News @ M-Media

Tag: SerieA 2015-16

  • အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    အေစီမီလန်မှာ အမှတ် ၂ မှတ် ဖြုန်းတီးခဲ့သည်ဟု နည်းပြပြော

    ဒီဇင်ဘာ ၇၊ ၂၀၁၅
    M-Media

    ac

    – တန်းတက် ကာရ်ပီအသင်းအား ဂိုးမရှိသရေကျခဲ့သည့် ယမန်နေ့ စီးရီးအေပွဲအတွက် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ဒေါသထွက်ခဲ့ပြီး မိမိတို့အသင်းမှာ အမှတ် ၂ မှတ်ကို ဖြုန်းတီးခဲ့သည်ဟု ပြောကြားခဲ့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ခံစစ်အားပြုကစားသည့် ကာရ်ပီအသင်းကို အေစီမီလန်မှာ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိဘဲ နောက်ဆုံးအချိန်များတွင် ဖိအားပေးနိုင်ခဲ့သော်လည်း လိုချင်သည့်ဂိုးကို မရရှိခဲ့ပေ။ ထိုပွဲမှာ ယခုနှစ် စီးရီးအေတွင် အေစီမီလန် ဂိုးမသွင်းနိုင်သည့် ၇ ပွဲမြောက်လည်း ဖြစ်ခဲ့သည်။

    “ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ရမှာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ တိုးတက်လာခဲ့ပြီး အနိုင်နဲ့လည်း ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဂိုးသွင်းခွင့်တော်တော်များများကို ဖန်တီးခဲ့ပေမယ့် ကာရ်ပီက ခံစစ်ကို အထိုင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖန်တီးနိုင်စွမ်းနဲ့ ကံတရား လိုအပ်ခဲ့ပါတယ်။ ဂိုးရှေ့မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ပိုပြတ်သားဖို့လိုပြီး ဒီလိုပွဲမျိုးဟာ ဖောက်ထွက်ရမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ အမှတ် ၂ မှတ်ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ၀မ်းနည်းစရာပါပဲ။ ဒါပေမယ့် နောက်ပွဲကို ကျွန်တော်တို့ အာရုံစိုက်ရပါမယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို အီတလီနည်းပြဟောင်း ချီးကျူး

    နာပိုလီတိုက်စစ်မှူး ဟီဂူအင်ကို အီတလီနည်းပြဟောင်း ချီးကျူး

    ဒီဇင်ဘာ ၄၊ ၂၀၁၅
    M-Media

    higuin

    – ဘာစီလိုနာတွင် မက်ဆီမှာ အဆုံးအဖြတ်ကစားသမား ဖြစ်သကဲ့သို့ ဟီဂူအင်မှာလည်း နာပိုလီ၏ အဆုံးအဖြတ်ကစားသမား ဖြစ်သည်ဟု အီတလီနည်းပြဟောင်း မာဆယ်လိုလစ်ပီက ပြောကြားလိုက်သည်။

    အာဂျင်တိုင်းတိုက်စစ်မှူး ဟီဂူအင်မှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများကို ပြသနေပြီး စီးရီးအေတွင် ၁၄ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပေးထားသည်။ ထို့ပြင် နာပိုလီအသင်းမှာလည်း စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည်။ ပြိုင်ဘက် အင်တာအသင်း၏ နည်းပြ မန်စီနီကလည်း ဟီဂူအင်မှာ အခြားအသင်းများက မလုပ်နိုင်သည့် ခြိမ်းခြောက်မှုမျိုးကို မိမိအသင်းဘက်သို့ လုပ်ဆောင်နိုင်ခဲ့သည်ဟု ချီးကျူးခဲ့သည်။

    “ကျွန်တော်လည်း မန်စီနီအတိုင်းပါပဲ။ မက်ဆီက ဘာစီလိုနာအတွက် အဆုံးအဖြတ်ဖြစ်သလို ဟီဂူအင်ကလည်း နာပိုလီအတွက် အဆုံးအဖြတ်ပါပဲ။ မူရီဇီယိုရဲ့လက်အောက်က ဒီနာပိုလီအသင်းမှာ ကြီးမားတဲ့ စိတ်အားထက်သန်မှု ရှိပါတယ်။ ကျွန်တော် ဒါကို သဘောကြပါတယ်” ဟု လစ်ပီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • ပေါ့ဘာ၏ ဂျူဗင်တပ်စ်အနာဂတ် မသေချာ

    ပေါ့ဘာ၏ ဂျူဗင်တပ်စ်အနာဂတ် မသေချာ

    နိုဝင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    pogba

    – ဥရောပအသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကွင်းလယ်လူပေါ့ဘာမှာ ယခုနှစ်ရာသီကုန်လျှင် ဂျူဗင်တပ်စ်မှ ထွက်ခွာတော့မည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။

    ရိုင်အိုလာမှာ နာမည်ကြီးကစားသမားဖြစ်သည့် ဇလာတန် အီဗရာဟီမိုဗစ်၊ မာရီယို ဘာလော့တယ်လီတို့၏ အေးဂျင့်လည်းဖြစ်ပြီး လက်ရှိအချိန်တွင် ပေါ့ဘာမှာ ဂျူဗင်တပ်စ်အသင်း၌ အာရုံစိုက်နေသော်လည်း ဇူလိုင်လကုန်ပိုင်းတွင် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။

    ပေါ့ဘာကို ဘာစီလိုနာ၊ ချယ်ဆီး၊ မန်စီးတီးတို့အပါအ၀င် ဥရောပအသင်းကြီး တော်တော်များများက စိတ်ဝင်စားနေကြသည်။

    “ပေါလ် (ပေါ့ဘာ) ဟာ သူ့ရဲ့စိတ်ထဲမှာရှိတာကို ဆုံးဖြတ်လေ့ရှိသူပါ။ ပြီးတော့ အခုအချိန်မှာ သူဟာ ဂျူဗင်တပ်စ်အတွက်ပဲ အာရုံစိုက်နေပါတယ်။ ဒီနှစ်ဇန်န၀ါရီ အသင်းကထွက်မယ်ဆိုတဲ့ သတင်းကိုတော့ ကျွန်တော် လုံးဝ ငြင်းဆိုပါတယ်။ အနာဂတ်မှာတော့ ကျွန်တော်တို့ စဉ်းစားရမှာပါ။ ဇူလိုင်လကုန်မှာ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက သူဟာ ဂျူဗင်တပ်စ်မှာနေဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကတိအတိုင်းလည်း တည်ပါတယ်” ဟု ရိုင်အိုလာက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အေစီမီလန်နောက်ခံလူ အဲလက်စ် ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိ

    အေစီမီလန်နောက်ခံလူ အဲလက်စ် ဦးခေါင်း၌ ပြင်းထန်စွာ ဒဏ်ရာရရှိ

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    alex

    – ယမန်နေ့က လာဇီယိုအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပြိုင်ဘက်ဂိုးသမားနှင့် ထိခိုက်မိခဲ့သည့် အေစီမီလန် နောက်ခံလူ အဲလက်စ်မှာ ဦးခေါင်း၌ ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဒုတိယပိုင်း မိနစ် ၅၀ တွင် အေစီမီလန်မှ ရရှိသော ဖရီးကစ်ကို ကန်ရာ၌ ဂိုးသမား ဒိုနာရမ်မာ၏ ဒူးခေါင်းနှင့် အဲလက်စ်၏ ခေါင်းတို့ ထိခိုက်မိခဲ့ခြင်းဖြစ်ပြီး အဲလက်စ်မှာ သတိလစ် မေ့မြောခဲ့သည်။ အ၀တ်လဲခန်းအတွင်း သတိပြန်ရလာခဲ့သည့် အဲလက်စ်ကို အသင်းစီအီအို အက်ဒရီယာနို ဂါလီယာနီကိုယ်တိုင် လိုက်ပါ၍ ရောမ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

    စစ်ဆေးမှုများအရ အဲလက်စ်မှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး၊ အချိန်မည်မျှကြာကြာ အနားယူရနိုင်သည်ကို လောလောဆယ် မသိရှိရသေးပေ။ အဲလက်စ်အား ဆုံးရှုံးရမှုက ၃ ပွဲဆက်တိုက်နိုင်ကာ ပုံစံကောင်းပြသနေသည့် အေစီမီလန်အတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

    Ref: Goal

  • သမိုင်းဝင်အခွင့်အရေးကို အသင်းက ဖြုန်းတီးပစ်နေသည်ဟု အီဗရာပြော

    သမိုင်းဝင်အခွင့်အရေးကို အသင်းက ဖြုန်းတီးပစ်နေသည်ဟု အီဗရာပြော

    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media

    evra

    – သမိုင်းဝင် ၅ ကြိမ်ဆက် စီးရီးအေချန်ပီယံဘွဲ့ရရှိမည့် အိပ်မက်များကို မိမိတို့က ဖြုန်းတီးပစ်နေသည်ဟု ဂျူဗင်တပ်စ်နောက်ခံလူ ပက်ထရစ်အီဗရာက ဝေဖန်ခဲ့ပြီး၊ ယခုနှစ်တွင် အောင်မြင်မှု လိုချင်ပါက အသင်းသားများအနေဖြင့် ရုန်းထွက်ရမည်ဟု ပြေားကြားခဲ့သည်။

    ယမန်နေ့က စီးရီးအေပွဲတွင် ဆာဆူအိုလိုအသင်းအား ဂျူဗီက ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၀ ပွဲကစားပြီးချိန်တွင် ၎င်းတို့၏ ၄ ပွဲမြောက် ရှုံးပွဲလည်းဖြစ်သည်။ ထို့ကြောင့် အမှတ်ပေးဇယားတွင် အဆင့် ၁၂ သို့ ရောက်သွားခဲ့ကာ ငါးကြိမ်ဆက် စကူဒက်တို ချန်ပီယံဖြစ်ရေးအိပ်မက်မှာ ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့သည်။

    “ကျွန်တော် စိတ်ဆိုးပါတယ်။ ဒီလိုအသင်းအတွက် ကစားမယ်ဆိုရင် နှစ်တိုင်း ဖလားရနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အမြဲတမ်း ရှိရပါမယ်။ ဒါနဲ့ပတ်သက်ပြီးပြောဖို့ အခုအချိန်ဟာ အကောင်းဆုံးအချိန် မဟုတ်ပါဘူး။ ဒါပေမယ့် မနက်မိုးလင်း ကျွန်တော် အိပ်ယာနိုးတိုင်း ပဉ္စမအကြိမ်မြောက် စကူဒက်တိုကို ကိုင်မြှောက်ဖို့ ကံပါလာပါးလို့ ရေရွတ်မိပါတယ်။ ဒါပေမယ့် အခုတော့ တစ်ခြားစီပါပဲ။ ကျွန်တော်တို့ဟာ သမိုင်းတွင်မယ့် ဒီအခွင့်အရေးကို ဖြုန်းတီပစ်နေပါတယ်။ အသင်းဖော်တွေကို ပြောချင်တာကတော့။ အသင်းဂျာစီကို လေးစားပါ ဆိုတာပါပဲ” ဟု အီဗရာက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal