News @ M-Media

Tag: public holiday

  • မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    မွတ်စလင်မ်တို့၏ အီးဒ်နေ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

    စက်တင်ဘာ ၂၇၊ ၂၀၁၄
    M-Media
    သီဟ
    Eid
    ရန်ကုန် ။          ။ အောက်တိုဘာ ၆-ရက်နေ့သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    ကြေညာချက်တွင် ၁၃၇၆ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၁၃ ရက် (၂၀၁၄ ခုနှစ်၊ အောက်တိုဘာ၆ ရက်) နေ့ သည် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်) နေ့ ဖြစ်သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ  အက်ဥပဒေပုဒ်မ ၂၅ အရ  အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သင်းသန်း လက်မှတ်ဖြင့် ယနေ့ထုတ် အစိုးရ သတင်းစာများမှာ ကြေညာ ထားတာကို တွေ့ရပါတယ်။

    အဆိုပါ အီဒွလ်အဿွာဟာ (ဘက္ကရီးအိဒ်)နေ့သည် အစ္စလာမ် သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကျရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ်  (ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။

    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက်သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရပါတယ်။

    Ref: MOI

  • ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ ကို အများပြည်တို့၏ အလုပ်ပိတ်ရက် အဖြစ်ကြေညာ

    အောက်တိုဘာ-၂၃
    M-Media
    သုတ

    day par war le
    ရန်ကုန် ။          ။နိုဝင်ဘာလာ ၂ ရက်နေ့သည် ဟိန္ဒူဘာသာ သာသနာဝင်များ၏“ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။

    ကြေညာချက်တွင် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်) စနေနေ့ကို ဟိန္ဒူဘာသာဝင် များ၏ နေထူးနေ့မြတ်ဖြစ်သော “ဒီပါဝလီနေ့” ဖြစ်သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ  အက်ဥပဒေပုဒ်မ ၂၅ အရ  အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သင်းသန်း လက်မှတ်ဖြင့် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ကြေညာထားပါသည်။

    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။

    Ref:  ကြေးမုံသတင်းစာ