News @ M-Media

အင်္ဂါနေ့ ဘောလုံးသတင်းများ

ဒီဇင်ဘာ ၈၊ ၂၀၂၀
M-Media

ငွေစက္ကူတွင် မာရာဒိုနာပုံထည့်ရန် အာဂျင်တီးနားလွှတ်တော် ဆွေးနွေး

ပီဆိုငွေတစ်ထောင်တန်မှာ ဂန္တဝင်ကစားသမား မာရာဒိုနာရဲ့ပုံကို ထည့်သွင်းရိုက်နှိပ် ဂုဏ်ပြုဖို့အတွက် အာဂျင်တီးနား အမျိုးသမီးလွှတ်တော်အမတ် နောရ်မာ ဒူရန်ဂိုက လွှတ်တော်မှာ မနေ့က အဆိုပြုလိုက်ပါတယ်။

အသက် ၆၀ အရွယ် မာရာဒိုနာဟာ ပြီးခဲ့တဲ့နှစ်ပတ်က နှလုံးဖောက်ပြီး ကွယ်လွန်သွားတာပါ။

ငွေစက္ကူရဲ့အရှေ့ဘက်မှာ မာရာဒိုနာပုံ၊ အနောက်ဖက်မှာ နာမည်ကျော်’Hand of God’ ဂိုးသွင်းယူမှုပုံရိပ်တွေကို ထည့်ဖို့ ဒူရန်ဂိုက အဆိုပြုထားပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

မာရာဒိုနာဟာ အာဂျင်တီးနားအသင်းအတွက် ၉၁ ပွဲကစား ၃၄ ဂိုး သွင်းယူပေခဲ့ပြီး ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အသင်းရှိ လူငယ်ကစားသမားကို လီဗာပူးလ်နည်းပြ ချီးကျူး

အသင်းက လူငယ်ကစားသမားတွေဟာ အားကိုးရပြီး သူတို့သာမရှိရင် အသင်းဟာ ဆုံးရှုံးလိမ့်မယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်ပါတယ်။

အဓိကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုမက်စ်၊ အလ်ကန်တာရာ၊ အလီဆန်နဲ့ အလက်ဇန်းဒါးအာနိုးတို့ ဒဏ်ရာကြောင့် နားနေရတဲ့အတွက် ကလော့ပ်ဟာ အသင်းမှာ လူငယ် ကစားသမား ၅ ဦးအထိ ထည့်သွင်းသုံးစွဲခဲ့ရပါတယ်။

လူငယ်ကစားသမားတွေဟာ ကောင်းကောင်းလေ့ကျင်ပြင်ဆင်ထားပြီး မှန်မှန်ကန်ကန် အသုံးချဖိုတော့ လိုအပ်တယ်လို့ က​လော့ပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကွင်းလယ်လူပေါ့ဘာ မန်ယူမှာ ထွက်တော့မည်

​ကွင်းလယ်လူ ပေါလ်ပေါ့ဘာဟာ မန်ယူကနေ ထွက်ခွာတော့မှာဖြစ်ပြီး အသင်းဟောင်း ဂျူဗီကို ပြန်ရောက်နိုင်တယ်လို့ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်ပါတယ်။

၂၀၁၆ မှာ ဂျူဗီကနေ မန်ယူကိုရောက်လာတဲ့ ပေါ့ဘာဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ်ပြည့်မှာပါ။

ပေါ့ဘာဟာ ရီးယဲလ်၊ ဂျူဗီတို့အပါအဝင် ဥရောပက အသင်းကြီးတွေဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ အရင်ကတည်းက ထွက်ခဲ့ပါတယ်။ပေါ့ဘာကတော့ ရီးယဲလ်မှာ ကစားခွင့်ရရေးဟာ သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားဖူးပါတယ်။​

အေးဂျင့် ရိုင်အိုလာဟာ သူ့ကစားသမားဟာ မျှော်လင့်ထားတဲ့ အခြေအနေမျိုး မရတဲ့အတွက် မန်ယူမှာ မပျော်တော့ဘူးလို့ ထည့်သွင်းပြောကြာခဲ့ပါတယ်။

Ref: BBC