News @ M-Media

Tag: Qatar

  • ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    ပါလက်စတိုင်းပြဿနာ၏အဖြေက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု မဟုတ်ဟု ကာတာပြော

    စက်တင်ဘာ ၁၆၊ ၂၀၂၀
    M-Media

    ယူအေအီး၊ ဘာရိန်းနှင့် အစ္စရေးတို့ မနေ့က အမေရိကန်တွင် လက်မှတ်ရေးထိုးမှု

    -အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်ခြင်းက ပါလက်စတိုင်း-အစ္စရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် အစ္စရေးနဲ့ အဆက်အသွယ်လုပ်မှာမဟုတ်ဘူးလို့ ကာတာနိုင်ငံက ပြောကြားလိုက်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ တရား၀င်ဆက်ဆံရေး ထူထောင်ဖို့အတွက် မနေ့က အမေရိကန်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

    ပင်လယ်ကွေ့က အခြားနိုင်ငံတွေလည်း ဒီလိုခြေလှမ်းမျိုး လှမ်းလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကာတာကတော့ ငြင်းဆန်ပါတယ်။

    “ဆက်ဆံရေးထူထောင်မှုဟာ ပြဿနာရဲ့ ရင်းမြစ်မဟုတ်တဲ့အတွက် ဒီလိုဆောင်ရွက်မှုကနေပြီး အဖြေလည်း ထွက်မှာမဟုတ်ပါဘူး။ ပြဿနာရဲ့ရင်းမြစ်က ပါလက်စတိုင်းတွေ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတာ၊ နိုင်ငံပျောက်နေတာ၊ ကျူးကျော်သိမ်းပိုက်ခံရတာတွေ ဖြစ်ပါတယ်” လို့ ကာတာနိုင်ငံခြားရေး၀န်ကြီး လို၀ါ အလ်-ခါတာရ်က ပြောကြားခဲ့ပါတယ်။

    ယူအေအီးနဲ့ ဘာရိန်းတို့ဟာ အစ္စရေးနဲ့ သံတမန် ဆက်ဆံရေး ထူထောင်မှုအပြင် စီးပွားရေး၊ လုံခြုံရေးနဲ့ အခြားနယ်ပယ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းနဲ့ ပြည်သူတွေက ယူအေအီးနဲ့ ဘာရိန်းတို့ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ နောက်ကျောကို ဓားနဲ့ထိုးတာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref : Aljazeera

  • ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    ပါလက်စတိုင်းနိုင်ငံပေါ်လာရေး အရေးကြီးသည်ဟု ကာတာက အမေရိကန်ကိုပြော

    စက်တင်ဘာ ၄၊ ၂၀၂၀
    M-Media

    အိမ်ဖြူတ​ော်အကြံပေး ဂျရဒ် ကက်ရှ်နာနှင့် ကာတာခေါင်းဆောင် အလ် သာနီ

    -လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံပေါ်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်ဆိုတဲ့မူကို မိမိတို့က လက်ကိုင်ထားတယ်လို့ ကာတာက အိမ်ဖြူတော် အရှေ့အလယ်ပိုင်းဆိုင်ရာ အကြံပေးကို ပြောကြားလိုက်ပါတယ်။

    ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သားမက်ဖြစ်တဲ့ အိမ်ဖြူတော်အကြံပေး ဂျာရဒ် ကက်ရှ်နာဟာ မနေ့က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကာတာခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ကက်ရှ်နာနဲ့ အလ် သာနီတို့ဟာ နှစ်နိုင်ငံအကြားရှိနေတဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးကို သုံးသပ်ခဲ့ကြပြီး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအပါအ၀င် ကိစ္စတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။

    အလ် သာနီက ၁၉၆၇ ခုနှစ်စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းဒေသတွေက အစ္စရေးတပ်တွေ ထွက်သွားပြီး၊အရှေ့ဂျေရုစလင်ကို မြို့တော်ထားတဲ့ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်မှ အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ ၂၀၀၂ ခုနှစ် အာရပ်ငြိမ်းချမ်းရေး အစီအစဥ်ကို ဆက်လက်ဆွဲကိုင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စေရးနဲ့ ယူအေအီးတို့ ပြီးခဲ့တဲ့လမှာ ပုံမှန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးတဲ့နောက် ပင်လယ်ကွေ့က အာရပ်နိုင်ငံတွေလည်း ဒီလမ်းစဥ်ကိုလိုက်ဖို့ အမေရိကန်က မျှော်လင့်နေတာ ဖြစ်ပါတယ်။

    ဂျော်ဒန်နဲ့ အီဂျစ်တို့ပြီးတဲ့နောက် ယူအေအီးဟာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ တတိယမြောက် အရှေ့အလယ်ပိုင်းနိုင်ငံ ဖြစ်လာတာပါ။ ယူအေအီးရဲ့ဒီလုပ်ရပ်ကို ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • ကာတာက အသက်ရှုစက်များကို ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်

    ကာတာက အသက်ရှုစက်များကို ကိုယ်ပိုင်နည်းပညာဖြင့် တီထွင်ထုတ်လုပ်

    ဧပြီ ၃၀၊ ၂၀၂၀
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးမှာ အသုံးပြုနိုင်မယ့် အသက်ရှုစက်တွေကို ကာတာနိုင်ငံက ကိုယ်တိုင် တီထွင်နိုင်ခဲ့ပြီး ပြည်တွင်းနဲ့ ပြည်ပမှာ ရောင်းချဖို့အတွက် အမြောက်အများ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။

    Savr-Q လို့ အမည်ပေးထားတဲ့ အဲဒီ အသက်ရှုစက်ကို ကာတာ ကာကွယ်ရေးဝန်ကြီးဌာနဲ့ ဆက်နွယ်နေတဲ့ Barzan ကုမ္ပဏီက ဖန်တီး ထုတ်လုပ်တာပါ။ ကာတာအုပ်ချုပ်သူ ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီဟာ ဗုဒ္ဓဟူးနေ့က ထုတ်လုပ်မှုအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီး ပညာရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

    ဒီအသက်ရှုစက်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးဌာန (FDA) ရဲ့ စံနှုန်းနဲ့အညီ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Barzan ဟာ အမေရိကန်ကုမ္ပဏီ Wilcox နဲ့ ပူးပေါင်းကာ တစ်ပတ်ကို အလုံးရေ နှစ်ထောင် ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေပါတယ်။

    “အသက်ရှုစက်ဟာ သေးတယ်၊ ပေါ့တယ်၊ အရက်ဖက်နဲ့ စစ်ဖက် နှစ်ခုစလုံးမှာ အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ။ နည်းပညာနဲ့ ထုတ်လုပ်မှုတွေဟာ ကာတာပြည်တွင်းဖြစ် စစ်စစ်ပါ” လို့ စီမံကိန်းမန်နေဂျာ ဆအွဒ် အဘ်ဒူလာ အလ်-မာနေက ပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု အရေအတွက် မြင့်မားလာမှုနဲ့အတူ အသက်ရှုစက် ဝယ်လိုအားကလည်း မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံတွေဟာ အသက်ရှုစက်မလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။

    Ref: Aljazeera

  • တူရကီနှင့် ကာတာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည်

    တူရကီနှင့် ကာတာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးမည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၉
    M-Media

    -တူရကီသမ္မတ အာဒိုဂန်နဲ့ ကာတာစော်ဘွား ရှိခ် တာမင် ဘင် ဟာမဒ် အလ် သာနီတို့ဟာ ဒီကနေ့ ကာတာမြို့တော် ဒိုဟာမှာ တွေ့ဆုံပြီး အရှေ့အလယ်ပိုင်း အရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

    ကာတာနဲ့ တူရကီတို့ဟာ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု ရှိနေပြီး ဆီးရီးယား၊ ပါလက်စတိုင်းနဲ့ အီဂျစ်လို ဒေသတွင်းနိုင်ငံတွေက နိုင်ငံရေးနဲ့ စစ်ရေးပြဿနာတွေမှာလည်း တူညီတဲ့ ရပ်တည်ချက်မျိုး ရှိနေတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က ကာတာနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီးနောက်ပိုင်း တူရကီနဲ့ ကာတာတို့အကြား စီးပွားရေး ဆက်ဆံမှုကလည်း ပိုမို အားကောင်းလာခဲ့ပါတယ်။

    ဆီးရီးယားနိုင်ငံမြောက်ပိုင်းကို ကျူးကျော်ကာ ကာ့ဒ်တပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ တူရကီရဲ့ စစ်ဆင်ရေးကို ကာတာက ထောက်ခံထားပါတယ်။

    စစ်ဖက်ဆိုင်ရာမှာလည်း ကာတာနဲ့ တူရကီတို့ဟာ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် ရှိနေပြီး ၂၀၁၅ ခုနှစ်ကတည်းက တူရကီဟာ ကာတာနိုင်ငံမှာ စစ်အခြေစိုက်စခန်းတစ်ခု ထားရှိပြီး၊ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    ကမ္ဘာ့ဖလား ပရိတ်သတ်များနေထိုင်ရန် ကာတာက ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးမည်

    နိုဝင်ဘာ ၁၉၊ ၂၀၁၉
    M-Media

    -၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ လာရောက်ကြည့်ရှုမယ့် ပရိတ်သတ်တွေ နေထိုင်ရေးအတွက် ဇိမ်ခံသင်္ဘော ၂ စီး စီစဉ်ပေးသွားမယ်လို့ ကတာနိုင်ငံက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြိုင်ပွဲကျင်းပရေးကို ကြီးကြပ်ကွပ်ကဲနေတဲ့ ကာတာက Supreme Committee for Delivery and Legacy အဖွဲ့ဟာ ဇိမ်ခံသင်္ဘော ၂ စီး ငှားရမ်းနိုင်ရေးအတွက် ဆွီဒင်အခြေစိုက် ဇိမ်ခံသင်္ဘောကုမ္ပဏီ MSC Cruises နဲ့ တနင်္လာနေ့မှာ စာချုပ်ချုပ်ဆိုခဲ့တာပါ။

    လက်ရှိ ဒိုဟာမြို့ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်ထားတဲ့ အဲဒီ သင်္ဘော ၂ စီးဟာ စုစုပေါင်း လူ ၄၀၀၀ လောက် တည်းခိုနိုင်မှာဖြစ်ပါတယ်။

    “၂၀၂၂ မှာလာမယ့် ပရိတ်သတ်တွေအတွက် ထူးခြားတဲ့နေရာထိုင်ခင်း စီစဉ်ပေးရေး MSC Cruises နဲ့ ပူးပေါင်း ဆောင်ရွက်ခွင့်ရတာကို ကျွန်တော်တို့ ကျေနပ်မိပါတယ်။ ဇိမ်ခံသင်္ဘောတစ်စီးမှာ နေထိုင်ရမယ့် အနေအထားအတွက် ကမ္ဘာစ်ဝှမ်းက ပရိတ်သတ်တွေ စိတ်လှုပ်ရှားနေမယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ အနောက်ပင်လယ်အော်ရှုခင်းကို ကောင်းကောင်း ကြည့်နိုင်မှာဖြစ်သလို အားကစားကွင်းတွေနဲ့ ပရိတ်သတ်သီးသန့်နေရာတွေကိုလည်း မြန်မြန်ဆန်ဆန် သွားလာနိုင်မှာပါ” လို့ Supreme Committee for Delivery and Legacy အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဟာဆန် အလ်-သာဝါဒီက ပြောကြားခဲ့ပါတယ်။

    ရေပေါ်ဟိုတယ်အပြင် တိုက်ခန်းတွေ၊ ပရိတ်သတ်ရွာတွေနဲ့ ဟိုတယ်တွေလို အခြား နေရာထိုင်ခင်းတွေကိုလည်း ကာတာက စီစဉ်ပေးထားပါတယ်။

    ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရှေ့အလယ်ပိုင်းမှာ ပထမဆုံး ကျင်းပမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ Supreme Committee က ပြိုင်ပွဲကျင်းပမယ့် ကစားကွင်းတွေထဲက ၂ ခုအပါအဝင် ပြိုင်ပွဲအတွက် လိုအပ်တဲ့ပြင်ဆင်မှု ၇၅ ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် ကစားကွင်း ၆ ကွင်းကတော့ ဆောက်လုပ်ဆဲဖြစ်ပါတယ်။

    Ref: Aljazeera