News @ M-Media

Tag: Myanmar Muslim Relief For Flood Vitims

  • ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ  အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

    ရေဘေးသင့်သူတွေ အတွက် သိန်း ၁၀၀ အလှူ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ ပြည်ထောင်စုဝန်ကြီးသို့ပေးအပ်

    စက်တင်ဘာ ၆ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .100k
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သြဂုတ်လ ၂၆ ရက်နေ့တွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနသို့ ရေဘေးသင့်ပြည်သူများ အတွက် ကျပ်သိန်းတစ်ရာ လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ် ခဲ့ကြောင်း စက်တင်ဘာ ၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။
    .
    အလားတူ ဧရာဝတီတိုင်း အတွင်းရှိ ရေဘေးသင့်ဒေသများဖြစ်သော ကြံခင်း၊ ဒါးက၊ အင်္ဂပူ၊ မြန်အောင်၊ ကန်ကြီးထောင့်၊  ညောင်တုန်း၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ သာပေါင်း၊ ပုသိမ် စတဲ့ မြိ့နယ်များ အတွက်လည်း အလှူပစ္စည်း သိန်း ၅၀၀ ကျော်ဖိုးကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။

    ရုပ်ပုံ- ၉-၆-၂၀၁၆ ကြေးမုံ

  • ရေဘေးသင့်ပြည်သူများကို ကူညီဖို့ မန္တလေးမှ ဗလီများတွင် နှိုးဆော်

    ရေဘေးသင့်ပြည်သူများကို ကူညီဖို့ မန္တလေးမှ ဗလီများတွင် နှိုးဆော်

    သြဂုတ် ၂ ၊ ၂၀၁၆
    M-Media
    Kyout Masjid
့မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့မြို့နယ်များတွင် လတ်တလော ရင်ဆိုင်နေရသည့် ရေကြီး/ရေလျှံမှုများကြောင့် ဒုက္ခရောက်နေသူများကို ကူညီဖို့ မန္တလေးမြို့ရှိ ဗလီဝတ်ကျောင်းတော်များ တွင် ကြော်ငြာ သင်ပုန်းများဖြင့် နှိုးဆော်ထားတာကို တွေ့ရပါတယ်။

    Image via-Shwe Sin FB

  • ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး (မန္တလေးမြို့) မှ ရိက္ခာများ လှူဒါန်း

    ရေဘေးသင့်ပြည်သူများအတွက် အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး (မန္တလေးမြို့) မှ ရိက္ခာများ လှူဒါန်း

    သြဂုတ်၂ ၊ ၂၀၁၆
    M-Media
    13901448_1046996968720216_8429723228327744342_n
    ကြည့်မြင်တိုင်ကျေးရွာ ရေဘေးသင့်ပြည်သူများတွက် မန္တလေးမြို့ အစ္စလာမ်ဘာသာလူမှုရေး အဖွဲ့ကြီး မှအိမ်ခြေ ၁၈၀အတွက်ရိက္ခာပို့ဆောင်ခဲ့ကြောင်း သိရသည်။

    အိမ်ထောင်စုပေါင်း ၁၈၀ အတွက် တစ်အိမ်ထောင်လျင် ဆန် ၈ ပြည်အိတ် ၁အိတ်၊ ဆီ ၂ ကီလိုဘူး ၁ဘူး၊ ခေါက်ဆွဲခြောက်ထုပ် ၂၀ထုပ် နှုံးဖြင့် ပို့ဆောင် လှုဒါန်းခဲ့ကြောင်း အဖွဲ့ရဲ့ FB စာမျက်နှာဖော်ပြချက်အရ သိရှိသည်။

  • မွတ်စလင်မ် ရေဘေးကူ ကော်မတီရဲ့ ရေးဘေးသင့်ပြည်သူများ အတွက် ဒုတိယမြောက် အကူအညီပေးရေး ခရီးစဉ် စတင်

    မွတ်စလင်မ် ရေဘေးကူ ကော်မတီရဲ့ ရေးဘေးသင့်ပြည်သူများ အတွက် ဒုတိယမြောက် အကူအညီပေးရေး ခရီးစဉ် စတင်

    သြဂုတ် ၅၊ ၂၀၁၅
    M-Media

    aa

    – မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဖွဲ့စည်းထားတဲ့ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” က ပြည်ခရိုင်နဲ့ ဖွင့်ဖြူမြို့နယ်ဘက် ရေးဘေးသင့်ပြည်သူတွေကို အကူအညီတွေပေးအပ်ဖို့ သြဂုတ်လ ၅ ရက် (ယနေ့) မနက်မှာ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

    ရေဘေးသင့်ပြည်သူတွေကို ကူညီနိုင်ဖို့ ဆန်အိတ် ၃၅၁ အိတ်၊ ခေါက်ဆွဲနဲ့ ကြာဆံခြောက် ၂၅၈ ဖာ၊ ရေသန့်ဘူးသေး ၃၅၇၆ ဘူး၊ ရေသန့်ဘူးကြီး ၁၈၀ ဘူး၊ အ၀တ်အစား ၇၃ ထုတ်၊ Max Plus အအေးဘူး ၁၀ ဖာ၊ အာရှအအေးဘူး ၁၀ ဖာ၊ မုန့်ကျွတ် ၁၈ ဖာ၊ မုန့်ခြောက်ဖာကြီး ၂ ဖာတို့ သယ်ဆောင်သွားခဲ့တယ်လို့ ကော်မတီရဲ့ Facebook စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

    ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဖွဲ့စည်းထားတဲ့ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ရဲ့ ဒုတိယမြောက် ကူညီကယ်ဆယ်ရေး ခရီးစဉ်ဖြစ်ပြီး ပထမခရီးစဉ်အဖြစ် ပဲခူးတိုင်း မိုးညို့မြို့နယ်ကို သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

    သြဂုတ်လ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ အဲဒီ “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ကို ကျပ် သိန်းပေါင်း ၁၂၀၀ နဲ့ မ,တည်ခဲ့တာဖြစ်ပါတယ်။

  • ရေဘေးသင့်ပြည်သူများအတွက် “MM ရောင်နက်” ဗလီတွင် လှူဒါန်းနိုင်

    ရေဘေးသင့်ပြည်သူများအတွက် “MM ရောင်နက်” ဗလီတွင် လှူဒါန်းနိုင်

    သြဂုတ် ၃၊ ၂၀၁၅
    M-Media

    rn

    မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိကြတဲ့ ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနိုင်ရေး အလှူငွေများ၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းကြဖို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ “MM ရောင်နက်” ဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်ဘာသာဝင်များကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

    အဓိကအားဖြင့် အလှူငွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေကို လှူဒါန်းကြဖို့ ဗလီရဲ့ ကြော်ငြာသင်ပုန်းမှာ ရေးသားနှိုးဆော်ထားတာဖြစ်ပြီး၊ အလှူလက်ခံဌာနကိုလည်း အဲဒီဗလီဝတ်ကျောင်းတော်မှာပဲ ဖွင့်လှစ်ထားပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ တည်နေရာကတော့ မြယာကုန်းလမ်းနှင့် လမ်း ၁၃၀ ထောင့်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်းက ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက “ရေဘေးသင့်ပြည်သူများ ကူညီပံ့ပိုးရေးကော်မတီ” ကို ကျပ် သိန်းပေါင်း ၁၂၀၀ မတည်ကာ သြဂုတ်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ ဆက်သွယ်လှူဒါန်းနိုင်မယ့် နေရာ ၂၀ ကို သတ်မှတ်ပေးထားပါတယ်။

    အနယ်အနယ်အရပ်ရပ်က ဗလီဝတ်ကျောင်းတော်တွေကနေတစ်ဆင့် တစ်နိုင်တစ်ပိုင် စုပေါင်းလှူဒါန်းနေကြတာမျိုးလည်း ရှိနေပြီး ရှေ့ဆောင်အီမ်မာတွေကလည်း အတိဒုက္ခရောက်နေသူတွေကို ကူညီကြဖို့ ပြီးခဲ့တဲ့ သောကြာဒေသနာမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။