News @ M-Media

Tag: Myanmar

  • ဘင်္ဂလားဒေ့ရှ်မှ အင်တာနက် bandwidth မြန်မာနှင့် အိန္ဒိယတို့ ၀ယ်ယူရန် စီစဉ်

    နိုဝင်ဘာ- ၁၈ ၂၀၁၃
    M-Media

    Bandwidth

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်တာနက် bandwidth ၀ယ်ယူရန် မြန်မာနှင့် အိန္ဒိယနိုင်ငံတို့က စိတ်ဝင်စားနေသည်ဟု သိရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်းရှိပြည်နယ်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၁၀၀ ဂီဂါဘိုက်ပမာဏရှိ အင်တာနက် bandwidth အား ဝယ်ယူဖို့ အိန္ဒိယအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ညွှန်ကြားချက်ပေးခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ရေအောက် ဖိုက်ဘာလိုင်း ကုမ္ပဏီလိမိတက်မှ မန်နေဂျင်းဒါရိုက်တာ မွန်ဝါရ် ဟိုစိုင်က ပြောကြားခဲ့သည်။

    ထိုပြင် ၅၀ ဂီဂါဘိုက်ပမာဏရှိသည့် အင်တာနက် bandwidth  တစ်ခု ၀ယ်ယူမှုအတွက် ဆွေးနွေးရန် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခုကိုလည်း ယခုသီတင်းပတ်တွင် ဒါကာသို့စေလွှတ်မည်ဟု သိရသည်။

    အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှာ ကိုယ်စားလှယ်များမှာ အဆိုပါအင်တာနက်ကိစ္စအား ဆွေးနွေးရန် ဒါကာသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ်အနေနှင့် အင်တာနက် bandwidth  အိန္ဒိယသို့ရောင်းရန် ဆုံးဖြတ်ခဲ့ပါကာ Brahmanbaria မှ အိန္ဒိယနယ်စပ်အထိ အနည်းဆုံး ကီလိုမီတာ ၅၀ ရှိမည့် ဖိုက်ဘာဆက်ကြောင်း တစ်ခုကို တည်ဆောက်ရန် လိုအပ်နေသည်။

    အိန္ဒိယနိုင်ငံမှာ အင်တာနက် အသုံးပြုရန် ဖိုက်ဘာ ဆက်ကြောင်းများစွာရှိသော်လည်း ထိုဆက်ကြောင်းများမှ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ အင်တာလိုင်းများ ခွဲဝေပေးရန်မှာ ကုန်ကျစားရိတ် အလွန်များနေသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ ၀ယ်ယူရန် စီစဉ်ရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံတွင်လည်း အင်တာနက်အသုံးပြုရန်  SEA-ME-WE-3 လိုင်း ရှိနေသော်လည်း၊ အရေးပေါ်အသုံးပြုရန် လိုင်းများ မရှိခြင်းနှင့် ထိုလိုင်းမှာ လာမည့် ၂ နှစ်အတွင်း လုံလောက်မှု မရှိဖြစ်လာမည်ဖြစ်သောကြောင့် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ရန် လိုအပ်နေသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး အရေးပေါ်အသုံးပြုရန်နှင့် ထပ်တိုးအသုံးပြုရန်အတွက် SEA-ME-WE-4  လိုင်းများအပါအ၀င် ရေအောက်ဖိုက်ဘာဆက်ကြောင်းများမှ ၂၀၀ ဂီဂါဘိုက် ပမာဏရှိထားသည်။

    ထို့ပြင် ၂၀၁၅ ခုနှစ် မတ်လတွင် SEA-ME-WE-5 လိုင်းတပ်ဆင်ရန်ရှိနေပြီး ထိုလိုင်း တပ်ဆင်ပြီးပါက ၈၀၀ ဂီဂါဘိုက် ပမာဏရှိ အင်တာနက် bandwidth  ထပ်မံရရှိရန် ဘင်္ဂလားဒေ့ရှ်က မျှော်လင့်နေသည်။

    Ref: thedailystar

  • တူရကီ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ် ဒီနေ့စတင်မည်။

    နိုဝင်ဘာ-၁၄ ၂၀၁၃
    M-Media

    Turkish FM Davutoglu

    ကမ္ဘာပေါ်တွင် နှိပ်စက်ညှင်းပမ်းမှု အခံရဆုံး လူသားများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည့် ရိုဟင်ဂျာ မွတ်စလင်များ၏ အခြေအနေအား အလေးထား လေ့လာရန် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu  မှာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်ဟု သိရသည်။

    ကြာသာပတေးနေ့(ယနေ့)တွင် လာရောက်မည်ဖြစ်ပြီး နှစ်ရက်တာကြာမြင့်မည့် အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံရှိ မွတ်စလင်လူနည်းစုများ၏ ဒုက္ခများကို အလေးထား ကြည့်ရှုသွားမည်ဖြစ်သည်။

    Davutoglu  မှာ ရခိုင်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များအကြား အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

    ထိုအကြမ်းဖက်မှုများကြောင့် လူအများအပြားသေဆုံးခဲ့ပြီး သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ၂၀၁၂ နှစ်ကုန်ပိုင်းတွင်ပင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် ၁၂၅၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။

    ညှင်းပမ်းနှိပ်စက်မှုများနှင့် ရင်ဆိုင်နေရသည့် ရိုဟင်ဂျာမွတ်စလင်များအား မြန်မာအစိုးရက ခိုးဝင်လာသူများဟု အမည်တပ်ထားပြီး နိုင်ငံသား သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးအဖြစ်လည်း အသိအမှတ်ပြုထားခြင်းမရှိပေ။ ရိုဟင်ဂျာများ၏ နောက်ဆုံး အခြေအနေများကို OIC အဖွဲ့က ဖွဲ့စည်းပေးထားသည့် ရိုဟင်ဂျာဆက်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့က ဆောက်ရွက်ပေးမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အင်ဒိုနီးရှား၊ ဂျီဘောက်တီ၊ ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့ ပါဝင်ကြသည်။

    Ref: worldbulletin

    ဓါတ်ပုံအညွှန်း- နိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်းက တူရကီဝန်ကြီးချုပ်၏ ဇနီးဖြစ်သူပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ပုံရိပ်အချို့

  • အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံထားရှိမှု

    နိုဝင်ဘာ- ၁၃ ၂၀၁၃
    M-Media
    မောင်ပုည

    OIC_Map

    ရန်ကုန်အခြေစိုက် သံရုံးဖွင့်ထားသည့် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ

    ၁)ဘင်္ဂလားဒေရှ်
    ၂)ဘရူနိုင်း
    ၃)အီဂျစ်
    ၄)အင်ဒိုနီးရှား
    ၅)မလေးရှား
    ၆) ပါကစ္စတန်
    ၇) ဆော်ဒီအာရေးဗီးယား

    မြန်မာနိုင်ငံနှင့် သံအဆက် အသွယ်ထားရှိသော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ

    ၈)အီရန်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၉)အီရတ်         (ဘန်ကောက်မှာ ရုံးအခြေဆိုက်)
    ၁၀)ကူဝိတ်         ( ပါကစ္စတန် ၊ အစ္စလာမ် မာဘတ်တွင် ရုံးအခြေဆိုက်)
    ၁၁)မော်ရိုကို     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၂)နိုင်ဂျီးရီးယား     ( ဘန်ကောက်တွင် ရုံးအခြေဆိုက်)
    ၁၃) ဆီးရီးယား     ( နယူးဒေလီတွင် ရုံးအခြေဆိုက်)
    ၁၄) အလ်ဘေးနီးယား     ( ဘေဂျင်းတွင် ရုံးအခြေဆိုက်)
    ၁၅) တူရကီ     (ဒါကာတွင် ရုံးအခြေဆိုက်)
    ၁၆)အလ်ဂျီးရီးယား     (ဗီယက်နမ် ဟနွိုင်မှာ ရုံးအခြေဆိုက်)
    ၁၇) မော်လဒိုက်     (စင်္ကာပူ တွင် ရုံးအခြေဆိုက်)

    အိုအိုင်စီ အဖွဲ့ဝင် (၅၇)နိုင်ငံ၏ ၃၀% ကျော် (၁၇) နိုင်ငံမှာ မြန်မာပြည်နှင့် သံတမန် အဆက်အသွယ်ထားရှိပါသည်။

    ကိုးကား-
    နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်
    wiki

  • မြန်မာကိုစစ်ရေး အကူအညီပေးခြင်းဖြင့် တရုတ်အင်အားနှင့် ချိန်ခွင်လျှာညှိရန် အိန္ဒိယကြိုးပမ်း

    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media

    Manmohan Singhs
    နယူးဒေလီ။        ။ မြန်မာနိုင်ငံတွင်း၌ တရုတ်မှ ဗျူဟာကျကျလမ်းခင်းထားမှုအား တန်ပြန်ရေးအတွက် အိန္ဒိယသည် မြန်မာကို ဒုံးကျည်လက်နက်များပေးနေရာမှာ ဝေဟင်စောင့်ကြည့် ရေကြောင်းကင်းလှည့်မှု နှင့် တန်ပြန်ထောက်လှမ်းမှုအသုံးချ တိုက်ပွဲဝင်စစ်သုံး ဆော့ဖ်ဝဲ အစီအစဉ်များကိုပါ အကူအညီပေးခြင်းဖြင့် တဆင့်ချင်း ခြေလှမ်းလာလျက်ရှိသည်။

    အိန္ဒိယစစ်ဦးစီးဗိုလ်ချုပ် ဘစ်ကရမ်းဆင်းသည် မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့သည်။

    “ မြန်မာဟာ စစ်လက်နက်ထောက်ပံ့ရေး၊ စစ်သင်တန်း၊ နယ်စပ်ရေးရာကိစ္စများအားဖြင့် အိန္ဒိယနဲ့အနီးကပ်ဆက်ဆံပြီး လုံခြုံရေးတိုးမြှင့်ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေပါတယ်။ မကြာတော့တဲ့ကာလအတွင်း ကျွန်တော်တို့က ဘူတန်၊ ဘော့စ်ဝါနာနဲ့အခြားဒေသမှာလုပ်ခဲ့သလိုမျိုး အိန္ဒိယနယ်မြေပိုင်နက်ထဲ စစ်လေ့ကျင့်ရေးသင်တန်းတစ်ရပ် အခြေစိုက်ပြုလုပ်သွားဖို့ မြန်မာဖက်က သဘောတူထားပါပြီ ” ဟု အရာရှိသူတစ်ဦးမှ ပြောကြားသည်။

    အိန္ဒိယသည် ဒုံးကျည်လက်နက်၊ မော်တာနှင့် ရိုင်ဖယ်သေနတ်များ၊ ရေဒါများ၊ ညဥ့်အမှောင်တွင်းအသုံးချကိရိယာများ၊ ဆက်သွယ်ရေးပစ္စည်းများအပြင် လမ်းတံတားတည်ဆောက်ရေးဆိုင်ရာပစ္စည်းကိရိယာများကို မြန်မာစစ်တပ်သို့ ထောက်ပံ့လျက်ရှိသည်။

    မြန်မာစစ်တပ်အတွက် “Combat decision resolution” နှင့် “Infantry company commanders tactical trainer” အမည်ရှိ တိုက်ပွဲဝင်စစ်သုံးဆော့ဖ်ဝဲအစီအစဉ် ၂ ရပ် သင်တန်းနှင့်အတူ ဝေဟင်ပျံစက်မဲ့ဂလိုက်ဒါယာဉ် ငါးစီးကိုလည်း ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်သို့ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်ဆင်း၏ခရီးစဉ်၌ ယာယီသဘောတူညီချက် ရရှိခဲ့သည်။

    “ မီဇိုရမ်နယ် Mizoram က Vairengte မှာရှိတဲ့ အိန္ဒိယတပ်မတော် တန်ပြန်ထောက်လှမ်းရေးနဲ့တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်းမှာ မြန်မာစစ်တပ်ကို အထူး သင်တန်းပေးမဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း သင်တန်း အသီးသီးနေရာမှာ ဦးရေ တစ်ရာကျော်မက လက်ခံပေးသွားမှာပါ။ ရေတပ်နဲ့လေတပ်တွေလည်း သင်တန်းမှာ အခါအားလျော်စွာ ထည့်သွင်း ပါဝင်ပါလိမ့်မယ်။ သူတို့တစ်တွေက ကုန်းကြောင်း တိုက်ပွဲသုံးယာဉ်နဲ့ တင့်ကားတွေ၊ သတင်းအချက် အလက်နည်းပညာ၊ ထောက်လှမ်းရေး နဲ့ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ သင်တန်းတွေကို အခြားအရာများထက် ပိုပြီးအားသန်နေကြတယ်။ မြန်မာတပ်မတော်ဦးစီးက လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ အိန္ဒိယကို လာရောက်ပါဦးမယ် ” ဟု ၄င်းမှ ထပ်မံပြောပြသည်။

    အိန္ဒိယ၏ ကုန်းကြောင်းရေကြောင်းနယ်နမိတ်နှင့် ၁၆၄၃ ကီလိုမီတာအထိ ထိစပ်ဆက်နွှယ်နေသည့် တစ်ခုတည်းသော အာဆီယံနိုင်ငံမှာ မြန်မာဖြစ်၏။ ၂၀၁၂ ခုနှစ်၊ မေလက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နေပြည်တော်သို့ရောက်လာ၍ မြန်မာနိုင်ငံနှင့် သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စများ ပူးပေါင်းတိုးမြှင့်ရေးကို အခိုင်အမာဆွေးနွေးခဲ့သည်။

    ထို့နောက်ပိုင်း ကာကွယ်ရေးဝန်ကြီး A K Antony ၊ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး  N A K Browne စသည့် စစ်ရေးခေါင်းဆောင်များသည်လည်း စစ်ရေးဆက်ဆံမှုခိုင်မာအောင် မြန်မာသို့ အလည်အပတ်ရောက်လာခဲ့ကြသည်။ ယမန်နှစ်နိုဝင်ဘာလက အမေရိကန်သမ္မတ ဘားရက်အိုဘားမား သည် နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများသည် ပင်လျှင် မြန်မာစစ်ခေါင်းဆောင်များနှင့် သဟဇာတဖြစ်လာရေးအတွက် အားထုတ်လျက်ရှိနေပေသည်။

    Ref:indiatimes

  • နိုင်ငံခြား ဖုန်းလုပ်ငန်း အုပ်စုများ၏ ဈေးကွက်ဝေစုကို မြန်မာမှ လက်ဝါးကြီးအုပ်ထား

    အောက်တိုဘာ-၂၈ ၊ ၂၀၁၃
    M-Media

    Myanmar courts foreign telecoms groupsလွန်ခဲ့သောလ အနည်းငယ်ခန့်က ကမ္ဘာ့ အနိမ့်ကျဆုံး တယ်လီဖုန်း ဆက်သွယ်ရေးဈေးကွက် တစ်ခုရှိရာ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ကို လက်လွှတ်ရပြီးနောက် Vodafone နှင့် Orange တို့သည် ထပ်မံ ၀င်ရောက်ရန်အတွက် ရည်ရွယ်လျက်ရှိသည်။

    မြန်မာနိုင်ငံသည် MPT၏ ဆက်သွယ်ရေး ကဏ္ဍ၌ ပုဂ္ဂလိက ဖက်စပ် လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့၏။ သို့သော် ကုမ္ပဏီ၏ ပုံမှန်လုပ်ငန်း ယန္တရားများ မသက်ဆိုင်ဟု နီးစပ်သော အသိုင်းအ၀ိုင်းမှဆိုသည်။

    Orange ၊ Vodafone နှင့် စင်္ကာပူမှ SingTel တို့သည် ယခုနှစ် တင်ဒါခေါ်ယူမှု၌ ပါဝင်ခဲ့ကြသော်လည်း နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့က လိုင်စင်ရရှိသွားကြသည်။ ယခုသော် ယင်းလုပ်ငန်းစုနှစ်ခုမှာ အကြိတ်အနယ် ပြိုင်ဆိုင်နေကြပြီဖြစ်သည်။

    MPT ၏ ဖက်စပ်လုပ်ငန်းနှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် Vodafone နှင့် Orange မှငြင်းဆိုခဲ့သည်။ SingTel  က မြန်မာနိုင်ငံအတွင်း အခွင့်အလမ်းများ ဆက်လက်ရှာဖွေသွားမည်ဟုသာ ပြောကြား၏။ MPT ကမူ မည်သည့်မှတ်ချက်ကိုမျှ မပေးခဲ့ချေ။

    လူဦးရေ သန်း ၆၀ ရှိပြီး အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အား နှင့် ပြည်တွင်းကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်များပြားနေပါလျက် စီးပွားရေး တိုးချဲ့စီမံကိန်းများဆောင်ရွက်နေသည့်နိုင်ငံ၌ မိုဘိုင်းလ် လိုင်စင်နှစ်ခုအတွက် အပြင်းအထန်ပြိုင်ဆိုင်မှုသည် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ မိုဘိုင်းလ်လိုင်းရရှိမည့် ဆင်းမ်ကဒ်တစ်ခုကို ဒေါ်လာ တစ်ရာကျော်အထိ လမ်းဘေးဆိုင်များတွင် အရောင်းအ၀ယ်ဖြစ်နေကြသည်။

    ဆက်သွယ်ရေးကဏ္ဍကွက်လပ်ဖြည့်ရန် MPT ဖက်စပ်လုပ်ငန်းအတွက် အစိုးရရည်ရွယ်ထားသော အဓိကအစီအမံမှာ မရှင်းမလင်းဖြစ်နေသည်။ အစိုးရဖက်မှ ဖက်စပ်လုပ်ကိုင်လိုသူ မည်မျှလိုအပ်သည်ကိုလည်းကောင်း၊ MPT ဘဏ္ဍာရေး၌ မည်မျှပါဝင်ပေးကမ်းရသည်ကိုလည်းကောင်း တိကျစွာဖော်ပြထားချက်မရှိပါ။ “ သူတို့က အကျိုးတူခံစားမယ့် ပါတနာ ကို လိုချင်တာလား၊ နည်းပညာပါတနာကို လိုအပ်တာလားဆိုတာကိုတောင် မရှင်းလင်းပါဘူး ” ဟု သတင်းပေးသူတစ်ဦးမှ ဆိုသည်။

    ယင်းအစီအစဉ်နှင့်နီးစပ်သူနောက်တစ်ဦး၏အဆိုအရ အစိုးရသည် ၄င်း၏မိုဘိုင်းလ်ကွန်ရက်အား ထူထောင်ရန်အထိ ကျယ်ကျယ်ပြန့်ပြန့် စီမံထားကြောင်း၊ လိုင်စင်မရရှိခဲ့သည့် Vodafone နှင့် ၄င်း၏လက်တွဲသူ China Mobile တို့က ထိုအချက်အား တစွန်းတစထုတ်ဖော်ထားကြောင်း သိရသည်။

    MPT ၌ စစ်တပ်ကျောထောက်နောက်ခံ MEC ၏ အဓိကပါဝင်ပတ်သက်မှုက ၄င်းတို့၏ကိုယ်ပိုင်မိုဘိုင်းလ်ကွန်ရက်ငယ်အား ယင်းကဏ္ဍအတွင်းမှနေ၍ ထပ်မံတိုးချဲ့ရန် ရည်ရွယ်ထားသလောဟူသည် ထပ်မံစိုးရိမ်စရာတစ်ခု ရှိနေသည်။

    ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုမ္ပဏီများအတွက် အတိုင်ပင်ခံအဖွဲ့ Vriens & Partners ၏ မြန်မာနိုင်ငံရှိ ဦးစီးဒါရိုက်တာ Romain Caillaud က MEC သည် MPT ၏ ပိုင်ဆိုင်မှု၌ ပါဝင်လာမည်လော သို့တည်းမဟုတ် MEC မှ ကိုယ်ပိုင်ကွန်ရက်ထူထောင်နိုင်ရန် MPT မှ ၄င်းအား ယာယီထည့်သွင်းမည်လော ဟူသည်ကို သိခွင့်မရကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့်အဖွဲ့များအနေဖြင့် လုပ်ငန်းမဆောင်ရွက်မီ ပွင့်လင်းမြင်သာမှုပိုမိုရရှိအောင် ပြုလုပ်စေရန် မျှော်လင့်ကြောင်း ပြောဆိုလိုက်သည်။

    Ref:The Financial Times