေးတယ်။ သောက်ပြီး ပျော်လွန်းအားကြီးလို့ သေနတ်တွေ မိုးပေါ်ထောင်ဖောက်ကြတယ်။ ဗလာကျည် မဟုတ်ဘူးဗျ။ ထိပ်ဖူးနဲ့ကျည်တွေကိုဖောက်ကြတာ။ ကင်းရုံက ကင်းသမားတွေလည်းပါတယ်။ ကင်းမှူးကဆိုခြောက်လုံးပြူးကို တဒိုင်းဒိုင်း ဖောက်တော့တာပဲ။

    လွတ်လပ်ရေးရတာ ပျော်လို့ပေါ့ဗျာ။ ဒါမှမဟုတ် လွတ်လပ်ရေး သမိုင်းတစ်လျှောက်မှာ ပါဝင်ခဲ့ကြတဲ့ အသက်ပေးခဲ့ကြတဲ့ အာဇာနည်များကို ဂုဏ်ပြုတဲ့အနေနဲ့ပေါ့ဗျာ။ ဘယ်သူ့အမိန့်မှ မရဘဲ ဖောက်ကြတာ။ အဲဒါ ဘယ်သူ့ကျည်ဆံကသွားမှန်သလဲတော့မသိဘူးဗျာ။ ကောင်းကင်ဓာတ်မီးကြိုးထိပြီး ပြတ်ကျသွားလို့ တပ်ဝန်းတစ်ခုလုံး မှောင်အတိကျသွားတော့တယ်။

    ဘာဖြစ်ရမလဲ။ တာဝန်မှူးထွက်လာပြီး သေနတ်ဖောက်တဲ့ အကောင်တွေ အားလုံးကို ကွာတားဂတ်ခေါ်တဲ့ အချုပ်ခန်းထဲသွင်းတော့တာပေါ့။ နံနက် ခြောက်နာရီလောက်မှာ ကွာတားဂတ်ထဲ လူနှစ်ဆယ်လောက် ပြည့်သွားတာပဲ။ဘယ်နေလိမ့်မလဲပါတာပေါ့။ ကျုပ်လက်ထဲမှာ ယမ်းငွေ့တလူလူ ထွက်နေတဲ့ ရိုင်ဖယ်ကြီးနဲ့ လက်ပူး လက်ကြပ်ကို မိတာပါပဲဗျာ။ ဒါကြောင့် မြန်မာပြည်လွတ်လပ်ရေးရလျှင်ရချင်း လွတ်လပ်ရေးရ တာ ပျော်လို့ အချုပ်ခံခဲ့ရသူဟာ ကျွန်တော်ပါပဲ။ လွတ်လပ်ရေးရပြီး နှစ်နာရီ အတွင်းမှာ အချုပ်ခန်းထဲ ရောက်ခဲ့ရပါတယ်။

    တာဝန်မှူးကတော့ သူ့တာဝန်သူ ဆောင်ရွက်တာပေါ့ဗျာ။ နောက် ၁၀ နာရီလောက်မှာ ဗိုလ်မှူးသန်းဖေ ( ဗိုလ်ချုပ်သန်းဖေကွယ်လွန်) ရောက်လာပြီး ‘ ဟေ့ ဟိုခွေးမသားလေးတွေ လွတ်လပ်ရေးရတာနဲ့ မင်းတို့က ဘာလို့ သေနတ်ဖောက်ရတာလဲ။ ငါ နရင်းတီးလိုက်ရ သွားချေးယိုးဒယား ကသွားရော့မယ်။ အခု အချုပ်ခန်းထဲကထွက်၊ မက်စ်မှာ ရမ်ဝေနေတယ်။ သွားသောက်ကြ၊ မူးပြီးသေနတ်လည်း မဖောက်ကြနဲ့ဦး’ လို့ပြောပြီး အချုပ်ကလွှတ်လိုက်တယ်။

    ရုံးတင်ပြီး အရေးလည်းမယူခဲ့ဘူး။ သူအားရပါးရဆဲပြီးရင် ပြီးတာပါပဲ။ အဲဒီ အဘိုးကြီးကျေးဇူး ကျွန်တော့် အပေါ်မှာ အများကြီးရှိပါတယ်။ ဒါ့ကြောင့် လွတ်လပ်ရေးနေ့ ရောက်ရင် ကျွန်တော် ငိုချင်တယ်လို့ ပြောတာပါ။ အဲဒါထက်ထူးခြားတာက နောက်ပိုင်းများမှာ နိုင်ငံခြားတိုင်းပြည်ရောက်နေတဲ့ အခိုက် လွတ်လပ်ရေးနေ့နဲ့များ ကြုံကြိုက်ရင် ကိုယ့်တိုင်းပြည်သိပ်လွမ်းမိ တယ်။ နိုင်ငံခြားရောက် မြန်မာများကလည်း အဲဒီနေ့မှာ စုစုဝေးဝေး ကျင်းပကြတယ်။

    ဘယ်သူ့ကိုလိုနီမှ မဖြစ်ခဲ့ဖူးရင် လွတ်လပ်ရေးနေ့ဆိုတာ မရှိနိုင်ဘူး။ အင်္ဂလိပ်လွတ်လပ်ရေးနေ့မရှိ၊ ပြင်သစ်မှာလည်း လွတ်လပ်ရေးနေ့ မရှိဘူး၊ ကိုလိုနီမဖြစ်ခဲ့ဖူးရင် အချုပ်အခြာအာဏာရဲ့ အရသာကို မသိနိုင်ဘူး။

    မှတ်ချက်။ ။
    ပန်မဂ္ဂဇင်း ဇန်န၀ါရီလ ၁၉၈၈
    မောင်သော်က၏ ညနေခင်းများ စာစုမှ ပြန်လည်ကောက်နုတ်တင်ပြထားတာပါ။

    (ပီတာအောင်) ဇန်န၀ါရီလ ၄ ရက် ၂၀၁၄
    ဟစ်တိုင်မှ တဆင့် ကူးယူဖော်ပြပါသည်။

    မူရင်းလင့် =>http://www.hittai.org/?show=rm&fileid=195&t=home7&id=7
    =======================
    သရော်စာ အရေးကောင်းသူ စာရေးဆရာ မောင်သော်က (ခ) ဗိုလ်မှူးဘသော် (ရေ)(ခ) နူရ်းမာမက် သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် စတင်ဖွဲ့စည်းတည်တောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ဗဟိုကော်မတီ ပါတီဝင်တဦးအဖြစ်လဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

    စာရေးဆရာ မောင်သော်က အကြောင်းပိုစ်များ ဖတ်လိုလျှင် http://www.m-mediagroup.com/news/tag/mgthawka