အောက်တိုဘာ-၂၃
M-Media
သုတ
ရန်ကုန် ။ ။နိုဝင်ဘာလာ ၂ ရက်နေ့သည် ဟိန္ဒူဘာသာ သာသနာဝင်များ၏“ဒီပါဝလီနေ့” အထိမ်းအမှတ်ဖြစ်သည့်အတွက် အများပြည်သူများ အလုပ်ပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာလိုက်သည်။
ကြေညာချက်တွင် ၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်) စနေနေ့ကို ဟိန္ဒူဘာသာဝင် များ၏ နေထူးနေ့မြတ်ဖြစ်သော “ဒီပါဝလီနေ့” ဖြစ်သည့် အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဇော်သင်းသန်း လက်မှတ်ဖြင့် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ကြေညာထားပါသည်။
နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ဘက္ကရီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့တွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပါသည်။
Ref: ကြေးမုံသတင်းစာ
Leave a Reply
You must be logged in to post a comment.