News @ M-Media

Tag: MH 370

  • MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

    မတ် ၈၊ ၂၀၁၅
    M-Media

    plane 3

    – ပြီးခဲ့သည့်နှစ် မတ်လက ပျောက်သွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 ၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို လေယာဉ်ပေါ် ပါသွားကြသူများ၏ ကျန်ရစ်သူ မိသားစုများက ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ကျန်ရစ်သူမိသားစုများ ဖွဲ့စည်းထားသည့် Voice 370 အဖွဲ့မှာ မလေးရှားမြို့တော် ကွာလာလမ်ပူရှိ ရှော့ပင်းမောလ်တစ်ခုတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

    ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား လမ်းတွင် ပျောက်ဆုံးခဲ့သည့် အဆိုပါလေယာဉ်ကို ရှာဖွေမှုမှာ တစ်နှစ်ရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့် သဲလွန်စမှ တွေ့ရှိရခြင်း မရှိသေးပေး။ အဆိုပါ ရှာဖွေမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရက ယနေ့တွင် ကြားဖြတ် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန် ရှိနေသည်။

    ရှာဖွေမှုများကို လုပ်ဆောင်နေသည့် မလေးရှား၊ တရုတ်နှင့် သြစတေးလျ နိုင်ငံများကမူ အဆိုပါ လေယာဉ်မှာ တောင်အိန္ဒိယသမုဒ္ဒရာတွင် ပျက်ကျသွားသည်ဟု သံသယရှိနေပြီး ရှာတွေ့လိ့မ်မည်ဟုလည်း ယုံကြည်နေသည်။

    “အဖြေနဲ့ အပျက်အစီးအပိုင်းအစလိုမျိုး တိကျတဲ့သက်သေ မရှိခြင်းက ဒါကိုပြောဖို့ ပိုပြီး ခက်ခဲစေပါတယ်။ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့မှာ ရှိနေတဲ့ အထောက်အထား အနည်းငယ်နောက်ကို ဆက်လိုက်သွားမှာပါ။ မလေးရှားအနေနဲ့ ရှာဖွေမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး MH 370 ကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

    ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်မှာ မတော်တဆ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူအားလုံးလည်း သေဆုံးသွားပြီဟု မှတ်ယူကြောင်း မလေးရှားအစိုးရက ဇန်န၀ါရီနှောင်းပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကျန်ရစ်သူမိသားစုများကမူ အဆိုပါ သတင်းထုတ်ပြန်မှုအတွက် ကျေနပ်ခြင်း မရှိကြပေ။

    Ref: Aljazeeraa

  • MH 370 ပါ ခရီးသည်၏ သားနှစ်ယောက် လေကြောင်းလိုင်းနှင့် အစိုးရကို တရားစွဲ

    MH 370 ပါ ခရီးသည်၏ သားနှစ်ယောက် လေကြောင်းလိုင်းနှင့် အစိုးရကို တရားစွဲ

    နိုဝင်ဘာ ၂ ၊ ၂၀၁၄
    M-Media
    img_5453b60f594af
    – ပြီးခဲ့သည့်မတ်လက ပျောက်ဆုံးသွားသော MH 370 လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ မလေးရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သားနှစ်ယောက်က မလေးရှား လေကြောင်းလိုင်းနှင့် အစိုးရတို့အား တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ဂျီဂျင်ဟန်ဟု အမည်ရသော စီးပွားရေးလုပ်ငန်းရှင်၏ သားများက ၎င်းတို့၏ ဖခင်မှာ ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဘေးအန္တရာယ် ကင်းစွာ သွားရောက်ရန် တန်ရာတန်ကြေးပေးကာ  မလေးရှား လေကြောင်းလိုင်းနှင့် သဘော တူညီချက် ရယူခဲ့ခြင်းဖြစ်ပြီး လေကြောင်းလိုင်းက ထိုသဘောတူညီချက်ကို ချိုးဖောက်ခဲ့သောကြောင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မလေးရှားလေကြောင်းလိုင်းအပြင် မလေးရှာ အစိုးရ၊ အရပ်ဘက်လေကြောင်းဆိုင်ရာ တာဝန်ရှိသူများ၊ မလေးရှား လူဝင်မှုကြီးကြပ်ရေး ဌာနတို့ကိုလည်း ၎င်းတို့ နှစ်ဦးက ပေါ့လျော့မှုဖြင့် တရားစွဲဆိုခဲ့သည်။

    တရားစွဲဆိုမှုမှာ ဆိုးရွားသော ထိုအဖြစ်အပျက် အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနှင့် ပျက်ဆီးဆုံးရှုံးမှုများ အတွက် အထောက်အပံ့ မပေးမှု စသည်တို့အတွက် တရားဆွဲဆိုခဲ့ခြင်းဖြစ်သည်။

    မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား ပျောက်ဆုံးသွားခဲ့သည့် MH 370 တွင် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားခဲ့သည်။အဆိုပါ အဖြစ်အပျက်မှာ အရပ်ဘက်လေကြောင်းသမိုင်းတွင် အထူးဆန်းဆုံး လေယာဉ်ပျောက်မှုကြီးလည်းဖြစ်ကာ ယခုအချိန်အထိ ရှာဖွေလျက်ရှိနေသည်။

    ref_ ဆင်ဟွာ

  • မလေး လေကြောင်းလိုင်းက လေယာဉ် ပျောက်ဆုံးမှု နောက်ဆက်တွဲ သတင်း

    မတ်လ ၈ ရက်၊ ၂၀၁၄
    M-Media

    1947646_671576499551490_619391686_n

    မလေးလေကြောင်းလိုင်းပိုင် မလေး-ဘေဂျင်းသွား MH 370 ခရီးသည်တင်လေယာဉ်ပျောက်ဆုံးနေတာကြောင့် အရှေ့တောင်အာရှနိုင်ငံသားတွေ အားလုံး ရင်တမမနဲ့ သတင်း ထူးခြားချက်တွေကို စောင့်မျှော်ဖတ်ရှုနေကြပါတယ်။

    ဗီယက်နမ်အာဏာပိုင်တွေကတော့ ပင်လယ်ပြင်မှာ ဆီအကွက်တွေ တွေ့ရှိရတာကြောင့် တောင်တရုတ် ပင်လယ်ထဲ လေယာဉ် ပျက်ကျသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

    မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကတော့ လေယာဉ်ပေါ်မှာ လိုက်ပါစီးနင်းသွားတဲ့ ခရီးသည်များရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ နာဂျစ်က မီဒီယာ သမားများနဲ့ တွေ့ဆုံခဲ့ရာမှာတော့ သူ့အနေနဲ့ တစုံတရာကိုမျှ အတိအကျ မပြောနိုင်တဲ့အကြောင်း၊ ဗီယက်နမ် ဘက်ကတော့ သူတို့ရေပိုင်နက်မှာ လေယာဉ်ပျက်ကျ သွားတယ်လို့ ပြောပေမယ့် ဘယ်နေရာမှာ လေယာဉ်ပျက်ကျသွားသလဲဆိုတာ အတိအကျ မထောက်ပြနိုင်သလို လေယာဉ်ပျက်ကျထား တဲ့ အရိပ်လက္ခဏာမျိုးလည်း ပင်လယ်ပြင်မှာ မတွေ့ရတဲ့အကြောင်း စသဖြင့် ပြောဆိုသွားပါတယ်။ ဒါ့ပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဖုန်းဆက်ပြီး အကူ အညီပေးဖို့ ကမ်းလှမ်းတာကိုလည်း လက်ခံရရှိပါတယ်လို့ နာဂျစ်က ပြောဆိုသွားခဲ့ပါတယ်။

    မလေးကနေ တရုတ်ပြည် ဘေဂျင်းကို ထွက်ခွာသွား ခဲ့တဲ့ လေယာဉ်ဟာဆိုရင် အမြင့်ပေ ၃ သောင်းခွဲ အရောက်မှာ မြေပြင်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာတော့ တရုတ်လူမျိုး ၁၅၃ ယောက် (ကလေးငယ်တဦး)၊ မလေးလူမျိုး ၃၈ ယောက်၊ အင်ဒို ၁၂ ယောက်၊ ပြင်သစ် ၃ ယောက်၊ နယူးဇီလန် ၂ ယောက်၊ အမေရိကန် ၄ ယောက်၊ယူကရိန်း ၃ ယောက်၊ ရုရှ ၂ ယောက်၊ အီတလီ ၁ယောက်၊ ထိုင်ဝမ် ၁ ယောက်၊ နယ်သာလန် ၁ ယောက်နဲ့ သြစတြီးယား ၁ ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။

    ဘေဂျင်းလေယာဉ်ကွင်းမှာတော့ လေယာဉ်အတက်အဆင်းပြဇယားမှာ ဆိုက်ရောက်ချိန်ထက် နောက်ကျနေတဲ့ မလေးလေကြောင်းလိုင်းပိုင် ဘိုရင်း ၇၇၇ အမျိုးအစား MH 370 လေယာဉ် အတွက် Delayed (နောက်ကျ) လို့သာ အသိပေးထားပြီး သတင်းလည်း အချိန်တော်တော်ကြာတဲ့အထိ မသိရသေးတာကြောင့် ခရီးသည်များရဲ့ မိသားစုဝင်တွေ မျက်ရည်စက်လက်နဲ့ ဒေါသဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

    လေယာဉ်ရှာဖွေရေးအတွက်တော့ မလေး၊ ဗီယက်နမ်နဲ့ စင်ကာပူတို့ပါ ပူးပေါင်းဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

    ဓါတ်ပုံ – ဘေဂျင်းလေဆိပ်က လေယာဉ်အ၀င်အထွက်ပြ ဇယား