News @ M-Media

Tag: Myanmar Military

  • ဖေဖော်ဝါရီလအတွင်း ရုရှားထံမှ ဒေါ်လာ ၁၄ သန်းတန် ရေဒါကို စစ်ကောင်စီ ရယူခဲ့

    ဖေဖော်ဝါရီလအတွင်း ရုရှားထံမှ ဒေါ်လာ ၁၄ သန်းတန် ရေဒါကို စစ်ကောင်စီ ရယူခဲ့

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1)

    -အာဏာသိမ်းစစ်ကောင်စီဟာ ဖေဖော်ဝါရီလအတွင်းက ရုရှားထံကနေ ရေဒါပစ္စည်းတွေ ရယူခဲ့တယ်လို့ သိရပါတယ်။

    အာဏာမသိမ်းခင် ပြီးခဲ့တဲ့ဇန်နဝါရီလ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂူရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း မြေပြင်ကဝေဟင်ပစ် ဒုံးကျည်စနစ် Pantsir-S1၊ ထောက်လှမ်းရေးဒရုန်း Orlan-10E နဲ့ ရေဒါပစ္စည်းတွေ ရောင်းချဖို့ သဘောတူခဲ့တာပါ။

    ဖေဖော်ဝါရီလက မြန်မာနိုင်ငံကိုရောက်လာတဲ့ ဒေါ်လာ ၁၄.၇ သန်းတန် ရေဒါပစ္စည်းတွေဟာ ဒီရောင်းချမှုက တစ်စိတ်တစ်ပိုင်းလားဆိုတာ တိတိကျကျ မသိရပါဘူး။

    ဒီကိစ္စအတွက် မေးမြန်းမှုကို ရုရှားအကောက်အခွန်ဌာန FCS က မဖြေခဲ့ဘူးလို့ The Moscow Times က ဖော်ပြပါတယ်။

    အာဏာသိမ်းမှုကြောင့် နိုင်ငံတကာက ဖယ်ကျဉ်ခံလာရတဲ့ မြန်မာစစ်တပ်ကို ထောက်ပံ့မှုတိုးမြှင့်ဖို့ ရုရှားက ဆောင်ရွက်နေတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့မတ်လ ၂၇ ရက်နေ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့အခမ်းအနားကို ရုရှာ ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါး ဖိုမင် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားကနေ ကန်ဒေါ်လာ ၈၀၇ သန်းဖိုး လက်နက်တွေ ဝယ်ယူခဲ့ပြီး တရုတ်ထံကပြီးရင် ဒုတိယအများဆုံး ဝယ်ယူမှုဖြစ်တယ်လို့ ၂၀၁၉ ခုနှစ် Stockholm International Peace Research Institute က ထုတ်ပြန်ခဲ့ပါတယ်။

    ဒီဇင်ဘာလတုန်းကလည်း ရုရှားဟာ ‘လျှို့ဝှက်’ ဆိုတဲ့ခေါင်းစဉ်နဲ့ ကန်ဒေါ်လာ ၉၆ သန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို မြန်မာစစ်တပ်ဆီ တင်ပို့ခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေကို ရုရှားက ‘လျှို့ဝှက်’ ဆိုပြီး တံဆိပ်တပ်ထားလေ့ ရှိပါတယ်။

    Ref: The Moscow Times

  • ကြားမ၀င်ရေးမူ၀ါကိုကိုင်၍ မြန်မာ့အရေးကို လစ်လျူမရှုသင့်ဟု အာဆီယံကို ဘန်ကီမွန်ပြော

    ကြားမ၀င်ရေးမူ၀ါကိုကိုင်၍ မြန်မာ့အရေးကို လစ်လျူမရှုသင့်ဟု အာဆီယံကို ဘန်ကီမွန်ပြော

    ဧပြီ ၂၀၊ ၂၀၂၁
    M-Media

    -လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာကို မဖြေရှင်းတဲ့အပေါ် အဖွဲ့ရဲ့ ကြား၀င်မစွက်ရေး မူ၀ါဒနဲ့ ကာကွယ်ဆင်ခြေပေးတာမျိုး မလုပ်သင့်ဘူးလို့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်က တိုက်တွန်းလိုက်ပါတယ်။
    မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဧပြီလ ၂၄ ရက်နေ့ကျရင် အာဆီယံက ထိပ်သီးအစည်းအ၀ေး ကျင်းပပြုလုပ်မှာပါ။ ဒီပွဲကို အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိနေပါတယ်။
    ဘန်ကီမွန်က ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် တားဆီးဆောင်ရွက်မှု မရှိတာကို ကြား၀င်မစွက်ရေး မူ၀ါဒဗန်းပြပြီး အာဆီယံက ဆင်ခြေမပေးသင့်ဘူးလို့ လုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ ပြောကြားခဲ့ပါတယ်။
    “မြန်မာနိုင်ငံကအခြေအနေကို ဒေသတွင်းကဦးဆောင်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ရာမှာ စည်းလုံးညီညွတ်ဖို့နဲ့ အရေးယူတာမျိုးရှိဖို့ လိုအပ်ပါတယ်။ အလွန်ဆိုးရွားနေတဲ့ လက်ရှိအခြေအနေကို ပြည်တွင်းရေးအဖြစ် မှတ်ယူလို့ မရဘူးဆိုတာ မြန်မာစစ်တပ်ကို အာဆီယံက ရှင်းရှင်းလင်းလင်း ပြောကိုပြောရပါမယ်”
    မြန်မာနိုင်ငံကို လာရောက်ဖို့ မကြာသေးခင်က တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့လည်း ဘန်ကီမွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ သွေးချောင်းစီးမှုတွေ ချက်ခြင်းရပ်တန့်ရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို ဘန်ကီမွန်က တိုက်တွန်းခဲ့သလို ကုလအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်ကို စစ်ကောင်စီနဲ့ ဆွေးနွေးဖို့လည်း ဆော်သြခဲ့ပါတယ်။
    Ref: Nikkei Asia

  • အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က မြန်မာနိုင်ငံမှ ဓာတ်သတ္ထုထုတ်ယူမှု ၂ ဆ နီးပါး မြင့်တက်လာ

    အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်က မြန်မာနိုင်ငံမှ ဓာတ်သတ္ထုထုတ်ယူမှု ၂ ဆ နီးပါး မြင့်တက်လာ

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    မြန်မာနိုင်ငံမှ မြေရှားသတ္ထု တူးဖော်မှုမြင်ကွင်း

    -ဖေဖော်၀ါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကြေးနီအပါအ၀င် ဓာတ်သတ္ထုတွေ တရုတ်ဖက်ကို တူးဖော်တင်ပို့မှုဟာ လအလိုက် ၂ ဆအထိ မြင့်တက်လာတယ်လို့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

    မတ်လအတွင်း သန့်စင်ပြီးကြေးနီ ၁၁၀၀၁ တန် တရုတ်ဖက်ကို တင်ပို့ခဲ့ပြီး ဖေဖော်၀ါရီလကထက်စာရင် ၁၂၀ ရာခိုင်နှုန်း မြင့်တက်လာကာ ပြီးခဲ့တဲ့နှစ် မတ်လက တင်ပို့မှုနဲ့ ယှဥ်ကြည့်ရင် ၃၇.၆ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံက ကြေးနီစီမံကိန်းနှစ်ခုကို တရုတ်အစိုးရပိုင် Wanbao Mining ကုမ္ပဏီက မြန်မာစစ်တပ်ပိုင် ဧရာမစီးပွားရေးလုပ်ငန်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် (MEHL) နဲ့ ပူးပေါင်းလုပ်ကိုင်တာဖြစ်ပါတယ်။ အဲဒီအထဲက လက်ပံတောင်း ကြေးနီစီမံကိန်းကို လတ်တလော မငြိမ်မသက်မှုတွကြောင့် ရပ်ဆိုင်းထားတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းစာ China Daily က ဖော်ပြပါတယ်။

    မတ်လအတွင်း သံဖြူထုတ်လုပ်တဲ့ ဓာတ်သတ္ထုကုန်ကြမ်း မြန်မာနိုင်ငံကနေ တရုတ်ကိုတင်ပို့မှုဟာ ၁၈၁၆၃ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလကထက် ၁၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့စျေးကွက်မှာ တန်ဖိုးမြင့်တဲ့ မြေရှားသတ္ထု တင်ပို့မှုက မတ်လမှာ ၂၄၁၄ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလကထက် ၅၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

    တရုတ်နိုင်ငံက လိုအပ်တဲ့ မြေရှားသတ္ထုပမာဏရဲ့ ထက်၀က်လောက်ကို မြန်မာနိုင်ငံကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။ မတ်လမှာ ပို့ဆောင်မှုအခက်အခဲ ရှိခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာ Global Times က ဖော်ပြခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဒီလို မဟုတ်ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

    စတီးထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ Nickel Pig Iron (NPI) တရုတ်နိုင်ငံကို တင်ပို့မှုဟာ မတ်လက ၂၉၈ တန် ရှိခဲ့ပြီး ဖေဖော်၀ါရီလနဲ့ယှဥ်ရင် ၉၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

    တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Nonferrous Metal Mining Group နဲ့ Taiyuan Iron & Steel (Tisco) တို့ဟာ မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ တကောင်းတောင် နီကယ်စီမံကိန်းကို လုပ်ကိုင်နေပြီး တစ်နှစ်ကို NPI ၈၅၀၀၀ လောက် ထုတ်ယူနေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် သွားတက်မည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    အာဏာသိမ်းစစ်ခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင် သွားတက်မည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ အတည်ပြု

    ဧပြီ ၂၁၊ ၂၀၂၁
    M-Media

    -ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပပြုလုပ်မယ့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လူကိုယ်တိုင် အသေအချာ သွားတက်မယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုတာလို့ Nikkei Asia က ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အနည်းဆုံး နိုင်ငံတစ်ဝှမ်း လူ ၇၀၀ ကျော်သေဆုံးပြီး၊ ထောင်နဲ့ချီ ဖမ်းဆီးခံထားရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်လုယက်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေကိုလည်း နေ့စဉ်လိုလို ကျူးလွန်နေတဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတကာရဲ့ ဝေဖန်ရှုတ်ချမှုကို ခံနေရတာပါ။

    ဂျကာတာက ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးတစ်ယောက် လူကိုယ်တိုင် တက်ရောက်မယ်လို့ ပြီးခဲ့တဲ့တစ်ပတ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေမယ့်၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အွန်လိုင်းကသာ တက်ရောက်မယ်လို့ သတင်းထွက်ထားတာပါ။

    ဗိုလ်ချုပ်မှူးကြီးကို အာခံတဲ့အတွက် ​ထိပ်တန်းစစ်ခေါင်းဆောင် ၁၁ ဦး နေအိမ်အကျယ်ချုပ် ချခံထားရတယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ပြန့်နှံနေမှုဟာ အမှန်မဟုတ်ဘူးလို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Nikkei Asia ကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Nikkei Asia

  • အာဏာသိမ်းစစ်ကောင်စီက သတင်းအမှန်ဖုံး၍ လုပ်ကြံသတင်း လွှင့်နေသည်ဟု ကုလအထူးကိုယ်စားလှယ်ပြော

    ဧပြီ ၁၇၊ ၂၀၂၁
    M-Media

    -အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်အမှန်တွေကို ပြင်ပက မကြားနိုင် မမြင်နိုင်အောင် တိုးမြှင့်ဆောင်ရွက်လာတယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ကုလသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။

    ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထုအုံကြွမှုတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက် ဖြိုခွင်းတာကြောင့် နိုင်ငံတစ်၀ှမ်း လူပေါင်း ၇၀၀ ကျော် သေဆုံးခဲ့ပြီး လူထောင်ချီဒဏ်ရာရကာ ၃၀၀၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

    ကုလကိုယ်စားလှယ် တွမ်အန်ဒရူးက ဒီလို အခြေအနေဆိုးရွားနေတာတွေကို ကမ္ဘာက မသိစေဖို့ စစ်ကောင်စီဟာ ကြိုးပမ်းအားထုတ် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

    “စစ်တပ်က သူတို့ကြုံနေရတာတွေကို လုပ်ကြံဖန်တီးပြီး ၀ါဒဖြန့်နေတယ်။ ဆူပူဆန္ဒပြသူတွေကို အဆုံးစွန်ဆုံး ထိန်းချုပ် ကိုင်တွယ်နေတယ်လို့ အစကတည်းက သူတို့ ပြောထားပါတယ်။ ဒါပေမယ့် ဒါဟာ အပြောသာရှိပြီး တကယ်မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ တွေ့ပါတယ်။ စစ်တပ်က အကြမ်းဖက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကို ကျွန်တော်တို့တွေ့တယ်။ လက်နက်မပါ ဘာမပါနဲ့ တော်တော်လေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကိုလည်း ကျွန်တော်တို့ မြင်ပါတယ်။ သတင်းတွေမထွက်ဖို့ စစ်တပ်က ကြိုးစားပေမယ့်၊ တုန်လှုပ်ခြောက်ခြားဖွယ် အမှန်တရားတွေက ထွက်လာနေပါတယ်”

    အာဏာသိမ်းစစ်ကောင်စီဟာ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ နိုင်ငံတစ်၀ှမ်း ဖုန်းအင်တာနက်လိုင်းတွေ၊ ၀ိုင်ဖိုင်အင်တာနက်လိုင်းတွေကို ပိတ်ထားပြီး ဖိုက်ဘာအင်တာလိုင်းကိုလည်း အချိန်အကန့်အသတ်နဲ့သာ သုံးခွင့်ပြုထားကာ ဒါတွေဟာ သတင်းအမှောင်ချဖို့ ကြိုးစားမှု ဖြစ်တယ်လို့လည်း အန်ဒရူးက ထောက်ပြခဲ့ပါတယ်။

    Ref: UN News