News @ M-Media

Tag: MMAID

  • ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ  အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

    ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

    စက်တင်ဘာ ၆ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .100k
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သြဂုတ်လ ၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနသို့ ရေဘေးသင့်ပြည်သူများ အတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။
    .
    အလားတူ ဧရာဝတီတိုင်း အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ကြံခင်း၊ ဒါးက၊ အင်္ဂပူ၊ မြန်အောင်၊ ကန်ကြီးထောင့်၊  ညောင်တုန်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ပုသိမ် စတဲ့ မြိ့နယ်များ အတွက်လည်း အလှူပစ္စည်း သိန်း ၅၀၀ ကျော်ဖိုးကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

    ရုပ်ပုံ- ၉-၆-၂၀၁၆ ကြေးမုံ

  • ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    ဧရာဝတီတိုင်း အတွင်း ရေဘေးသင့် မြို့နယ် ၇ ခုသို့ အစ္စလာမ်ဘာသာရေး အဖွဲ့မှ သိန်း(၅၀၀) လှူဒါန်း

    သြဂုတ် ၂၂ ၊ ၂၀၁၆
    M-Media
    . 13912645_1738741033031057_4847724356149838692_n
    ဧရာဝတီတိုင်း ဒေသကြီး အတွင်း ဖြစ်ပွားနေသည့် ရေဘေး ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများ အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ စုစုပေါင်း ကျပ်သိန်း (၅၀၀) ဖိုး ကယ်ဆယ်ေ၇း ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
    .
    သြဂုတ်လ ၁၈  နေ့က ဧရာဝတီတိုင်း ဝန်ကြိးချူပ်အား အဆိုပါ အလှူ သိန်း(၅၀၀) လှူဒါန်း အခမ်းအနားဖြင့် ပေးအပ်လှူ ဒါန်း ခဲ့ပြီး အဆိုပါသိန်း(၅၀၀) ဖိုး အလှူပစ္စည်းများကို ရေဘေး သင့်ပြည်သူများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ ဝန်ကြီးချူပ် မန်းဂျော်နီထံ ညှိနှိုင်းခွင့်တောင်းခဲ့ရာ ခွင့်ပြုခဲ့သဖြင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ခံအလှူ အဖွဲ့များက အောက်ခြေထိ သွားရောက်လှူဒါန်းလျက် ရှိကြောင်းသိရသည်။
    .
    ထိုသို့ သွားရောက် လှူဒါန်းသည့် အဖွဲ့မှ တာဝန်ရှိသူတဦးကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ
    ” သာပေါင်း၊ ရေကြည်၊ ကန်ကြီးထောင့်၊ ညောင်တုံး၊ ကျောင်းကုန်း၊ ကျုံပျော် တမြို့နယ်ကို အကြမ်းဖျဉ်း သိန်း (၅၀) စီ ပုသိမ်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ရွာတွေအတွက် သိန်း (၂၀၀) လှူဖို့ ရာထားကြောင်း၊ လှူတာအားလုံးကိုတော့ တာဝန်ရှိသူ အုပ်ချူပ်ရေး အာဏာပိုင်တွေရဲ့ ပေးတဲ့ သတင်းအချက်အလက်များဖြင့်သာ သွားရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ရေကြီးမှု အဆိုးရွားဆုံးဖြစ်နေသည့် နေရာများ နှင့် ကယ်ဆယ်ေ၇းပစ္စည်း အရေးပေါ်လိုအပ်သည့် ရွာများကို ဦးစားပေးပြီးလှူဒါန်းခဲ့ကြောင်း၊  လူမျိုးမရွေးဘာသာမရွေး ဒုက္ခရောက်သူ အားလုံးကို လှုဒါန်းခဲ့တာဖြစ်ကြောင်း ” ရှင်းပြခဲ့ပါသည်။

    14095865_1477082892308582_4217725371839600194_n

    14079642_1477086268974911_7168275872971367819_n

    14068312_1474673869216151_6516755875620318511_n

     

  • မွတ်စလင်မ် ရေဘေးကူ အဖွဲမှ မိုးညိုသို့ ဆန် အိတ် ၄၀၀ ကျော်နဲ့ အခြားပစ္စည်းများလှူဖို့ စတင်ထွက်ခွါ

    မွတ်စလင်မ် ရေဘေးကူ အဖွဲမှ မိုးညိုသို့ ဆန် အိတ် ၄၀၀ ကျော်နဲ့ အခြားပစ္စည်းများလှူဖို့ စတင်ထွက်ခွါ

    သြဂုတ် ၃ ၊ ၂၀၁၅
    M-Media
    သီဟ
    11800335_828872190565483_552451261229986090_n
    ရေဘေးသင့်ပြည်သူများကို ကူညီဖို့  ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ရေဘေးသင့်ပြည်သူများပံ့ပိုး ကူညီရေး ကော်မတီ မှ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများ ကူညီဖို့အတွက် ယနေ့ ည ဘက်တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရွာဟောင်းဗလီမှ စတင်ထွက်ခွါမှာဖြစ်ကြောင်းသိရပါတယ်။

    မိုးညို မြို့ နယ်တွင်ရေဘေးသင့်ပြည်သူဦးရေ(၄၉၁၇)ဦးရှိပြီး၊ ကျား(၂၃၄၂)ဦးနှင့် မ(၂၅၇၅)ဦးခန့်ရှိကြောင်း MMAID ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

    မိုးညိုမြို့ကို သွားရောက်လှူဒါန်းမည့်ပစ္စည်းများမှာ-
    ၁။ ဆန်အိတ် ကီလို ( ၅၀ ) အိတ် ၄၀၀ အိတ်
    ၂။ မာမီးခေါက်ဆွဲ ခြောက် ( ၁ ဖာ လျှင် ၃၀ ထုပ်ပါ ) ၅၀၀၀ ဖါ
    ၃။ ဓါတ်ဆား ထုပ်( ၁ ဖာ ၅၀ ထုပ် ပါ ) ၅၀၀၀ ဖါ
    ၄။ ရေသန့် ဗူးကြီး ၆၇၉၂ ဗူး
    ၅။ ဆီ ၁ လီတာ ပုလင်း ( ၃၅၀၀ )ပုလင်း
    ၆။ ၀မ်းပိတ် ဆေး အလုံး ( ၁၀၀၀ ) လုံး
    ၇။ ဓါတ် မီး အလတ် ( ၁၀၈၀ ) လုံး
    ၈၊ အ၀တ် အစား ထုတ် ၁ ထုပ် နှင့်
    ၉၊ ပေါင် မုန့် များ ပါဝင်ကြောင်း အဆိုပါကော်မတီရဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားပါတယ်။

    ဓါတ်ပုံအညွှန်း- ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်မယ့်ကားပေါ်ကို ပစ္စည်းတွေ တင်ဖို့ လုပ်အားပေးနေကြပုံ၊
    ရေဘေးသင့်မိုးညိုမြို့မှ ကျေးရွာအချို့
    Photo- Myo Zaw&Kumudra

    10984124_828871527232216_3993605092229527405_n 11144994_828872137232155_7409437545718615021_n 11220828_854196894648972_3756386601931515409_n 11709662_828870870565615_8998237070340804248_n 11781751_828872087232160_978589129399841026_n 11822685_854196854648976_2887627686177617184_n 11825186_828868957232473_4101100822985293197_n

  • ရေဘေးလှူဖို့ အစ္စလာမ်ဘာသာဝင်များ ကော်မတီဖွဲ့ ၊ သိန်း ၁၂၀၀ စတင် မတည်၊

    ရေဘေးလှူဖို့ အစ္စလာမ်ဘာသာဝင်များ ကော်မတီဖွဲ့ ၊ သိန်း ၁၂၀၀ စတင် မတည်၊

    သြဂုတ် ၁၊ ၂၀၁၅
    M-Media
    သတင်း- မိုးစက်
    11145157_1617800065125155_4564176980365339624_n
    ရန်ကုန်။    ။ ရန်ကုန်မြို့ရှိ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးငါးဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်းပြီး ရေဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းနိုင်ဖို့ ရေဘေး ကယ်ဆယ်ရေး ကော်မတီ တစ်ရပ် ကို ဒီကနေ့ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။

    အဆိုပါ ကော်မတီကို ယနေ့ သြဂုတ် ၁ ရက်နေ့တွင် ဘာသာရေး အဖွဲ့ကြီးငါးဖွဲ့နှင့် အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များ ပရဟိတ လူငယ်များပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

    အဆိုပါကော်မတီကို ငွေကျပ် သိန်း (၁၂၀၀) ဖြင့် စတင်တည်ထောင်ခဲ့ကြပြီး မြန်မာပြည်အနှံ့ ရေကြီးနေသည့်နေရာများကို ကိုယ်တိုင် သွားရောက် လှူဒါန်းကျမည်ဖြစ်ကြောင်းကို အဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးတင်မောင်သန်းက ဆိုပါတယ်။

    “ကျွန်တော်တို့ နေရာအနှံ့ကို သွားရောက်လှူဒါန်းမှာပါ။ လူမျိုးဘာသာမခွဲ့ခြားဘဲ ဒုက္ခရောက်နေတဲ့ ရေဘေးသင့်ပြည်သူများ အားလုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့၎င်းကပြောပါတယ်။

် သြဂုတ်လ (၃) ရက်နေ့မှစတင်ကာ ရန်ကုန်မြို့မှထွက်ခွာမည်ဖြစ်ပြီး ရေဘေးသင့်နေသော ဒေသများသို့ လူစုများခွဲကာသွားရောက် လှူဒါန်းကျမည်ဖြစ်ကြောင်းသိရပါတယ်။

    ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် အများပြည်သူများထံမှ အလှူငွေများကို ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

    အောက်ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရပါတယ်။
    09 261 49 5050 ,09 261 49 5060 ( ပြန်ကြားရေးအဖွဲ့ )

    Photo-MMAID FB

    5 org

    11822766_1617800128458482_5251264525271645264_n