News @ M-Media

Tag: RakhineParliament

  • ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသစ်က သူပုန်အဖွဲ့နှင့် ဆက်စပ်မှုရှိနေ

    ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသစ်က သူပုန်အဖွဲ့နှင့် ဆက်စပ်မှုရှိနေ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    anp
    ANP ပါတီ၏ မဲဆွယ်မှု မြင်ကွင်းတစ်ခု

    –  ယမန်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရသူမှာ အစိုးရတပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်မတော် AA နှင့် ဆက်နွယ်နေသည်ဟု သိရသည်။

    ခန့်အပ်ခံရသူမှာ ရခိုင်အမျိုးသားပါတီ ANP ၏ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးစံကျော်လှဖြစ်ပြီး ၎င်းမှာ ရခိုင့်တပ်မတော် အကြီးအကဲ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သည်။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်မှာ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာတွင် နေထိုင်သည်ဟု ယုံကြည်ရသည်။

    ရခိုင့်တပ်မတော်မှာ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်တွင် ပါဝင်ခွင့်မရခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။

    အင်အား ၁၅၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည့် ရခိုင့်တပ်မတော်မှာ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအစိုးရတပ်နှင့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ ကျောက်တော်မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အစိုးရမီဒီယာမှ ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် ကြေငြာချက်တွင် မြန်မာစစ်တပ်က ရခိုင့်တပ်မတော်အား အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ANP ပါတီမှ ဦးဖိုးမင်းကို လွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်ခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲ အတွင်း ANPနှင့် အပေါင်းအပါ တသီးပုဂ္ဂလ ကိုယ်စားလှယ်များမှာ လွှတ်တော်အမတ်နေရာပေါင်း ၂၃ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်နေရာပေါင်း ၄၇ နေရာတွင် တပ်မတော်သားကိုယ်စားလှယ်များက ၁၂ နေရာ ရယူထားသည်။

    Ref: Frontiermyanmar

  • ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရွေးချယ်ခံရ

    ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၈ ၊၂၀၁၆
    M-Media
    12651128_1088616651199968_8746625844517307178_n
    Photo- 7Day
    ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရခိုင်အမျိုးသားပါတီ (အေအင်ပီ)မှ ဦးစံကျော်လှ ခန့်အပ်ခံရကြောင်းသိရသည်။ ဦးစံကျော်လှသည် ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်ပြီး ဒုတိယဥက္ကဌအဖြစ် ရသေ့တောင်မြို့နယ် အေအင်ပီပါတီမှ ဦးဖိုးမင်းကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
     
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၄င်းတို့ခန့်အပ်ခဲ့သည့် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများကို ကန့်ကွက်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်များကဆိုသည်။
     
    နိုဝင်ဘာလရွေးကောက်ပွဲအတွင်း အေအင်ပီနှင့် အပေါင်းအပါ တသီးပုဂ္ဂလကိုယ်စားလှယ်များ သည် လွှတ်တော်အမတ်နေရာပေါင်း ၂၃ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာအနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်နေရာပေါင်း ၄၇ နေရာတွင် တပ်မတော်သားကိုယ်စားလှယ်များက ၁၂ နေရာ ရယူထားသည်။
     
    လွှတ်တော်တွင်း အေအင်ပီက နေရာ အများဆုံးယူထားသော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချူပ်သည် ရွေးကောက်ပွဲတွင် ပြည်နယ်တွင်း မဲအများဆုံးနေရာနှင့် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်ကို ရွေးချယ်ရန်နှင့် ပြည်နယ် အစိုးရအဖွဲ့ကို အေအင်ပီ မှ ဖွဲ့စည်းခွင့်မရလျှင် မည်သည့် အစိုးရအဖွဲ့အစည်းတွင် မဆို ပါဝင်ခြင်းမပြုဘဲ အတိုက်အခံပါတီ အဖြစ်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားသည်။ သို့သော် ၄င်းတို့၏ ကြေညာချက်မှ အထမြောက်ဖွယ်ရှိ မရှိ မသေချာသေးပေ။ ပြည်နယ်နှင့်တိုင်း ၁၄ နေရာစလုံးအတွက် ၀န်ကြီးချုပ်နေရာများကို အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်သည့် သမ္မတကသာ ရွေးချယ်ရမည်ဖြစ်သည်။
     
    အေအင်ပီပါတီသည် ရက္ခိုင်တပ်မတော် (AA) ဟုအမည်ပေးထားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့်လည်း အဆက်အသွယ်ရှိသည့် နိုင်ငံရေး ပါတီလည်းဖြစ်သည်။ ၄င်းတို့သည် ပြည်သူ အများမျှော်လင့်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ မတိုင်မီ ကတိက၀တ်ဖြစ်သော ဖယ်ဒရယ်ပြည်ထောင်စု အသွင် အကောင်အထည်ဖော်ရေးကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းခြင်း မရှိဘဲ ရာဇသံဆန်သည့် ထုတ်ပြန်ချက်များကို ကြေညာခဲ့ခြင်းဖြစ်သည်။