News @ M-Media
Tag: Rohingya
  • နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ
    နိုင်ထက်ရှိန်(ဟင်္သာတ)သို့ အိတ်ဖွင့်ပေးစာ
    အောက်တိုဘာ၊ ၁ ၊ ၂၀၁၂
    နတ္တလင်းဆရာသိန်း
    Source: http://www.hotnewsweekly.com/archives/11331
    Hot News စာစောင်ပါ အနောက် တံခါးမှဧည့်သည်များ အခန်းဆက်ဆောင်း ပါးများသည် အလွန်စိတ်ဝင်စားဖွယ် ကောင်းပြီး ဗဟုသုတရစေတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဦးစွာပြောကြား လိုပါတယ်။ ဒါပေမဲ့ စိတ်ထဲဘ၀င်မကျဖြစ်နေ တာလေးတွေကို ဆွေးနွေးလိုပါတယ်။ (၁၉.၉.၁၂)နေ့ထုတ် Hot News စာ စောင်ပါ အနောက်တံခါးမှဧည့်သည်များ (၅)နောက်ဆုံးကော်လံမှာ
    “ခရစ်သက္က ရာဇ် (၁၆၆၅)ခုနှစ်နောက်ပိုင်းတွင် ရခိုင် ပြည်သားအစ္စလာမ်ဘာသာဝင်လူမျိုးကို မူ အာရဗ်ဘာသာဖြင့်(ရိုဟင်ဂျာ)ဟုခေါ် ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ရခိုင်ပြည် သား အစ္စလာမ်ဘာသာဝင်အုပ်စုတို့ကို (ရိုဟင် ဂျာလူမျိုး)ဟုလည်းခေါ်တွင်လာကြပါ သည် စသဖြင့် ရိုဟင်ဂျာလူမျိုးနဲ့ ပတ်သက် တဲ့အချက်တွေ ကို ရှေးယ ခင်နှစ်ပေါင်း များစွာက ပဲရှိခဲ့လေဟန် သမိုင်းဖြစ်စဉ်နဲ့ ရောထွေးပြီး ထင်ယောင်ထင်မှားဖြစ်စေ ရန် ရိုဟင်ဂျာအမျိုးသားညီညွတ်ရေး အဖွဲ့ချုပ် ကရိုဟင်ဂျာတို့၏ဘ၀ (၁၉၈၉) ခုနှစ် ထုတ် စာစောင် မှာ ရေးသားဖော်ပြ ခဲ့ပါတယ်”
    အဲဒီအချက်တွေဟာ မှားယွင်းတယ် လို့ ကိုနိုင်ထက်ရှိန်သက်သေ သာဓက အထောက်အထားအစုံနဲ့ပြသနိုင်ပါသလား။ ကိုနိုင်ထက်ရှိန်ရဲ့ဆောင်းပါးတွေဟာ ပညာရှင်တစ်ဦးရဲ့ သမာသမတ်ကျတဲ့ ဆောင်းပါးမဆန်ဘဲ ပေါ်လစီဆန်နေတာ တွေ့ရပါတယ်။အဲဒီလောက်နဲ့မရဘူးဗျ။ ခေတ်အဆက်ဆက်က သတင်းမှောင်ချ ထားပြီး Brainwash ပြုလုပ်ခြင်း ခံရတဲ့ မြန်မာပြည်သူလူထုတချို့က အဲဒီလောက် ပြောရုံနဲ့လက်ခံမှာဖြစ်ပေမယ့် နိုင်ငံတကာ နဲ့ ယှဉ်ပြီးဆွေးနွေးငြင်းခုံကြတဲ့အခါမှာ They will not hold water လို့ပြောချင် တယ်ဗျ။နောက်ပြီး (၂၀.၉.၁၂)ခုထုတ် Hot News ရဲ့ အနောက်တံခါးမှဧည့် သည်များ အခန်းဆက်ဆောင်းပါးမှာ
    “မေယုဒေသ(ဘူးသီးတောင်၊မောင်တောဒေသ) မှာရှိတဲ့ ရိုဟင်ဂျာအမည်ခံ စစ်တကောင်း သားဘင်္ဂါလီလူမျိုးတွေအနေနဲ့ကတော့ ကမန်၊မြေဒူး အဆက်အနွယ် ဗမာမူဆလင် များနှင့်မတူဘဲ သီးခြားဘာသာစကား၊ ဓလေ့ထုံးစံ၊၀တ်စားဆင်ယင်မှုတွေထူးခြား စွာ ကွဲပြားခြားနားနေတာတွေ့ရမှာဖြစ်ပါ တယ်”
    အဲဒါဘာကိုပြောချင်တာပါလဲ။ It does not prove anything. ရိုဟင်ဂျာ ပါဆိုမှ ကမန်၊မြေဒူးလိုဝတ်ပါ့ နေပါ့မလား ဗျာ။သီးခြားဘာသာစကား၊ဓလေ့ထုံးစံ၊ ၀တ်စားဆင်ယင်မှုရှိခြင်းသည်ပင်လျှင် သီးခြားလူမျိုးဖြစ်တယ်ဆိုတာ ညွှန်ပြမနေ ဘူးလားဗျ။
    နောက်ပြီး အဲဒီဆောင်းပါးကော်လံ (၄)မှာ
    “ရခိုင်လူမျိုးတွေဟာ အမျိုးသီလ ကိုစောင့်ထိန်းကြသူများဖြစ်တဲ့အတွက် မူဆလင်ဘာသာဝင်များနဲ့ လက်ထပ် ထိမ်းမြားလေ့မရှိကြပါဘူး။ဒါကြောင့် ရခိုင် လူမျိုးများဟာ ဗုဒ္ဓဘာသာဝင်များသာဖြစ် ကြပါတယ်။မူဆလင်ဘာသာကို ကိုးကွယ် သက်ဝင်ခြင်းမရှိကြတဲ့အတွက် (ရခိုင် မူ ဆလင်)ဆိုတာလုံးဝမရှိပါဘူး”
    ကောင်း တာပေါ့ဗျာ။ ရိုဟင်ဂျာနဲ့ ရခိုင်ဗုဒ္ဓဘာ သာတွေနဲ့ သွေးမနှောနိုင်တဲ့အတွက် လူမျို လို့ လူမျိုးပျောက်မှာ မကြောက်ရတော့ဘူး။တရုတ်ဘက်ကို မြန်မာအမျိုးသမီး ကလေးများ လူကုန်ကူးမခံရအောင် ပိုပြီး အားစိုက်ကြိုးပမ်းနိုင်တာပေါ့ဗျာ။
    နောက်ပြီး
    “တကယ်တော့ ရိုဟင်ဂျာ အမည်ရှိတဲ့လူမျိုးဟာ မြန်မာနိုင်ငံမှာ သော်လည်းကောင်း၊ရခိုင်ပြည်နယ်အဖြစ် ထင်ရှားရှိစဉ်ကသော်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဘယ်တိုင်းပြည်မှာ မှမရှိခဲ့သော အမည်ဖြစ်ပါသည်။”
    လို့ ကော်လံ(၅)မှာ ဆိုထားတယ်ဗျ။
    အဲဒါကတော့ Nothing is further than the truth. တက်တက် စင်အောင် လွဲနေ ပြီဗျ။
    Dr.Francis Buchanan ရေးသား ပြီး (၁၇၉၉)ခုနှစ်မှာထုတ်ဝေတဲ့ ‘A Comparative Vocabulary of Some of the Languages Spoken in the Burma Empire’ သုတေသနစာအုပ်ထဲမှာပါတဲ့ ပထမ အချက်က
    ’The Mohamendans settled at Arakan call the country Rovingyaw, the Persians call it Rekan.’
    “ရခိုင်တွင် အခြေစိုက်နေထိုင်ကြ သော မဟာမေဒင်လူမျိုးများသည် အဆို ပါဒေသကို Rovingyaw ဟုခေါ်ဝေါ်ပြီး ပါရှန်လူမျိုးများက Rekan ဟုခေါ်ဝေါ် ကြသည်”
    ဒုတိယကောက်နုတ်လိုတာက
    ’ I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation.The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga,or natives of Arakan.
    “ကျွန်ုပ်ဖြည့်စွက်တင်ပြလိုသည့် ဒေသိယစကား ၃မျိုးမှာ ဗမာအင်ပါယာ အတွင်းပြောဆိုနေသော်လည်း အိန်္ဒိယ နိုင်ငံရှိဘာသာစကားမှ ဆင်းသက်လာ သည်။ ပထမဒေသိယ ဘာသာ စကားမှာ ရခိုင်ဒေသတွင် အခြေစိုက်နေထိုင်ခဲ့သည် မှာကြာပြီဖြစ်သည့် မိမိကိုယ်ကို Rooinga (သို့မဟုတ်)ရခိုင်သားဟုခေါ်ဝေါ်သည့် မဟာမေဒင်လူမျိုး တို့ ပြောသည့် စကား ဖြစ် သည်”
    နောက်ပြီး Dr. Buchanan က အဲဒီ Rooinga တို့ရဲ့ ဘာသာစကား၊ရခိုင်ဟိန္ဒူ တို့ရဲ့ Rossawn ဘာသာစကား၊ Banga (ရခိုင်ဘင်္ဂါလီ)တို့ရဲ့ ဘာသာစကားတို့တူ ညီပုံ၊ခြားနား ပုံတွေ ကို ဇယားနဲ့တင်ပြထား သေးတယ်။ အဲဒီတော့အရေးကြီးတဲ့ အချက်များ က- (၁) ရိုဟင်ဂျာများသည် ၁၇၉၉မ တိုင်မီ နှစ်ပေါင်းများစွာကတည်းက ရခိုင် ဒေသတွင် အခြေစိုက်နေ ထိုင်ခဲ့ကြ သည်။(၂) ရိုဟင်ဂျာကသတ်သတ်၊ ဘင်္ဂါလီက သတ်သတ်ဖြစ်သည်ဆိုတာ ပေါ်လွင်နေ သည်။ အဲဒါကြောင့် ကိုနိုင်ထက်ရှိန်ပြော တဲ့
    “(ရိုဟင်ဂျာ)ဆိုတဲ့ ဝေါဟာရကို လူ မျိုးအမည်နဲ့ ခေါ်ဝေါ်သုံးစွဲလာမယ်ဆိုပါ က နောင်နှစ်ပေါင်းများစွာကြာလာတဲ့ အခါမှာ ဘာသာဗေဒသဘောအရ ပြန် လည်အစကောက်ရင် (ရိုဟင်ဂျာ)ဆိုတာ (ရခိုင်ပြည်သား)ဆိုတဲ့ တိုင်းရင်းသားဖြစ် လာစေရန်၊ကြို တင်ဖန်တီး ထားသော ဝေါဟာ ရဖြစ်ကြောင်းတွေ့ နိုင် ပါတယ်”
    ဆို တဲ့ ကောက်ချက်ဟာ လေဖမ်းဝါးရမ်း ချည်ထားခြင်းသာဖြစ်ပါကြောင်း။
    နတ္တလင်းဆရာသိန်း
  • ရခိုင်ကိစ္စ အမေရိကန်မှာ ဆွေးနွေး
    ရခိုင်ကိစ္စ အမေရိကန်မှာ ဆွေးနွေး
    အောက်တိုဘာ၊ ၁၀ ၊ ၂၀၁၂
    source: ဘီဘီစီ မြန်မာပိုင်း
    အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်မှာ Open Society Foundations နဲ့ နိုင်ငံတကာ ဒုက္ခသည်ဆိုင်ရာ အဖွဲ့ Refugees International တို့ ပူးပေါင်းပြီး ရိုဟင်ဂျာ ကိစ္စ ၊ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဆွေးနွေးခဲ့ကြပါတယ်။
    Burma’s Rohingya: Beyond the Communal Violence ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချ သူများဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတစ်ဦးဖြစ်တဲ့ Anne Richard နဲ့ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kelly Clements တို့လည်း တက်ရောက်ပါတယ်။အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kelly Clements က ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရခိုင်ပြည်နယ်ဘက်ကို သွားရောက် လေ့လာခဲ့ရာမှာ သူတွေ့ရှိခဲ့ တာတွေကို ပြန်ပြောပြခဲ့သလို အကူအညီတွေ ဆက်လက် ပေးဖို့ အကြောင်းနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ အကြောင်းတွေကို ပြောသွားတယ်လို့ ဒီပွဲမှာ ပင်တိုင် ဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ Refugees International အဖွဲ့က မစ္စ Sarnata Reynolds က ပြောပါတယ်။
    ဒီပွဲ တက်ရောက် လာကြတဲ့ လူ့အခွင့် အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေ၊ ပညာရှင်တွေ ၊ လေ့လာသူတွေ ဘက်ကလည်း အကြံပြု ဆွေးနွေးရာမှာ အုပ်စု နှစ်ခုကို သီးခြား နေရာတွေမှာ ခွဲခြား ထားဖို့ စိတ်ကူး တချို့အပေါ် စိုးရိမ်ကြတဲ့အကြောင်း၊ ပြန်လည် သင့်မြတ်ရေး ကိုပဲ လုပ်ဆောင်သင့်ကြောင်း၊ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး အမြန်လုပ်ဆောင်သင့်ကြောင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO တွေ သွားရောက် လုပ်ကိုင်ခွင့် ရသင့် ကြောင်းတွေ ပြောကြတယ်လို့ မစ္စ Reynolds က ပြန်ပြောပါတယ်။
    နောက်ပြီး အမေရိကန် အနေနဲ့ လက်ငင်းလိုအပ်တဲ့ အကူအညီ ပေးတာအပြင် ဒီဒေသမှာ စီးပွားရေး ရင်းနှီးမြှပ်နှံမှုကအစ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ခြင်းအားဖြင့် ဖွံ့ဖြိုးလာရင် နှစ်ဘက် ပြန်လည်သင့်မြတ် ငြိမ်းချမ်းရေးဆီ ဦးတည်နိုင်တယ် ဆိုတာမျိုးလည်း ဆွေးနွေး ကြတဲ့ အကြောင်း သူက ပြောပါတယ်။ဒီကိစ္စက အလွန်ညင်သာ ပျော့ပြောင်းတဲ့ ကိစ္စ ဖြစ်ပေမယ့် မြန်မာအစိုးရ အနေနဲ့ ပြဿနာကို ဘယ်လို အကောင်းဆုံး ဖြေရှင်း နိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုဖို့ လိုတယ်လို့ Refugees International က ယူဆကြောင်းလည်း မစ္စ Reynolds က ပြောပါတယ်။
  • မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့
    မလေးရှားပြည်သူများမှ ရခိုင်ဒေသ ဒုက္ခသည်များအတွက် RM ၁၀ သန်းဖိုး ရိက္ခာသင်္ဘောပေးပို့
    စက်တင်ဘာ၊ ၂၆၊၂၀၁၂
    M-Media
    မလေးရှားနိုင်ငံ ဒုတိယ ဝန်ကြီးချူပ် Tan Sri Muhyiddin Yassin ဟာ တန်ချိန် (၅၀၀) ကျော် တင်ဆောင်ထားသော မလေးရှားရင်းဂစ် (၁၀)သန်းဖိုးပါဝင်သည့် Sinar Bima အမည်ရှိ ကုန်တင်သင်္ဘောကြီးအား မြန်မာနိုင်ငံသို့ ပို့ဆောင်စေလွှတ်တဲ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
    (Photo Mohammad Mustak Mohammad Arif)
    Putra 1 Malaysia club ၏ ဦးဆောင်စီစဉ်မှု့ဖြင့်  လူသားချင်းစာနာထောက်ထားမှု့ ဆိုင်ရာပံ့ပိုးကူညီမှု့များအတွက် တစ်လနီးပါး ပြင်ဆင်ဆောင်ရွက်ခဲ့တဲ့ ရိက္ခာ ထောက်ပံရေး သင်္ဘောကြီးသည် ပုတ်ကလန်းဆိပ်ကမ်း မြောက်ဘက် မှ မြန်မာနိုင်ငံသို့ မနေ့က ထွက်ခွာသွားနိုင်ခဲ့ပါတယ်။
    ကွန်တိန်နာ ၄၀ တင်ဆောင်ထားသော အဆိုပါသင်္ဘောသည် နောက် ငါးရက်အကြာတွင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပါသည်။
    “မလေးရှားတစ်နိုင်ငံလုံးရဲ့ဆန္ဒကတော့ ဘာသာတရားတွေ၊ လူမျိုးတွေမခွဲခြားဘဲ ပဋိပက္ခဖြစ်ပွားရာ နိုင်ငံတွေမှာ ဒုက္ခရောက်နေသာ ပြည်သူများကို ကူညီဖို့ပဲဖြစ်ပါတယ် “လို့ ဒုတိယ ဝန်ကြီးချူပ် က ဆိုပါတယ်။
    “ဒါဟာ ဒီအဖွဲ့ရဲ့ ပထမအကြိမ်မဟုတ်ပါဘူး။ အစိုးရအဖွဲ့အစည်းတွေရော အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအ၀င် သီးခြားအဖွဲ့အစည်းများက ရန်ပုံငွေတွေစုဆောင်းပြီး ဒီလိုမျိုး အကူအညီလိုအပ်တဲ့နေရာတွေကို အစားအသောက်အပြင် အခြား သော ပစ္စည်းတွေပို့စမြဲပါ ” ဟု ဒုတိယ ဝန်ကြီးချူပ် က ဆက်လက်ပြောကြားခဲ့ပါတယ်။
    “ရခိုင်ပြည်နယ်ရှိ ဒုက္ခရောက်နေသော ပြည်သူများ၏ ငတ်မွတ်မှု့ကို အထောက်အကူဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟု ဒုတိယဝန်ကြီးချူပ် က သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
    ” ဒုက္ခရောက်နေသော ပြည်သူများထံအမှန်တကယ်ရောက်ရှိဖို့ ကတိပေးတဲ့ မြန်မာအစိုးရအားလည်း ကျေးဇူးတင်ရှိပါတယ်” လို့ ဒုတိယဝန်ကြီးချူပ်က ဆိုခဲ့ပါတယ်။
    ဆက်လက်ပြီး ဒုတိယဝန်ကြီးချူပ်သည် လူသားချင်းကူညီထောက်ပံ့ရေးအဖွဲ့အစည်း Putra 1 Malaysia Club ၏ ဥက္ကဌဖြစ်သူ Datuk Abdul Azeez အား ပါဝင်လိုက်လံလုပ်အားပေးမည့် စေတနာဝန်ထမ်း များကိုလည်း တည်ငြိမ်မှု မရှိသေးသော ရခိုင်ဒေသအတွင်း မိမိတို့၏ လုံခြုံရေးကို ဂရုစိုက်ရန်လည်း အကြံပေးပြောကြားလိုက်ပါတယ်။
    “အမှန်တကယ်လိုအပ်တဲ့ပြည်သူတွေဆီ ပို့ဆောင်ဖို့ စေတနာ့ ၀န်ထမ်းတွေလည်း ပါသွားပါတယ်။ သူတို့ အဲဒီ့မှာ လုပ်အားပေးနေစဉ် ကာလအတွင်း အဖွဲ့တစ်ဖွဲ့လုံး လုံခြုံမှုရှိစေဖို့လည်း ကျွန်တော်တို့ ဆုတောင်းပေးရမယ်” ဟု ဒုတိယဝန်ကြီးချူပ်က ဆိုပါတယ်။
    (Photo Mohammad Mustak Mohammad Arif)
    “အမှန်တကယ်တော့ ကျွန်တော်တို့ စက်တင်ဘာလ (၁)ရက်နေ့မှာ  စထွက်ဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် စက်တင်ဘာ (၁၇) ရက်နေ့ မတိုင်ခင်အထိ မြန်မာအာဏာပိုင်များရဲ့ သဘောတူညီမှု့ ကို မရရှိခဲ့ပါဘူး။ ကျွန်တော်တို့က အဲ့ဒီ့ ဒေသမှာ ရှိတဲ့ပြည်သူတွေဆီကို အစားအသောက်ရယ်၊ အ၀တ်အစားရယ် ၊ ဆေးဝါးရယ် ပေးချင်တာပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေရယ် ကလေးတွေရယ်နဲ့ အမျိုးသမီးတွေကိုပါ။” လို့  Abdul Azeez က မြန်မာနိုင်ငံအစိုးရ သင်္ဘောဆိုက်ရောက်ခွင့် ပြုလိုက်သဖြင့် စိတ်သက်သာရာ ရသွားကြောင်း ပြောကြားခဲ့ပါတယ်။
    Putra 1 Malaysia Club မန်ဘာများ ၊ ဆရာဝန်များ၊ စေတနာဝန်ထမ်း လုပ်အားပေးများနှင့် သတင်းထောက်များ အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် (၅၀) ပါဝင်သော အဖွဲ့သည် (၁၁)ရက်ကြာ လုပ်အားပေးခရီးစဉ်အတွက် အောက်တိုဘာလ (၁)ရက်နေ့တွင် ရန်ကုန်သို့ ထွက်ခွာမည်ဖြစ်သည်။         ။
    Source: http://www.nst.com.my
  • INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)
    INTERNATIONAL CONFERENCE: ON THE PLIGHT OF THE ROHINGYA:Resolution on Rohingya (ဘာသာပြန်)
    ကွာလာလမ်ပူမှာ ကျင်းပခဲ့တဲ့  ရိုဟင်ဂျာများ၏အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံ မှ ဆုံးဖြတ်ချက်
    ကွာလာလမ်ပူ
    ၁၇ စက်တင်ဘာ ၂၀၁၂
    Source: http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/
    ပါဒါနာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့အစည်း (PGPF) က အခြေအနေမဲ့ကာ ဒုက္ခရောက်နေကြသော ရိုဟင်ဂျာများ၏ အရေးကိစ္စနှင့်ဆိုင်သော နိုင်ငံတကာ ညီလာခံတစ်ခုကို မလေးရှားနိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့ပါသည်။
    ထိုညီလာခံသို့  နိုင်ငံတကာမှ  နိုင်ငံရေးအဖွဲ့အစည်းများ ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ ပါလီမန်များ ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ ၊ ပညာရေးအဖွဲ့အစည်းများ ၊ သီးခြားအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် မီဒီယာများ မှ ကိုယ်စားလှယ်အသီးသီးတို့ တက်ရောက်ခဲ့ကြပါတယ်။
    PGPF ၏ ဥက္ကဌ ဖြစ်ပြီး မလေးရှားနိုင်ငံ၏ စတုတ္ထ မြောက် ၀န်ကြီးချုပ်ဖြစ်သူ YABhg Tun Dr Mahathir Mohamad က အဓိကထုတ်ပြန်ချက် တစ်ရပ်ကို ထိုညီလာခံတွင် တင်သွင်းအဆိုပြုခဲ့ပါတယ်။
    အခြားသော အထင်ကရ ခေါင်းဆောင်များ၏ အဆိုကိုလည်း အပိုကဏ္ဍမှာ ထည့်သွင်းထားပါတယ်။
    ကျွန်ုပ်တို့အပါအ၀င်  ညီလာခံသို့ လက်မှတ်ရေးထိုးတက်ရောက်လာကြသော အဖွဲ့အစည်းများ နှင့် တက်ရောက်ပါဝင်ကြသူများ ခင်ဗျား__
    လူနည်းစု ရိုဟင်ဂျာ မွတ်စလင်များဆိုသည်မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လက်ရှိနေထိုင်လျက်ရှိသော လူဦးရေ တစ်သန်းကျော်ရှိတဲ့ လူမျိုးစု ဖြစ်ပါတယ်။
    ၁၉၈၂ နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံအစိုးရသည် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ကြောင်း အသေအချာ ဖော်ပြထားရှိပါတယ်။
    ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ဆိုးရွားရက်စက်သော အနေအထား  ၊ အထူးသဖြင့် ၂၀၁၂ ဇွန်လ တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ၄င်းတို့၏အစွန်းရောက် တိုက်ခိုက်မှု့များကြောင့်  ရိုဟင်ဂျာမွတ်စလင်တို့သည် လွန်စွာထိခိုက် ခံစားခဲ့ကြရသည်ကို တွေ့မြင်ရပါတယ်။
    ရိုဟင်ဂျာများသည်  ပြည်နယ်လုံခြုံရေး အဖွဲ့၏ မတရားဖိနှိပ် ဆက်ဆံခံရခြင်း ၊ လူအခွင့်အရေးချိုးနှိမ်မှုများ ၊ လက်ရှိနေထိုင်လျက်ရှိသော ဗမာပြည် လူ့အဖွဲ့အစည်းများ၏ အကြီးအကျယ် လူမျိုးရေးခွဲခြားမှုများ နှင့် ရခိုင်ပြည်နယ်တွင်း နေထိုင်သူများက ပါ ၄င်းရိုဟင်ဂျာတို့၏ လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိပြီး အိမ်ခြေမဲ့နေသော ၄င်းတို့အား အဆက်မပြတ် ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများနှင့် ရင်ဆိုင်တွေ့ကြုံနေရသည်ကိုလည်း တွေ့မြင်ရပါသည်။
    မှီတင်းနေထိုင်ရန် နေရာအတည်တကျမရှိသော ရိုဟင်ဂျာထောင်ပေါင်းများစွာတို့သည် ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ မလေးရှား ၊  အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ သြစတေးလျ ၊ အိန္ဒိယ ၊ ဂျပန် ၊ပါကစ္စတန် နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။
    ရိုဟင်ဂျာများအား အကွက်ကျကျသတ်ဖြတ်ခြင်း ၊ လူအင်အားအလုံးအရင်းဖြင့် အနိုင်ကျင့်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူသားအချင်းချင်း ကူညီထောက်ပံ့မှု့များအား ပိတ်ဆို့တားဆီး ခြင်း ဆိုင်ရာကိစ္စရပ်များကို မြန်မာအစိုးရမှ သိမြင်လျက်နှင့်   အစိုးရ၏ ရိုဟင်ဂျာတို့အပေါ်တွင် ထားရှိရမည်ဖြစ်သော နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာ ထောက်ထားခြင်းဆိုင်ရာ ဥပဒေများ လစ်ဟင်းမှုကိုလည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
    ကမ္ဘာ့အစ္စလာမ်မစ်အဖွဲ့အစည်း (OIC) ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းထောက်ထားညှာတာခြင်းဆိုင်ရာ နိုင်ငံသားများ၏ စုံစမ်းတွေ့ရှိချက်အရ ရိုဟင်ဂျာ တို့အား ယခုကဲ့သို့လွဲမှားရက်စက်စွာ ဆက်ဆံမှု့များကို  တာဝန်ယူဖြေရှင်းပေးမှု စိုးစဉ်းမျှ  မရှိကြောင်းကိုလည်း တွေ့မြင်ရပါတယ်။
    ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ရိုဟင်ဂျာများအား မောင်းထုတ်ပြီး ရိုဟင်ဂျာလူမျိုးမပါဘဲ သီးခြားရပ်တည်လိုခြင်း ၊ လူအချင်းချင်းကူညီထောက်ပံ့မှု့များ ပျက်ကွက်နေပြီး လုံလောက်သော အကူအညီမရရှိခြင်း ၊ အိမ်နီးချင်း အာရှတိုက် တောင်ပိုင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု့များ စသော ရိုဟင်ဂျာတို့အား ကာလရှည်ကြာစွာ အလေးမပေးမှု့ များ ကို လည်း ဆိုးဝါးစွာ တွေ့မြင်ရပါတယ်။
    ပြည်သူများ၏ အကူအညီဖြင့် မြန်မာနိုင်ငံခေါင်းဆောင်များ မှ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး ဆိုင်ရာ အချက်များ နှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။
    အပြည့်အ၀သဘောတူထောက်ခံချက်များ
    ယခုကဲ့သို့ အဓိကရုဏ်းဖြစ်အောင်လုပ်ဆောင်ခြင်း ၊ မုဒိန်းမှု့များကျူးလွန်ခြင်း ၊ လူများအားရိုက်နှက်ခြင်း ၊ နေအိမ်များအားမီးရှို့ခြင်း ၊ အာဏာမဲ့ဖမ်းဆီးခြင်း ၊ ခဏထိန်းသိမ်းခြင်း နှင့် ရိုဟင်ဂျာတို့အား လုံးဝပျောက်ကွယ်သွားစေရန် ဖိအားပေး လုပ်ဆောင်မှု့များကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။
    ဘာသာရေးနှင့် လူမျိုးရေး အပေါ် အကြောင်းပြု၍ ပြင်းထန်သော ရိုဟင်ဂျာဆန့်ကျင်ရေးများ ၊ လူသားအချင်းချင်း ဖိနှိပ်ခြင်း ၊ လူမျိုးရေးခွဲခြားခြင်း ၊ အစွန်းရောက် အကြမ်းဖက်ဝါဒ ကျင့်သုံးခြင်း ပုံစံအမျိုးမျိုး တို့အပေါ်တွင် အလွန်တရာ ၀မ်းနည်းမိပါသည်။
    မြန်မာနိုင်ငံ အစိုးရအနေဖြင့် ရိုဟင်ဂျာ တို့အား ငြိမ်းချမ်းစွာ တရားဝင်နေထိုင်ခွင့်ပေးရန်၊ ၄င်းတို့အား နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးရန် ၊ နိုင်ငံတကာ လူ့အခွင့် အရေးဆိုင်ရာ ဥပဒေနှင့် လုပ်ဆောင်ချက်များအရ ၄င်းတို့၏ နေထိုင်ရေး ၊ စားသောက်ရေး ၊ ရေ ရရှိမှု့၊ ပညာရေးနှင့် ကျန်းမာရေး စသော အခြေခံလူ့လိုအပ်ချက်များ အပါအ၀င် လူမျိုးရေးခွဲခြား နှိပ်ကွပ်ခြင်းမရှိဘဲ ၄င်းတို့၏ နေအိမ်များကို လုံခြုံစွာ ပြန်လည်ရရှိစေရေးအခြေအနေများ လုပ်ဆောင်ပေးရန် အဆိုပြုပါသည်။
    ရိုဟင်ဂျာလူမျိုးတို့အား အခြားလူမျိုးများကဲ့သို့ မွေးစားရင်း ၊ သန်းခေါင်စာရင်း စသော  အစစ်အမှန် နိုင်ငံသားဖြစ်ကြောင်း သက်သေများနှင့် အသိအမှတ်ပြုရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ဗမာပြည် ဥပဒေအရ ၄င်းတို့အား နိုင်ငံသားတိုင်းနည်းတူ ဆက်ဆံစေရန် ၁၉၈၂ မြန်မာနိုင်ငံသားအက်ဥပဒေ၌ ထည့်သွင်းပြင်ဆင်ရန် အဆိုပြုပါသည်။
    ထို့အပြင်  ကလေးသူငယ်ဆိုင်ရာ ပုဒ်မ ခုနစ် အက်ဥပဒေ အရ ရိုဟင်ဂျာကလေးများအား နေစရာ အိမ်ခြေမဲ့မဖြစ်စေရန် နိုင်ငံသားများနည်းတူ အခွင့်အရေးတန်းတူ ရှိစေရမည်။
    အစိုးရ၏ ရိုဟင်ဂျာ ပြသနာအားဖြေရှင်းရန် လစ်ဟင်းမှုသည်  နိုင်ငံသားတိုင်းစည်းလုံးညီညွတ်ရေး ၊ လူ့အခွင့်အရေးနှင့် အနာဂတ်အလားအလာ တို့အတွက် နှောင့်နှေးစေသဖြင့် လူမျိုးပေါင်းစုံပါဝင်သော စစ်မှန်သော နိုင်ငံတည်ထောင်ရန် မြန်မာနိုင်ငံအစိုးရအားတိုက်တွန်းလိုက်ပါသည်။
    မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် လူသားတိုင်းသာတူညီမျှ အခွင့်အရေးရရှိစေရန် ၊ ရိုဟင်ဂျာများ၏ ဆိုးရွားသော အခြေအနေများအပေါ်တွင် ထိထိရောက်ရောက်နှင့် ကြိုတင်ကာကွယ်မှု့များ ပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားသော နိုင်ငံရေးပါတီများကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
    ဘင်္ဂလားဒေ့ရှ် အစိုးရ နှင့် အလားတူ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရိုဟင်ဂျာများအား ယာယီခိုလှုံခွင့်ပေးရန် ၊ ရိုဟင်ဂျာများ၏ နိုင်ငံရေးပြဿနာများ ရင်ဆိုင်ကြုံတွေ့နေစဉ်အတွင်း နိုင်ငံတကာ မှ အစားအစာနှင့် အခြားသော လူ့သားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများကို ခွင့်ပြုရန် တောင်းဆိုပါသည်။
    အာဆီယံနိုင်ငံများအနေဖြင့်လည်း ရခိုင်ပြည်နယ်ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု တို့ အပေါ် အာရုံစိုက်ပြီး ရိုဟင်ဂျာ တို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ပိုမိုထိရောက် အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ရန် တိုက်တွန်းလိုက်ပါသည်။
    မွတ်စလင်အဖွဲ့အစည်များ အနေဖြင့်လည်း ရိုဟင်ဂျာများ၏ အခွင့်အရေးကို အားတတ်သရော အထောက်အကူဖြစ်စေရန် အလို့ငှာ မိမိတို့၏ အစိုးရများ နှင့် ကုလသမဂ္ဂ လူမှု့ရေးအဖွဲ့အစည်းများ ကို ဖိအားပေးဆောင်ရွက်ခိုင်းရန် လည်း တိုက်တွန်းပါသည်။
    အာဆီယံနိုင်ငံများနှင့် OIC အဖွဲ့အစည်း ၏ အားထုတ်ကြိုးပမ်းမှု့များကို နယူးယောက်တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ၌ တင်သွင်းအဆိုပြုရန် ပြင်းပြင်းထန်ထန်တိုက်တွန်းလိုက်ပါသည်။
    ရိုဟင်ဂျာများ နိုင်ငံရေး လူမျိုးရေး ပြဿနာများတွင် ကောင်းမွန်သောအခြေအနေသို့မရောက်မချင်း လူအချင်းချင်းနှောင့်ယှက်ဖျက်ဆီးမှု နှင့် ရာဇ၀တ်မှု့များမှ ကာကွယ်ရန် ရိုဟင်ဂျာတို့အတွက် လုံခြုံခိုင်မာသော စည်းရိုးများတည်ဆောက်ပေးရန်  ကုလသမဂ္ဂအားလည်းးတိုက်တွန်းပါတယ်။
    ဤ ရိုဟင်ဂျာများအားသုံးသပ်ခြင်း အဆိုပြုလွှာ မိတ္တူ ကို မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ထံသို့၎င်း ၊ မြန်မာနိုင်ငံသမ္မတ ထံသို့၎င်း ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ထံသို့၎င်း ၊ OIC အထွေထွေအတွင်းရေးမှူး နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတို့ ထံသို့လည်း ပေးပို့ တင်သွင်းလိုက်ပါသည်။                            ။
    အဆိုပါ နိုင်ငံတကာညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့ကြသူများမှာ
    YABhg Tun Dr Mahathir Mohamad
    Fourth Prime Minister of Malaysia & President of Perdana Global Peace Foundation
    Tan Sri Razali Ismail
    Former Special UN Representative to Myanmar (Moderator)
    Mr Benjamin Zawacki
    Consultant, Former Researcher
    Amnesty International
    Mr Matthew Smith
    Human Rights Watch
    Dr. Maung Zarni
    Civil Society and Human Security Unit
    London School of Economics
    Mr Jacob Zenn
    International Affairs Analyst, Washington DC
    Formerly at UNCHR Malaysia
    HE Dr. Surin Pitsuwan
    Secretary General of ASEAN
    Tan Sri Dr. Mohd Rais Abdul Karim
    Former Vice Chancellor UPSI & Acting Secretary General PERKIM (Moderator)
    Ms Chris Lewa
    Director of the Arakan Project
    Dr. Sriprapha Petcharamesree
    Office of Human Rights Studies & Social Development, Mahidol University, Thailand
    Mr Saiful Huq Omi
    Equal Rights Trust Research Consultant
    Dr. Abdulllah Ahsan
    JUST International
    Tan Sri Ahmad Fuzi Abdul Razak
    Former Secretary General of Ministry of Foreign Affairs Malaysia & Trustee of PGPF (Moderator)
    NGOs ASEAN
    NGOs Asia
    NGOs  Other Countries
    http://bigdogdotcom.wordpress.com/2012/09/17/resolution-on-rohingya/  ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
  • Monks stage anti-Rohingya march in Myanmar
    Monks stage anti-Rohingya march in Myanmar
    Sep. 2. 2012
    aljazeera
    Hundreds of Buddhist monks in Myanmar have staged a rally in support of President Thein Sein’s proposal to send the members of the Rohingya minority group to another country.
    The protest is the latest indication of deep rooted sentiment against the Rohingya population in Myanmar [AFP]
    Sunday’s rally in Mandalay, the country’s second largest city, is the latest indication of deep-seated sentiment against the Rohingya after violence with ethnic Rakhine Buddhists in June left at least 83 people dead and tens of thousands displaced.
    The monks held a banner saying, “Save your motherland Myanmar by supporting the president”, while others criticised United Nations human rights envoy Tomas Ojea Quintana, who has faced accusations that he is biased in favour of the Rohingya.
    The leader of the march, a monk named Wirathu, told the AFP news agency that the protest was to “let the world know that Rohingya are not among Myanmar’s ethnic groups at all”.
    Wirathu was jailed in 2003 for distributing anti-Muslim literature. He was given a 25-year sentence but released in January this year under an amnesty.
    The monks say they will demonstrate and march for the next three days and expect many more people to join them.
    Persecuted minority
    The United Nations has referred to the Rohingya, widely reviled by the Buddhist majority in Myanmar, as among themost persecuted people on Earth.
    The Rohingya have been denied citizenship even though many of their families have lived in Myanmar for generations.
    Myanmar has denied a crackdown on Muslims and launched an inquiry into the violence, while Thein Sein has accusedBuddhist monks, politicians and other ethnic Rakhine figures of kindling hatred towards the Rohingya in a report sent to parliament last month.
    However, in comments to the UN High Commissioner for Refugees Antonio Guterres, published on his official website in July, he suggested it was “impossible to accept the illegally entered Rohingya, who are not our ethnicity” and mooted sending the group to a third country or UN administered camps.
    The proposal was quickly opposed by the UN refugee agency.
    Rights groups claim the government did little to stop the violence initially and then turned its security forces on the Rohingya with targeted killings, rapes, mass arrests and torture.
    Myanmar considers the Rohingya to be illegal migrants from Bangladesh but Bangladesh also rejects them, rendering them stateless.
    The UN estimates that 800,000 Rohingya live in Myanmar and the country’s president has said the trouble in Rakhine state is an internal affair of the country and should not be internationalised.