News @ M-Media

Tag: riotatmandalay

  • ကိုစိုးမင်း အသတ်ခံရမှု ၄ ဦးကို ထောင် ၁၀ နှစ်ချ

    ကိုစိုးမင်း အသတ်ခံရမှု ၄ ဦးကို ထောင် ၁၀ နှစ်ချ

    အောက်တိုဘာ ၁၅ ၊ ၂၀၁၄

    ko soe min case
    မန္တလေး အကြမ်းဖက်မှုဖြစ်စဉ်တွင် လူသတ်မှုကျူးလွန်ခဲ့သည့် တရားခံများကို အမိန့်ချအပြီး အောက်တိုဘာ ၁၄ရက်က မန္တလေးခရိုင် တရားရုံးတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး၊ မဇ္ဈိမ)


    ပြီးခဲ့တဲ့ ဇူလိုင်လက မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခ အတွင်း အစ္စလာမ် ဘာသာဝင် ကိုစိုးမင်းကို သတ်ဖြတ်ခဲ့မှုနဲ့ ဖမ်းဆီး ခံထားရသူ လူငယ် ၄ ယောက်ကို မန္တလေး ခရိုင် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ပါတယ်။

    ဒီကနေ့ ပြစ်ဒဏ် ချမှတ်ခံကြရတဲ့ ကိုကျော်ဇင်ထက်၊ ကိုဉာဏ်ဌေး၊ ကိုဖိုးဇော်နဲ့ ကိုဇင်မင်းထွန်း တို့ဟာ ပုဒ်မ ၃၀၂ (၂)/ ၁၁၄ နဲ့ တရားစွဲဆို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

    သူတို့ မိသားစု ကတော့ အဆင့်ဆင့် အယူခံ ဆက်ဝင်သွားမယ်လို့ ပြောပါတယ်။

    အဲဒီ ပဋိပက္ခ အတွင်းမှာပဲ ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းကို သတ်ဖြတ်မှု အတွက် ဖမ်းဆီး ခံထားရသူတွေရဲ့ အမှုကိုတော့ စုံစမ်း စစ်ဆေးတုန်း ဖြစ်တယ်လို့ အမှုလိုက် ရှေ့နေက ပြောပါတယ်။

    BBC (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    http://www.bbc.co.uk/burmese/burma/2014/10/141014_mandalay_violence_murder_sentenced

  • မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှု တရားခံလေးဦးနှင့် တိမ်းရှောင်နေသူ ခုနစ်ဦးကို တရားရုံးစွဲတင်

    မန္တလေး၊ သြဂုတ် ၁၆
    The Voice Weekly မှ ကူးယူဖော်ပြသည်။

    မန္တလေးမြို့တော်တွင် ဇူလိုင်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘာသာရေး ပဋိပက္ခတွင် ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အမှုအတွက် မသင်္ကာသူ တရားခံလေးဦးနှင့် ထွက်ပြေး တိမ်းရှောင်နေသူ ခုနစ်ဦးတို့ တရားရုံး စွဲတင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

    ဦးစိုးမင်းထွေး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ချမ်းအေးသာစံ မြို့မရဲတပ်ဖွဲ့ စခန်းတွင် (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄အရ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် လေးဦးကို တရားရုံး စွဲတင်ထားပြီး လူသတ်မှုတွင် ပါဝင် ပတ်သက်နေသူ ခုနစ်ဦးကိုလည်း တရားရုံးစွဲတင်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    “အခုပြေးနေတဲ့ ခုနစ်ဦးကို တရားရုံး စွဲတင်လိုက်တာပါ။ အခုစွဲတင်ထားတဲ့ လေးဦးလုံး အမိန့်ချပြီးတဲ့ အချိန်ထိမှ ဖမ်းဆီးနိုင်ခြင်း မရှိဘူး ဆိုရင်တော့ တရားခံပြေးအနေနဲ့ ကြေညာရမှာပါ” ဟု ၎င်းကဆိုသည်။

    အဆိုပါ တရားခံလေးဦးကို ချမ်းအေးသာစံခရိုင် တရားရုံးတွင် ရာကြီးအမှတ် ၁၃၁/၂၀၁၄ ဖြင့် လည်းကောင်း၊ တရားခံပြေး ခုနစ်ဦးကို ပြစ်/ထွေ ၈၈/၂၀၁၄ ဖြင့် လည်းကောင်း လက်ခံစစ်ဆေးလျက် ရှိပြီး ယင်းအမှုကို သြဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံချိန်းဆိုထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

    မန္တလေးတွင် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ကာ မကြာသေးမီ ကာလကပင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

    မူရင်း Link => https://www.facebook.com/thevoiceweekly/posts/799979986688929

  • မန္တလေးတွင် ညမထွက်ရ အမိန့် ရုပ်သိမ်း

    မန္တလေးတွင် ညမထွက်ရ အမိန့် ရုပ်သိမ်း

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    .သီဟ

    ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့် မန္တလေးမြို့တွင် ယင်းအမိန့်ကို ယနေ့တွင်ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်။

    လုပ်ကြံလီဆယ်ထားသည့် မုဒိမ်းမှု သတင်းကို အင်တာနက် စာမျက်နှာတွင် စတင်လှုံ့ဆော်ဖြန့်ချိရာမှ ဘာသာရေး အသွင်ဆောင်သည့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မန္တလေးမြို့ ၇ မြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

    144

  • မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်

    မန္တလေးရှိ မွတ်ဆလင်သုသာန် မီးရှို့ဖျက်ဆီးသူ ၁၅ ဦးကို တရားရုံးစွဲတင်

    မန္တလေး၊ ဇူလိုင် ၃၁
    The Voice Weekly မှ ကူးယူဖော်ပြသည်။
    10425368_246586728873600_5806835068686254047_n
    မန္တလေးမြို့တော်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခတွင် သေဆုံးသူ ဦးထွန်းထွန်း နာရေးကို လိုက်လံပို့ဆောင်စဉ် မွတ်ဆလင် သုသာန်ကို မီးရှို့ဖျက်ဆီးခဲ့သူ ၁၅ ဦးကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲတင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

    “တကယ်ဆိုရင် သင်္ချိုင်းဖျက်ဆီး မီးရှို့တဲ့သူကို အရေးယူမယ့်အစား လူအုပ်ကြီးနဲ့ ဆူပူမှု ဖြစ်ပွားလာအောင် သွေးထိုးလှုံ့ဆော်တဲ့သူကို အရေးယူရမှာပါ။ သူတို့လေးတွေက သွေးထိုး လှုံ့ဆော်ခံရတာ။ လှုံ့ဆော်စာတွေကပ်ပြီး လုပ်တဲ့သူတွေကို ဖမ်းရမယ်။ ဓာတ်ပုံ မှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ၁၅ ဦးက ရုပ်သေးရုပ်တွေပါ။ ရုပ်သေးကို ကြိုးကိုင်တဲ့သူကို ဖမ်းရမှာပါ။ ၅၀၅ (ဂ) က လူထုစုဝေးမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တာပါ။ ဒီပုဒ်မဆိုရင် ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ် အကန့်အသတ်မရှိ ကျခံရမှာ ဖြစ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

    အဆိုပါ ကျူးလွန်သူ ၁၅ ဦးကို တရားရုံး စွဲတင်ရန်အတွက် ဥပဒေ အကြံပြုချက် တောင်းခံ ခဲ့ပြီး နှစ်ဦးကို ပြစ်မှု ပုဒ်မ ၄၃၆ အရ လည်းကောင်း၊ ၁၀ ဦးကို ပြစ်မှုပုဒ်မ ၂၉၅ အရ လည်းကောင်း၊ သုံးဦးကို ပြစ်မှုပုဒ်မ ၅၀၅ (ဂ) အရ လည်းကောင်း တရားစွဲတင်ပို့ခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

    အဆိုပါ ပဋိပက္ခ ကာလအတွင်း အသတ်ခံခဲ့ရသည့် ဦးထွန်းထွန်း နာရေးကို ဇူလိုင်လ ၄ ရက်နေ့က လူသောင်းချီ လိုက်ပါ ပို့ဆောင်ခဲ့ပြီး အေးရိပ်ငြိမ် သုသာန်တွင် သဂြုင်္ိဟ်နေစဉ် လူတစ်စုက ဖျက်ဆီးခဲ့သည့် မွတ်စလင် ဘာသာဝင်များသာ မြှုပ်နှံသည့် အုတ်ဂူအချို့နှင့် ဇရပ်ကို အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ပြန်လည် ပြုပြင်နေပြီ ဖြစ်သည်။

    Link => https://www.facebook.com/thevoiceweekly/posts/792179167469011

  • မန္တလေးည မထွက်ရ အမိန့် အချိန် ၂ နာရီ လျော့ချ

    မန္တလေးည မထွက်ရ အမိန့် အချိန် ၂ နာရီ လျော့ချ

    ဇူလိုင် ၂၁၊ ၂၀၁၄
    M-Media

    အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မန္တလေး ၇ မြို့နယ်တွင် ညမထွက်အရချိန်ကို ည ၉ နာရီမှ မနက် ၃ နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

    မူလက ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းဖြစ်ပြိး မနက်ပိုင်း ၂ နာရီ လျော့ပေးလိုက်ခြင်းဖြစ်ပါတယ်။