News @ M-Media
Tag: PremierLeague
  • မန်ယူနှင့် အာကြီး သရေဖြင့်အဆုံးသတ်၊ ချယ်ဆီး သရေ၊ စပါးဂိုးပြတ်ခဲ့ပြီး၊ နောက်ဆုံးမိနစ် ပင်နယ်တီနဲ့ ၃ မှတ်ရတဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၆
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၄
    M-Media
    ARS-MUN-1314-120214-PS24
    – ပရီးမီယားလိဂ် ပွဲစဉ် ၂၆ ကိုတော့ ကြားရက်တွေဖြစ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ၈ ပွဲကစားခဲ့ပြီး အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်၊ မန်စီးတီးနဲ့ ဆန်းဒါးလန်းပွဲစဉ်တွေကိုတော့ ရာသီဥတု အလွန် ဆိုးရွားနေတာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။
    ဒီတစ်ပါတ်မှာတော့  ထိပ်ဆုံးက ချယ်ဆီး၊ အာဆင်နယ်တို့ သရေကျခဲ့ပြီး သရေပွဲ ၄ ပွဲအထိရှိခဲ့ပါတယ်။
    ထိပ်ဆုံးမှာ ရှိနေတဲ့ချယ်ဆီးတို့ ၀က်စ်ဘရွန်းကွင်းမှာ ကစားရပေမယ့် အပေါ်စီးက ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုလည်း အရင်စရခဲ့တာပါ။ ဒါပေမယ့် တန်းဆင်းဇုန်က လွတ်အောင် ကြိုးစားနေတဲ့ ၀က်စ်ဘရွန်းက အနီချီဘီရဲ့  ၈၇ မိနစ် နောက်ကျချေပဂိုးကိုတော့ ချယ်ဆီးတို့ ခွင့်ပြုခဲ့ရပါတယ်။ ချယ်ဆီးရဲ့ အပိုင်ဂိုးသွင်းခွင့်အချို့ကို ၀က်စ်ဘရွန်းဂိုးသမား ဖော်စတာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပြီး၊ ၆၈ မိနစ်မှာလည်း ဟာဇာ့ဒ်ရဲ့ အကောင်းဆုံး ပေးပို့မှုကို အီတူးက ဖြုန်းတီးပစ်ခဲ့တာကြောင့်လည်း ချယ်ဆီးအသင်း အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာပါ။ ချယ်ဆီးအတွက် ဦးဆောင်ဂိုးကို ပထမပိုင်း နာကျင်အချိန်ပိုမှာ နောက်ခံလူ အိုင်ဗန်နိုဗစ်က သွင်းပေးခဲ့တာဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ ပွဲစဉ်က လီဗာပူးလ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်ကလည်း ချယ်ဆီးရဲ့ အမှတ်လျော့မှုကို အခွင့်အရေးမယူနိုင်ခဲ့ဘဲ၊ အိမ်ကွင်းမှာ ရုန်းကန်နေရတဲ့ မန်ယူကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းစလုံး အပိုင်ဂိုးသွင်းခွင့်တွေ ရခဲ့ကြတာဖြစ်ပြီး အဆုံးသတ်ပိုင်း အားနည်းမှုကြောင့်သာ ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ရတာပါ။
    လီဗာပူးလ်အသင်းကလည်း ဇယားအောက်ဆုံးက ဖူလ်ဟမ်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူ အနိုင်ရခဲ့တာမျိုးမဟုတ်ဘဲ နှစ်ကြိမ်တိုင်တိုင် အနောက်က လိုက်ကစားခဲ့ရပြီးမှ ဂျရတ်ရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီဂိုးနဲ့ ကံကောင်းထောက်မစွာ အနိုင်ရခဲ့ခြင်းပါ။
    တင်ရှားဝုဒ်ရဲ့ စပါးအသင်းကတော့ နောက်ပိုင်းပွဲတွေမှာ ခြေပျက်လာတဲ့ နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ အံ့ဖွယ်အနိုင်ယူနိုင်ခဲ့ပြီး၊ ဆောက်သက်တမ်အသင်းကလည်း ဟားလ်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ အဆင့် ၈ ကို တက်ရောက်လာခဲ့ပါတယ်။
    အဆင့် ၁၉ က ဆိုးလ်ရှားရဲ့ ကာဒစ်ဖ်ကတော့ အိမ်ကွင်းမှာ အခွင့်အရေးကောင်း တော်တော်များများရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့တာကြောင့် အက်စတွန်ဗီလာနဲ့ ၁ မှတ်စီ ခွဲယူခဲ့ရပါတယ်။ စတုတ်စီးတီးနဲ့ ဆွမ်ဆီးတို့ ပွဲစဉ်ကိုတော့ ရာသီဥတုဆိုးရွားနေမှုကြောင့် နောက်ကျမှ ကစားခဲ့ရပြီး ၁ ဂိုးစီ သရေနဲ့ပြီးဆုံးခဲ့ပါတယ်။
    ပွဲစဉ် ၂၆ အပြီးမှာတော့ ချယ်ဆီးအသင်းက ဦးဆောင်နေခဲ့ပြီး အာဆင်နယ်က တစ်မှတ်လျော့နဲ့ ဒုတိယ၊ မန်စီးတီးက တစ်ပွဲလျော့ ၃ မှတ်အကွာနဲ့ တတိယ နေရာမှာ အသီးသီးရှိနေကြပါတယ်။ တန်းဆင်းဇုန်မှာတော့ ဆန်းဒါးလန်း၊ ကာဒစ်ဖ် ဖူလ်ဟမ်တို့ အစဉ်လိုက်ရှိနေကြပြီး အဆင့် ၁၃ ကနေ ၂၀ အထိ အမှတ်ကွာဟမှုကတော့ အများဆုံး ၃ မှတ်သာ ရှိပါတယ်။
    ပွဲစဉ် ၂၆ အနိုင်အရှုံး ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ကာဒစ်ဖ် ၀-၀ အက်စတွန်ဗီလာ
    ဟားလ်စီးတီး ၀-၁ ဆောက်သက်တမ်
    အာဆင်နယ် ၀-၀ မန်ယူ
    နယူးကာဆယ် ၀-၄ စပါး
    စတုတ်စီးတီး ၁-၁ ဆွမ်ဆီး
    ဖူလ်ဟမ် ၂-၃ လီဗာပူးလ်
    Photo-premierleague.com
  • ခံစစ်ပိုင်း အမှားတွေနဲ့ အန်ဖီးလ်မှာ ကြိုးကြာနီတို့ကို ဒူးထောက်ခဲ့ရတဲ့ အာဆင်နယ်
    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
    M-Media
    liv-ars-1314-080214-ps8
    လီဗာပူးလ် ၅-၁ အာဆင်နယ်
    – ယခုလအတွင်းမှာ ပရီးမီယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်တွေမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိတဲ့ အာဆင်နယ်အသင်းကတော့ စိတ်ပျက်ဖွယ်နောက်တန်းနဲ့  အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဖလာမီနီမပါဝင်နိုင်ခဲ့တဲ့အတွက် ကွင်းလယ်ခံစစ်အားနည်းခဲ့ပြီး ကွင်းလယ်မှာ ကစားတဲ့ အာတီတာ၊ အိုဇေးလ်၊ ၀ီရှိုင်းယားနဲ့ ချိန်ဘာလိန်တို့အတွဲက အလုပ်မဖြစ် ခဲ့ပါဘူး။ ဂျရတ်ဦးဆောင်တဲ့ လီဗာပူးလ် ကွင်းလယ်က အာဆင်နယ်ကွင်းလယ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ လီဗာပူးလ်အသင်းက ၄ ဂိုး ပြတ်ခဲ့ပါတယ်။
    အာဆင်နယ်အသင်းကတော့ ပထမပိုင်းမှာ ကစားကွက် တည်လို့မရခဲ့ဘဲ လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်း ကစားပုံကောင်းလာပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးလ်အတွက်ဂိုးတွေကိုတော့ နောက်ခံလူ စကာတယ်က ထောင့်ကန်ဘောမှတစ်ဆင့် ၂ ဂိုး စတာလင်က ၂ ဂိုးနဲ့ ဒဏ်ရာက ပြန်လာပြီး ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ စတားရစ်ခ်ျက ၁ ဂိုးသွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် နှစ်သိမ်ဂိုးကိုတော့ ၆၉ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် အာတီတာက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ အခုပွဲအရှုံးဟာ အာဆင်နယ်အတွက် ဒီရာသီ ၄ ပွဲမြောက်ရှုံးပွဲဖြစ်ပြီး မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးပြီးတဲ့နောက် အဆိုးဝါးဆုံးရှုံးပွဲလည်းဖြစ်ပါတယ်။
    Photo-premierleague.com
  • အဝေးကွင်းမှာ မန်စီးတီးကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး
    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    ကြောက်စရာ မန်စီးတီးတိုက်စစ်ကို အကောင်းဆုံး နောက်တန်းနဲ့ ရင်ဆိုင် အနိုင်ယူခဲ့ပြီး ချန်ပီယံဆုအတွက် သံချောင်း ခေါက်လိုက်တဲ့ ချယ်ဆီး
    MCI-CHE-1314-ps20
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ရဲ့ Match of the Week ဖြစ်တဲ့ ထိပ်ဆုံးက မန်စီးတီးနဲ့ ချယ်ဆီးတို့ရဲ့ ပွဲစဉ်ကို ယနေ့နံနက်က ကစားခဲ့ပြီး မန်စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ အိုင်ဗန်နိုဗစ်ရဲ့ ဂိုးနဲ့ မော်ရင်ဟိုရဲ့ ချယ်ဆီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။
    နောက်ပိုင်းပွဲတွေမှာ ဂိုးမြူးနေတဲ့ မန်စီးတီး တိုက်စစ်မှာ အဂူရို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ဇီကိုနဲ့ နီဂရီဒိုတို့ ပွဲထွက်ခဲ့ပါတယ်။ အလယ်တန်းမှာလည်း နာဆရီ မပါဝင်နိုင်ခဲ့ပါဘူး။
    မော်ရင်ဟိုကတော့ သူရဲ့ပုံစံအတိုင်း ခံစစ်ကို အကောင်းဆုံးပြင်ဆင်ခဲ့ပြီး တောရက်စ် မပါဝင်နိုင်တဲ့အတွက် တိုက်စစ်မှာ အီတူး၊ ၀ီလီယံနဲ့ ဟာဇာ့ဒ်တို့ကို တွဲပေးခဲ့ပါတယ်။ အသစ်ရောက်လာတဲ့ ကစားသမားတွေထဲမှာ ဆားဘီးယား အလယ်တန်း ကစားသမား မာတစ် ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကတော့ အရန်စာရင်းမှာပါခဲ့ပေမယ့် ၀င်ရောက်ကစားခွင့်မရခဲ့ပါဘူး။
    ပွဲအစကတည်းက အိမ်ရှင် မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် သိပ်သည်းလှတဲ့ ချယ်ဆီးနောက်တန်းကြောင့် ဂိုးပေါက်ကိုတော့ ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ချယ်ဆီးကတော့ မာတစ်ရဲ့ ကွင်းလယ်မောင်းနှင်မှုနဲ့ အတူ ဘောလုံးပိုင်ဆိုင်မှု အားနည်းခဲ့ပေမယ့် မန်စီးတီးဘက်ကို ဂိုးသွင်းခွင့်တော်တော် များများရခဲ့ပြီး အပိုင်သုံးလုံးလောက် တိုင်ထိထွက်ခဲ့တာကြောင့် ၁ ဂိုးနဲ့သာ ကျေနပ်ခဲ့ရတာပါ။
    ချယ်ဆီးရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ၃၂ မိနစ်မှာ နောက်ခံလူ အိုင်ဗန်နိုဗစ်က ဧရိယာအပြင်ဘက်ကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းယူခဲ့ပါတယ်။ ချယ်ဆီးဟာ နောက်ဆုံး ကစားတဲ့ ၈ ပွဲမှာ ၆ ပွဲအထိ ဂိုးမပေးရခဲ့ဘဲ၊ အခုပွဲဟာ လေးပွဲဆက်တိုက် ဂိုးမပေးရခြင်းလည်းဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲ ၂၀ မှာ ၁၉ ပွဲအထိ အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းကတော့ ၂၀၁၀ နောက်ပိုင်း အိမ်ကွင်းမှာ ပေးဂိုးမရဘဲ ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်းပါ။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ ချယ်ဆီးနောက်ခံလူ ကာဟေးလ်က ဆွတ်ခူးသွားပါတယ်။
    ဒီပွဲအနိုင်ကြောင့် ချယ်ဆီးဟာ အာဆင်နယ်ထက် ၂ မှတ်လျော့၊ မန်စီးတီးနဲ့ အမှတ်တူ ဂိုးကွာချက်ကြောင့် တတိယနေရာမှာရှိနေခဲ့ပါတယ်။
    Photo-.premierleague.com
  • မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ
    ဇန်နဝါရီ ၂၉၊ ၂၀၁၄
    M-Media
    အာဆင်နယ်သရေကျ၊ လီဗာပူးအနိုင်ရခဲ့ပြီး၊ မာတာပါတဲ့ မန်ယူတို့ ခြေစွမ်းပြ သုံးမှတ်ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ယနေ့မနက်ပွဲစဉ်များ
    mun-car-1314-280114-ps9
    – ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ ပွဲ ၆ ကိုတော့ မန်နေ့က ၆ ပွဲကစားခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ် သရေကျခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ဂိုးပြတ်နဲ့ အနိုင် သုံးမှတ်ရယူနိုင်ခဲ့ပြီး၊ မန်ယူကလည်း အိမ်ကွင်းမှာ အနိုင်ကစားနိုင် ခဲ့ပါတယ်။
    ဆောက်သက်တမ်အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားခဲ့တဲ့ အာဆင်နယ်ကတော့ ဒီပွဲမှာ အနိုင်မယူနိုင်ခဲ့ဘဲ ပွဲပြီးကာနီးမှာ ကွင်းလယ်လူ ဖလာမီနီအထုတ်ခံခဲ့ရပါတယ်။ ပွဲအစ ကစားပုံကောင်းခဲ့တဲ့ အိမ်ရှင်တို့က ဦးဆောင်ဂိုးရခဲ့ပြီး အာဆင်နယ်က ဒုတိယပိုင်းအစမှာ ၂ ဂိုးဆက်သွင်းနိုင်ခဲ့ပေမယ့် ဆောက်သက်တမ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဝေးကွင်းမှာ သရေတစ်မှတ်သာရရှိခဲ့ပါတယ်။
    မာဆေးဆိုဒ်ဒါဘီဖြစ်တဲ့ လီဗာပူးလ်နဲ့ အဲဗာတန်တို့ပွဲမှာတော့ အိမ်ရှင်တို့က အသားစီးရခဲ့ပြီး ပထမပိုင်းမှာတင် ၃ ဂိုးပြတ်ခဲ့ပြီး၊ ဒုတိယပိုင်းမှာ တစ်ဂိုးထပ်ရကာ ၄ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။ ထူခြားတာကတော့ ဒဏ်ရာက ပြန်လည်သက်သာလာတဲ့ စတားရစ်ခ်ျ ဂိုးတွေဆက်တိုက်သွင်းနိုင်လာတာပဲဖြစ်ပြီး ယခုပွဲမှာလည်း ၂ ဂိုးသွင်းပေးခဲ့ပါတယ်။
    ဗန်ပါစီဒဏ်ရာက ပြန်လာခဲ့ပြီး မာတာပထမဆုံးပွဲထွက်ခဲ့တဲ့ မန်ယူကတော့ အိမ်ကွင်းမှာ ဇယားအောက်ခြေက ကာဒစ်ဖ်ကို ၂ ဂိုးပြတ်ခဲ့ပါတယ်။ ယခုပွဲမှာ မန်ယူရဲ့ ကစားပုံဟာ စွဲမက်ဖွယ်ဖြစ်ခဲ့ပြီး မာတာကလည်း အသင်းရဲ့ကစားကွက်နဲ့ မြန်မြန်ဆန်ဆန် အံဝင်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဂိုးတွေကို ဗန်ပါစီက ၆ မိနစ်နဲ့ အက်ရှ်လေးယန်းက ၅၉ မိနစ်တွေမှာသွင်းယူပေးခဲ့တာပါ။
    နယူးကာဆယ်ကတော့ အဝေးကွင်းမှာနော်ဝစ်ခ်ျကို သရေသာကစားနိုင်ခဲ့ပြီး၊ ဆွမ်ဆီးက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ အိမ်ကွင်းမှာ ဟားလ်စီးတီးကို ဂျာဆန် ပန်ချီယွန်ရဲ့ ၁၆ မိနစ်သွင်းဂိုးနဲ့ ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။
    ပွဲစဉ် ၂၃ ကစားပြီးခဲ့သမျှ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    မန်ယူ ၂-၀ ကာဒစ်ဖ်
    နော်ဝစ်ခ်ျ ၀-၀ နယူးကာဆယ်
    ဆောက်သက်တမ် ၂-၂ အာဆင်နယ်
    ဆွမ်ဆီး ၂-၀ ဖူလ်ဟမ်
    ခရစ္စတယ်ပဲလေ့စ် ၁-၀ ဟားလ်စီးတီး
    လီဗာပူးလ် ၄-၀ အဲဗာတန်
  • နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ
    ဇန်နဝါရီ ၃ ၊ ၂၀၁၄
    M-Media
    transfer-centre-window_3060334
    – ဟာလ်စီးတီးအသင်းက ၎င်းတို့၏ ကစားသမား ဆုန်းအလူကိုအား သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပြီး၊ အလူကိုကလည်း ယခုကဲ့သို့ သက်တမ်းတိုးခွင့်ရခဲ့သည့်အတွက် ၀မ်းသာမိကြောင်း ပြောကြားခဲ့သည်။
    – အသင်းရှိ အလယ်တန်းကစားသမား ဂျူအန်မာတာအား ဆောင်းရာသီအပြောင်းအရွှေ့တွင် ရောင်းချမည်မဟုတ်ဘဲ။ အသင်းအနေဖြင့်လည်း တိုက်စစ်မှူး ၀ယ်ယူမည်မဟုတ်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြေကြားလိုက်ပြီး ဟီဂူအင်အား ၀ယ်ယူရန် ကမ်းလှမ်းခဲ့သည် ဆိုသည့်သတင်းကိုလည်း ငြင်းဆိုခဲ့သည်။
    – ၀က်စ်ဟမ်းနည်းပြ ဆမ်အလာဒွိုက်စ်က အသင်းရှိ တိုက်စစ်မှူး ကာတန်ကိုးလ်၏ အခြေအနေနှင့် ပက်သက်၍ ဆွေးနွေးမှုများပြုလုပ်မည်ဟု ပြောကြားခဲ့သည်။
    – ဆွဇ်ဇလန်ကလပ် ဘေဆယ်အသင်း၏ လူငယ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်အား ခေါ်ယူရန် လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက စိတ်ဝင်စားနေသည်။ လီဗာပူးအသင်းမှ တောင်ပံကစာသမား ရဟီမ်းစတာလင်မှာလည်း ဆွမ်းဆီးအသင်းသို့ အငှားဖြင့်ပြောင်းရွှေ့ဖွယ်ရှိနေသည်။
    – စီးရီးအေထိပ်သီး အေစီမီလန်မှာ မန်စီးတီး၏ နောက်ခံလူဟောင်း စတီဖင် ဆာဗစ်အား ခေါ်ယူရန်ပြင်ဆင်နေသည်ဟုသိရသည်။ ဗီဒစ်အား ခေါ်ယူရန် ကမ်းလှမ်းမှုအား မန်ယူက ပယ်ချပြီးနောက် ယခုကဲ့သို့ ဆာဗစ်အား ခေါ်ယူရန် ဦးတည်လာခြင်းဖြစ်သည်။
    – တိုက်စစ်မှူးတစ်ဦး ၀ယ်ယူရန် စီစဉ်နေသည့် အာဆင်နယ်အသင်းမှာ ဂျူဗင်တပ်စ်အသင်း၏ တိုက်စစ်မှူး မီရ်ကို ဗူချီနစ်အား ပေါင် ၈ သန်းခန့်ဖြင့် ၀ယ်ယူရန် ပြင်ဆင်နေသည်။