News @ M-Media

Tag: Qatar

  • ကာတာရှိ ပညာရေးမြို့တော်မှ အစ္စလာမ့်ရေးရာဌာနနှင့် ဗလီဝတ်ကျောင်းတော်

    ကာတာရှိ ပညာရေးမြို့တော်မှ အစ္စလာမ့်ရေးရာဌာနနှင့် ဗလီဝတ်ကျောင်းတော်

    မေ-၈ ၊ ၂၀၁၅
    M-Media
    လေးမောင် တင်ဆက်သည်။
    .1B8A9838-771x514
    – ၃ နှစ်တာ ထူးထူးခြားခြား ကြိုးပမ်းမှုတွေ ပြုလုပ်ပြီးနောက် ကာတာရဲ့ ပညာရေးမြို့တော်မှာ ကာတာအစ္စလမ့်ရေးရာ လေ့လာမှုဌာနက ၎င်းတို့တည်ဆောက်ထားတဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ ပညာရေးမြို့တော်ကို ကာတာဖောင်ဒေးရှင်းက စီစဉ် တည်ဆောက်တာဖြစ်ပါတယ်။
    .
    အစ္စလာမ့်ရေးရာလေ့လာမှုဌာန အဆောက်အဦးနဲ့ တွဲလျက်ရှိတဲ့ အဲဒီဗလီဝတ်ကျောင်းတော်မှာ ပြီးခဲ့တဲ့ သောကြာနေ့ ၀တ်ပြုမှုကို စတင်ခဲ့ပြီး ကျောင်းသားရာပေါင်းများစွာနဲ့ ကာတာဖောင်ဒေးရှင်း ဥက္ကဌ ရှိခ်ခါ မိုဇာ ဘင်သေ နဆီးရ်လည်း တက်ရောက်ခဲ့ပါတယ်။
    .
    အဖြူရောင်လှိုဏ်ဂူကြီးပုံစံ တည်ဆောက်ထားပြီး ကြီးမားတဲ့ မျက်နှာကျက်တွေမှာ ကုရ်အာန်ကျမ်းတော်မြတ်က ပါဒတော်တွေကို ဖောင်းကြွစာသားအလှတွေနဲ့ ရေးချယ်ထားကာ ရုတ်တရတ်ကြည့်လိုက်ရင် ကောင်းကင်က ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ ပုံစံမျိုး မြင်တွေ့ရမယ့် မီးအလှတွေကိုလည်း အဲဒီဗလီဝတ်ကျောင်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။
    .
    အဲဒီဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းဘက် ၀တ်ပြုဆောင်နဲ့ အပြင်ဘက် ရင်ပြင်တွေမှာ ၀တ်ပြုသူဦးရေ ၁၈၀၀ လောက် တစ်ကြိမ်တည်း ၀တ်ပြုနိုင်ပါတယ်။
    .
    အောက်ထပ်မှာ အဓိက (အမျိုးသား) ၀တ်ပြုဆောင်ရှိပြီး စာအုပ်တွေမဖြည့်တင်းရသေးတဲ့ စာကြည့်တိုက်တစ်ခုနဲ့ ရွှေချထားတဲ့ မဟ်ရဘ် (၀တ်ပြုမှုကို ရှေ့ဆောင်ဦမာမ်က ဦးဆောင်ရသည့် အခန်းငယ်) တစ်ခု ရှိပါတယ်။ အဲဒီမဟ်ရဘ်ရဲ့ ဘေးပတ်လည်မှာတော့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ပါဒတော်ကို ရေးသား ချယ်မှုန်းထားပါတယ်။
    .
    အပေါ်ထပ်မှာတော့ အမျိုးသမီးဝတ်ပြုဆောင်ရှိပြီး သီးခြား ထိုင်လို့ရတဲ့နေရာတွေကိုလည်း လုပ်ပေးထားပါတယ်။
    .
    အဲဒီ ဗလီဝတ်ကျောင်းတော်ကို တိုင်ကြီး ၅ တိုင်နဲ့ တည်ဆောက်ထားတာဖြစ်ပြီး၊ ဗလီဝတ်ကျောင်းတော်ရဲ့အောက်မှာတော့ စမ်းချောင်း ၄ ခု စီးဆင်းနေပါတယ်။ အဲဒီစမ်းချောင်းတွေဟာ ဗလီဝတ်ကျောင်းတော် အနီးအနားမှာ တည်ဆောက်ထားတဲ့ ပန်းဥယျာဉ်ကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။
    .
    ဒီအဆောက်အဦးတစ်လုံးကို ဆောက်လုပ်ခဲ့တဲ့ Art Scape ကုမ္ပဏီ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ရဲ့ တိုင်ငါးတိုင်ကတော့ အစ္စလာမ့်ရဲ့ မဏ္ဍိုင်ကြီး ငါးခုကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။
    .
    အဲဒီဗလီဝတ်ကျောင်းတော် အပြင်ဘက် တစ်ဖက်တစ်ချက်မှာတော့ မင်နာရတ် (၀တ်ပြုရန် ဖိတ်ခေါ်သည့် မျှော်စင်) ၂ ခုကို တည်ဆောက်ထားပြီး မက္ကာမြို့ကို ဦးတည်ထားတဲ့ အဲဒီ မင်နာရတ် ၂ ခုရဲ့အမြင့်ဟာ မီတာ ၉၀ ရှိပါတယ်။
    .
    အစ္စလာမ့် လက်ရေးလက်သား အလှအပပုံစံတွေကတော့ ဒီအဆောက်အဦး ရဲ့ နှလုံးသားဖြစ်ပြီး ခေါင်မိုး၊ နံရံကြွေပြားတွေက စလို့ မှန်ပြတင်းပေါက်တွေအထိ ဗလီဝတ်ကျောင်းတော်ရဲ့ နေရာတိုင်း မှာ ရေးသား ချယ်မှုန်းထားပါတယ်။
    .

    1B8A9769-771x514
    အစ္စလာမ့်ရေးရာ လေ့လာမှု ဌာန
    ———————————
    ဗလီဝတ်ကျောင်းတော်အပြင် ဒီအဆောက်ဦးဟာ ကျောင်းသားပေါင်း ၁၁၄ ဦး တက်ရောက်သင်ကြားနိုင်မယ့် အစ္စလာမ့်ရေးရာ လေ့လာမှု ဌာနလည်း ဖြစ်ပါတယ်။ စာသင်ခန်း ၅၄ ခု၊ ဆရာတွေရဲ့ ရုံးခန်းတွေနဲ့ စာကြည့်တိုက်တို့ ပါဝင်ပြီး အဲဒီအခန်းတွေတိုင်းမှာ သမိုင်းဆိုင်ရာ၊ ရုက္ခဗေဒဆိုင်ရာနဲ့ သိပ္ပံဆိုင်ရာ စာတန်းတွေကို ရေးသားထာပါတယ်။
    .
    စာကြည့်တိုက်မှာတော့ စာအုပ်ပေါင်း ၁ သိန်းလောက် ထားဖို့ရှိပါတယ်။
    .
    လက်ရှိအချိန်မှာတော့ ဒီဌာနဟာ ဖေကဟ်ပညာ(ဓမ္မသတ်ပညာ)၊ အစ္စလာမ့် ပြည်သူ့ရေးရာ ပေါ်လစီ၊ အစ္စလာမ့်ဘဏ္ဍာရေး၊ ခေတ်ပြိုင် မွတ်စလင်လူ့အဖွဲ့အစည်းနှင့် အတွေးအခေါ်များ၊ အစ္စလာမ့်လူ့အဖွဲ့စည်းများ၏ မြို့ပြဒီဇိုင်းနှင့် ဗိသုကာပညာ၊ ဘာသာတရားများ နှိုင်းယှဉ်မှုဆိုင်ရာ အစ္စလာမ့်ရေးရာလေ့လာမှု စတဲ့ ဘာသာရပ်တွေမှာ မာစတာဘွဲ့အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။
    .
    အစ္စလာမ့်ဘဏ္ဍာရေး၊ အစ္စလာမ့်ပြည်သူ့ရေးရာ ပေါ်လစီနဲ့ အစ္စလာမ့်ရေးရာ လေ့လာမှု စတဲ့ ဘာသာရပ် ၃ မျိုးအတွက်ကိုလည်း ဒီပလိုမာ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
    .
    အဲဒီဆောက်အဦးမှာ သုတေသနစင်တာ ၅ ခုပါဝင်ပြီး အစ္စလာမ့် အလယ်အလတ်နှင့် ပြန်လည်ဆန်းသစ်ခြင်းဆိုင်ရာ အလ်ကွာရာဒါဝီ စင်တာ၊ အစ္စလာမ့်စီးပွားရေးနှင့် ဘဏ္ဍာရေးစင်တာ၊ ခေတ်ပြိုင်မွတ်စလင် လူ့အဖွဲ့အစည်းများ လေ့လာမှုဆိုင်ရာ စင်တာ၊ ခေတ်မီလူ့အဖွဲ့အစည်း အတွက် မွတ်စလင်များ၏ ကူညီ ပံ့ပိုးပေးမှုဆိုင်ရာ မိုဟာမက် ဘင် ဟာမဒ် အလ် သာနီ စင်တာနဲ့ အစ္စလာမ့် ဥပေဒတွေနဲ့ ကျင့်ဝတ်တွေကို ဖြေရှင်းပေးဖို့ ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အစ္စလာမ့် ဥပဒေနှင့် ကျင့်ဝတ်ကျင့်ထုံးဆိုင်ရာ စင်တာတို့လည်း ပါဝင်ပါတယ်။
    .
    Ref: Doha News
    Photo by-Chantelle D’mello

    1B8A9754-771x514 1B8A9757 1B8A9810-771x514 1B8A9842-771x514 1B8A9858-771x514 B8A9788

  • ကာတာ အလုပ်သမား ဥပဒေ လာမည့်နှစ်ဆန်းတွင် ပြောင်းမည်။

    ကာတာ အလုပ်သမား ဥပဒေ လာမည့်နှစ်ဆန်းတွင် ပြောင်းမည်။

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    201327151223258734_20
    – ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများနှင့် အခြေအနေများအား ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် နိုင်ငံတကာမှ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည့် ကာတာနိုင်ငံက ၎င်းတို့အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် အလုပ်သမား ဥပဒေအသစ်တစ်ခုကိုပြဌာန်းမည်ဟု ကတိပြု ပြောဆိုလိုက်သည်။

    Kafala ဟုခေါ်တွင်ပြီး ယခုလက်ရှိ ပြဌာန်းထားသည့် အဆိုပါ အလုပ်သမားဥပဒေမှာ နိုင်ငံခြားအလုပ်သမားများ၏ အခွင့်အရေးများကို ကန့်သတ်ထားပြီး၊ ခေါင်းပုံဖြတ်မှုများရှိသည်ဟု စွပ်စွဲမှုများ ရှိနေသည်။ ထို့ပြင် နိုင်ငံခြားအလုပ်သမားများမှာ တိုင်းပြည်မှထွက်ခွာခြင်း၊ အလုပ်ပြောင်းခြင်းတို့ကို ဆောင်ရွက် မရဘဲ၊ ဥပဒေသစ်တွင် ထိုအချက်များကို ဖယ်ရှားမည်ဖြစ်ကာ အလုပ်သမားများအား စာချုပ်ဖြင့် ခန့်အပ်ခြင်းကို အစားထိုးမည်ဖြစ်သည်။

    ဥပဒေသစ်အား ဆန်းစစ်လေ့လာမှုများ ပြုလုပ်နေပြီး လာမည့်နှစ်အစောပိုင်းတွင် ထုတ်ပြန်ကြေညာမည်ဟု အလုပ်သမားနှင့် လူမှုရေးရာ ၀န်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    “ဥပဒေသစ်ကို လာမယ့်နှစ်အစောပိုင်းမှာ ကြေညာနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။

    လက်ရှိတွင် နိုင်ငံခြား အလုပ်သမားများ အနေဖြင့် အလုပ်ပြောင်းချင်ပါက တိုင်းပြည်မှ အရင်ထွက်ခွာရပြီး ထိုစနစ်က ခေတ်သစ် ကျွန်စနစ်ဖြစ်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက ပြောကြားခဲ့သည်။

    စာချုပ်ဖြင့် ခန့်ထားမည့် ဥပဒေသစ်တွင်မူ နိုင်ငံခြား အလုပ်သမားများမှာ စာချုပ်ပြည့်သည်နှင့် အခြားအလုပ်များသို့ ပြောင်းနိုင်မည်ဖြစ်သည်။ အဆိုပါ ဥပဒေသစ်အား လာမည့် မေလတွင် စတင် ကျင့်သုံးသွားမည်ဟု သိရသည်။

    ref_Al Jazeera

  • ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ လာဘ်ပေးခဲ့ကြောင်း တွေ့ရှိလျှင် အိမ်ရှင်ပြန်ရွေးဖွယ်ရှိ

    ဇွန် ၁ ၊ ၂၀၁၄
    M-Media
    415015_heroa
    – အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဘင်ဟန်မန်းက ဖီဖာ တာဝန်ရှိသူများအား လာဘ်ပေးခဲ့ကြောင်း တွေ့ရှိရပါက ဖီဖာအနေဖြင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံအား ပြန်လည် ရွေးချယ်သွားမည်ဟု ဖီဖာ ဒုတိယဥက္ကဌ ဂျင်မ်ဘွိုက်စ်က ပြောကြားလိုက်သည်။

    ကာတာနိုင်ငံသား ဘင်ဟန်မန်းမှာ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ရွေးချယ်ပေးရန် ဖီဖာ တာဝန်ရှိသူများအား ယူရို ၃.၇ သန်း လာဘ်ထိုးခဲ့သည်ဟု ဗြိတိန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။ ကာတာနိုင်ငံအား ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ကာတာနွေရာသီက ကစားသမား၏ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်စေသည်ဟု ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် ပြိုင်ပွဲအား ဆောင်းရာသီဖြစ်သော နိုဝင်ဘာနှင့် ဇန်န၀ါရီလတို့တွင် ပြောင်းလဲကျင်းပရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားသည်။
    ဘင်ဟန်မန်းမှာ ယခင် ဖီဖာ အမှုဆောင်ကောင်စီဝင်တစ်ဦးဖြစ်ပြီ လာဘ်စားခဲ့သည်ဟူသော စွပ်စွဲမှုဖြင့် ၂၀၁၃ ခုနှစ်က ဘောလုံးလောက၌ ပါဝင်လှုပ်ရှားမှုအား ရာသက်ပန် ပိတ်ပင်ခံထားရသူဖြစ်သည်။

  • ကာတာ အလုပ်သမားပြဿနာ မိမိတို့ တာဝန်မဟုတ်ဟု ဖီဖာဆို

    မတ် ၁၅၊ ၂၀၁၄
    M-Media

    2014314162249941734_20
    ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗဲလ်က်

    – ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပပြုလုပ်မည့် ကာတာနိုင်ငံ၏ အလုပ်သမားပြဿနာများအတွက် မိမိတို့မှာ တာဝန်ရှိသော အဖွဲ့အစည်းမဟုတ်ဟု ဖီဖာအကြီးတန်း အရာရှိ တစ်ဦးက ပြောကြားလိုက်သည်။

    ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲ ကျင်းပရေး တည်ဆောက်ရေး လုပ်ငန်းခွင်မှ  ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်သမားများအား ကာတာနိုင်ငံမှ ဆက်ဆံမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်လာနေခြင်းကြောင့် ဖီဖာမှ ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အလ်ဂျာဇီးရားသတင်းဌာနနှင့် အင်တာဗျူးတွင် ဖီဖာ၏ အထွေထွေအတွင်းရေးမှူး ဂျီရိုမီ ဗဲလ်က်က ထိုကိစ္စအတွက် ကာတာနှင့် အချို့အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများကို ဖီဖာမှ ထောက်ပံ့ပေးနေသည်ဟု ပြောကြားခဲ့သည်။ သို့သော် မိမိတို့အဖွဲ့၏ လုပ်ငန်းများ မဟုတ်သည့်အတွက် တာဝန်ယူမည်မဟုတ်ဟုဆိုသည်။

    “ဖီဖာဟာ ကုလသမဂ္ဂ မဟုတ်ပါဘူး။ ဖီဖာဆိုတာ အားကစားအဖွဲ့တစ်ခုပါ။ နိုင်ငံတစ်နိုင်ငံရဲ့နိုင်ငံခြားရေးပေါ်လစီက ဘာဖြစ်သင့်တယ်ဆိုတာကို ကျွန်တော်တို့ ပြောလို့ မရပါဘူး။ အဲဒါဟာ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍ မဟုတ်ပါဘူး” ဟု ဗဲလ်က်က ဆိုသည်။

    ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှ ဖီဖာအား ဖိအားပေးခြင်းမှာ မျှတမှုမရှိကြောင်း၊ ဖီဖာ၏ ကျင့်ဝတ်၊ စည်းကမ်းချက်များကို ချိုးဖောက်သည်ဟုသာ မိမိတို့ ပြောနိုင်ပြီး၊ မိမိတို့အား တာဝန်ရှိသူများအဖြစ် တာဝန်ရှိသူများအဖြစ် ရှုမြင်၍ မရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ပြိုင်ပွဲကျင်းပရန်အတွက် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်သမားများ၏ အန္တရာယ်ကင်းရှင်းမှု၊ လုပ်ငန်းခွင်ခြေအနေများနှင့် ပတ်သက်၍ ကာတာနိုင်ငံမှာ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုများကို ခံနေရသည်။ အဆိုပါဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများမှာ နိုင်ငံခြားသား အလုပ်သမားများဖြစ်ပြီး၊ ထိုပြဿနာများအား ပြီးခဲ့သည့်နှစ်ကတည်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

    ဆောက်လုပ်ရေးလုပ်ငန်းများတိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ တိုးတက်မှုများ ရရှိအောင် လုပ်ဆောင်နေကြောင်း၊ အချိန်ယူရမည်ဖြစ်ကြောင်း ဗဲလ်က်က ပြန်လည်ဖြေကြားခဲ့သည်။
    Al Jazeera

    Photo-[Reuters]

  • ကာတာလခြမ်းနီ အဖွဲ့မှ ရခိုင်မှ ဒုက္ခသည်များ အတွက် အိမ်ယာ စီမံကိန်းများ တည်ဆောက်ပေးမည်

    ဖေဖော်ဝါရီ ၂၆ ၊ ၂၀၁၃

    M-Media

    1-2315-300x233ဒိုဟာ။ ။ ကာတာအခြေစိုက် လခြမ်းနီအဖွဲ့မှ အိမ်ထောင်စုပေါင်း ၄၈၀ (လူပေါင်း ၃၀၀၀ခန့်) ကို ပြန်လည်နေရာချထားပေးရန် အခန်းပေါင်း စုစုပေါင်း ၄၈၀ ပါဝင်သည့် အိမ်ယာဝင်း ၆၀ ကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ကာတာသတင်းအေဂျင်စီမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

    မြန်မာနိုင်ငံရှိ QRC လုပ်ငန်းဌာနမှ လုပ်ဆောင်မည့် ဤပရောဂျက်တွင် အိမ်ယာဝင်းပေါင်း (၆၀)ကျော် ပါဝင်မည် ဖြစ်ပြီး ၀င်းတစ်ခုစီတွင် အိမ်ပေါင်း (၈)ခန်းပါဝင်ကာ ရေတုံကင်တစ်ခု စီပါဝင်မည် ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းသည် ပြီးခဲ့သော ဇန်န၀ါရီလက စတင်ခဲ့ခြင်းဖြစ်ကာ ပတ်ဝန်းကျင် အနီးတ၀ိုက်ရှိ စခန်းများမှ အလုပ်သမား နှင့် လုပ်ငန်းကျွမ်းဝင်သူပေါင်း ၂၅၀၀ကျော်လည်း လုပ်ငန်းတွင် ပါဝင်ခဲ့ပါသည်။

    ပုံမှန်အားဖြင့် ဧပြီလအစောပိုင်းတွင် ကျရောက်လေ့ရှိသော မိုးရာသီကာလ မတိုင်မီ မတ်လဆန်းတွင် အိမ်ယာများကို အကျိုးခံစားခွင့်ရှိသူများထံ လွှဲပြောင်းပေးသွားမည်ဟု မျှော်မှန်းထားပါသည်။

    မြန်မာနိုင်ငံရှိ QRC ၏ လက်တွေ့လုပ်ငန်းခွင် ရုံးခန်းသည် လက်တွေ့လုပ်ငန်းဆိုင်ရာ အရည်အသွေး   ပြည့်မီမှုများနှင့် စပ်လျဉ်းပြီး စဉ်ဆက်မပြတ် ညွှန်ကြားစီမံနေပြီး ပရောဂျက် ပြီးမြောက်အောင်မြင်မှုများ ၊လိုအပ်ချက်ရှိသော လူများအား ထောက်ပံ့ကူညီမှုများ ပေးအပ်ခြင်းတို့အား စောင့်ကြည့်ကွပ်ကဲလျက်ရှိသည်။

    QRC သည် ရခိုင်ဒေသအတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခြင်းခံရသူများ ပြန်လည် လွတ်ငြိမ်းချမ်းသာရေး ကိစ္စရပ်များ လုပ်ဆောင်ရန် မြန်မာ့ကြက်ခြေနီ အဖွဲ့အစည်းနှင့် နှစ်နှစ်ကြာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်အား စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

    BERNAMA