News @ M-Media

Tag: mmFootballNews

  • တနင်္လာနေ့ ဘောလုံးသတင်းများ

    တနင်္လာနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၇၊ ၂၀၂၀
    M-Media

    မိမိတို့က ပရိတ်သတ်တွေကို စိပျက်စေခဲ့ပြီဟု အာဆင်နယ်နောက်ခံလူပြော

    မိမိတို့ရဲ့စွမ်းဆောင်ရည်ဟာ ပရိတ်သတ်တွေကို စိတ်ပျက်စေတယ်လို့ အာဆင်နယ်နောက်ခံလူ ရော့ဘ်ဟိုးလ်ဒင်းက ပြောကြားလိုက်ပါတယ်။
    အာဆင်နယ်ဟာ ၁၁ ပွဲကစားပြီးချိန်မှာ အဆင့် ၁၅ ကို ရောက်ရှိနေပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအခြေအနေပါ။
    ဟိုးလ်ဒင်းက မိမိတို့ ကစားသမားတွေလည်း လက်ရှိအခြေအနေကို စိတ်ပျက်နေပြီး ပြောင်းလဲဖို့ ကြိုးစားရမှာဖြစ်ပြီး လက်ရှိမှတ်တမ်းဟာ ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းမျိုးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အာဆင်နယ်ဟာ ဂိုးမိုးခေါင်မှုနဲ့လည်း ကြုံတွေ့နေရပါတယ်။ ၁၁ ပွဲကစားပြီးချိန်မှာ ၁၀ ဂိုးသာ သွင်းယူထားနိုင်ပြီး တိုက်စစ်မှူး အူဘာမီယန်ရဲ့ ဂိုးပေါက်ပျောက်မှုဟာလည်း ၁၀ ပွဲအထိ ရှိလာပါတယ်။

    နောက်ကလိုက်ကစားရသည့် အခြေအနေအတွက် မာတာသတိပေး

    နောက်ကလိုက်ပြီး အနိုင်ကစားရတဲ့ အခြေအနေမျိုးကို အဆုံးသတ်ဖို့ လိုအပ်တယ်လို့ မန်ယူကွင်းလယ်လူ ဂျူအန်မာတာက ပြောကြားလိုက်ပါတယ်။
    အခုတစ်ပတ် ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲအပါအဝင် အခုရာသီ အဝေးကွင်း ၅ ပွဲမှာ မန်ယူဟာ ၅ ပွဲစလုံးကို နောက်ကလိုက်ကစားပြီး အနိုင်ရခဲ့တာပါ။ ဒါ့အပြင် နောက်ဆုံး ၄ ပွဲစလုံးမှာ ပွဲတိုင်း ဂိုးအရင်ပေးရပြီး အနိုင်ကစားနိုင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။
    မာတာကတော့ ဒီအခြေအနေဟာ ပထမပိုင်းကောင်းဖို့ လိုအပ်တယ်ဆိုတာကို ပြသနေပြီး၊ နောက်ကလိုက်ကစားရတဲ့ အနေအထားမျိုးဟာ တစ်ချိန်ကျရင် ဒုက္ခရောက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ပုံစံမျိုး ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    လူမျိုးရေးခွဲခြားသည့်လုပ်ရပ်များ မလုပ်ရန် ပရိတ်သတ်များကို ရူနီတိုက်တွန်း

    ဘောလုံးပရိသတ်တွေအနေနဲ့ လူမျိုးရေးခွဲခြားတဲ့ အပြုအမူတွေ မလုပ်ဆောင်ဖို့ အင်္ဂလန် ချန်ပီယံရှစ်က ဒါဘီကောင်တီနည်းပြ အင်္ဂလန်ကစားသမားဟောင်း ဝိန်းရူနီက ပြောကြားလိုက်ပါတယ်။
    ဒါဘီက မီဝေါလ်ကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တဲ့ မနေ့ကပွဲမှာ ပွဲမစခင် ကစားသမားတွေက လူမည်းတွေကိုလေးစားတဲ့အနေနဲ့ ဒူထောက်သဏ္ဍာန် ပြုလုပ်တဲ့အချိန်မှာ မီဝေါလ်ပရိတ်သတ်အချို့က လှောင်ပြောင်ခဲ့တာပါ။
    ရူနီကတော့ ဒီလိုလှောင်ပြောင်တာမျိုး ကြားရတာဟာ အင်မတန်စိတ်ပျက်ဖို့ကောင်းပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အလေးထားဖို့ အလွန်အရေးကြီးတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : Goal

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဒီဇင်ဘာ ၈၊ ၂၀၂၀
    M-Media

    ငွေစက္ကူတွင် မာရာဒိုနာပုံထည့်ရန် အာဂျင်တီးနားလွှတ်တော် ဆွေးနွေး

    ပီဆိုငွေတစ်ထောင်တန်မှာ ဂန္တဝင်ကစားသမား မာရာဒိုနာရဲ့ပုံကို ထည့်သွင်းရိုက်နှိပ် ဂုဏ်ပြုဖို့အတွက် အာဂျင်တီးနား အမျိုးသမီးလွှတ်တော်အမတ် နောရ်မာ ဒူရန်ဂိုက လွှတ်တော်မှာ မနေ့က အဆိုပြုလိုက်ပါတယ်။

    အသက် ၆၀ အရွယ် မာရာဒိုနာဟာ ပြီးခဲ့တဲ့နှစ်ပတ်က နှလုံးဖောက်ပြီး ကွယ်လွန်သွားတာပါ။

    ငွေစက္ကူရဲ့အရှေ့ဘက်မှာ မာရာဒိုနာပုံ၊ အနောက်ဖက်မှာ နာမည်ကျော်’Hand of God’ ဂိုးသွင်းယူမှုပုံရိပ်တွေကို ထည့်ဖို့ ဒူရန်ဂိုက အဆိုပြုထားပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    မာရာဒိုနာဟာ အာဂျင်တီးနားအသင်းအတွက် ၉၁ ပွဲကစား ၃၄ ဂိုး သွင်းယူပေခဲ့ပြီး ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

    အသင်းရှိ လူငယ်ကစားသမားကို လီဗာပူးလ်နည်းပြ ချီးကျူး

    အသင်းက လူငယ်ကစားသမားတွေဟာ အားကိုးရပြီး သူတို့သာမရှိရင် အသင်းဟာ ဆုံးရှုံးလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

    အဓိကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုမက်စ်၊ အလ်ကန်တာရာ၊ အလီဆန်နဲ့ အလက်ဇန်းဒါးအာနိုးတို့ ဒဏ်ရာကြောင့် နားနေရတဲ့အတွက် ကလော့ပ်ဟာ အသင်းမှာ လူငယ် ကစားသမား ၅ ဦးအထိ ထည့်သွင်းသုံးစွဲခဲ့ရပါတယ်။

    လူငယ်ကစားသမားတွေဟာ ကောင်းကောင်းလေ့ကျင်ပြင်ဆင်ထားပြီး မှန်မှန်ကန်ကန် အသုံးချဖိုတော့ လိုအပ်တယ်လို့ က​လော့ပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကွင်းလယ်လူပေါ့ဘာ မန်ယူမှာ ထွက်တော့မည်

    ​ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ယူကနေ ထွက်ခွာတော့မှာဖြစ်ပြီး အသင်းဟောင်း ဂျူဗီကို ပြန်ရောက်နိုင်တယ်လို့ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ မှာ ဂျူဗီကနေ မန်ယူကိုရောက်လာတဲ့ ပေါ့ဘာဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ်ပြည့်မှာပါ။

    ပေါ့ဘာဟာ ရီးယဲလ်၊ ဂျူဗီတို့အပါအဝင် ဥရောပက အသင်းကြီးတွေဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ အရင်ကတည်းက ထွက်ခဲ့ပါတယ်။ပေါ့ဘာကတော့ ရီးယဲလ်မှာ ကစားခွင့်ရရေးဟာ သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။​

    အေးဂျင့် ရိုင်အိုလာဟာ သူ့ကစားသမားဟာ မျှော်လင့်ထားတဲ့ အခြေအနေမျိုး မရတဲ့အတွက် မန်ယူမှာ မပျော်တော့ဘူးလို့ ထည့်သွင်းပြောကြာခဲ့ပါတယ်။

    Ref: BBC