News @ M-Media
Tag: qurbani
  • ဟင်္သာတတွင် မွတ်စလင်မ်များ ကုရ်ဘာနီ အလှူလုပ်မည့် သားကောင် ထက်ဝက် သံဃာအချို့ လာရောက်အလှူခံ ၊ လက်ခံဖို့ အာဏာပိုင်များ ဖိအားပေး
    ဟင်္သာတတွင် မွတ်စလင်မ်များ ကုရ်ဘာနီ အလှူလုပ်မည့် သားကောင် ထက်ဝက် သံဃာအချို့ လာရောက်အလှူခံ ၊ လက်ခံဖို့ အာဏာပိုင်များ ဖိအားပေး
    စက်တင်ဘာ ၉၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး
    ရန်ကုန်။ ။ ဧရာဝတီတိုင်း ဒေသကြီး ဟသာင်္တမြို့နယ်တွင် ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို သံဃာတော်များက ထက်ဝက်အလှူခံရာတွင် ပေးအပ်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင် တာဝန်ရှိသူများက အစ္စလာမ်ဘာသာဝင်များကို ဖိအားပေးခဲ့ကြောင်း သိရပါတယ်။
    “ကျွန်တော်တို့ကို ဒီနေ့ ကုရ်ဘာနီအတွက်ဆိုပြီး အစည်းအဝေးခေါ်တယ်။ အစည်းအဝေးမှာ အရင်က မဘသ ဆရာတော်ပေါ့၊ အခုတော့ ပရဟိတကျောင်းတွေဘာတွေ ဖွင့်ထားတဲ့ ဆရာတော်ဖြစ်တဲ့ ဓမ္မဗိမာန်ကျောင်းဆရာတော် ဒေါက်တာ အရှင်လကာင်္ရ” က ကျွန်တော်တို့ကုရ်ဘာနီ သားကောင် လုပ်မယ့်ထဲက တစ်ဝက်ကို လှူရမယ်ပြောတယ်၊ ဟသာင်္တခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေးကလည်း အဲ့ဒါကို ထောက်ခံပြီး သူ့ဘက်ကနေပဲ ကျွန်တော်တို့ကို ပြောတယ်” လို့ ဟသာင်္မြို့နယ် ဒေသခံတစ်ဦးက M-Media ကိုပြောပါတယ်။
    အစည်းအဝေးတွင် ရပ်မိရပ်ဖများမှလည်း ကုရ်ဘာနီပြုလုပ်ရာတွင် ဥပဒေလမ်းကြောင်းမှန်စွာ ပြုလုပ်ရန်၊ စည်းကမ်း စနစ်တကျဖြင့် ပြုလုပ်ကြရန်ကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
    စက်တင်ဘာလ (၉) ရက်နေ့တွင် အစည်းအဝေးကို ပြန်လည်ခေါ်ယူခဲ့ပြီး ထိုနေ့တွင် ကုရ်ဘာနီလုပ်ရန် သားကောင်အရေအတွက်ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အတိအကျ သတ်မှတ်ပေးသွားမယ်လို့လည်း သိရှိရပါတယ်။
  • ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ) [M-Media စာအုပ် အညွှန်းကဏ္ဍ]
    အောက်တိုဘာ၊၁၄
    M-Media
    Full page fax print
    စာအုပ်အမည်- ကုရ်ဗာနီ (သဘောတရား၊ သမိုင်းနှင့် အနှစ်သာရ)
    ရေးသူ- ငြိမ်းချမ်းလုလင် (အလ်ဟဂ်ျ မွဖ်သီ ဒေါက်တာမြင့်သိန်း)အစ္စလာမ်အပေါ် နားလည်မှု အလွဲမှားဆုံးအကြောင်းအရာ
    • ကုရ်ဗာနီသည် ယဇ်ပူဇော်ခြင်း မဟုတ် သစ္စာတရားအတွက် စွန့်လှူခြင်းသည်သာ ကုရ်ဗာနီဖြစ်သည်။
    • ကုရ်ဗာနီဟူသည် အဘယ်နည်း။
    • ကုရ်ဗာနီ ဖြစ်ပေါ်လာပုံသမိုင်း
    • ကုရ်ဗာနီ၏ အနှစ်သာရ
    • အသက်နှင့် ၀ိညာဉ်ကွာခြားပုံ
    • အစ္စလာမ်နှင့် အစာအာဟာရ
    • အစ္စလာမ့်နည်းကျ ဇဗဟ်လှီးဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
    . . . စသည်တို့ကို ကုရ်အာန်ကျမ်းမြတ်ကို မှတ်ကျောက်ပြု၍ ဟဒီးဆ်သြ၀ါဒတော်များ၊ သမိုင်းနှင့် သိပ္ပံရှုထောင့် အသီးသီးမှ ဆန်းစစ်လေ့လာ တင်ပြထားသည်။
    @ Download: Google Doc >>http://goo.gl/ZsNV9z
    File Size – 190 KB
  • ၂၀၁၃-ခုနှစ် ကုရ်ဘာနီ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းခြင်း
    စက်တင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    KK
    ရန်ကုန် ။         ။       မကြာခင် ကျရောက်တော့မည့် အစ္စလာမ်သာသနာဝင်များ၏ အီဒွလ်အသွလ်ဟာ (ကုရ်ဘာနီ)ရက်မြတ် ကျရောက်တော့မည်ဖြစ်သဖြင့် ကုရ်ဘာနီကြီးကြပ်ရေး ကော်မတီ တစ်ရပ်ကို မနေ့က စက်တင်ဘာ ၂၃-ရက်နေ့က ရွေးချယ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
    အဆိုပါ ကုရ်ဘာနီကြီးကြပ်ရေးကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများဖြစ်သည့် အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့၏ စက်တင်ဘာ ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
    ၎င်း ကုရ်ဘာနီကြီးကြပ်ရေးကော်မတီတွင် နာယကကြီးများအဖြစ် အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ် ဆွာလေ (ခ) ဦးစိုးသန်း၊ အလ်ဟာဂ်ျ ဦးတင်မောင်သန်း၊ အလ်ဟာဂ်ျဦးကျော်စိုး၊ အလ်ဟာဂ်ျဦးမြင့်ထွန်း၊ ဟာဂျီဦးကျော်ခင်တို့ ပါဝင်ပြီး ၊ ဥက္ကဋ္ဌ အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့်၊ အတွင်းရေးမှူး အလ်ဟာဂ်ျဦးမြင့်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးရဲနောင်သိန်း၊ စာရင်းစစ် အလ်ဟာဂ်ျဦးတင်ယု၊ ပြန်ကြားရေးမှူး ဟာဂျီဦးကိုကိုအောင်နှင့် ကော်မတီဝင်များအဖြစ် အလ်ဟာဂ်ျဦးခင်မောင်သန်း၊ ဦးဝဏ္ဏရွှေ၊ ဦးကျော်ဝင်းဦး တို့ ပါဝင်ကြောင်းသိရှိရပါသည်။
    1 2
  • ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    ကိုယ့်ဖာသာ အိဒ်မလုပ်တာမဟုတ်၊ မယုံလို့ မလုပ်တာ
    အောက်တိုဘာ ၂၇၊ ၂၀၁၂
    M-Media
    ညီညီလင်းဇော်
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ ကြီးက ဒီနှစ် အိဒ်ပွဲတော်မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက် တယ်ဆိုတာ ကြားကြားချင်းမှာ အလေးသိပ်မထားဖြစ်ပါ။ မလုပ်နဲ့ ဆိုတော့ မလုပ်ဘူးပေါ့။ ခု အောက်တိုဘာ၂၆ ရက်နေ့  ကျော် ပြီး ၂၇ ထဲအ၀င်မှာတော့ ခံစားရတယ်။ ငါတို့ အ မြတ်တနိုးနှစ် စဉ်လုပ်လာခဲ့တဲ့ရိုးရာပွဲတော် ငါတို့ ဒီနှစ် မလုပ်ဖြစ်တော့ဘူးဆိုပြီးတော့။
    ဒီပွဲကို ဘာကြောင့်ငါတို့ မြတ်နိုးပြီး မလုပ်ရလို့  ဘာကြောင့်ဝမ်းနည်းရတာလဲ။ နားမလည်ပဲ ဘုထိုင်ပြောတဲ့လူတွေ၊ မသိကျိုးကျွံပြုတဲ့ လူပိန်းတွေ၊ ခေါင်းထဲမှာ စဉ်းစားဖို့ မပါတဲ့ နလပိန်းတုံးတွေ အတွက်ကတော့ နွားသတ်ပွဲပေါ့၊ ငါတို့ အတွက်ကတော့ အသားလှူကောင်းမှုပြုပွဲ။ ဒီထက်မကဆိုရင် တိရိစ္ထာန်တွေကို ရက်ရက်စက် စက်မပြုအောင် သင်ပေးတဲ့ပွဲ။ ဒီလိုရေးလို့  ၀ိုင်းဆဲကြပါအုံးမယ်။ အားရပါးရ ပက်ပက်စက်စက် လှောင်ပြောင်ကြပါအုံးမယ်။ နွားတော့သတ်ပြီး မရက်စက်အောင် သင်ပေးတယ်ဟုတ်လားဆိုပြီး။ ဟုတ်ပါတယ်၊ သေချာစဉ်းစားကြည့်ပါ။
    သတ်တယ်ဆိုတာ ရေဆူဆူထဲနှစ်သတ်တာမဟုတ်ပါဘူး။ အချွန်အစူးနဲ့ ထိုးသတ်တာမဟုတ်ပါဘူး။ ရိုက်သတ် ခုတ်သတ်တာမဟုတ်ပါဘူး။ ပြီးပြည့်စုံသော သိပ္ဗံ နည်းကျသော အစ္စလာမ်ဘာသာက လည်လှီးခိုင်းတယ်ဆိုတာ ပင်မအာရုံကြောတွေကို ၃ ချက်နဲ့ စက္ကန့် ပိုင်းအတွင်းဖြတ်ခိုင်းထားတဲ့အတွက် အာရုံကြောပြတ် သွားလို့  (ဦးနောက်နဲ့ ခန္ဒ္ဓာဆက်ထားတဲ့ အသိအာရုံကြောတွေပြတ်သွားလို့ ) သူတို့မှာ နာကြဉ်မှူကို မသိ (မရှိ) တော့ပါဘူး။ ဒီကိစ္စ ဆေးသိပ္ဗံပညာရှင်တွေရော အစ္စလာမ်ဘာသာရေးပညာရှင်တွေပါ ရှင်းပြပြီးသားပါ။ အမှန်တကယ် သဘောပေါက်ချင်တယ်ဆိုရင် ရှာဖတ်ကြည့်ပါ။ (စိတ်လည်းမ၀င်စား နားမလည်ချင်ပဲ ငါ့စကားနွားရ ထိုင်ဆဲမဲ့လူတွေအတွက်တော့ အချိန်ကုန်ခံပြီး မရေးတော့ပါ)။
    ခုချိန်ဆိုရင်အိဒ်ပေါ့ဗျာ။ နံနက်လင်းရင်တော့ အိဒ်မနက်ပေါ့။ ခါတိုင်းဆိုရင် အိဒ်နေ့  မနက်မိုးမလင်းခင်စောစောထတယ်၊ ရေချိုးတယ်၊ ဘုရားစာဖတ်တယ်၊ ဝေးဝေး တခါမှစားရတဲ့ အစားသောက်နဲ့  နံနက်စာစားကြတယ်။ ပြီးရင် အ၀တ်အသစ်ဝတ်ပြီးပလီသွားကြတယ်။ ဘုရားရှိခိုးပြီးရင် သူငယ်ချင်းတွေ အမျိုးတွေနဲ့  နှုတ်ဆက် ကြတယ်။ အမျိုးအိမ်တွေသွားတယ်။ အဝေးက အမျိုးတွေ မိတ်တွေတွေကို ဖုန်းခေါ်မယ်။ စုဆောင်းတာတွေထဲက လှူကြတယ်။ တနှစ်မှာ တခါရတဲ့ ဒီ အမှတ်တရပွဲ၊ ငါတို့ ဆုံးသွားပြီ။
    ငါတို့ တောင် ဒီလောက်ဝမ်းနည်းနေရင် နေစရာအိမ်ပျောက်သွားတဲ့ ရခိုင်ကမွတ်စလင်မ်တွေ၊ အမေသေ အဖေသေ သားသမီးသေ ကြုံလိုက်ရတဲ့ ရခိုင်ပြည်က ဒုက္ခသည်တွေ မနက်ဖြန် ဘယ်လိုအိဒ်လုပ်ကြမလဲ။
    ဒီနေ့  ရခိုင်အရေးအခင်းကဓာတ်ပုံတွေတွေ့ တယ်။ ကလေးလေးတွေငိုနေတယ်။ အစားတွေမစားရ ရေတွေမသောက်ရတော့ ဖျော့တော့နေကြတယ်။ အဖိုးကြီး အဖွားကြီးအိုတွေကို ပွေ့ ပြီးသယ်နေရကြရတယ်။ ကောင်မလေး ၂ ယောက် သွေးအိုင်ထဲမှာ လဲသေနေတယ်။ အနီးထုပ်နဲ့  ကလေးတယောက် ကျောက်ဖြူက ထွက်လာတာ စစ်တွေရောက်တော့ အသက်မရှိတော့ဘူး။
    စစ်တွေအရောက်ဆုံးသွားတဲ့ ကလေးလေး
    အပြုံးတွေနဲ့  ကျော်ဖြတ်ရမဲ့တနေ့ မျက်ရည်တွေ သွေးတွေနဲ့  လှူးနေရော့မယ်။ အလောင်းတွေနဲ့  ယင်ကောင်တွေ ၀ဲနေရော့မယ်။ ဆာလှောင်လို့  ကလေးတွေအော်နေကြမယ်။ ကျွေးစရာမရှိလို့  အမေတွေ ငေးနေကြမယ်။ အသက်မရှိတော့တဲ့ ရင်သွေးလေးတွေအတွက် ရင်ကွဲရော့မယ်။ ပြေးစရာမရှိလို့  ငိုနေတော့မယ်။
    သူတို့ ဒီလို လုပ်ရက်တယ်။ ငါတို့ ရဲ့  အမြတ်တနိုးနေ့ ကို ဒီလိုဖျက်ဆီးရက်တယ်။ ငါတို့  မမေ့တော့ဘူးအစွန်းရောက် အကြမ်းဖက်သမား ရခိုင်တွေ၊ နည်းအမျိုးမျိုးနဲ့ အားပေးအားမြှောက်တဲ့ကောင်တွေ၊ သွေးဆာနေတဲ့ လူသတ်သမားတွေ။
    သူတို့ လုပ်ရပ်တယ် ဖျက်ဆီးရက်တယ်လို့ ပြောရအောင် အစိုးရကမတားပါဘူး၊ သူတို့ ဟာသူတို့  မလုပ်တာပါလို့  အစိုးရရုံးက ပြောပါတယ်။ ဒါကို မြန်မာသတင်းဌာနတွေကလည်း မှူးဇော်ကို ကိုးကားပြီး တသီကြီးဖော်ပြကြတယ်။ မလှိမ့်တပတ်အမြဲလုပ်တတ်တဲ့ အစိုးရကို ကိုးကားကြတော့တယ်။
    မွတ်စလင်မ်ခေါင်းဆောင်တွေက သူတို့ ဖာသာသူတို့  ဆုံးဖြတ်ချင်သလို ဆုံးဖြတ်တာမဟုတ်ပါဘူး။ အစိုးရကလုပ်ခွင့်မပိတ်ဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ အစိုးရ ရူးချင်ဟန်ဆောင်နေတာ၊ သူမဟုတ်သလိုလုပ်နေတာက အစ္စလာမ်တွေကို ဒီလောက် စော်ကားနေတာ တိုက်ခိုက်နေတာကို ဘာမှအရေးမယူပေးဘူး။ ပေါ်တင် တိုက်ခိုက်နေတာ၊ စည်းရုံးနေတာ၊ လှုံ့ ဆ်ာနေတာ၊ စာတွေဖြန့် နေတာ၊ ရိုဟင်ဂျာကိုဆန္ခပြပြီး အစ္စလာမ်ကိုပေါ်တင်တိုက်ခိုက်နေတာတွေကို လွတ်ထားပေးတယ်။ အစိုးရထဲကလူတွေကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးလုပ်နေတယ်။ မှူးဇော်ကိုယ်တိုင်က မုန်းတီးရေးလုပ်နေတယ်။ သတင်းမှားတွေပေးနေတယ်။
    အစ္စလာမ်ခေါင်းဆောင်တွေ အကြိမ်ကြိမ်သွားပြောတယ်၊ စာတင်တယ်၊ တောင်းဆိုတယ်၊ ထိန်းပေးဖို့ မေတ္တာရပ်ခံတယ်။ ဘာမှမလုပ်ပေးဘူး။ အိဒ်ပွဲအတွက်လည်း လုံခြုံရေးမပေးနိုင်ဘူးလို့ ပြောတယ်။ လုံခြုံရေးပေးဖို့ နေနေသာသာ သူတို့ ကိုယ်တိုင်က အစ္စလာမ်ဆန့် ကျင်ရေးအတွက် လမ်းဖွင့်ထားပေးတာကို သိသိကြီးနဲ့  မွတ်စလင်မ်ခေါင်းဆောင်တွေက ငြိမ်နေရမလား။ ကမ္ဘာမီးလောင် သားကောင်ချနင်းနေတာကို သိသိနဲ့  မျက်စိမှိတ်ပြီး ထောင်ချောက်ထဲဆင်းရမလား။
    အစိုးရမက မတားမြစ်ထားဘူး၊ သူတို့ ဖာသာသူတို့  မလုပ်တာဆိုပြီး မလိမ့်တပတ်မပြောနဲ့ ။ လူပိန်းတွေး လူပိန်းရေးမလုပ်ကြနဲ့ ။ ပြသနာမဖြစ်ဖြစ်အောင် လုပ်နေကြတာကိုသိလျက်နဲ့  အစိုးရဖက်က တာဝန်ပျက်ကွက်နေလို့ ၊ လုံခြုံမှုမရှိတော့တာကို သိလျက်နဲ့  လုံခြုံရေးမပေးလို့ ၊ ကုန်ကုန်ပြောမယ် အစိုးရကိုမယုံလို့  မွတ်စလင်မ်တွေ ကိုယ့်ဖာသာကိုယ် ဆင်ခြင်လိုက်ကြတာလို့ ပဲပြောပါ။
  • မဲဆောက်မှ ကုရ်ဘာနီအီးဒ်နေ့ အလှူ
    မဲဆောက်မှ ကုရ်ဘာနီအီးဒ်နေ့ အလှူ
    အောက်တိုဘာ၊ ၂၆ ၊ ၂၀၁၂
    ပြည်တော်မြင့်(ဧရာဝတီ)
    မဲဆောက်- ထိုင်းနိုင်ငံ
    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ပြုလုပ်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်သို့ မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်းမှ ထောင်နှင့်ချီသည့် အစ္စလမ်ဘာသာဝင်များ လာရောက်ခဲ့ကြသည်။
    မဲဆောက်အိဒ်ပွဲတော် လာရောက်ကြသည့် မြန်မာဘက်ခြမ်းမှ ချို့တဲ့သူများကို မဲဆောက်ရှိ လုပ်ငန်းရှင်များက ငွေကြေး၊ အ၀တ်အထည်နှင့် အသားများ ပေးဝေကြသည်။
    မဲဆောက်အိဒ်ပွဲတော် လာရောက်ကြသည့် မြန်မာဘက်ခြမ်းမှ ချို့တဲ့သူများကို မဲဆောက်ရှိ လုပ်ငန်းရှင်များက ငွေကြေး၊ အ၀တ်အထည်နှင့် အသားများ ပေးဝေကြသည်။
    မဲဆောက်မြို့မှ လုပ်ငန်းရှင်တဦးဖြစ်သည့် ဟာဂျီယူနွတ်က ”မဲဆောက်မှာက နှစ်တိုင်း ပေးကမ်းမှုကို ပြုလုပ်ကြတာပါ။ အသားအိဒ်မှာရော မုန့်အိဒ်မှာရော အမြဲတမ်း ပုံမှန် လုပ်နေကြပါ။ အဓိက မြန်မာဘက်က လာတဲ့လူတွေကို ပိုပြီးပေးကမ်းဖြစ်ပါတယ်” ဟု ပြောသည်။
    ငွေကြေးအနေနှင့် အသက်အရွယ် ကြီးရင့်သူများနှင့် ကျန်းမာရေးချို့တဲ့သူများကို တဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ မှ ၁,၀၀၀ လှူဒါန်းကြသည်ဟု အလှူငွေ ရရှိခဲ့သော မသန်စွမ်းသူ တဦးဖြစ်သည့် ကိုမာမွတ်က ပြောသည်။
    မိသားစုနှင့်အတူလာသည့် ကိုမာမွတ်က ”မဲဆောက်အိဒ်ပွဲကို လာတာ အများစုက မြ၀တီနဲ့ ကော့ကရိတ်နယ်ထဲကလူတွေ များတယ်။ ဒီပွဲအတွက် မဲဆောက်ကို နှစ်ရက် ကြိုပြီးလာရတယ်။ တည်းတာကတော့ မဲဆောက်ဗလီကြီးနဲ့ အခြားဗလီတွေမှာ ညအိပ် တည်းကြတယ်။ မိသားစုအလိုက် လာကြတာများတယ်။  ဒီနေ့အိဒ်ပွဲပြီးတာနဲ့ နောက်နေ့ ကားတန်းနဲ့ ကော့ကရိတ် ပြန်ဆင်းကြမယ်” ဟု ပြောသည်။
    ပုံမှန်အားဖြင့် ထိုင်းနှင့် မြန်မာ အစ္စလမ် ဘာသာဝင်များ၏ ကိုရ်ဘာနီအိဒ်ပွဲတော်သည် တရက်စီ ခြား၍ကျ ရောက်သော်လည်း ယခုနှစ်အတွက် မြန်မာနိုင်ငံတွင်  ပြည်တွင်းရေး အခြေအနေအချို့ကြောင့် အိဒ်ပွဲတော် မကျင်းပနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု မဲဆောက် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ မူဆလင်များ အစည်းအရုံး (ABMU) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးဟာမစ်က ပြောသည်။
    ၎င်းက ”တိုင်းပြည် တည်ငြိမ်ဘို့အတွက် အစိုးရက တာဝန် ပျက်ကွက်ခဲ့တယ်။ ဒီပြဿနာကို အစိုးရက ထိထိ ရောက်ရောက် ကိုင်တွယ်မှု မရှိဘဲ မီးစာတဘက် ရေမှုတ်တဘက် ပေါ်လစီကို ကျင့်သုံးခဲ့လို့ဖြစ်တယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် အခြားဒေသအချို့တွင်  ဆိုးရွားစွာ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ယခုလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို ယခုနှစ်တွင် ကျင်းပခြင်း မပြုလုပ်ဘဲ ရပ်ဆိုင်းထားရန်  မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ်ဘာသာရေး အဖွဲ့ချုပ်ဝင် အားလုံး တညီတညွတ်ထဲ သဘောတူကြောင်း ယမန်နေ့ ရက်စွဲဖြင့် ကျေညာချက် ထုတ်ပြန်ခဲ့သည်။
    ထိုင်းနိုင်ငံတွင် ယနေ့ကျရောက်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို လာရောက်သည့် မြ၀တီမှ ဒေါ်ခါလာကြီးက ”မဲဆောက်မှာရှိတဲ့ ဟာဂျီတွေက ရက်ရက်ရောရော ပေးကမ်းနိုင်တော့ မြန်မာဘက်က လာတဲ့လူတွေ များတယ်။ ပိုက်ဆံ မရတဲ့လူတွေရှိပေမဲ့ အသားကတော့ တယောက်ကို သုံးလေးပိသာလောက် အနည်းလေး ရတယ်၊ ကျမတို့ဆီမှာက ခုခေတ်အသားဈေးနဲ့ဆိုရင် တော်ရုံတန်ရုံလူ ပိသာလိုက် ၀ယ်စားဘို့က လွယ်တာ မဟုတ်ဘူး” ဟု ပြောသည်။
    ကိုရ်ဘာနီအိဒ်ပွဲတော်သည် အစ္စလမ် ဘာသာဝင်များအကြား အရေးကြီးသည့်ပွဲတော်ဖြစ်ပြီး ပြဌာန်းရခြင်းနှင့် ပတ်သက်၍ ကိုရမ် ကျမ်းစာ ၂၂း၂၈ နေ့တွင် တွက်ချက် သတ်မှတ်ထားသော ကာလအတွင်း ခွာကွဲစားမြုံ့ပြန် သတ္တ၀ါများကို သင့်တို့အတွက် ရိက္ခာဖြစ်စေ၏ သို့ဖြစ်၍ ၎င်းတို့ကို စားသုံးကြလော့၊  နွမ်းပါးသော သူဆင်းရဲများကို ကျွေးမွေးကြလော့ဟု ဆိုထားသည်။
    ထိုင်းနိုင်ငံ၏ လူဦးရေသန်း(၇၀)ခန့် ရှိသည့်အနက် အစ္စလမ် ဘာသာဝင် အရေအတွက်မှာ  (၁၀) ရာခိုင်နှုံးခန့် ရှိသည် ဟု မဲဆောက်ဗလီကြီး၏ ဂေါပက အဖွဲ့ဝင်တဦးဖြစ်သည့် နိုင်ဘန်ကျုံက ပြောသည်။
    ၎င်းက ထိုင်းတောင်ပိုင်းရှိ နာရာသီဝပ်၊ ပါတနီ၊ ယာ့လာ၊ ဆုံခလာ၊ စတွန်း စသည့် ပြည်နယ်များတွင် အစ္စလမ်ဘာသာဝင်များ အများစု နေထိုင်ကြပြီး ယနေ့ ကျရောက်သည့် ကိုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနိုင်ငံ အတွင်း ဘာသာဝင်များ နေထိုင်ကြသည့် နေရာဒေသများတွင်လည်း တပြိုင်တည်း ကျင်းပကြသည်ဟု ဆိုသည်။
    ယနေ့မွန်းလွဲပိုင်းက မဲဆောက်ဗလီကြီးတွင်တွေ့ရသည် မြန်မာနှင့်ထိုင်းအစ္စလမ်ဘာသာဝင်များ (ဓာတ်ပုံများ – ပြည်တော်မြင့်/ဧရာဝတီ)