News @ M-Media

Tag: Myanmar Muslim Relief For Flood Vitims

  • တောင်တွင်းကြီးမှ အစ္စလာမ်ဘာသာဝင်များလည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    တောင်တွင်းကြီးမှ အစ္စလာမ်ဘာသာဝင်များလည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    IMG_73782230987530

    မကွေးတိုင်းဒေသကြီးက ရေဘေးအန္တရာယ်ကို အဆိုးဝါးဆုံး ခံစားနေရတဲ့ ပွင့်ဖြူ၊ စေတုတ္တရာ၊ စကု၊ ငဖဲ စတဲ့မြို့တွေက ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနိုင်ဖို့ တောင်တွင်းကြီးမြို့က အစ္စလာမ်ဘာသာဝင်တွေဟာ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေကို လှူဒါန်းခဲ့ကြပါတယ်။

    ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ပေးဖို့ စုရပ်လုပ်ထားတဲ့ မြို့ပေါ်က တိုက်သစ်ကျောင်းကို ဒီနေ့မှာ သွားရောက်လှူဒါန်းခဲ့တာပါ။ အဲဒီစုရပ်ကနေ ပရဟိတအဖွဲ့ပေါင်းစုံက လာရောက်လှူဒါန်းထားတာတွေကို မကွေးတိုင်းဒေသကြီးက ရေဘေးသင့်ဒေသတွေကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်။

    အစ္စလာမ်ဘာသာဝင်တွေ လှူဒါန်းပေးပို့ခဲ့တာတွေကတော့ အ၀တ်အစား ဆာလာအိတ် (၁၆) လုံး၊ ပန်းကန်ခွက်ယောက် ဆာလာအိတ် ၂ လုံး (ရေခွက်၊ ဖလား၊ ဇလုံများ ပါဝင်သည်)၊ ဆန် ၅ အိတ်၊ ဆပ်ပြာမှုန့်အထုပ် ၁၀၀ ပါ အထုတ်ကြီး ၂ ထုပ်၊ ရေသန့်ဘူးကြီး ၃၄ ကဒ် (၂၀၄ လုံး)၊ ခေါက်ဆွဲခြောက် ၂၀ ဖာ (အထုတ် ၆၀၀)၊ ကိတ်ခြောက် အထုတ် ၄၀ ပါ တစ်ဖါ ဖြစ်ပါတယ်။

    နောက်ထပ် LED မီးအိမ် အခု ၄၀၊ နာရီစင်ဓာတ်ခဲ အလုံး ၁၂၀၊ ဂက်စ်မီးခြစ် အလုံး ၁၀၀ တို့ကိုလည်း ဒီကနေ့ညမှာ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

    တောင်းတွင်းကြီးမြို့က ပရဟိတအဖွဲ့တွေ စုပေါင်းပြီး အခြားရေဘေးသင့်ဒေသတွေကိုလည်း သွားရောက်လှူဒါန်းဖို့ အစီအစဉ်ရှိနေပြီး အစ္စလာမ်ဘာသာဝင်များကလည်း ထပ်မံလှူဒါန်းဖို့ ပြင်ဆင်နေကြပါတယ်။

    (ပုံများနှင့် အချက်အလက်များကို ကို Soemyint Lay ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)