News @ M-Media

ရေဘေးလှူဖို့ အစ္စလာမ်ဘာသာဝင်များ ကော်မတီဖွဲ့ ၊ သိန်း ၁၂၀၀ စတင် မတည်၊

သြဂုတ် ၁၊ ၂၀၁၅
M-Media
သတင်း- မိုးစက်
11145157_1617800065125155_4564176980365339624_n
ရန်ကုန်။    ။ ရန်ကုန်မြို့ရှိ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးငါးဖွဲ့နှင့် လုပ်ငန်းရှင်များပူးပေါင်းပြီး ရေဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းနိုင်ဖို့ ရေဘေး ကယ်ဆယ်ရေး ကော်မတီ တစ်ရပ် ကို ဒီကနေ့ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဆိုပါ ကော်မတီကို ယနေ့ သြဂုတ် ၁ ရက်နေ့တွင် ဘာသာရေး အဖွဲ့ကြီးငါးဖွဲ့နှင့် အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များ ပရဟိတ လူငယ်များပါဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါကော်မတီကို ငွေကျပ် သိန်း (၁၂၀၀) ဖြင့် စတင်တည်ထောင်ခဲ့ကြပြီး မြန်မာပြည်အနှံ့ ရေကြီးနေသည့်နေရာများကို ကိုယ်တိုင် သွားရောက် လှူဒါန်းကျမည်ဖြစ်ကြောင်းကို အဆိုပါအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးတင်မောင်သန်းက ဆိုပါတယ်။

“ကျွန်တော်တို့ နေရာအနှံ့ကို သွားရောက်လှူဒါန်းမှာပါ။ လူမျိုးဘာသာမခွဲ့ခြားဘဲ ဒုက္ခရောက်နေတဲ့ ရေဘေးသင့်ပြည်သူများ အားလုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့၎င်းကပြောပါတယ်။

် သြဂုတ်လ (၃) ရက်နေ့မှစတင်ကာ ရန်ကုန်မြို့မှထွက်ခွာမည်ဖြစ်ပြီး ရေဘေးသင့်နေသော ဒေသများသို့ လူစုများခွဲကာသွားရောက် လှူဒါန်းကျမည်ဖြစ်ကြောင်းသိရပါတယ်။

ရေဘေးသင့်ပြည်သူများကို ကူညီနိုင်ရန်အတွက် အများပြည်သူများထံမှ အလှူငွေများကို ဆက်လက်ကောက်ခံသွားမည် ဖြစ်ကြောင်းလဲ သိရှိရပါတယ်။

အောက်ဖော်ပြပါဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရပါတယ်။
09 261 49 5050 ,09 261 49 5060 ( ပြန်ကြားရေးအဖွဲ့ )

Photo-MMAID FB

5 org

11822766_1617800128458482_5251264525271645264_n

Comments

Leave a Reply