ဒီဇင်ဘာ ၄၊ ၂၀၁၅
M-Media
– ဘာစီလိုနာတွင် မက်ဆီမှာ အဆုံးအဖြတ်ကစားသမား ဖြစ်သကဲ့သို့ ဟီဂူအင်မှာလည်း နာပိုလီ၏ အဆုံးအဖြတ်ကစားသမား ဖြစ်သည်ဟု အီတလီနည်းပြဟောင်း မာဆယ်လိုလစ်ပီက ပြောကြားလိုက်သည်။
အာဂျင်တိုင်းတိုက်စစ်မှူး ဟီဂူအင်မှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများကို ပြသနေပြီး စီးရီးအေတွင် ၁၄ ပွဲကစားကာ ၁၂ ဂိုး သွင်းယူပေးထားသည်။ ထို့ပြင် နာပိုလီအသင်းမှာလည်း စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်သည်။ ပြိုင်ဘက် အင်တာအသင်း၏ နည်းပြ မန်စီနီကလည်း ဟီဂူအင်မှာ အခြားအသင်းများက မလုပ်နိုင်သည့် ခြိမ်းခြောက်မှုမျိုးကို မိမိအသင်းဘက်သို့ လုပ်ဆောင်နိုင်ခဲ့သည်ဟု ချီးကျူးခဲ့သည်။
“ကျွန်တော်လည်း မန်စီနီအတိုင်းပါပဲ။ မက်ဆီက ဘာစီလိုနာအတွက် အဆုံးအဖြတ်ဖြစ်သလို ဟီဂူအင်ကလည်း နာပိုလီအတွက် အဆုံးအဖြတ်ပါပဲ။ မူရီဇီယိုရဲ့လက်အောက်က ဒီနာပိုလီအသင်းမှာ ကြီးမားတဲ့ စိတ်အားထက်သန်မှု ရှိပါတယ်။ ကျွန်တော် ဒါကို သဘောကြပါတယ်” ဟု လစ်ပီက သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.