News @ M-Media

Tag: Myanmar Military

  • မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် ဥရောပသမဂ္ဂက ကူညီရန် အသင့်ရှိနေ

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီထွန်းကားရေးအတွက် ဥရောပသမဂ္ဂက ကူညီရန် အသင့်ရှိနေ

    ဧပြီ ၃၀၊ ၂၀၂၁
    M-Media

    -မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးကို ကူညီထောက်ပံ့ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို ဥရောပသမဂ္ဂက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့ပြီး အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေးအပါအဝင် အချက် ၅ ချက်ကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သဘောတူညီချက် ရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲရဲ့ ထုတ်ပြန်ချက်မှာ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းမှုကို ထောက်ခံအားပေးတယ်လို့ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အဓိကကျတဲ့ သက်ဆိုင်သူတွေအားလုံးနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုကို အာဆီယံက ဆောင်ရွက်ရာမှာ ဥရောပသမဂ္ဂက ကူညီဖို့ အဆင်သင့်ရှိနေပါတယ်”

    Ref: Reuters

  • လတ်တလောတိုက်ပွဲများကြောင့် နိုင်ငံတစ်ဝှမ်း ထွက်​ပြေးရသူ သောင်းချီရှိ

    လတ်တလောတိုက်ပွဲများကြောင့် နိုင်ငံတစ်ဝှမ်း ထွက်​ပြေးရသူ သောင်းချီရှိ

    ဧပြီ ၂၉၊ ၂၀၂၁
    M-Media

    -စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။

    င်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ​ သောင်းချီ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့ OCHA က ထုတ်ပြန်ပါတယ်။

    ကချင်ပြည်နယ်မှာ လတ်တလော KIA နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအတွင်း အိုးအိမ်ပျက်ဆီး ဆုံးရှုံးတာတွေရှိသလို လူ ၅၀၀၀ လောက် နေရပ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    နှစ်ဖက်တိုက်ခိုက်မှုတွေမှာ လက်နက်ကြီးတွေ အသုံးပြုတာရှိသလို၊ စစ်ကောင်စီဖက်က လေယာဉ်နဲ့ တိုက်ခိုက်တာတွေလည်း ရှိပါတယ်။

    “ရက်အနည်းအငယ်အတွင်း လူ ၈၀၀ လောက် မူလနေရပ်ကို ပြန်လာခဲ့ပြီး ၄၀၀၀ လောက်ကတော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် အခြားနေရာတွေမှာ ခိုလှုံနေရပါတယ်” လို့ OCHA က ပြောပါတယ်။

    KIA နဲ့ မြန်မာစစ်တပ်တို့အကြား ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီးတဲ့နောက် ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ အနည်းဆုံး လူပေါင်း ၉၅၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

    OCHA က ဖေဖော်ဝါရီနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို မလုံခြုံမှုတွေ၊ စိန်ခေါ်မှုတွေ ရှိနေပေမယ့် အရေးပေါ်အကူအညီတွေ ပေးပို့နိုင်အောင် လူသားချင်း စာနာထောက်ထားမှုအဖွဲ့တွေ၊ ဒေသတွင်း ကူညီရေးအဖွဲ့တွေက အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ရှမ်းပြည်နယ်မှာလည်း ဇန်နဝါရီလနောက်ပိုင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁၀၉၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၄၀၀၀ နီးပါးလောက်က လက်ရှိအချိန်အထိ ဘေးလွတ်ရာမှာ နေထိုင်နေရပါတယ်။

    ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးမှာလည်း ကရင်လက်နက်ကိုင်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်လာတာကြောင့် လူ ၄ သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ထိုင်းနိုင်ငံကို ထွက်ပြေးရသူက ၃ ထောင်လောက် ရှိနေပါတယ်။

    Ref: UN News

  • တရားမဝင်လာသူ မြန်မာနိုင်ငံသား ၆၀ ကို ဖမ်းမိဟု ထိုင်းထုတ်ပြန်

    တရားမဝင်လာသူ မြန်မာနိုင်ငံသား ၆၀ ကို ဖမ်းမိဟု ထိုင်းထုတ်ပြန်

    ဧပြီ ၂၈၊ ၂၀၂၁
    M-Media

    -အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

    မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ ကချန်ဘူရီပြည်နယ်က တောထဲမှာ ၄၈ ဦး နဲ့ ၁၂ ဦးပါဝင်တဲ့ အဖွဲ့နှစ်ခုကို သီးခြားဆီ မိခဲ့တာပါ။ တော်တော်များများက ထားဝယ်မြို့ကနေ ၇ ရက်ခရီးလမ်းလျှောက်ကာ ထိုင်းထဲကို ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေထဲမှာ မော်လမြိုင်ကလူတွေလည်း ပါဝင်ပါတယ်။

    တစ်ယောက်ကို ဘတ် ၁၃၀၀၀ ကနေ ၂၀၀၀၀ အထိ ပေးခဲ့ရပြီး နာခွန်ပါသွန်၊ ရက်ချာဘူရီ၊ စမွတ်ဆာခွန်နဲ့ ဘန်ကောက်တို့မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားတွေက ခေါ်လာတာဖြစ်ပါတယ်။

    ဖမ်းဆီးရမိသူတွေကို ကျန်းမာရေးစစ်ဆေးကာ ခရိုင်ရဲတပ်ဖွဲ့ထံ လွှဲပေးခဲ့ပြီး တရား၀င်ဝင်ရောက်မှု၊ အရေးပေါ်အမိန့်နဲ့ ကပ်ရောဂါထိန်းချုပ်ရေး ဥပဒေ ချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်းနိုင်ငံထဲကို ၀င်ရောက်ခိုလှုံရသူတွေ၊ အလုပ်အကိုင် သွားရောက်ရှာဖွေသူတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။

    Ref: Bangkok Post

  • စစ်ကောင်စီ၏ အကြမ်းဖက်မှုကို အိုဘားမား တုန်လှုပ်

    စစ်ကောင်စီ၏ အကြမ်းဖက်မှုကို အိုဘားမား တုန်လှုပ်

    ဧပြီ ၂၇၊ ၂၀၂၁
    M-Media

    -စစ်ကောင်စီက ပြည်သူတွေအပေါ် ဆိုးဆိုးရွားရွား အကြမ်းဖက်မှုအတွက် တုန်လှုပ်ခြောက်ခြားမိတယ်လို့ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ပြောကြားလိုက်ပါတယ်။

    အိုဘားမားဟာ သူအာဏာရှိစဉ်က စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျော့ပေးကာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အားပေးခဲ့သူပါ။

    မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ မြန်မာ့အရေးမှာ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးအရေးယူတဲ့ ဘိုင်ဒန်အစိုးရနဲ့ အခြားတိုင်းပြည်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။

    “၁၀ စုနှစ်တစ်ခုလောက် လွတ်လပ်ခွင့်ရပြီးနောက်ပိုင်း စစ်တပ်က သူတို့အလိုကျဖြစ်ဖို့ တရားမဝင် ရက်စက်စက် လုပ်ဆောင်နေတာကို ပြည်သူတွေက လုံး၀လက်ခံဘူးဆိုတာ ရှင်းပါတယ်။ ကမ္ဘာကြီးကလည်း လက်မခံသင့်ပါဘူး”

    လူသတ်အစိုးရကို ပြည်သူလူထုက ဆန့်ကျင်တာကြောင့် မတည်ငြိမ်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာပြီး၊ ကျရှုံးနိုင်ငံဖြစ်မယ့်အန္တရာယ် ရှိတယ်ဆိုတာ အိမ်နီးချင်းနိုင်ငံတွေက သိဖို့လိုအပ်တယ်လို့လည်း အိုဘားမားက ထည့်သွင်း​ပြောဆိုခဲ့ပါတယ်။

    ဒီမိုကရေစီအနာဂတ်ကိုရဖို့ ကြိုးပမ်းကြသူတွေအနေနဲ့ တိုင်းရင်းသားတွေ၊ လူနည်းစုတွေအားလုံးနဲ့ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားကြဖို့လည်း သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

    “အမှောင်ကျတဲ့ကာလပါ။ မြန်မာပြည်သူ တော်တော်များများရဲ့ စည်းလုံးမှု၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေအပေါ် အလေးထားမှုကို မြင်ရတဲ့အတွက် ကျွန်တော် လေးစားအားကျမိပါတယ်။ အနာဂတ်မြန်မာနိုင်ငံအတွက် ​မျှော်လင့်ချက်ဟာ ပြည်သူလူထုရဲ့ဆန္ဒကို အလေးထားတဲ့ ခေါင်းဆောင်တွေကနေတစ်ဆင့်သာ ပေါ်ထွက်လာမယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်”

    Ref: CNA

  • စစ်ကောင်စီဥက္ကဌနှင့် ကုလကိုယ်စားလှယ်တို့ ဂျကာတာတွင် တွေ့ဆုံခဲ့

    စစ်ကောင်စီဥက္ကဌနှင့် ကုလကိုယ်စားလှယ်တို့ ဂျကာတာတွင် တွေ့ဆုံခဲ့

    ဧပြီ ၂၆၊ ၂၀၂၁
    M-Media

    -အာဏာသိမ်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခရစ္စတင်း ရှာရ်နာ ဘာဂီနာနဲ့ ဂျကာတာမှာ တွေ့ဆုံခဲ့တယ်လို့ အာဆီယံ သံအမတ်တွေက အတည်ပြုပါတယ်။

    စစ်ကောင်စီဥက္ကဌဟာ စနေနေ့ကပြုလုပ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်စဉ်မှာ ဘာဂီနာနဲ့ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    တွေ့ဆုံစဉ်အတွင်း ဖေဖော်ဝါရီလ အာဏာသိမ်းမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဌက ကာကွယ်ပြောဆိုခဲ့ပြီး နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသမာမှုတွေ အမြောက်အများရှိတယ်လို့ ဘာဂီနာကို ပြောကြာခဲ့ပါတယ်။

    ဘာဂီနာက မြန်မာနိုင်ငံကို လာရောက်ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိတိကျကျ အဖြေမပေးခဲ့ဘူးလို့ ဆိုပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး Nikkei Asia ရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ ဘာဂီနာက ငြင်းဆန်ပါတယ်။

    ဘာဂီနာဟာ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဂျကာတာမှာတွေ့ဆုံခဲ့ပြီး နောက်ပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်သွားခဲ့ပါတယ်။ သူမဟာ ထိုင်းနိုင်ငံမှာ ​ဆက်ရှိနေမှာဖြစ်ပြီး မြန်မာ့အရေး ဖြေရှင်းဖို့အတွက် လာမယ့်ရက်တွေမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိနေပါတယ်။

    စစ်ကောင်စီဥက္ကဌ ဘာဂီနာနဲ့ တွေ့ဆုံခဲ့မှုအတွက် အားရကျေနပ်တယ်လို့ အာဆီယံတာဝန်ရှိသူတွေက ပြောပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ စစ်ကောင်စီဥက္ကဌကို ဖိတ်ကြားတာဟာ လူ ၇၀၀ ကျော်သတ်ထားတဲ့ အာဏာသိမ်းအစိုးရကို အသိအမှတ်ပြုသလိုမျိုး ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကိုလည်း အာဆီယံသံတမန်မတွေက ပယ်ချခဲ့ပါတယ်။

    Ref : Nikkei Asia