News @ M-Media

MH 370 လေယာဉ်ပျောက်ဆုံးခြင်း တစ်နှစ်ပြည့် ကျန်ရစ်သူမိသားစုများ ကျင်းပ

မတ် ၈၊ ၂၀၁၅
M-Media

plane 3

– ပြီးခဲ့သည့်နှစ် မတ်လက ပျောက်သွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 370 ၏ တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို လေယာဉ်ပေါ် ပါသွားကြသူများ၏ ကျန်ရစ်သူ မိသားစုများက ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ကျန်ရစ်သူမိသားစုများ ဖွဲ့စည်းထားသည့် Voice 370 အဖွဲ့မှာ မလေးရှားမြို့တော် ကွာလာလမ်ပူရှိ ရှော့ပင်းမောလ်တစ်ခုတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က ကွာလာလမ်ပူမှ ဘေဂျင်းသို့အသွား လမ်းတွင် ပျောက်ဆုံးခဲ့သည့် အဆိုပါလေယာဉ်ကို ရှာဖွေမှုမှာ တစ်နှစ်ရှိလာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့် သဲလွန်စမှ တွေ့ရှိရခြင်း မရှိသေးပေး။ အဆိုပါ ရှာဖွေမှုနှင့် ပတ်သက်၍ မလေးရှားအစိုးရက ယနေ့တွင် ကြားဖြတ် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ရန် ရှိနေသည်။

ရှာဖွေမှုများကို လုပ်ဆောင်နေသည့် မလေးရှား၊ တရုတ်နှင့် သြစတေးလျ နိုင်ငံများကမူ အဆိုပါ လေယာဉ်မှာ တောင်အိန္ဒိယသမုဒ္ဒရာတွင် ပျက်ကျသွားသည်ဟု သံသယရှိနေပြီး ရှာတွေ့လိ့မ်မည်ဟုလည်း ယုံကြည်နေသည်။

“အဖြေနဲ့ အပျက်အစီးအပိုင်းအစလိုမျိုး တိကျတဲ့သက်သေ မရှိခြင်းက ဒါကိုပြောဖို့ ပိုပြီး ခက်ခဲစေပါတယ်။ နိုင်ငံတကာ မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့မှာ ရှိနေတဲ့ အထောက်အထား အနည်းငယ်နောက်ကို ဆက်လိုက်သွားမှာပါ။ မလေးရှားအနေနဲ့ ရှာဖွေမှုကို ဆက်လုပ်သွားမှာဖြစ်ပြီး MH 370 ကို ရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါသွားသည့် အဆိုပါလေယာဉ်မှာ မတော်တဆ ပျက်ကျသွားခြင်းဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူအားလုံးလည်း သေဆုံးသွားပြီဟု မှတ်ယူကြောင်း မလေးရှားအစိုးရက ဇန်န၀ါရီနှောင်းပိုင်းတွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ကျန်ရစ်သူမိသားစုများကမူ အဆိုပါ သတင်းထုတ်ပြန်မှုအတွက် ကျေနပ်ခြင်း မရှိကြပေ။

Ref: Aljazeeraa

Comments

Leave a Reply