News @ M-Media

Tag: Riot

  • မင်းလှမြို့တွင် မွတ်စလင်မ်အိမ်များအား ထပ်မံဖျက်ဆီးနေ

    မတ်လ ၂၈၊ ၂၀၁၃ (၁၀း၀၀ နာရီ)
    M-Media

    Minhal Pago

    မင်းလှမြို့ တောင်ဘက်မြို့သစ် ၄-လမ်းထဲမှ မွတ်စလင်မ်ပိုင် ကွမ်းယာဆိုင်အား အကြမ်းဖက်သမားများက လွန်ခဲ့သော နာရီဝက်ခန့်က ဖျက်ဆီးခဲ့ကြပြီး ယခုအခါ အိမ်များအား ဆက်လက်အကြမ်းဖက်ဖျက်ဆီးရန်လုပ်ဆောင်နေကြကြောင်းသိရသည်။

    အကြမ်းဖက်သမားများသည် (၅)ယောက် (၆)ယောက် တစ်စုစီဖြင့် အစုများစွာ မြို့တွင်းတွင် ပတ်နေကြောင်း၊ ဆိုင်ကယ်များဖြင့်လည်း ပတ်နေကြကြောင်း၊ ယင်းလူစုများ တစ်စုတည်းဖြစ်သွားလျှင် မနေ့ကကဲ့သို့ ပြန်လည်အကြမ်းဖက်ကြမည်ကို မြို့ခံများက စိုးရိမ်လျက်ရှိပါသည်။

    မနေ့က ဗလီများအား ဖျက်ဆီးရာတွင် ဘင်္ဂါလီဗလီအား စတင်ဖျက်ဆီးစဉ် အကြမ်းဖက်ဖျက်ဆီးသူများအား စစ်တပ်မှပြောကြားသည်မှာ ‘အခု ဗလီကိုဖျက်ဖို့ နာရီဝက် အချိန်ပေးမယ်၊ နာရီဝက်ကျော်တာနဲ့ သေနတ်ဖောက်မယ်’လို့ ပြောတာကို ကြားသိလိုက်ရပါတယ်ဟု ဗုဒ္ဓဘာသာဝင်တစ်ဦးမှ M-Media ကို ပြောပြလာပါတယ်

  • မင်းလှမြို့ အကြမ်းဖက်ဖျက်ဆီးမှု နောက်ဆက်တွဲသတင်း။

    ၂၇.၃.၂၀၁၃ (၆း၃၀ နာရီ)
    M-Media
    ဇာဏီ

    Minhal Pago
    မင်းလှမြို့ရှိ ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများက ယနေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက် ဖျက်ဆီးကြပြီးနောက် နောက်ဆက်တွဲ ရရှိသည့်သတင်းဖြစ်သည်။

    စဖြစ်ဖြစ်ချင်းတုန်းက တိုင်ရာကျော်လို့ခေါ်တဲ့ ကျူလီယာဗလီကို စဖျက်တယ်။ မင်းလှမှာ ရှိတဲ့ ဗလီ(၃)လုံးရှိတာ အကုန်လုံးကို ဖျက်ဆီးလိုက်ပြီ။ ဟင်ဒွန္နစတာနီဗလီရယ်၊ ဘင်္ဂါလီဗလီရယ်ရော ဖျက်ဆီးခံလိုက်ရပြီ။ မွတ်စလင်မ်ပိုင်တဲ့ ပွိုင့်ကဖေးဆိုရင်လည်း အကုန်လုံးကို ဖျက်ဆီးသွားတယ်။ ဆိုင်ထဲက ပစ္စည်းတွေရော၊ အိမ်ထဲက ပစ္စည်းတွေရောကို ဖျက်ပစ်တာ။ ပွိုင့်ကဖေးဆိုရင် ၂-ခါပြန်တောင် ပြန်ဖျက်တယ်။ အာရဗီစာသင်ကျောင်းတွေက ဗလီမှာပဲရှိတာဆိုတော့ စာသင်ကျောင်းတွေလည်း မရှိတော့ဘူးပေါ့။ ဗလီကိုဖျက်တော့ သေနတ်ဖောက်တယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေက ရပ်မသွားဘူး။ မင်းလှကို စဖျက်တဲ့အချိန်ကတည်းက ကျွန်တော် အိမ်မှာရှိနေတယ်။ ဒါပေမယ့် ကျွန်တော်အိမ်ကနေ ထွက်မသွားသေးဘူး။ ဒါပေမယ့် ၄-နာရီကျော်ကျော်လောက်မှာတော့ နေလို့မဖြစ်တော့လို့ ကျွန်တော်ထွက်သွားလိုက်တယ်။ ၄-နာရီခွဲလောက်မှာတော့ အိမ်ဖျက်လိုက်တယ်လို့ သိရတယ်။ ကျွန်တော်လည်း ဒီည နေစရာမရှိတော့ဘူး။

    ဦးဘသန်းရဲ့အိမ်ကိုလည်းဖျက်တယ်။ သူက စက်ဘီးတွေရောင်းတဲ့ဆိုင်ဆိုတော့ အကြမ်းဖက်သမားတွေက စက်ဘီးတွေယူဖို့လုပ်တယ်။ ဘေးဝန်းကျင် အိမ်ကလူတွေက လုံးဝ ပေးမယူတာကြောင့် မယူသွားကြဘူး။ ကျန်တဲ့ပစ္စည်းတွေတော့ ယူသွားလား မယူသွားဘူးလား မသိပါဘူး။

    လာဖျက်တဲ့ အကြမ်းဖက်သမားတွေလက်ထဲမှာ သစ်သားဖြတ်တဲ့ လွှစက်တွေ၊ ရဲတင်းတွေ၊ ကပ်ကြေးတွေလည်း ပါတယ်။ လာဖျက်တဲ့သူတွေက ကုန်းစုလေးရပ်ကွက်၊ ကံဦးရပ်ကွက်၊ ဇီးကုန်းလေးရပ်ကွက်၊ မြို့သစ်က လူတွေရယ်၊ မင်းလှတ၀ိုက်ရွာတွေက လူတွေရယ် စုစုပေါင်း (၅၀၀)၀န်းကျင်လောက်ရှိတယ်။ အခုတော့ သူတို့ဖျက်လို့အားရလို့ ငြိမ်သွားပါပြီ။ ဒါပေမယ့် အခုည ကျွန်တော်တို့တွေ ဘယ်သွားနေရမလဲ။ နေစရာလည်း မရှိတော့ဘူး။ ကလေးတွေ၊ လူကြီးတွေနဲ့ အမျိုးသမီးတွေ ဘေးလွတ်ရာကို ပို့ထားဖို့လည်း ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူး”လို့ M-Media ကို ပြောပြလာပါတယ်။

  • အင်္ဂပူမြို့၊ ကွင်းကောက်ရွာတွင် မြို့နယ် အုပ်ချုပ်ရေးမှူး မှ တည်ငြိမ်မှုများရရန် ကြိုးစားဆောင်ရွက်နေ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    သတင်း- ၀ါးပင်လေး

    Ingapu

    အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင် ယခုလ ၂၂-ရက်နေ့က မတည်ငြိမ်မူများ ဖြစ်ပွားရာ ယခု မတ်လ၂၇ရက်နေ့တွင် အုပ်ချုပ်ရေးမှူးတို့မှ ထိန်းသိမ်း ကာကွယ်ခြင်းများ ပြုလုပ်ဆောင်ရွက် လာကြောင်း သတင်းရရှိသည်။

    အင်္ဂပူမြို့နယ်၊ ကွင်းကောက်ရွာတွင်  မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ အကြမ်းဖက်မူများ မဖြစ်ပွားစေရန် နှင့် တည်ငြိမ်အေးချမ်းစေရန် ကြိုးစား ဆောင်ရွက်ခြင်းကြောင့်  ဒေသခံ ဘာသာပေါင်းစုံ ရွာသူရွာသားအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်ရမည်ဟု မျှော်လင့်နေရ ကြောင်း သတင်းရရှိသည်။

    ထို့သို့ အခြေအနေ အရပ်ရပ် ထိန်းသိမ်းထားနိုင်ခြင်းအပေါ် ဆူပူအကြမ်းဖက်မူကို လိုလားသူများမှ အုပ်ချုပ်ရေးမှူးတို့ အာဏာပိုင်တို့အား ရွာသူရွာသား အချို့မှ လာဘ်ထိုးထားကြောင်း သွားပုပ်လေလွှင့် ပြောဆိုနေကြသူများ ရှိကြောင်း သိရသည်။

    အမှန်တကယ် ငြိမ်းအေးချမ်းသာစွာ နေထိုင်လိုသူများ၊ငြိမ်းချမ်းရေးကို မြတ်နိုးကြသူ ဒေသခံ ရွာသူရွာသားများ၏ စိုးရိမ်ထိတ်လန့်မူကို တာဝန်သိ အုပ်ချုပ်ရေးမှူးများအနေဖြင့် အချိန်မီ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မူ ပြုလုပ်နေသည်ကို မလိုလား မနှစ်သက်ကြသည့် လူတစ်စုမှ ပြောဆိုကြခြင်း ဖြစ်ကြောင်း စုံစမ်း သိရှိရရသည်။အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ထိုစွပ်စွဲပြောဆိုမူများ အဆက်အပြတ် ပေါ်ထွက်လာခြင်းကြောင့် တာဝန်ယူမူကို ပြန်လည် နောက်ဆုတ်သွားမည်ကို ဒေသခံများ အနေဖြင့် စိုးရိမ် နေရကြောင်း စုံစမ်းသိရှိရသည်။

  • မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာပို့

    မတ်လ ၂၇ ၊ ၂၀၁၃

    M-Media

    မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ခဲ့ကြောင်းသိရပါသည်။

    open letter

     

  • ဥက္ကံတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက် ဖျက်ဆီးမည် ဆိုသောကြောင့် စိုးရိမ် ထိတ်လန့်နေကြ

    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    Oak Kan
    ဥက္ကံမြို့ ။ ။ ရန်ကုန်မြောက်ပိုင်း အုတ်ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်ဖျက်ဆီးမည်ဆိုသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေကြကြောင်းသတင်းရရှိသည်။

    “ဥက္ကံမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖျက်ဆီးမယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အားလုံးလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။ အုတ်ကံမြို့ပေါ်မှာ ဒီနေ့ (၂၇)ရက်ကနေ (၂၉)ရက်ထိ ညစဉ် (၃)ရက်တိုင်တိုင် ၉၆၉ တရားပွဲ ရှိနေပါတယ်။ ဒီတရားပွဲပြီးမယ့်ရက် ၂၉-ရက်နေ့ကို အထူးစိုးရိမ်နေကြပါတယ်။ ဥက္ကံမြို့မှာက ဗလီ(၂)လုံးပဲရှိတာပါ။ ဥက္ကံအနီးက မွတ်စလင်မ်တွေချည်းပဲနေတဲ့ ပနီပင်ရွာကိုလည်း မီးရှို့မယ်၊ မီးကွင်းပစ်မယ်ဆိုပြီးခြိမ်းခြောက်စာတွေ ပစ်ခံနေရပါတယ်။ အဲဒီအတွက် အားလုံးမှာ စိုးရိမ်နေကြတယ်။ ဥက္ကံမြို့ပေါ်က မွတ်စလင်မ် ကလေး၊ လူကြီးနဲ့ အမျိုးသမီးတွေကို ဘေးလွတ်ကင်းရာဘက်ကို ပို့ထားကြပြီး အမျိုးသားအများစုသာ ရှိနေကြပါတော့တယ်။ တရားပွဲပြီးမယ့် ၂၉-ရက်နေ့ကို အထူးစိုးရိမ်ပါတယ်”ဟု ဥက္ကံမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။