News @ M-Media
Tag: Netherlands
  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ
    သြဂုတ် ၂၉၊ ၂၀၁၈
    M-Media
    တမန်တော်မိုဟာမက် ရုပ်ပြောင်းကာတွန်းပြိုင်ပွဲကျင်းပရန် စီစဉ်သည့် ဂါ့တ်ဝိုင်းလ်ဒါး
    အစ္စလာမ်ဆန့်ကျင်ရေးလွှတ်တော်အမတ်အား တိုက်ခိုက်ရန်ကြံစည်သူတစ်ဦးကို နယ်သာလန်ဖမ်းဆီး
    =============
    တမန်တော်မိုဟာမက်ကို စော်ကားတဲ့ ရုပ်ပြောင်ကာတွန်းပြိုင်ပွဲ ကျင်းပဖို့ စီစဉ်နေတဲ့ လက်ယာစွန်းရောက် လွှတ်တော်အမတ် ဂါ့တ် ၀ိုင်းလ်ဒါးကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို နယ်သာလန် ရဲတပ်ဖွဲ့က မနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ လက်ရှိမှာ သူ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပြီး အခုတစ်ပတ်အတွင်းမှာ တရားစွဲဆိုသွားဖို့ ရှိနေပါတယ်။ ၀ိုင်းလ်ဒါးဟာ အဲဒီ ကာတွန်းပြိုင်ပွဲကို လာမယ့်လမှာ ကျင်းပဖို့ စီစဉ်နေတာဖြစ်ပြီး တစ်ပါးသူရဲ့ ဘာသာရေးခံယူချက်ကို ထိခိုက်နစ်နာအောင်လုပ်ဖို့ ရည်ရွယ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
    လူမည်းလူငယ်ကို ပစ်သတ်ခဲ့သည့် အမေရိကန်ရဲ ထောင် ၉၉ နှစ်အထိ ကျခံရနိုင်
    =================
    ပြီးခဲ့တဲ့နှစ် ဧပြီလက ဒါးလက်စ်မြို့ ဆင်ခြေဖုံးမှာ လူမည်းလူငယ်တစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုအတွက် ရဲအရာရှိဟောင်း ရိုင်အိုလီဗာဟာ အပြစ်ရှိတယ်လို့ တက္ကဆက်ပြည်နယ် တရားရုံးက မနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ လူမည်းလူငယ်တစ်စုဟာ ကားနဲ့ ပါတီကနေ ပြန်လာတဲ့အချိန် အိုလီဗာရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ် ဂျော်ဒါန် အက်ဒ်ဝပ်ဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့တာပါ။ အိုလီဗာက ကားဟာ သူ့ကို ၀င်တိုက်ဖို့ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာလို့ ပြောပေမယ့် စစ်ဆေးမှုတွေအရ ကားဟာ သူနဲ့အဝေးကို မောင်းထွက်သွားတာကို တွေ့ခဲ့ရပါတယ်။ ဒီအမှုအတွက် သူဟာ ထောင် ၅ နှစ်ကနေ ၉၉ နှစ်အထိ ကျခံရဖို့ ရှိပါတယ်။
    မြေထဲပင်လယ်တွင် ရုရှားက ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်း
    ===============
    ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်ရဲ့တပ်တွေဟာ နိုင်ငံမြောက်ပိုင်း အီဒလစ်ဘ်ပြည်နယ်က သူပုန်တွေရဲ့ နောက်ဆုံးခြေကုပ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရှိနေတဲ့အချိန် အာဆတ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ရုရှားကလည်း မြေထဲပင်လယ်မှာ ရေတပ်အင်အား အကြီးအကျယ် ဖြည့်တင်းမှုတွေ ပြုလုပ်နေပါတယ်။ အမေရိကန်ဟာ ဆီးရီးယားအစိုးကို တိုက်ဖို့အတွက် အရှေ့အလယ်ပိုင်းမှာ စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရုရှားက စွပ်စွဲထားပြီး၊ အမေရိကန်ကလည်း အီဒလစ်ဘ်မှာ ရုရှားနဲ့ အာဆတ်အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်ဆိုရင် တုန့်ပြန်သွားမယ်လို့ မနေ့မှာ ခြိမ်းခြောက်ထားပါတယ်။ ရုရှားရဲ့ အခုစစ်အင်အားဖြည့်တင်းမှုမှာ ရေငုပ်သင်္ဘောတွေပါ ပါဝင်လာပြီး ၂၀၁၅ ခုနှစ် ဆီးရီးယားစစ်ပွဲမှာ ပါဝင်ပြီးနောက်ပိုင်း အကြီးမားဆုံး စစ်ရေးပြင်ဆင်မှုလည်း ဖြစ်ပါတယ်။
    Ref: Aljazeera
  • နယ်သာလန်ရွေးကောက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ့်
    နယ်သာလန်ရွေးကောက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ့်
    မတ် ၁၆၊ ၂၀၁၇
    M-Media
    ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် လက်ရှိဝန်ကြီးချုပ် မာခ့် ရူတီ
    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နယ်သာလန်အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် မာခ့် ရူတီမှာ လက်ယာစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေးသမား ဂါ့တ် ၀ိုင်းဒါးစ်ကို အလွယ်တကူ အနိုင်ရရှိခဲ့သည်ဟု သိရသည်။
    မဲအရေအတွက် ၉၃ ရာခိုင်နှုန်းကျော် ရေတွက်ပြီးသည့်အချိန်တွင် ရူတီ၏ VVD ပါတီမှာ နေရာ ၁၅၀ ရှိသည့် လွှတ်တော်တွင် ၃၃ နေရာနှင့် နေရာအများဆုံးရရှိသည့် ပါတီ ဖြစ်လာခဲ့သည်။ ၀ိုင်းဒါးစ်၏ PVV ပါတီမှာ နေရာ ၂၀ ဖြင့် ဒုတိယအများဆုံး ရရှိခဲ့သည်။
    ရူတီမှာ ဥရောပလိုလားသူဖြစ်ပြီး ၀ိုင်းဒါးစ်မှာ ပြောင်းရွှေ့အခြေချသူဆန့်ကျင်ရေးနှင့် ဥရောပဆန့်ကျင်ရေးသမား ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ယူကေ၏ ဗြိတိန်မှခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲ၊ အမေရိကန်တွင် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုတို့ကြောင့် ဥရောပတွင် လူပြိန်းကြိုက်ဝါဒကို စမ်းသပ်ရန်အတွက် န
    ယ်သာလန်ရွေးကောက်ပွဲမှာ အထူးစောင့်ကြည့်ခြင်း ခံခဲ့ရသည်။
    “Brexit နဲ့ အမေရိကန်ရွေးကောက်ပြီးတဲ့နောက်ပိုင်း ဒီနေ့ညနေကတော့ မှားယွင်းတဲ့ လူပြိန်းကြိုက်ဝါဒ ‘ရပ်တန့်ပါ’ လို့ နယ်သာလန်က ပြောလိုက်တာပါ။ အခုတော့ လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်းမှာ တိုင်းပြည်စည်းလုံးဖို့နဲ့ နောက်ထပ် ၄ နှစ်အတွက် တည်ငြိမ်တဲ့ အစိုးရတစ်ခုကို ဖွဲ့စည်းနိုင်ဖို့ အရေးကြီးနေပါပြီ” ဟု ရူတီက အနိုင်ရရှိပြီးနောက် ၎င်းအား ထောက်ခံသူများကို ပြောကြားခဲ့သည်။
    ဥရောပမှ ခွဲထွက်ရေးကို ကြောက်ရွံ့နေကြသည့် ဥရောပခေါင်းဆောင်များကလည်း ရူတီ၏ ရွေးကောက်ပွဲအောင်နိုင်မှုကို ချီးကျူးခဲ့ကြသည်။
    Ref: Aljazeera
  • တူရကီခေါင်းဆောင်များ နယ်သာလန်ကို နှုတ်ဖြင့်တိုက်ခိုက်မှု အရှိန်မြင့်လာ
    တူရကီခေါင်းဆောင်များ နယ်သာလန်ကို နှုတ်ဖြင့်တိုက်ခိုက်မှု အရှိန်မြင့်လာ
    မတ် ၁၂၊ ၂၀၁၇
    M-Media
    – နယ်သာလန်နိုင်ငံမှာ ‘ဖက်ဆစ်ဝါဒ၏ အချက်အခြာ’ ဖြစ်သည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောကြားလိုက်ပြီး တူရကီခေါင်းဆောင်များ နယ်သာလန်နိုင်ငံအပေါ် ဒုတိယအကြိမ်မြောက် ဝေဖန်မှုလည်းဖြစ်သည်။
    Cavusoglu မှာ စနေနေ့က နယ်သာလန်နိုင်ငံ ရော့တာဒမ်မြို့တွင် တူရကီပြောင်းရွှေ့အခြေချသူများနှင့် ချီတက်လမ်းလျှောက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နိုင်ငံတစ်နိုင်ငံအတွင်း တစ်ခြားနိုင်ငံတစ်ခု၏ နိုင်ငံရေးဆိုင်ရာ ချီတက်လမ်းလျှောက်မှုမှာ တရားမ၀င်ဟု သတ်မှတ်ထားသောကြောင့် နယ်သာလန်က တူရကီနိုင်ငံခြား ရေးဝန်ကြီးကို ပြည်ဝင်ခွင့် မပေးခဲ့ပေ။
    ထို့ကြောင့် သမ္မတအား အာဏာပိုမိုချဲ့ထွင်ပေးနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုအတွက် ယနေ့ ပြင်သစ်ရှိ တူရကီပြောင်းရွှေ့အခြေချသူများကို ပြောကြားသော မိန့်ခွန်း၌ Cavusoglu က ” နယ်သာလန်ကို ‘ဒီမိုကရေစီ ဦးသျှောင်’ လို့ ခေါ်ကြတာပဲဗျ။ ခေါ်ကြတာပဲလို့ ဘာ့ကြောင့် ပြောရသလဲဆိုတော့ သူတို့က တကယ်တော့ ဖက်ဆစ်ဝါဒရဲ့ အချက်အခြာနေရာ ဖြစ်နေတာကိုး” ဟု ပြောကြားခဲ့သည်။
    တူရကီသမ္မတ အာဒိုဂန်ကလည်း တနင်္ဂနွေနေ့က အစ္စတန်ဘူလ်၌ ပြုလုပ်သည့် ချီတက်လမ်းလျှောက်မှုတွင် ဒက်ခ်ျအစိုးရကို ‘နာဇီဝါဒီနှင့် ဖက်ဆစ်ဝါဒီ’ ဟု ပြော၍ သင့်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ‘ထိုဝါဒ ခေါင်းဆောင်များကသာ အခြားတစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး တိုင်းပြည်အတွင်းသို့ ၀င်ရောက်မှုအား ဟန့်တားကြကြောင်း’ ဝေဖန်ခဲ့သည်။
    ထို့ပြင် နယ်သာလန်မှာ ထိုလုပ်ရပ်အတွက် ပေးဆပ်ရမည်ဟုလည်း ရုပ်သံမိန့်ခွန်းတွင် အာဒိုဂန်က ပြောကြားခဲ့သည်။
    တူရကီမှာ ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အဝေးရောက်နိုင်ငံသားများအား မဲဆွယ်မှုများကို ဂျာမနီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပိတ်ပင်ခဲ့မှုကြောင့် ဂျာမနီနှင့် တူရကီအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
    Ref: Aljazeera
  • ဒက်ခ်ျလက်ယာစွန်းရောက် နိုင်ငံရေးသမားတစ်ဦး အမုန်းစကားပြောမှုအတွက် အရေးယူခံရမည်
    ဒက်ခ်ျလက်ယာစွန်းရောက် နိုင်ငံရေးသမားတစ်ဦး အမုန်းစကားပြောမှုအတွက် အရေးယူခံရမည်
    ဒီဇင်ဘာ ၉၊ ၂၀၁၆
    M-Media
    dutch
    – ဟော်လန်နိုင်ငံက လက်ယာစွန်းရောက် နိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးဟာ အမုန်းစကားပြောမှု၊ လူမျိုးရေးခွဲခြားမှုတို့အတွက် အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ အမ်စတာဒမ် တရားရုံးက ဒီနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
    တရားသူကြီး ဟန်းဒရစ် စတင်းဟုစ်က ၀ိုင်းလ်ဒါးဟာ လွှတ်တော်အမတ်တစ်ဦး ဖြစ်နေတဲ့အတွက် အပြစ်ပေးသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး တရားလိုရှေ့နေတွေကတော့ ယူရို ၅၀၀ (ကန်ဒေါ်လာ ၅၃၀၀) ဒဏ်ရိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။
    ဒီနေ့ကြားနာမှုကို PVV Freedom ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ ၀ိုင်းလ်ဒါးတစ်ယောက် တက်ရောက်ခဲ့ခြင်း မရှိဘဲ ရှေ့နေဖြစ်သူက ဒီဆုံးဖြတ်ချက်အတွက် အယူခံဝင်သွားမယ်လို့ ကြေငြာချက်ထုတ်ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ်က သည်ဟေ့ဂ်မြို့မှာ ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း ၀ိုင်းလ်ဒါးက တိုင်းပြည်အတွင်း မော်ရိုကန်တွေကို စော်ကားပြောဆိုခဲ့တာပါ။ အဲဒီလုပ်ရပ်အတွက် တရားဝင် ကန့်ကွက်တိုင်ကြားမှုပေါင်း ၆၅၀၀ နီးပါး ရှိခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။
    တရားရုံးက ဒီလို လူမျိုးရေးခွဲခြားစော်ကားမှုဟာ တမင်စီစဉ်ဆောင်ရွက်ခဲ့တယ်ဆိုတ သိသာနေပြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ လွတ်လပ်စွာပြောခွင့်ဘောင်ကို ကျော်လွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
    Ref: Telegraph
  • ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    ဒက်ခ်ျ လက်ယာစွန်းရောက် နိုင်ငံရေးသမား အမုန်းစကားပြောမှု ဆက်ရင်ဆိုင်ရမည်
    အောက်တိုဘာ ၁၉၊ ၂၀၁၆
    M-Media
    – မွတ်စလင်ဆန့်ကျင်ရေးမှတ်ချက်များကို ပြောဆိုခဲ့သည့် ဒက်ခ်ျနိုင်ငံရေးသမား ဂါ့တ် ၀ိုင်းလ်ဒါးကို အမုန်းစကားပြောဆိုမှုဖြင့် တရားစွဲဆိုမှုအား ဆက်လက်ဆောင်ရွက်သွားရန် နယ်သာလန် တရားရုံးက ပြီးခဲ့သည့်တစ်ပတ်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
    သို့သော်လည်း သောကြာနေ့က The Hague ခရိုင်ရုံး၌ ကြားနားမှုတွင် တရားသူကြီးက ၀ိုင်းလ်ဒါး၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး တရားရင်ဆိုင်ခြင်းကြောင့် ၎င်းနှင့် ၎င်း၏ ပါတီတို့၏ နိုင်ငံရေးလွတ်လပ်ခွင့်ကို ထိခိုက်စေမည်မဟုတ်ဟု ပြောကြားခဲ့သည်။
    ပရိသတ်များကမူ “နည်းနည်း၊ နည်းနည်း၊ နည်းနည်း” ဟု ပြန်လည်ဖြေကြားခဲ့ကာ ၀ိုင်းလ်ဒါးစ်က ” အဲ့ဒီလိုဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ခဲ့သည်။
    Ref : IINA