News @ M-Media
Tag: PremierLeague
  • အာဆယ်နယ်၊ မန်ယူ၊ မန်စီးတီးတို့ အနိုင်ရရှိခဲ့ပြီး မော်ရင်ဟို၏ ချယ်ဆီး ရှုံးနိမ့်ခဲ့ရသည့် ပရီးမီယားလိဂ် ပွဲစဉ် ၁၀ စနေနေ့ညပွဲစဉ်များ
    နိုဝင်ဘာ-၃ ၂၀၁၃
    M-Media
    MU
    ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ၏ ပွဲစဉ် ၈ ပွဲကို ယမန်နေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့ရာ ဇယားထိပ်တွင်ဦးဆောင်နေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်းအီမရိတ်တွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ မန်ချက်စတာစီးတီးအသင်းမှာလည်း တန်းဆင်းဇုန်နားမှ နော်ဝစ်ခ်ျအသင်းအား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီး စပါးအသင်းမှာ အိမ်ကွင်းတွင် အမှားအယွင်းမရှိ ၃ မှတ်ရယူနိုင်ခဲ့သည်။ မန်ယူအသင်းမှာ ဖူလ်ဟမ်းအား အဝေးကွင်းတွင် အနိုင်ကစားနိုင်ခဲ့ပြီး ချယ်ဆီးအသင်းက နယူးကာဆယ်အသင်းအား ရှုံးနိမ့်ခဲ့သည်။
    အာဆင်နယ် ၂-၀ လီဗာပူးလ်
    လိဂ်ဖလားတွင် ချယ်ဆီးအသင်းအား ရှုံးနိမ့်ခဲ့သည့် အာဆင်နယ်အသင်းမှာ ယခုပွဲတွင် လီဗာပူးလ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် လူငယ်ကစားသမား ၀ီလ်ရှိုင်းယားနှင့် ဖလာမီနီတို့ မပါဝင်နိုင်ခဲ့ဘဲ ရိုစစ်စကီးက ဖလာမီနီ၏နေရာတွင် ၀င်ရောက်ကစားခဲ့သည်။
    လီဗာပူးအသင်းကလည်း ပြီးခဲ့သည့် သီတင်းပတ်က ၀က်စ်ဘရွန်းအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား တစ်နေရာသာ အပြောင်းအလဲလုပ်ကာ အာဆင်နယ်အသင်းအား ရင်ဆိုင်ခဲ့သည်။
    ပထမပိုင်း၏ အစောပိုင်းမိနစ်များတွင် လီဗာပူးလ်အသင်းက ပွဲကိုစိုးမိုးထားနိုင်ခဲ့သော်လည်း အဖွင့်ဂိုးကို ၁၉ မိနစ်တွင် အာဆင်နယ်အသင်းက ရရှိခဲ့သည်။ ထိုဂိုးအား ဆက်ဂ်နာ၏ ဖြတ်တင်ဘောမှတစ်ဆင် ကာဇိုလာကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ၅၉ မိနစ်တွင် အာဆင်နယ်တို့ ဒုတိယဂိုးရရှိခဲ့ပြီး အိုဇေးလ်၏ ဖန်တီးပေးမှုမှတဆင့် ရမ်ဆေးက သွင်းယူခဲ့ခြင်းဖြစ်သည်။
    အာဆင်နယ်အသင်းမှာ ယခုပွဲအနိုင်ကြောင့် ပြိုက်ဘက်များကို ၅ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်နေသည်။
    …………………………………………………
    ဖူလ်ဟမ် ၁-၃ မန်ယူ
    ရာသီအစတွင် ခြေစွမ်းမမှန်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် တည်ငြိမ်လာသည့် မန်ယူအသင်းမှာ အဝေးကွင်းတွင် ဖူလ်ဟမ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။
    ဦးဆောင်ဂိုးကို မန်ယူအသင်းက ပထမပိုင်း ၉ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဗလင်စီယာက သွင်းယူပေးခဲ့သည်။ ထို့နောက် ပမထမိုင်း မိနစ် ၂၀နှင့် ၂၂ မိနစ်တို့တွင် တိုက်စစ်မှူး ဗန်ပါစီနှင့် ရူနီတို့က အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြီး ပထမပိုင်းတွင်ပင် မန်ယူတို့ ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိနေခဲ့သည်။
    ဒုတိယပိုင်း ၆၅ မိနစ်တွင် အိမ်ရှင်အသင်း၏ကစားသမား ကာချန်နစ်လစ်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော်လည်း ကျန်ရှိသည့်ပွဲချိန်များတွင် မန်ယူအသင်းက ထိန်းကစားသွားခဲ့သောကြောင့် အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့သည်။ မန်ယူအင၏သင်းမှာ နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲတွင် ရှုံးပွဲမရှိသေးဘဲ ယခင်ပုံစံကောင်းကို ပြန်လည်ရရှိနေသည်။
    ………………………………………………….
    နယူးကာဆယ် ၂-၀ ချယ်ဆီး
    ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ်တွင်မန်စီးတီးအသင်းနှင့်၊ လိဂ်ဖလားပြိုင်ပွဲတွင် အာဆင်နယ်အသင်းအား အနိုင်ကစားနိုင်ခဲ့သည့်
    ချယ်ဆီးအသင်းမှာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
    မော်ရင်ဟိုမှာ မန်စီးတီးအသင်းအား အနိုင်ရရှိခဲ့သောပွဲမှ လူစာရင်းအား ၂ နေရာအပြောင်းအလဲလုပ်ကာ နယူးကာဆယ်အသင်းအားရင်ဆိုင်ခဲ့သည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားပြီး ဂိုးသွင်းခွင့်များ ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲခြင်းမပြုနိုင်ခဲ့ပေ။
    အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၆၉ မိနစ်တွင် ဂေါ့ဖရင်က ကာဘာယီ၏ ဖရီးကစ်အားခေါင်းတိုက်၍လည်းကောင်း၊ ပွဲပြီးကာနီး ၈၉ မိနစ်တွင် ရီမီကလည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
    ယခုပွဲအရှုံးမှာ ချယ်ဆီးအသင်းအတွက် ယခုနှစ်ရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ဦးဆောင်သူ အာဆင်နယ်အသင်းနှင့်လည်း ၅ မှတ်ကွာဟသွားပြီဖြစ်သည်။
    ……………………………….
    မန်စီတီး ၇-၀ နော်ဝစ်ခ်ျ
    မန်စီးတီးအသင်း၏ အိမ်ကွင်းအီတီဟတ်တွင်ကစားခဲ့ရသည့် ယခုပွဲစဉ်တွင် မန်စီးတီးအသင်းမှာ တန်းဆင်းဇုန်နားရှိ နော်ဝစ်ခ်ျအသင်းအား ဂိုးအများအပြားသွင်းကာ လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်ခဲ့သည်။
    မန်စီးတီးအသင်း၏ဂိုးများကို ကစားသမား ၇ ယောက်က တစ်ဂိုးစီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ၁၆ မိနစ်တွင် နော့်ဝစ်ခ်ျကစားသမား ဂျွန်ဆင်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုမှ ချယ်ဆီးတို့ အဖွင့်ဂိုးစရခဲ့ပြီးနောက်ပိုင်း ဒေးဗစ်ဆေးလ်ဗား၊ နက်စတာစစ်၊ နီဂရီဒိုတို့က သုံးဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် မန်စီးတီး အသင်းက ၄ ဂိုးပြတ်ဖြင့် အနိုင်ရနေခဲ့သည်။
    ဒုတိယပိုင်းတွင် ယာယာတိုးယေး၊ အဂူရိုနှင့် ဇက်ကိုတို့က သုံးဂိုးထပ်မံသွင်းယူပေးခဲ့ပြီး ၇ ဂိုး ဂိုးမရှိဖြင့် ပွဲစဉ်ပြီးဆုံးခဲ့သည်။
    ……………………………………..
    ဟားလ်စီးတီး ၁-၀ ဆန်းဒါးလန်း
    ဟားလ်စီးတီးအသင်း၏ အိမ်ကွင်း KC ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ဟားလ်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၂၅ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး ဆန်းဒါးလန်းကစားသမား ကားလို့စ် စူအဲလာက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ခြင်းဖြစ်သည်။ ယခုပွဲအနိုင်မှာ ဟားလ်စီးတီးအသင်း၏ ယခုနှစ်ရာသီ စတုတ္ထမြောက်နိုင်ပွဲလည်းဖြစ်သည်။
    ………………………………………..
    ပရီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲမရခဲ့သည့် ၀က်စ်ဘရွန်းအသင်းမှာ အိမ်ကွင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ………………………………………..
    စတုတ် ၁-၁ ဆောက်သက်တမ်
    ၁ ဂိုး စီသရေကျခဲ့သည့် စတုတ်နှင့် ဆောက်သက်တမ်တို့ပွဲတွင် ပွဲအစ ၁၃ စက္ကန့်တွင်ပင် အိမ်ရှင်အသင်းဂိုးသမားက အက်စ်မီရ် ဘီဂိုဗစ်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး၊ ၄၂ မိနစ်တွင် ဂျေးရော်ဒရီဂက်ဇ်က ဧည့်သည်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။
    အခြားပွဲစဉ်တစ်ခုဖြစ်သည့် ၀က်စ်ဟမ်းနှင့် အက်စတွန်ဗီလာတို့ပွဲတွင် နှစ်သစ်စလုံး ဂိုးသွင်းခွင့်နည်းငယ်ရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဂိုးမရှိသရေကျခဲ့သည်။
  • ချယ်ဆီး၊ စပါး၊ ဆန်ဒါးလန်းတို့ အောင်ပွဲရခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ၉ စူပါဆန်းဒေး
    အောက်တိုဘာ- ၂၈၊ ၂၀၁၃
    M-Media
    တောရက်စ်ရဲ့နောက်ကျဂိုးနဲ့ အိမ်ကွင်းမှာအောင်ပွဲခံခဲ့တဲ့ ချယ်ဆီး၊ အဆင့်လေးသို့ တက်လှမ်းလာနိုင်ခဲ့တဲ့ တော့တင်ဟမ်နဲ့၊ ဆန်းဒါးလန်းတို့ အနိုင်ရရှိခဲ့ကြသည့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ စူပါဆန်းဒေးပွဲစဉ်များ
    Fernando Torres
    ပရီးမီးယားလိဂ်ပွဲစဉ် ၉ လက်ကျန်ပွဲများအဖြစ် ယမန်နေ့က လေးပွဲကစားခဲ့ရာ မော်ရင်ဟို၏ချယ်ဆီး၊ တန်းဆင်းဇုန်မှ ဆန်းဒါးလန်းအသင်းနှင့် စပါးအသင်းတို့ အနိုင်ရရှိခဲ့ကြသည်။
    ချယ်ဆီး ၂-၁ မန်ချက်စတာစီတီး
    စတမ်းဖို့ဘရစ်ခ်ျတွင်ကစားခဲ့သည့် ယခုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး တိုက်စစ်မှူး တောရက်စ်၏ နောက်ဆုံးမိနစ်နောက်ကျဂိုးဖြင့် အိမ်ရှင်ချယ်ဆီးအသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
    ချယ်ဆီးအသင်းမှာ ရှော်လ်ကာအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့သည့် ပွဲမှလူစာရင်းအား ၁ နေရာသာအပြောင်းအလဲလုပ်ခဲ့ပြီး မန်စီးတီးအသင်းအား ရင်ဆိုင်ခဲ့သည်။ မန်စီးတီးအသင်းတွင်လည်း အသင်းခေါင်းဆောင် ဗင်ဆင့် ကွန်ပနီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သောကြောင့် နောက်ခံအတွင်းလူနေရာတွင် ဒီမစ်ချယ်လီက တာဝန်ယူကစားခဲ့သည်။
    ချယ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို ၃၃ မိနစ်တွင်ရရှိခဲ့ပြီး စကာရယ်လ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း ကျန်ရှိနေသာမိနစ်များတွင် ချယ်ဆီးအသင်းကသာ ပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ချယ်ဆီးက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
    ဒုတိယပိုင်းအစ ၄၉ မိနစ်တွင်ဧည့်သည်မန်စီးတီးအသင်းတို့ ချေပဂိုးရရှိခဲ့ပြီး နာဆရီ၏ ဖြတ်တင်ဘောမှတစ်ဆင့် အဂူရိုက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းခွင့်အနည်းငယ်ရခဲ့သော်လည်း ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ မိနစ် ၉၀ တွင်မှ ချယ်ဆီတို့ အဖိုးတန်အနိုင်ဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူးတောရက်စ်က မန်စီးတီးဂိုးသမား ဂျိုးဟတ်၏ အမှားကို အပိုင်အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။
    ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၉ ပွဲကစား ရမှတ် ၂၀ ဖြင့် လီဗာပူးလ်အသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၂ နေရာတွင်ရှိနေသည်။
    ……………………………………………
    စပါး ၁-၀ ဟားလ်စီးတီး
    ယခုနှစ်ရာသီတွင် ရလဒ်ကောင်းများရရှိနေသည့် စပါးအသင်းမှာ အိမ်ကွင်းတွင် ဟားလ်စီးတီးအသင်းအား အနိုင်ကစားနိုင်ခဲ့သည်။ သို့သော်လည်း အလွယ်တကူ အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ ဟားလ်စီးတီးအသင်းမှာ စပါးအသင်းအား ဒုက္ခပေးနိုင်ခဲ့သည်။
    စပါးအသင်းအတွက်တစ်လုံးတည်သောအနိုင်ဂိုးကို မိနစ် ၈၀ တွင် အငြင်းပွားဖွယ်ပင်နယ်တီမှ တစ်ဆင့် စပိန်တိုက်စစ်မှူး ဆိုလ်ဒါဒိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    …………………………………………
    ဆန်းဒါးလန် ၂-၁ နယူးကာဆယ်
    ၈ ပွဲကစားပြီး တစ်မှတ်သာရရှိထားသည့် ဆန်းဒါးလန်းအသင်းမှာ ယခုပွဲတွင် နယူးကာဆယ် အသင်းအား အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။
    ဆန်းဒါးလန်း၏ အလင်းရောင်ကွင်းတွင် ကစားခဲ့သည့် ယခုပွဲတွင် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာပင် ဆန်းဒါးလန်းအသင်းက ရရှိခဲ့ပြီး စတီဗင်ဖလက်ချာက သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်း ၅၇ မိနစ်တွင် ဧည့်သည် နယူးကာဆယ်တို့ ချေပဂိုးရရှိခဲ့ပြီး ဒီဘောက်ချီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ပွဲပြီးကာနီး ၈၄ မိနစ်တွင် အိမ်ရှင်တို့အနိုင်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်းတွင်မှ လူစားဝင်လာသည့် ဖေဘီယို ဘိုရီနီက သွင်းယူပေးခဲ့သည်။
    ……………………………………..
    ဆွမ်ဆီး ၀-၀ ၀က်စ်ဟမ်း
    ဆွမ်ဆီးအသင်း၏ အိမ်ကွင်းလေဘာတီတွင် ကစားခဲ့သည့် ယခုပွဲတွင် မည်သူမျှ ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေကျခဲ့သည်။
    ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲအပြီးတွင် အာဆင်နယ်အသင်းက ၂၂ မှတ်ဖြင့် ဇယားအားဦးဆောင်နေပြီး ချယ်ဆီး၊ လီဗာပူးလ်တို့က အမှတ် ၂၀ စီဖြင့် ဒုတိယနှင့် တတိယနေရာတွင်ရှိနေသည်။ တော့တင်ဟမ် ဟော့စပါးအသင်းမှာ ၁၉ မှတ်ဖြင့် အဆင့်လေးနေရာတွင်ရှိနေပြီး လက်ရှိချန်ပီယံမန်ယူအသင်းမှာ ၁၆ မှတ်ဖြင့် အဆင့် ၈ နေရာတွင်ရှိနသည်။
    နော်ဝစ်ခ်ျ၊ ဆန်းဒါးလန်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့မှာ ၈မှတ်၊ ၄မှတ် ၃မှတ်စီဖြင့် တန်းဆင်းဇုံတွင် အသီးသီးရှိနေကြသည်။
  • ငွေတိုးချေး ကုမ္ပဏီ၏ ၀တ်စုံ စပွန်ဆာ ကိစ္စကြောင့် Newcastle ရာသီအကြိုပွဲစဉ်မှ ဆစ်ဆေး နှုတ်ထွက်
    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media
    Newcastle ကလပ်အသင်းအတွက် ၀တ်စုံစပွန်ဆာဖြစ်သော Wonga တံဆိပ်သည် ဘာသာရေးကိစ္စနှင့်ငြိစွန်းနေသဖြင့် ၄င်းအားဝတ်ဆင်ရန်ငြင်းဆန်လိုက်ပြီး ပါပစ္စ ဆစ်ဆေး (Papiss Cisse) သည် ပေါ်တူဂီသို့ထွက်ခွာမည့် အသင်း၏ ရာသီအကြိုပွဲစဉ်မှ နှုတ်ထွက်လိုက်သည်။
    Papiss Cisse
    အသက် ၂၈ နှစ်အရွယ် ဆီနီဂေါကစားသမား တိုက်စစ်မှူး ဆစ်ဆေး က ငွေချေးကြွေးချ အတိုးပေးသည့် ကုမ္ပဏီကို အားမပေးနိုင်ကြောင်း ကလပ်အသင်းသို့ တရားဝင်ပြောကြားခဲ့ သဖြင့် ၄င်းတံဆိပ် အစား သူ့ကို တံဆိပ်မဲ့အင်္ကျီ သို့မဟုတ် ဒါနအဖွဲ့တံဆိပ်တစ်ခု ပါဝင်သောအင်္ကျီ ၀တ်ဆင်ခွင့်ပေးရန် အဆိုပြုခဲ့သည်။
    သူနှင့်သူ့ကိုယ်စားလှယ်များက အသင်းတာဝန်ရှိသူများ၊ Professional Footballers’ Association (PFA) အဖွဲ့တို့နှင့် ယခုရက်ပိုင်း၌ ပြောဆိုဆွေးနွေးခဲ့ကြသော်လည်း ကလပ်အသင်းနှင့်ဝတ်စုံစပွန်ဆာတို့မှ အဖြေမရှာနိုင်ခဲ့ကြချေ။ နယူးကာဆယ် အသင်းတွင် ဆစ်ဆေး နှင့်ကစားဖက်များဖြစ်ကြသော တီယိုတီ(Tiote) နှင့် မူဆာ ဆစ်စကို(Moussa Sissoko) တို့သည်လည်း မွတ်စ်လင်မ်များ ဖြစ်ကြသည်။ သို့သော် စပွန်ဆာတီရှပ်ဝတ်ဆင်ခြင်းအပေါ် မည်သည့်ပြဿနာမှ မရှိကြောင်း ၄င်းတို့က ပြောသည်။
    လာမည့် နိုင်ငံတကာပြိုင်ပွဲ အတွက် ဆီနီဂေါနိုင်ငံ လက်ရွေးစင်အသင်းနှင့် လေ့ကျင့်ပြီး ပြန်လာလျှင် ဆစ်ဆေးသည် မိမိ၏ပုံမှန် ခြေစွမ်းကို ထိန်းထားရန် မိမိဖာသာလေ့ကျင့်မှု ဆက်လက်ပြုလုပ် သွားမည်ဖြစ်သည်။ ယင်းအဖွဲ့ ၂ ရပ်လုံးမှ အဖြေတစ်ခုထွက်လာရန်  မျှော်လင့်နေကြသည်။ သို့သော် ဆစ်ဆေး သည် သူ့ရပ်တည်ချက်အား ပြောင်းလဲရန် အစီအစဉ်မရှိနိုင်ကြောင်း သုံးသပ်ကြ၏။
    နှုန်းထားမြင့် နေ့ပြန်တိုးငွေချေးကုမ္ပဏီ Wonga မှာ နယူးကာဆယ် အသင်း ၀တ်စုံနှင့်ကုန်ကျစရိတ်အတွက် ၂၀၁၃-၁၄ ဘောလုံးရာသီမှစပြီး ဒိုင်ခံ တာဝန် ယူမည်ဖြစ်ကြောင်း ကြေငြာထား၏။ ၄င်းမှာ တစ်နှစ်လျှင် ပေါင်စတာလင် (၈) သန်းနီးပါး တန်ကြေးရှိသော သဘောတူညီချက်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
    PFA ၏ ဒုတိယအကြီးအကဲ ဘော်ဘီဘန်းစ်(Bobby Barnes)က  “ ကလပ်အသင်းတွေဟာ ပုံမှန်ဝင်ငွေရှိနေဖို့ လိုအပ်တာကို ကျွန်တော်တို့အားလုံး သိကြပါတယ်။ ရံဖန်ရံခါမှာ ကုမ္ပဏီတွေရဲ့အလှမ်းကျယ်မှုကိုလည်း အသုံးချရလေ့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်အနေနဲ့ မိမိအယူဝါဒနဲ့မကိုက်ညီကြောင်း တူးတူးခါးခါးဖြစ်လာပြီ ဆိုရင်တော့ အဖြေတစ်ခုမဟုတ်တစ်ခု ရအောင်ရှာရတော့မှာပါ ” ဟူ၍ ဇွန်လအတွင်း BBC Sport သို့ ပြောကြားခဲ့သည်။
    ဆစ်ဆေီးသည် ၂၀၁၂ ဇန္န၀ါရီတွင် ပြောင်းရွှေ့ရေး အဆက်အသွယ်များနှင့်ချိတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအားလုံး၌ သွင်းဂိုး ၂၆ လုံးထိ ရှိခဲ့ပြီဖြစ်သည်။