News @ M-Media
Tag: Rakhine-Conflict
  • အာဏာရှင် စစ်အစိုးရလက်ထက် ရာဇ၀တ်မှုများကို ရင်ဆိုင်ဖြေရှင်းရမည်ဟု ကွင်တာနာ ပြောကြား
    M-Media
    မတ်လ ၉ ရက်၊ ၂၀၁၃
    ရိုက်တာ
    Handout of Quintana, U.N. special envoy on human rights in Myanmar, meets with Myanmar pro-democracy leader Suu Kyi in Yangon
    ကုလ ကိုယ်စားလှယ် ကွင်တာနာနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
    မြန်မာအရပ်သားအစိုးရရော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အတိုက်အခံပါတီတို့ နှစ်ဘက်စလုံးက စစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ ကို ထုတ်ဖော်တင်ပြဖို့ လက်ရှိတွင်ခွန်အားမရှိကြောင်း ကုလစုံစမ်းရေးကိုယ်စားလှယ်က သောကြာနေ့တွင် ပြောခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ် က ဖော်ပြလိုက်ပါတယ်။
    မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး တာရှည်တည်မြဲဖို့နဲ့ မြန်မာပြည်ရဲ့ (ဒဏ်ရာအနာတရတွေကို) ကုစားဖို့အတွက်တော့ ရာစုနှစ်ပေါင်း များစွာ ကျူးလွန်ဖောက်ပြန်ခဲ့တဲ့ အမှုတွဲကြီးအတွက် တာဝန်ခံမှုရှိရမယ် လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တိုမတ်စ် အိုဂျီယာ ကွင်တာနာက ပြောခဲ့တာ ဖြစ်ပါတယ်။
    မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ကတော့ အဓမ္မစေခိုင်းမှုတွေ၊ လူနည်းစု လူမျိုးခြားအုပ်စုတွေနဲ့ တိုင်းရင်းသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပမ်းနှိပ် စက် မှုစတာတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
    အမှန်တရားပေါ်ပေါက်ဖို့ စုံစမ်းရေးကော်မရှင်ကိစ္စကိုသာမက အရေးယူဆောင်ရွက်ဖို့ ကိစ္စတွေနဲ့ပတ်သတ်ပြီး ကွင်တာနာကို မေးမြန်းခဲ့ရာမှာ – “မြန်မာပြည်မှာ အမှန် တကယ် ဖြစ်နေတာကတော့ဗျာ၊ ဒီကိစ္စကို ဘယ်သူတွေကမှ ဆောင်ရွက်လုပ်ကိုင်မယ်ဆိုပြီး အစီအစဉ်ဆွဲတာမျိုးမရှိဘူး။ အစိုးရကလည်း အစီအစဉ်မရှိ ဘူး၊ တခြားနိုင်ငံရေးပါတီတွေမှာလည်း အစီအစဉ်မရှိသလို၊ လူနည်းစု လူမျိုးခြားအုပ်စုတွေမှာလည်း အစီအစဉ်မရှိဘူး” လို့ ကွင်တာနာက ဖြေကြားခဲ့ပါတယ်။
    ကွင်တာနာက မြန်မာအစိုးရရဲ့ ထိပ်ပိုင်းအရာရှိတွေကို တွေ့ဆုံဆွေးနွေးခဲ့သလို ဒေါ်စုကြည်နဲ့လည်း ပြီးခဲ့တဲ့လက သူရဲ့နောက်ဆုံးခရီးစဉ် အတွင်း မှာ တွေ့ဆုံခဲ့ပါ တယ်လို့ ဂျီနီဗာ သတင်းစာရှင်းလင်းပွဲမှာ ပြောပြခဲ့ပါတယ်။
    ဒေါ်စုကြည်ရဲ့ အတွေ့အကြုံမဲ့ ပါတီကတော့ သောကြာနေ့ကစပြီး ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ကို ကျင်းပပါလိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲ အကြို ပြင်ဆင်မှုအချို့ အတွက်ရည်ရွယ်တယ်လို့ သိရပါတယ်။
    ရခိုင်အရေးကိစ္စကြောင့် အခက်အခဲ အကြပ်အတည်းတွေ ဖြစ်နေသလို၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာလည်း ဒီကိစ္စစိုးရိမ်ဖွယ်အဖြစ် ရှိနေ တယ် လို့ ကွင်တာနာရဲ့ ကြာသပတေးနေ့က နှစ်ပတ်လည်အစီရင်ခံစာမှာ တစ်ခုမှာ ဖော်ပြထားကြောင်းသိရပါတယ်။
    ဦးသိန်းစိန်အစိုးရအနေနဲ့ ပြင်းထန်တဲ့ ရာဇ၀တ်မှုတွေသာမက အစီအစဉ်တကျလုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လူအခွင့်အရေးချိုးဖောက်မှုစတဲ့ အမှုတွဲတွေ ကို ရင်ဆိုင်ဖို့ အတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ (ဖိအားပေးမှုတွေ) ရှိနေတယ်လို့ ကွင်တာနာက ဆိုပါတယ်။
    ဒါ့ပြင်သူက ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံတွေကို ရည်ညွှန်းပြောကြားခဲ့ရာမှာ – မြန်မာပြည်တွင်းမှာ ဒီလို စစ်အစိုးရကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေ အကြောင်း အခုအချိန်မှာ စတင် ဆွေးနွေးဖို့တောင်မှ မဖြစ်နိုင်ကြောင်း၊ ဘာလို့လဲဆိုရင် ဒီလမ်းကြောင်းမှာ ဘာသာရေးအဖွဲ့တွေက ခုခံနေတဲ့ အကြောင်း၊ သူတို့က ခွင့်လွှတ်ရေးတွေ၊ အနာဂတ်ကိုသာကြည့်ပြီး အတိတ်ကို လျစ်လျူပြုလိုမှုတွေ ရှိနေတယ်ဆိုတဲ့အကြောင်းတွေ ကိုပါ ပြောပြခဲ့ ပါတယ်။
    ကွင်တာနာကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေကမှ စစ်အုပ်ချုပ်ရေးကနေ လွတ်လပ်လာခဲ့တဲ့ အာဂျင်တီးနားဇာတိဖြစ်ပါတယ်။
    “ကျွန်တော်ကတော့ဗျာ၊ အတိတ်မှာဖြစ်ခဲ့တာတွေကို ကုစားဖို့ လိုတယ်လို့ပဲ အမှန်အကန်ယုံကြည်ထားတယ်။  အသွင်ကူးပြောင်းရေးအောင်မြင် ဖို့အတွက် အတိတ်မှာဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူဖို့ကလည်း တကယ်ကို အရေးကြီးတယ်ဆိုတဲ့ အကြောင်း ကျွန်တော်တို့က ထပ်ကာထပ် ကာ ဖြန့်ချိနေရမယ်။ အတိတ်က ဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူဖို့ ဆိုတဲ့နေရာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ နားလည်သဘောပေါက်ရမယ်။ နှစ် ၄၀ ကျော်လောက် စစ်အစိုးရက အုပ်စိုးသွားတဲ့နေရာမှာ ဘာမှမဖြစ်ခဲ့ပါဘူးလို့ သရုပ်ဆောင်နေဖို့ မလိုဘူး။”  ဟု ကွင်တာနာက ရှင်းပြခဲ့သည်။
    မြန်မာအစိုးရက ကွင်တာနာ၏ မြန်မာပြည်အရေးဆောင်ရွက်မှုလုပ်ငန်းစဉ်ကို ရပ်တန့်ရန်ရည်ရွယ်ပြီး ကုလလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ များ ကို လွှမ်းမိုးနိုင်ဖို့ လော်ဘီ(lobby) လုပ်နေကြောင်း၊ သူ၏ မြန်မာပြည်အရေးလုပ်ငန်းစဉ်မှာ ၂၀၁၄ မေလအထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ သူ့အနေ နဲ့ ကတော့ ဆက်လက်စုံစမ်းစစ်ဆေးဖို့ လိုအပ်နေတယ်လို့ ခံစားရကြောင်း ကွင်တာနာက ပြောပြခဲ့ပါတယ်။
    (ရိုက်တာသတင်းဌာနမှာ စတီဖင် နဘဟေး၏ သတင်းတင်ပြချက်ဖြစ်ပါသည်။)
    M-Media သတင်းသုံးသပ်ချက်
    အထက်ပါသတင်းတွင် ပါရှိသည့် ကွင်တာနာ၏ တင်ပြချက်ဖြစ်သော –
    “မြန်မာအစိုးရက ကွင်တာနာ၏ မြန်မာပြည်အရေးဆောင်ရွက်မှုလုပ်ငန်းစဉ်ကို ရပ်တန့်ရန်ရည်ရွယ်ပြီး ကုလလူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံ များ ကို လွှမ်းမိုးနိုင်ဖို့ လော်ဘီ(lobby) လုပ်နေကြောင်း၊” ဆိုသည့် အချက်ကို တွေ့ရှိရပါသည်။ ကွင်တာနာက စစ်အစိုးရ၏ ရာဇ၀တ်မှုများကို စစ်ဆေး အရေးယူဖို့ ဆောင်ရွက်လျက်ရှိသည်ဟုလည်း သုံးသပ်ရပါသည်။
    ထို့ကြောင့် မြန်မာပြည်တွင်း လတ်တလောပေါ်ပေါက်နေသည့် မွတ်စလင်မ်ဆန့်ကျင်ရှုံ့ချရေးနှင့် ဘာသာရေးစော်ကားမှုများမှာ “ကွင်တာနာ ဖွတ်ဖွတ်” ဟူသည့် ဗုဒ္ဓဘာသာ သံဃာအမည်ခံလူအုပ်စု၏ ကြွေးကြော်သံမှ အစပြုခဲ့သလို ထို သံဃာများကိုယ်တိုင်ဦးစီးဆောင်ရွက်လျက်ရှိနေကြောင်း သိရပြန် ပါသည်။
    ကုလတွင် ကွင်တာနာအလိုမရှိအဆို တင်သွင်းရေးမှာ မြန်မာအသွင်ပြောင်းအစိုးရအတွက် အရေးကြီးနေသည့် ကိစ္စဖြစ်နေ၍ “ကွင်တာနာ ဖွတ်ဖွတ်” ဆောင်ပုဒ်နှင့် အသွင်ကူးပြောင်းထားသည့် အာဏာရအစိုးရအဖွဲ့တို့ ဆက်စပ်လျက်ရှိ၊ မရှိဆိုသည်မှာ သံသယပွားဖွယ်ပင် ဖြစ်ပါတော့သည်။
  • တရားမျှတမှု လိုလားသည်
    ဖေဖော်ဝါရီ ၁ ၊ ၂၀၁၃
    M-Media
    စိန်စံထိုက် (ဟံသာမြေ)
    justice5(၅.၆.၂၀၁၂) နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ ဖေါ်ပြချက်အရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မွတ်စလင်မ် ခရီးသွား (၁၀)ဦးအား လူ (၃၀၀)ခန့်မှ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဖေါ်ပြ ပါရှိပါသည်။
    ဤဖြစ်စဉ်နှင့် ပက်သက်၍ (၆.၆.၂၀၁၂) ရက်စွဲဖြင့် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း သိရှိရသည်။
    ယခု ၂၀၁၃ ဖေဖော်ဝါရီလ ရောက်သည့်တိုင် ထိုအဖွဲ့မှ တရားခံတစ်ဦးကိုမျှ ဖေါ်ထုတ် အရေးယူသည်ကို မကြားသိရပါ။
    သို့သော်လည်း (၂၄.၉.၂၀၁၂) နေ့ထုတ် (Voice) ဂျာနယ်တွင်
    (ကျောက်တော်လူသတ်မှု တရားခံဟု ယူဆရသူ ဘင်္ဂါလီခြောက်ဦးကို ဖမ်းဆီး) ဟူသော ခေါင်းစဉ်ဖြင့် ဖေါ်ပြရာတွင် “ရခိုင် အမျိုးသား ဦးကျော်မောင်ချေ အား သတ်ဖြတ်မှုဖြင့် (၁၁.၉.၂၀၁၂) နေ့၌ ကျူးလွန်သူဟု ယူဆရသူများကို ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း ဖေါ်ပြပါရှိပါသည်။”
    ဤဖြစ်စဉ်နှစ်ခုအား လေ့လာသုံးသပ်ရာတွင် တောင်ကုတ်မြို့ပေါ်တွင် လူ (၃၀၀)ခန့်က လူ (၁၀) ဦးအား အကြမ်းဖက် သတ်ဖြတ်သော တရားခံကို ယခု (၈)လတာ ကြာသည်အထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိပါဘဲ….
    ကျောက်တော်နယ်ရှိ လယ်ကွက်တစ်ခုအတွင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အမှုတွဲနှင့် ပက်သက်၍ တရားခံဟု ယူဆရသူ (၆) ဦးအား (၁၃) ရက်အတွင်း ဖမ်းဆီးနိုင်သော ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက အသိဥာဏ်ရှိသူတိုင်း အခြေအနေအမှန်ကို တွက်ဆ ခန့်မှန်းနိုင်မည်ဟု ယူဆပါသည်။
  • ရခိုင်ပဋိပက္ခအတွက် လူပေါင်း ၁၀၀၀ကျော် ထိန်းသိမ်းပြီးဖြစ်
    M-Media
    ဒီဇင်ဘာ ၁၄ ၊ ၂၀၁၂
    ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် သံသယရှိသူ လူပေါင်း ၁၀၀၀ ထက်မနည်းကို သာမက လက်နက်ပေါင်း ၅၀၀၀ နီးပါးကိုလည်း အစိုးရထိန်းသိမ်းလိုက်သည် ဟု မြန်မာတိုင်းမ်စ် က ဖော်ပြသည်။
    ထိုအချက်အလက်များကို ဒီဇင်ဘာ ၈ တွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ၌ကျင်းပခဲ့သော သတင်းစာရှင်း လင်းပွဲ တွင် နယ်စပ်ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက မြို့နယ် ၁၂ မြို့နယ်မှ လူပေါင်း ၁၁၂၁ ဦးကို ထိန်းသိမ်းပြီးဖြစ်ကြောင်း၊ ထိုအထဲတွင် ရခိုင် ၂၃၃ ဦး၊ ရိုဟင်ဂျာ ၈၄၉ ဦး၊ ဟိန္ဒူ ၂၇ ဦး၊ မာရမာကြီး ၄ ဦးနှင့် မြန်မာ ၈ ဦးတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
    “လူတွေကို ထိန်းသိမ်းလိုက်သလို တရားဥပဒေစိုးမိုးဖို့အတွက် လက်နက်တွေကိုလည်း ထိန်းသိမ်းထားပါတယ်။” ဟု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေး က ပြော သည်။ လက်နက်စုစုပေါင်းအရည်အတွက်မှာ ၄၈၀၂ လက်ဖြစ်ပြီး ထိုအထဲတွင် သေနတ်၊ ဓား၊ လှံ၊ ဒူးလေး၊ မြှား၊ လောက်လေးဂွနှင့် ဂျင်ကလိ တို့ပါဝင်ကြောင်း၊ ယင်းလက်နက်များကို မြို့နယ် ၁၁ မြို့နယ်မှ သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း၊ ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကမူ ထိုလက်နက်များ ကို ဒေသခံများ က ရိုးရာအမဲလိုက်မှုများအတွက် အသုံးပြုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    “တချို့လူတွေမှာ သေနတ်တွေရှိနေတာ သမရိုးကျပဲ။ ဒါပေမယ့် ဒီသေနတ်တွေကို ပဋိပက္ခဖြစ်တဲ့အချိန်မှာ သုံးခဲ့ကြတယ်။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးဖို့ လုပ်ဆောင်ရမယ်ဆိုတော့ ဒါမျိုးလက်နက်အားလုံးကို ပိတ်ပင်ရမှာပဲ” ဟု ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးပြောခဲ့သည်။
    အစိုးရ၏ မကြာသေးမီကာလ တရားဝင်စာရင်းဇယားများအရ လူပေါင်း ၂၀၀ အသတ်ခံရပြီး အိမ်ခြေ ၁၀၆၈၉ ၊ ဗလီ ၄၅ လုံး၊ ဘုရားကျောင်း ၁၄ ခုနှင့် မူလတန်းကျောင်း ၃ ကျောင်းတို့ ပျက်ဆီးခဲ့ရကြောင်း သိရသည်။
    “စုံစမ်းစစ်ဆေးနေတုန်းပါ။ ဘယ်သူ့ကို ပြစ်တင်မရလဲဆိုတဲ့ သက်သေအတိအကျရရင်တော့ ကျွန်တော်တို့ ကြေညာသွားမှာပါ” ဟု ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။
  • သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်
    သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်
    M-Media
    နိုဝင်ဘာ ၅ ရက်၊ ၂၀၁၂
    The Australian
    ဒီဇင်ဘာ ၁၀ မှ ၁၂ ရက်အတွင်း သြစတေးလျနိုင်ငံသို့ အလည်အပတ်လာရောက်ရန် သြစတေးလျဝန်ကြီးချုပ်က သူမ၏ဗီယန်ကျင်းခရီးစဉ် အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်သို့ ဖိတ်ကြားလိုက်သည်။
    သို့ရာတွင် သူမအနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း တွင်ဖြစ်ပျက်လျက်ရှိသော တိုင်းရင်းသား လူနည်းစုများ၏ ကြမ္မာအတွက်မူ စိုးရိမ်ကြောက်လန့် မိကြောင်း သမ္မတဦးသိန်းစိန်နှင့် တနင်္လာနေ့ က တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သည်သြစတေးလီးယန်းသတင်းက ဖော်ပြသည်။
    ထိုတိုင်းရင်းသားလူနည်းစုပြဿနာသည် သမ္မတဦးသိန်းစိန်နှင့် သြဇီဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် အရိပ်ပမာဖြစ်ခဲ့သလို ထိုဆွေးနွေးပွဲ ၌ နှစ်နိုင်ငံမိတ်သင်္ဂဟတိုးတက်ဖြစ်ထွန်းရေးအတွက် အလေးပေးခဲ့ကြောင်း ဖော်ပြသည်။
    သြဇီဝန်ကြီးချုပ် ဂီလ်လားဒ်အနေဖြင့် မြန်မာသမ္မတအား သြစတေးလျသို့ ဖိတ်ကြားခဲ့သော်လည်း သူမက မြန်မာနိုင်ငံအနေဖြင့် အပေါင်းလက္ခဏာ အနေအထားသို့ တိုးတက်ခြေလှမ်းဖို့ အလေးပေးပြောကြားခဲ့သည်။
    ၁၉၈၄တွင် သြဇီနှင့် မြန်မာနှစ်နိုင်ငံအကြား နောက်ဆုံးတွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး မစ္စဂီလ်လားဒ်က မြန်မာသမ္မတဦးသိန်စိန် ကို နိုင်ငံအသွင် ပြောင်းလဲမှု၌ ခေါင်းဆောင်အရည်အသွေးကို ဂုဏ်ယူကြောင်း၊ ထိုအထဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
    သြဇီအနေဖြင့် မြန်မာအပေါ်ပိတ်ဆို့ထားခြင်းများ ဖြေလျော့ခဲ့ပြီး အကူအညီများကို ၂၀၁၅ တွင် နှစ်ဆတိုးမြင့်ပေးဖို့ မြှော်မှန်းထားကြောင်းလည်း သိရသည်။
    သတင်းအချက်အလက်များအရမူ သြဇီဝန်ကြီးချုပ်က မြန်မာနိုင်ငံအား တိုင်းရင်းသားများပါဝင်သည့် လူ့အခွင့်အရေးအတွက် ခြေလှမ်းတိုးတက်လှမ်းဖို့ တွန်းအားပေးခဲ့သည်။
    ရခိုင်ဒေသရှိ မြန်မာနှင့် ဘင်္ဂလားနယ်စပ်အကြားနေထိုင်သော မွတ်စလင်မ်ရိုဟင်ဂျာများအပေါ် ယခုနှစ်ထဲ၌ လူမျိုးရေးပဋိပက္ခအပေါ်အခြေခံကာ တိုက်ခိုက်မှုများ အများအပြားရှိခဲ့ကြောင်း အဆိုပါသတင်းက ဖော်ပြသည်။
    မစ္စဂီလ်လားဒ်က သတင်းထောက်များကို မြန်မာအနေဖြင့် လူ့အခွင့်အရေးအတွက် တိုးတက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
    “ဖြစ်လာစရာအများအပြားလိုအပ်နေသေးတယ် – လူနည်းစုတိုင်းရင်းသားတွေ အခွင့်အရေးအတွက် ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ မြန်မာရဲ့ ခရီးရှည်ကြီးကို ကြိုဆိုသင့်ပါတယ်။” ဟု မစ္စဂီလ်လားဒ်က မြန်မာသမ္မတနှင့် မတွေ့ဆုံမီ ဗီယန်ကျင်းတွင် ပြောကြားခဲ့သည်။
  • ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံများကို အရေးယူမည်ဟု မြန်မာအစိုးရ ကတိပြု
    ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံများကို အရေးယူမည်ဟု မြန်မာအစိုးရ ကတိပြု
    ရန်ကုန်
    အောက်တိုဘာ ၂၈ ရက်
    မြန်မာအာဏာပိုင်များအနေဖြင့် အနောက်ပိုင်းတွင်ဖြစ်ပျက်လျက်ရှိသည့် ပဋိပက္ခများတွင် နောက်ကွယ်လှုပ်ရှားနေကြသော လက်သည်တရားခံများကို အရေးယူသွားမည့်အကြောင်း နိုင်ငံပိုင်မီဒီယာမှတဆင့် ယနေ့ အောက်တိုဘာ ၂၈၊ တနင်္ဂနွေတွင် ဖော်ပြလိုက်သည်။
    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများကို စုံစမ်းမည့်အကြောင်း ကတိပြုလိုက်သည်။ ယင်းပဋိပက္ခမှာ တိုင်းပြည်ရှိ မွတ်စလင်မ်များနှင့် ဗုဒဓဘာသာများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်၍ လူပေါင်း ၆၇ ဦးသေဆုံးကာ ၉၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အလင်းက ဖော်ပြသည်။
    ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြီးခဲ့သည့် သောကြာနေ့တွင် ကုလအဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သော စုံစမ်းရေးအဖွဲ့ကို ဦးဆောင်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်မှ မြေပုံမြို့သို့ သွားရောက်ခဲ့သည်။
    နယ်ခြားဖြတ်ကျော်ရေး တာဝန်ခံဝန်ကြီး၊ ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကမူ တိုင်းပြည်တွင်းရှိ ပြည်သူများအနေဖြင့် အမုန်းတရား၊ အာဃာတတရားများ မထားကြဘဲ တိုင်းပြည်အတွက်ကိုသာ အာရုံထားစဉ်းစားကြဖို့ နှိုးဆော်တိုက်တွန်းလိုက်သည်။
    မူရင်း – www.nationmultimedia.com/breakingnews/Myanmar-vows-to-take-action-against-instigators-of-30193153.html