News @ M-Media

Tag: Rakhine State

  • ရခိုင်လူမျိုးတပ်ရင်းမှူး စစ်တွေ၊ သက္ကယ်ပြင်ရွာမှ မွတ်စလင်များကို ညှင်းပန်းနှိပ်စက်နေ

    ရခိုင်လူမျိုးတပ်ရင်းမှူး စစ်တွေ၊ သက္ကယ်ပြင်ရွာမှ မွတ်စလင်များကို ညှင်းပန်းနှိပ်စက်နေ

    နိုဝင်ဘာ ၂၉၊ ၂၀၁၂ (နေ့လည် ၁း၃၅ နာရီ)
    သက္ကယ်ပြင်
    သတင်း – ထွန်းတောက်

    ယနေ့ နေ့လည် ၁-နာရီခွဲဝန်းကျင်တွင် ရခိုင်ပြည်နယ် အမြောက်တပ်ရင်းမှ ကျောက်တော်သား ရခိုင်တပ်ရင်းမှူးသည် စစ်တွေမြို့ သက္ကယ်ပြင်ရွာသို့ ရောက်လာပြီး ရွာခံ များအား မတရား ထိုးနှက်ရိုက်ပုတ်ခဲ့ကြောင်းသိရသည်။

    ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ “စစ်တွေ အမြောက်တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ရွှေဇံရယ်၊ နောက်ထပ် အရာရှိတစ်ယောက်ရယ်၊ ရဲဘောက်(၃)ယောက်ရယ် ဂရင်းဂျစ်ကားနဲ့ ရောက်လာပါတယ်။ ဒုဗိုလ်မှူးကြီး ရွှေဇံက ကျောက်တော်သား ရခိုင်ပါ။ ဂျစ်ကားကို ဒုဗိုလ်မှူးကြီးရွှေဇံကိုယ်တိုင် မောင်းလာတာပါ။ မောင်းလာရင်း သက္ကယ်ပြင်အ၀င်ဝ ကွန်ကရစ်တံတားနားအရောက်မှာ စပါးတလင်းနားမှာ အစောင့်လုပ်နေတဲ့ ကောင်လေး (၂)ယောက်ကိုခေါ်ပြီး အာရ်ပီတစ်ယောက်က ရိုက်နှက်ထိုးကြိတ်ပါတယ်။ အဲလို ထိုးကြိတ်ပြီးတဲ့နောက် သူတို့ကို သက္ကယ်ပြင် အုပ်ချုပ်ရေးမှူးပိုင်တဲ့ ဈေးရှေ့က ခြောက်ပေါက်(ထိပ်တုံး)ထဲ ထည့်ထားလိုက်ဆိုပြီး ထည့်ခိုင်းလိုက်တယ်။ ပြီးတော့ သူတို့က အနောက်ဘက် သက္ကယ်ပြင်လမ်းမကြီးအတိုင်း ဆက်မောင်းသွားတယ်။ အဲလို နှိပ်စက် အကြမ်းဖက်ခံနေရတာ ခဏခဏရှိနေပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ဘာမှ အရေးမယူပေးဘူး။ ပြည်နယ်အဆင့် ၀န်ကြီးတွေကို တိုင်ပေမယ့် သူတို့လည်း ဘာမှ အရေးမယူဘူး။ အခုဖြစ်တာလည်း ကျွန်တော့် မျက်စိရှေ့တွင်ဖြစ်သွားတာပါ။ ဘယ်ကိုတိုင်လို့ ဘယ်သူက အရေးယူမှာလဲ။ ရခိုင်မှာ မင်းမဲ့စရိုက်တွေ တအားလွန်လွန်းနေပြီ” လို့ ဖြစ်စဉ်ကို မျက်မြင်တွေ့လိုက်ရသူမှ M-Media ကို ပြောပြလာပါတယ်။

  • သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်

    သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်

    နိုဝင်ဘာ ၂၃၊၂၀၁၂၊

    Source: YPI

    သံတွဲမြို့မှ  ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များ မပါရှိစေရေးကြပ်မတ်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

    ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သောယင်း ညွှန်ကြားချက်အား  မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံ ဆက်လက်အကြောင်းကြားခဲ့သည်။

    ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားစာ

    ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။

    သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီး လေယာဉ်ခများမှာ မြန်မာ့လေကြောင်း  ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။

    “တစ်ကယ်ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေက လုံခြုံရေးစီစဉ်ပေးသင့်တယ်” ဟုလည်း အခြားဒေသခံတစ်ယောက်က ပြောသည်။

    အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြထားသည်။       ။